Date

August 1, 2020

စနေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူးအသင်းဟာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို စတင်ထားပြီး စီအီးအို ပီတာမိုးနေရာမှာ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်ကို အစားထိုးထားပါတယ်။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ လေးဦးမြောက် ပိုလန်ကစားသမားဖြစ်လာမယ့် လူငယ်လေး Mateusz Musialowski ကို အကယ်ဒမီအသင်းထံ အပြီးသတ် ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။ သူဟာ လူငယ်အဆင့်မှာ ပွဲ ၈၀ ကစားပြီး သွင်းဂိုး ၁၃၀ သွင်းထားတဲ့ တိုက်စစ်သမား ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်း ဂျာစီဒီဇိုင်းကို ထုတ်ပြခဲ့ပြီဖြစ်ပါတယ်။ ဂျာစီဒီဇိုင်းဟာ လီဗာပူးရဲ့… Continue Reading →

ယူနိုက်တက် အကြီးအကဲဟောင်း ခေါ်ယူမှု အပါအဝင် လူအပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို စတင်ထားပြီး စီအီးအို ပီတာမိုးနေရာမှာ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်ကို အစားထိုးထားပါတယ်။ ဒီကနေ့မှာတော့ ဟိုဂန်ရဲ့ စီးပွားရေးပိုင်းဆိုင်ရာ တာဝန်အတွက် ယခင် ယူနိုက်တက် အကြီးအကဲဟောင်း မတ်စကမ်မယ်ကို ခေါ်ယူခဲ့ပြီဖြစ်တယ်။ အိုထရတ်ဖိုဒ့်မှာ ၉ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ စကမ်မယ်ဟာ အရောင်းနဲ့ စီးပွားရေးဆိုင်ရာ ဌာနာ၊ အားကစား၊ ဆက်သွယ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးတန်းစီနီယာ တစ်ဦးအဖြစ် တာဝန်ထမ်းခဲ့ပြီး လီဗာပူးမှာတော့ စီပွားရေးဆိုင်ရာ ဒါရိုက်တာ ရာထူးကို ရယူပါမယ်။ စကမ်မယ်ဟာ ယူနိုက်တက်မှာ… Continue Reading →

ပွဲ ၈၀ အတွင်း သွင်းဂိုး ၁၃၀ သွင်းထားတဲ့ ပိုလန် အံ့ဖွယ်လူငယ်လေးကို လီဗာပူးခေါ်ယူ

လီဗာပူးအသင်းဟာ ကလပ်ရဲ့ လေးဦးမြောက် ပိုလန်ကစားသမားဖြစ်လာမယ့် လူငယ်လေး Mateusz Musialowski ကို အကယ်ဒမီအသင်းထံ အပြီးသတ် ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။ ပိုလန်သားလေးဟာ အသက် ၁၆ နှစ်အရွယ်ပဲ ရှိသေးသူဖြစ်ကာ လီဗာပူးက စကော်လားရှစ် ပေးထားမှာဖြစ်ပြီး သူ့အသက် ၁၇ နှစ်ပြည့်မယ့် အောက်တိုဘာမှာ ပရော်ဖက်ရှင်နယ် စာချုပ်ကို ပေးမှဖြစ်တယ်။ လူငယ်လေးဟာ တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေအပြင် တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်စွမ်း ရှိသူဖြစ်တယ်။ ပိုလန်ကလပ် SMS Lodz အသင်း လူငယ်ပြိုင်ပွဲတွေမှာ ပွဲပေါင်း ၈၀… Continue Reading →

လီဗာပူသမိုင်းကို လေးစားမှုဖြင့် ဖန်တီးဖြစ်ခဲ့တဲ့ ဒီဇိုင်းအကြောင်း NIKE အကြီးအကဲ ပြောပြ

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်း ဂျာစီဒီဇိုင်းကို ထုတ်ပြခဲ့ပြီဖြစ်ပါတယ်။ အနီရောင်ကိုမှ ဗီပုံစံ ကော်လံပါဝင်မှာဖြစ်ပြီး ခါးမှာတော့ အဖြူကြောင်းလည်း ပါဝင်ပါမယ်။ ဂျာစီဒီဇိုင်းဟာ လီဗာပူးရဲ့ ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်က ဒီဇိုင်းကို ဆင့်ပွားယူခြင်းဖြစ်သလို အရောင်တွဲစပ်မှုက လီဗာပူးသမိုင်းအပေါ် အခြေခံတဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။ ဂျာစီပါ ဗီပုံစံ အစိမ်းလွှာဟာ လီဗာပူးမြို့က ကျော်ကြားတဲ့ လိုင်ဗာ အဆောက်အဦးပေါ်က လီဗာငှက်ရဲ့ အရောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထည့်တွင်းခြင်းဖြစ်ကာ နီ၊ ဖြူ၊ စိမ်း… Continue Reading →

ခြေစွာနေတဲ့ ဘရူးစတားအတွက် လီဗာပူးနဲ့ ဆွမ်ဆီးအသင်းကြား ဆွေးနွေးမှုတွေ စတင်ထား

ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ရာဟမ် ဘရူးစတားကို နောက်ရာသီမှာလည်း ဆက်ပြီး ခေါ်ထားလိုပါတယ်။ ဘရူးစတားဟာ ဒီရာသီ ရာသီဝက်ကမှ ဆွမ်ဆီးကို အငှားထွက်ခဲ့တာဖြစ်ပေမယ့် ၂၂ ပွဲ ကစားပြီး ၁၁ ဂိုးထိ သွင်းယူခဲ့ကာ ချန်ပီယံရှစ် playoff မှာ ဆီမီးအဆင့်ထိ ရောက်အောင် ကြိုးစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ရာသီကြိုမှာ သူ့ရဲ့ အခြေအနေကို ဆန်းစစ်လိုနေပေမယ့် ဆွမ်ဆီးမန်နေဂျာကလည်း အငှားခေါ်ယူနိုင်ဖို့ အကောင်းမြင်နေပါတယ်။ ကူပါက “ ရာဟမ်ကို ကျနော်တို့ တကယ်ကို… Continue Reading →

လီဗာပူးနဲ့ ယာဂင်ကလော့ပ်ကို သူ့ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်အဖြစ် ဂွာဒီယိုလာ ရွေး

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်က ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ဟာ ဂျာမနီမှာလည်း ပြိုင်ဆိုင်မှုတွေ ရှိခဲ့သလို အခုချိန်ထိလည်း ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နေကြတာဖြစ်တယ်။ ဂွာဒီယိုလာလက်ထဲက ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လီဗာပူးက ရယူထားသလိုပဲ ဒီရာသီ ချန်ပီယံလိဂ်အိပ်မက်အတွက် မန်စီးတီးကလည်း ရှေ့ဆက်နေတာဖြစ်တယ်။ ဂွာဒီယိုလာက ” ကျနော် အမြဲ ပြောခဲ့ပါတယ်။ ကျနော် ရင်ဆိုင်ခဲ့တဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်က သိပ်ကို သန်မာတဲ့ အသင်းဖြစ်တယ်။ မော်ရင်ညို၊ ပယ်လီဂရီနီလို… Continue Reading →

လီဗာပူးပိုင်ရှင် FSG လက်ထက် နောက်တစ်ကြိမ် ထပ်လုပ်လိုက်တဲ့ အကြီးမားဆုံး အပြောင်းအလဲ

လီဗာပူးအသင်းဟာ ၂၀၁၇ ခုနှစ်မှာ ကလပ်ကို စီအီးအိုအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ပီတာမိုးနေရာမှာ ဘီလီ ဟိုဂန်ကို အစားထိုးခြင်းနဲ့အတူ အပြောင်းအလဲကြီးတစ်ရပ်ကို စတင်လိုက်ပါပြီ။ အမေရိကန်ပိုင်ရှင်တွေ လက်လွဲယူပြီးနောက်မှာ လီဗာပူးဟာ ရှေးဆန်တဲ့ အစဉ်အလာတွေကို စွန့်လွှတ်ပြီး စီးပွားရေးဆိုင်ရာ အကြီးအကဲတွေ ခန့်အပ်ခဲ့သလို Sega, Microsoft နဲ့ Electronic Arts တို့မှာ အကြီးအကဲအဖြစ် အလုပ်လုပ်နေတဲ့ ပီတာမိုးလို ဝါရင့်ပုဂ္ဂိုလ်အား ကလပ်အသင်း စီအီးအိုအသစ်အဖြစ် တာဝန်ယူစေခဲ့ပါတယ်။ ပီတာမိုးဟာ ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေပးခဲ့သူဖြစ်တယ်။ ပီတာမိုး တာဝန်ယူမှုမှာ… Continue Reading →

ဖာမင်နိုရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြီး ဖျားလောက်အောင် အထင်ကြီးခဲ့ရတဲ့ မက် အာရွန်

မက်စ် အာရွန်ဟာ အင်္ဂလန်ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး နော်ဝစ်အသင်းနဲ့ တန်းဆင်းခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်လို ထိပ်တန်းအသင်းက စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်တယ်။ အာရွန်ဟာ အဆိုပါပွဲမှာ တိုက်စစ်သမား ဖာမင်နိုရဲ့ ခြေစွမ်းတွေကို အထင်ကြီးခဲ့ပြီး ဘရာဇီးသား ကစားပြမှပဲ ထိပ်တန်းအဆင့်ဆိုတာ ဒီလိုပါလားဆိုပြီး နားလည်ခဲ့တယ်လို့ ဆိုပါတယ်။ The Athletic နဲ့ အင်တာဗျူးမှာ အာရွန်က “ ပထမပိုင်း မပြီးခင်မှာပဲ ၄-၀ ဖြစ်နေခဲ့ပါပြီ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!