Date

August 2, 2020

တနင်္ဂနွေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က အသင်း ဆုဖလား အောင်ပွဲခံမှုမှာ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် ငြင်းဆန်ပြီး နေအိမ်ကနေပဲ မိသားစုနဲ့အတူ အားပေးခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးတစ်သင်းလုံးမှာ အကျော်ကြားဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ဆာလက် ဆက်ရှိနေဆဲဖြစ်ပြီး အီဂျစ်အကျော်အမော်ကို အာရပ်ကမ္ဘာတင်မဟုတ်ဘဲ အာဖရိကတိုက် တစ်ခုလုံးကပါ သူတို့ကို ကိုယ်စားပြုတဲ့ အမှတ်အသားအဖြစ် လက်ခံထားကြပါတယ်။ လီဗာပူးအသင်းဟာ ဂရိဘယ်အစွန်လူ ကွန်စတန်တီနိုကို ပေါင် ၇ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းလိုနေတယ်လို့ မာဆေးဆိုဒ် အခြေစိုက် သတင်းတွေက ဖော်ပြလာပါတယ်။ ကာတစ်ဂျုံးက သူဟာ လီဗာပူးမြို့ရဲ့… Continue Reading →

လီဗာပူးရဲ့ ဆုဖလားအောင်ပွဲ ပါတီ တက်ခွင့် ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့ကြောင်း ဂျရတ် ဖွင့်ပြော

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က အသင်း ဆုဖလား အောင်ပွဲခံမှုမှာ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် ငြင်းဆန်ပြီး နေအိမ်ကနေပဲ မိသားစုဝင်တွေနဲ့ အတူတကွ အားပေးခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အခက်အခဲတွေ အများကြီးကြားက ဆုဖလား အောင်ပွဲခံမှုကို လုပ်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမားတွေရဲ့ မိသားစုဝင်တွေကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲကို တက်ခွင့် ပေးခဲ့ပေမယ့် မာဆေးဆိုဒ် တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တယ်။ ပွဲနီးကပ်လာချိန် နောက်ဆုံးနာရီမှာတော့ ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။ လီဗာပူးဘက်က ဆာကင်နီ၊ အီရန်ရှပ်လို ဂန္တဝင်ကြီးတွေအပြင် စတီဗင်ဂျရတ်ကိုပါ တက်ရောက်ပေးဖို့… Continue Reading →

လီဗာပူးတစ်သင်းလုံးမှာ နာမည်အကြီးဆုံး ဂလိုဘယ်စတား ဖြစ်နေဆဲ ဆာလက်

ဒီဘက်နှစ်တွေမှာ လီဗာပူးအသင်း ဆုဖလာတွေ စိန်ခေါ်လာခဲ့တာကြောင့် ဗန်ဒိုက်၊ ထရန့်၊ မာနေး၊ ရော်ဘတ်ဆန်၊ အယ်လီဆန်၊ မာနေး၊ ဆာလက် တို့လို ကစားသမားတွေကလည်း ကမ္ဘာဘောလုံး ဇာတ်ခုံပေါ် ထိပ်တန်းအဆင့်တွေအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ အထူးသဖြင့် ဗန်ဒိုက်၊ ထရန့်၊ အယ်လီဆန်နဲ့ မာနေးတို့ဟာ ဒီဘက်နှစ်တွေမှာ နာမည် တစ်ရှိန်ထိုး တက်လာခဲ့ကြသူတွေဖြစ်တယ်။ ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးထဲက တစ်ဦးဖြစ်သလို ဘလွန်းဒီအော့ဆု စိန်ခေါ်သူအဆင့်ကိုပါ ရောက်လာခဲ့တယ်။ ဒါပေမယ့်လို့ ဒီကစားတွေထက် အားပေးခံရမှု ပိုများသူအဖြစ် ဆာလက်က ဦးဆောင်နေဆဲပါပဲ။… Continue Reading →

လီဗာပူးရဲ့ ဂျယ်ဘတ်လမ်းမကနေ အန်ဖီးကို ခြေစလှမ်းနေသော မာန်မာနကြီးတဲ့ ကောင်ငယ်လေး

ဘောလုံးသမားတွေမှာ ကိုယ်ပိုင် စတိုင်တွေရှိတတ်ကြပါတယ်။ ပါးစပ်ဖွာဖွာ ကစားတတ်တဲ့ ကာရေဂါလို၊ ရိုးအေးလွန်းတဲ့ ဟန်ဒိုလို၊ မာန်မာနကြီးပြီး ယုံကြည်ချက်ရှိတဲ့ ဗန်ဒိုက်လို၊ သြဇာလွှမ်းပြီး ပေါက်ကွဲအားများတဲ့ ဂျရတ်လို ကစားသမားမျိုးတွေပေါ့။ လီဗာပူးအကယ်ဒမီကနေ ထင်ပေါ်လာတဲ့ ထရန့်ဟာလည်း ရိုးအေးပြီး ရှက်လွယ်တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီတစ်ယောက်ကတော့ မတူပါဘူး။ ကားတစ်ဂျုံးဆိုတဲ့ ကစားသမားက မာန်မာနကြီးပြီး ကိုယ်ဘာသာ ယုံကြည်မှုရှိသူတစ်ဦးပါ။ လူငယ် နည်းပြတွေကတော့ ထိပ်တန်းကစားသမား တစ်ဦးမှာ ရှိရမယ့် ကိုယ်ဘာသာ ယုံကြည်ကိုယ်စား အထင်ကြီးမှုကို ကားတစ်ဂျုံးမှာ မြင်ရတယ်လို့ ဖွင့်ပြောထားပါတယ်။… Continue Reading →

လီဗာပူး ထရိန်နင်မှာဆို ရင်ဆိုင်ရမှာ စိုးရွံရတဲ့ မှော်ဆရာလေး အကြောင်း ဂိုးသမား လိုနာဂန် ဖွင့်ဟ

လီဗာပူးအသင်းနဲ့ လောလောလတ်လတ်ပဲ လမ်းခွဲခဲ့ပြီ ဖြစ်တဲ့ အရန် ဂိုးသမား လိုနာဂန်ဟာ အသင်း ထရိန်နင်မှာ ဆိုရင် သူ ရင်ဆိုင်ရမှာ စိုးရွံ့ခဲ့ရတဲ့ မှော်ဆရာလေးလို ကစားသမား ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လိုနာဂန်ကို အရန် ဂိုးသမား အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပြီး အက်ဒရီယန်လည်းပဲ တပြိုင်နက်လိုလို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးဆုံးသွားတဲ့ ဘောလုံးရာသီ အတွင်း စီနီယာ အသင်းကြီးနဲ့ အတူ ပွဲထွက် ကစားတာ မတွေ့လိုက်ရပေမယ့်… Continue Reading →

ကလော့ပ်ရဲ့ လီဗာပူးကစားဟန်မှာ ပါဝင်လာတဲ့ ဒတ်ချ်နဲ့ ပေါ်တူဂီ ဘောလုံးယဉ်ကျေးမှု (ဆောင်းပါးရှည်)

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဂျာမာန် ဘောလုံးလက္ခဏာလို့ မြင်လာစေတဲ့အထိ လွှမ်းမိုးမှုကြီးမားတဲ့ ဖိအားပေး ကစားဟန်ကို ကိုယ်ပိုင်နည်းလမ်းဖြင့် ဖန်တီးခဲ့သူပါ။ ဘွန်ဒက်လီဂါရဲ့ ဘုရင်ကြီးလို့တောင် တင်စားခံရပြီး မျက်မှောက် ဂျာမနီဘောလုံးလောကရဲ့ အရှိန်အဝါအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘွန်ဒက်လီဂါကလပ် အများအပြားက သူ့ရဲ့ ဖိအားနည်းစနစ်ကို ဆင့်ပွှားပြီး ကစားလာခဲ့တာကြောင့် ဂျာမနီဘောလုံးရဲ့ အမှတ်လက္ခဏာက ဖိအားပေး ကစားနည်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီဘက်နှစ်တွေမှာ ယာဂင်ကလော့ပ်ဟာ နည်းပြအဖွဲ့ဝင်ပိုင်း ပြောင်းလဲမှုနဲ့အတူ သူ့ရဲ့ ကစားဟန်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ အဓိကအားဖြင့် ကာလရှည် လက်တွဲလာတဲ့… Continue Reading →

ရာသီသစ်အတွက် လီဗာပူးရဲ့ လက်မောင်း စပွန်ဆာ အပြောင်းအလဲ ရှိမယ်လို့ သတင်းထွက်

သြဂုတ်လ ၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ Nike တို့ တရားဝင် လက်တွဲမှုလုပ်အပြီး စပွန်ဆာပိုင်းမှာ အပြောင်းအလဲအချို့ ရှိလာခဲ့ပါတယ်။ ယခင်က လီဗာပူးရဲ့ အဓိက စပွန်ဆာအဖြစ် Standard Chartered နဲ့ NB တို့ ဖြစ်ရာက အခုဆိုရင် Standard Chartered, Nike နဲ့ AXA တို့ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားမှုတစ်ခုက လီဗာပူးအသင်းဟာ လက်မောင်းစပွန်ဆာဖြစ်တဲ့ Western Union ကို အသင်းဝဘ်ဆိုဒ်ကနေ ဖြုတ်ချခဲ့ခြင်းဖြစ်ပါတယ်။ ကလပ်တည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်တဲ့နှစ်မှာ… Continue Reading →

ယာဂင် အဖြေထုတ်ပေးဖို့လိုတဲ့ ပုစ္ဆာတစ်ခုအဖြစ် လီဗာပူးကို ပြန်လာမယ့် ဝဲလ်ဆန်

ဘုန်းမောက်မှာ စီနီယာကစားသမားအဖြစ် ရာသီပြည့် နေထိုင်ခွင့်ရခဲ့တဲ့ ဝဲလ်ဆန်က စိတ်ပျက်စရာ အဆုံးသတ်မှုနဲ့ ရာသီသိမ်းအပြီးမှာ လီဗာပူးကို ပြန်လာမှာဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ဒီရာသီ ဟိုဝီရဲ့ အသင်း လိုအပ်ချက်တွေ များမှုနဲ့အတူ ချယ်ရီတွေဟာ တန်းဆင်းသွားရပါပြီ။ ပရီးမီးယားလိဂ် အစောပိုင်း ၂၉ ပွဲမှာ ၁၉ ပွဲထိ ပွဲထွက်နေရာက ပါဝင်ခဲ့ရတဲ့ ဝဲလ်ဆန်ဟာ ရာသီသိမ်း ၉ ပွဲမှာတော့ ၁ ပွဲပဲ ကစားခဲ့ရတာဖြစ်တယ်။ ဝဲလ်ဆန်ဟာ ကိုဗစ်နောက်ပိုင်း ပဲလေစ့်ကို ၂-၀ နဲ့… Continue Reading →

NIKE နဲ့ လက်တွဲမှုမှာ လီဗာပူးက အကျိုးအမြတ် ဘယ်လောက်ရမလဲ တွက်ချက်ပြခြင်း

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက စပွန်ဆာ တစ်ခုအဖြစ် Nike နဲ့ လက်တွဲမှာဖြစ်ပြီး ဒီစာချုပ်ရဲ့ တန်ကြေးဟာ အသင်းအောင်မြင်ရင် အောင်မြင်သလောက် မြင့်တက်နိုင်တဲ့ အနေအထားဖြစ်တယ်။ လီဗာပူးနဲ့ New Balance တို့ကြား ဂျာစီ စပွန်ဆာမှာတော့ ကလပ်က တစ်နှစ်ကို ပေါင် ၄၅ သန်း ရရှိခဲ့တာပါ။ Nike ကတော့ လီဗာပူးကို အသာတင် ကြေးအဖြစ် တစ်နှစ်ကို ပေါင် သန်း ၃၀ ပေးမှာဖြစ်ပါတယ်။ အဓိက အားသာချက်ပေးထားတာက တရားဝင်ဝဘ်ဆိုဒ်တွေကဖြစ်စေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!