Date

August 4, 2020

ဆာ၊ မန်ဒီ၊ မာတစ်၊ ရှာကွီရီ တို့ရဲ့ အပြောင်းအရွှေ့ နောက်ဆုံး အခြေအနေ

လီဗာပူးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo မှ လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ Paul Gorst ရဲ့ ဖြေဆိုပေးမှုဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာရဲ့ ကိုယ်စားလှယ်ကို ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ် သုံးသင်းထဲက တစ်သင်းဖြစ်ပါတယ်။ အခြားနှစ်သင်းဖြစ်တဲ့ ဝုဗ်၊ ပဲလေစ့်တိ့နဲ့အပြိုင် ကစားသမားကို ဘယ်လို အနေအထားနဲ့ ခေါ်ယူနိုင်မလဲ မေးမြန်းမှုကို ကမ်းလှမ်းထားတာဖြစ်တယ်။ ဒါပေမယ့် လာမယ့်ရာသီအတွက် ခေါ်ယူဖို့ဆိုပြီး မသေချာသေးပါဘူး။ ဘရိုက်တန် ခံစစ်သမား ဘန်ဝိုက်ကို လီဗာပူးက တစ်ရာသီလုံး စောင့်ကြည့်ထားခဲ့တယ်။ သူက ကလပ်ရဲ့… Continue Reading →

ဘရာဇီးလက်ရွေးစင် နည်းပြအဖွဲ့က ဖာမင်နိုနဲ့ အယ်လီဆန်တို့ကို ဘယ်လောက် အထင်ကြီးသလဲ

တစ်တီရဲ့ လက်ထောက်နည်းပြဖြစ်သူ Sylvinho က ပြောရာမှာ ” အယ်လီဆန်နဲ့ ဖာမင်နိုတို့က အရမ်းကို နိမ့်ချပြီး အသင်းအတွက် အလေးအနက်ကို ကြိုးစားကြသူတွေဖြစ်ပါတယ်။ ” လို ဂါးဒီးယန်း သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။ ” အယ်လီဆန်က ကမ္ဘာအကောင်းဆုံး ဂိုးသမားတေါထဲက တစ်ဦးပါ။ ဒါကို ကမ္ဘာကြီးကို လိုက်ပြောနေစရာလည်း လိုမယ် မထင်ပါဘူး။ ဘရာဇီးနဲ့အတူ ကျနေ်ာတို့ အလုပ်လုပ်တော့ တစ်တီက ဘန်လေနဲ့ပွဲမှာ ဖာမင်နို ကစားခဲ့တဲ့ ဗီဒီယိုကို ကြည့်ခိုင်းပါတယ်။ တီဗီထဲမှာ ဖာမင်နို… Continue Reading →

အားလုံးထူးချွန်တဲ့ ဗန်ဒိုက်က one on one မှာ အားနည်းချက်ရှိတယ်လို့ ကိုလိုတိုရေး ပြော

လီဗာပူးခံစစ်မှူးဟောင်းနဲ့ လက်ရှိ လက်စတာအသင်း လက်ထောက်နည်းပြ တိုရေးက အသင်းဟောင်းရဲ့ အဓိက ခံစစ်မှူးဖြစ်နေသူ ဗန်ဒိုက်နဲ့ ပက်သက်လို့ ထင်မြင်ချက် ပေးသွားပါတယ်။ သူက ဗန်ဒိုက်ဟာ အရာအားလုံးမှာ ထူးချွန်းသူဖြစ်ပေမယ့် တစ်ဦးချင်း ထိပ်တိုက် တွေ့မှုမှာ ပေါက်ကွဲအားကောင်းကောင်း ကစားတတ်သူတွေနဲ့ဆိုရင် ရုန်းကန်ရလေ့ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ ကိုလို တိုရေးက ပြောရာမှာ ” ဗန်ဒိုက်က မယုံနိုင်စရာ ကစားသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက ထိပ်တန်းကစားသမားပါ။ မြန်ဆန်မှုနဲ့ ဘောလုံးကစားနိုင်တယ်။ အရပ်မြင့်တယ်၊ အမြင့်ဘောကောင်းတယ်။ နည်းစနစ်ပိုင်းလည်း ကောင်းသလို အဝေဘောပေးနိုင်စွမ်းလည်း… Continue Reading →

သီယေဂိုက နည်းစနစ်ပိုင်းအရ လီဗာပူးခေါ်ယူသင့်သူ မဟုတ်ကြောင်း ဂျွန်ဘမ်းစ် ရှင်းပြ

ဂျွန်ဘမ်းစ်ကို လီဗာပူးဂန္တဝင်အဖြစ် ပရိသတ်တွေ သိကြပေမယ့် ၂၀၁၂ ခုနှစ်တုန်းက ဖီဖာရဲ့ လူငယ်နဲ့ နည်းပြတွေကို သင်တန်းပို့ချရေး အစီအစဉ်အရ ရန်ကုန်ကို တစ်ပတ်ကြာ လာရောက်ဖူးတာကိုတော့ လူသိနည်းပါလိမ့်မယ်။ ထိုစဉ်တုန်းက သူဟာ ဟေးဘရော့ဖြစ်ရပ်အတွက် အမှန်တရားတစ်ခု ပေါ်ထွက်တဲ့အပေါ် ကျေနပ်မိကြောင်းကို သုဝဏမှာလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြောပြခဲ့တယ်။ သူက မြန်မာ လူငယ်ဘောလုံးသမားတွေရဲ့ ဘောလုံးကစားနိုင်မှုကို အထင်ကြီးကြောင်း ပြောခဲ့သေးသလို လီဗာပူးပရိသတ်တွေနဲ့ တွေ့ဆုံမှုပါ လုပ်ခဲ့သေးတာဖြစ်တယ်။ (ဗဟုသုတအဖြစ် ထည့်ပြောတာပါ) ဒီနွေအတွက် လီဗာပူးရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေအပေါ်… Continue Reading →

ရုရှားနဲ့ အင်္ဂလန်တွေကနေ ဗီဒီယိုကော ခေါ်ပြီး တစ်ဦးနဲ့တစ်ဦး ထိုင်ဖဲ့နေကြတဲ့ လိုဗရန်နဲ့ ဆာလက်

ခံစစ်မှူး လိုဗရန်က ဇင်းနစ် စိန့်ပီတာဘတ်ကို ရောက်ရောက်ချင်းမှာပဲ လေဆိပ်ကနေ အထွက်မှာ ဆာလက်ကို FaceTime ဖြင့် ဖုန်းခေါ်ခဲ့ပါတယ်။ မူရင်း ဗီဒီယိုက ကော်ပီရိုက်ရှိလို့ မဖော်ပြပေမယ့် သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြတာတွေကို ဖော်ပြလိုက်ပါတယ်။ ဗီဒီယိုဖွင့်ဖွင့်ချင်းမှာ ဆာလက်ရဲ့ ခပ်တိုတိုဆံပင်ကေကိုကြည့်ပြီး ” ဝိုး ကေအလန်းပဲ ” လို့ လိုဗရန်က စပြီးပြောတော့ ဆာလက်က သူ့ကေကို ဟိုဘက် ဒီဘက် လှည့်ကြည့်ရင်း ” ကျေးဇူးပါကွာ၊ မင်းကေထက်တော့ ပိုမိုက်တယ် ” လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!