Date

August 5, 2020

ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူးအသင်းဟာ ဂိုးသမား ကားရီးယက်စ်ကို အသင်းမှာ ဆက်ထားမှာ မဟုတ်ဘဲ ဒီနွေမှာ သေချာပေါက် ရောင်းထုတ်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိက်ပါတယ်။ The Athletic သတင်းမှာပဲ ဂျိမ်းပီရက်စ်က ” လီဗာပူးက ဘမ်ဝိုက်ကို အတော်လေး သဘောကျတယ်။ ဘမ်ဝိုက်က လိဒ်အသင်းမှာ သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားတယ်။ ဘရိုက်တန်က သူ့ကို ရောင်းထုတ်ပေးဖို့ အင်တင်တင် ဖြစ်နေဆဲဖြစ်ပါတယ် ” လို့ သတင်းပေးခဲ့ပါတယ်။ လီဗာပူးတိုက်စစ်သမား ဖာမင်နိုက ဂိုးသွင်းပြီးရင် ရီစရာကောင်းတဲ့ သူ့ရဲ့ အောင်ပွဲခံမှုတွေဟာ… Continue Reading →

ဒီနွေမှာ ကားရီးယက်စ်ကို သေချာပေါက် ရောင်းထုတ်သွားတော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဂိုးသမား ကားရီးယက်စ်ကို အသင်းမှာ ဆက်ထားမှာ မဟုတ်ဘဲ ဒီနွေမှာ သေချာပေါက် ရောင်းထုတ်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မိန့်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ကားရီးယက်စ်ဟာ လီဗာပူးအတွက် ၄၉ ပွဲ ပါဝင်ကစားပေးထားပါတယ်။ သူဟာ တူရကီကလပ် ဘက်ဆစ်တက်ကို ၂ ရာသီ အငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်တယ်။ တူရကီကလပ်ကို အပြီးသတ် ရောက်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် လုပ်ခ ပေးချေမှုတွေမှာ ပြဿနာဖြစ်ခဲ့တဲ့နောက် ကားရီးယက်စ်ဟာ လီဗာပူးကို ပြန်လာရမှာဖြစ်ပါတယ်။ ဂျာမနီဂိုးသမားကို… Continue Reading →

ဂိုးသွင်းပြီးတိုင်း သူ့ရဲ့ ပေါက်ပေါက်ရှာရှာ အောင်ပွဲခံတတ်မှု အကြောင်း ထုတ်ပြောတဲ့ ဖာမင်နို

လီဗာပူးတိုက်စစ်သမား ဖာမင်နိုက ဂိုးသွင်းပြီးရင် သူ့ရဲ့ အောင်ပွဲခံမှုတွေနဲ့အတူ အဆိုပါ အောင်ပွဲခံမှုတွေက ဘယ်ကနေ ဆင်းတက်လာသလဲဆိုတာကို ထုတ်ပြောလိုက်ပါတယ်။ ဖာမင်နိုဟာ ဂိုးသွင်းပြီးတိုင်း ထူးထူးဆန်းဆန်း အောင်ပွဲခံတတ်သလို သူ့ရဲ့ အောင်ပွဲခံမှုတွေကို မာနေးက တုပ အောင်ပွဲခံလေ့ရှိတာပါ။ ဖာမင်နိုကတော့ ရီစရာကောင်းတဲ့ သူ့ရဲ့ အောင်ပွဲခံမှုတွေဟာ သူကိုယ်ပိုင် တီထွင်ထားတာဖြစ်ပြီး ကျော်ကြားတဲ့ မျက်လုံးတစ်ဖက်အုပ် အောင်ပွဲခံမှု၊ သေနတ်ပစ်သလို အောင်ပွဲခံမှုနဲ့ ကွန်ဖူးကစ်သလို အောင်ပွဲခံမှု အားလုံးက သူ့ကိုယ်ပိုင်တွေပါလို့ ပြောပါတယ်။ ဆက်ပြီးလည်း ဖာမင်နိုက “ ကျနော်ရဲ့ အောင်ပွဲခံမှုတွေက… Continue Reading →

ကလော့ပ်နဲ့တွေ့ရင် ရွှေဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ကြတဲ့ လီဗာပူး ကစားသမား ၅ ဦး

လက်ရှိ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတွေဟာ နွေဈေးကွက်တွေမှာ ကစားသမားကောင်းတွေကို ပြောင်းရွှေကြေး ကြီးကြီးနဲ့ ခေါ်ယူတတ်ပြီး ရွက်ပုန်းသီး ခေါ်ယူမှုတွေ နည်းပါးလာပါတယ်။ လီဗာပူးအသင်းကတော့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ကလပ်တွေထံက ကစားသမားတွေကို ဈေးချိုချိုနဲ့ ခေါ်ယူပြီး နေရာပေးမှုတွေ ရှိထားခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးကို ပြောင်းလာပြီးနောက်ပိုင်း ကလော့ပ်ဟာ တစ်နှစ်ကို တစ်ဦးနှုန်းဖြင့် တန်းဆင်းဇုန်အသင်းက ကစားသမားတွေကို ခေါ်ယူထားခဲ့တယ်။ အဆိုပါ ကစားသမားတွေအကြောင်းကို ဖော်ပြသွားပါမယ်။ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဘန်လေအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ပါတယ်။… Continue Reading →

ဆွာရက်စ်ရဲ့ အပြောင်းအရွှေ့ နောက်ကွယ်က ဇာတ်လမ်းကို သေချာ ပြန်ပြောပြတဲ့ စတီဗင်ဂျရတ်

၂၀၁၃-၂၀၁၄ ဘောလုံးရာသီ အစမှာတော့ ဆွာရက်စ်ဟာ အာဆင်နယ်ကို ပြောင်းလိုတာကြောင့် လီဗာပူးအသင်းကို ဆန့်ကျင်မှုတွေ လုပ်ခဲ့ပါတယ်။ ထိုစဉ်တုန်းကတော့ အာဆင်နယ်ဟာ ကစားသမားကောင်းတွေ စတင်ခေါ်ယူနေပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေတာပါ။ လီဗာပူးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ကာလရှည် ဝေးကွာလာမှုကြောင့် အင်အားလျော့နည်းလာခဲ့တာဖြစ်တယ်။ ဆွာရက်စ်ကို ပေါင် သန်း ၄၀ ကိုမှ နောက်ထပ် ၁ ပေါင် ပိုပေးပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းမှုက လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီကို ဒေါသထွက်စေခဲ့တယ်။ ဆွာရက်စ်ကို လုံးဝ မရောင်းဘူးလို့ ကြေညာခဲ့ပြီး… Continue Reading →

လီဗာပူး စိတ်ဝင်စားနေတဲ့ အစ်ဆာ မန်ဒီဆိုတာ ဘယ်သူလဲ၊ ဘယ်လို ကစားသမားလဲ (သုံးသပ်ချက်)

လီဗာပူးအသင်းဟာ လိုဗရန်နေရာ အစားထိုးဖို ဗဟိုခံစစ်မှူးသစ်အဖြစ် လာလီဂါကလပ် ရီးရဲလ်ဘက်တစ် အသင်းမှ အစ်ဆာ မန်ဒီကို စိတ်င်စားနေကြောင်း သတင်းတွေကို ဗြိတိန်အားကစားလောကက နာမည်ကြီး သတင်းဌာနတွေ အများအပြားက ဖော်ပြလာပါတယ်။ ဒီတော့ မန်ဒီဆိုတာက ဘယ်လို ကစားသမားလဲ? လီဗာပူးအသင်းဟာ အသက် ၃၁ နှစ်အရွယ် ခရိုအေးရှား ခံစစ်မှူး လိုဗရန်ကို ရုရှားကလပ် ဇင်းနစ်ထံ ပေါင် ၁၁ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအဝတ်လဲခန်းက ခေါင်းဆောင်တစ်ဦးကို လက်လွတ်ခဲ့ရတာဖြစ်ပေမယ့် လိုဗရန်ဟာ မနှစ်က လီဗာပူးအတွက် ပွဲ… Continue Reading →

Nike လက်ထဲ ရောက်လုရောက်ခင်ဖြစ်နေတဲ့ ယာဂင်ကလော့ပ်ကို ဖြတ်လုခဲ့ပြီဖြစ်တဲ့ Adidas

မန်နေဂျာယာဂင်ကလော့ပ်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ စပွန်ဆာအဖြစ် Adidas နဲ့ လက်တွဲတဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့ပြိဖြစ်ပါတယ်။ လီဗာပူးအသင်းက ဂျာမာန် အားကစားဝတ်စုံ ကုမ္ပဏီ Adidas ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Nike နဲ့ လက်တွဲလိုက်ချိန်မှာ ဂျာမာန်ကုမ္ပဏီက ကလော့ပ်ကို အရ ပြန်ဆွဲထားခဲ့တာပါ။ ကုမ္ပဏီ နှစ်ခုလုံးဟာ လီဗာပူးကို စပွန်ဆာပေးဖို့ အပြိုင် ကြိုးစားခဲ့ပေမယ့် လီဗာပူးက ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပေးနိုင်တဲ့ Nike ကို လက်တွဲဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ အသက် ၅၃ နှစ်အရွယ်… Continue Reading →

ဘမ်ဝိုက်ကို လီဗာပူးက အလိုရှိပေမယ့် ဘရိုက်တန်ဘက်က အင်တင်တင်ဖြစ်နေ

လီဗာပူးအသင်းဟာ ဇင်းနစ်ကို ရောင်းထုတ်လိုက်တဲ့ လိုဗရန်နေရာ အစားထိုးဖို့ ဗဟိုခံစစ်မှူးသစ်တွေ ရှာဖွေထားပြီး နှစ်ဦး သုံးဦးနဲ့ သတင်းကြီးမှုတွေ ရှိနေပါတယ်။ ဘက်တစ်မှ မန်ဒီ၊ ရှော်ကေးမှ အိုဇန် ကာဘတ် နဲ့ ဘရိုက်တန်မှ ဘမ်ဝိုက်တို့ဟာ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေသူတွေပါ။ သူတို့ထဲမှာ လက်တလောအတွင်း မန်ဒီနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ပိုကြီးနေပေမယ့် ဒါက စပိန်ဘက်က ဖော်ပြနေခြင်းတွေပဲ ဖြစ်တယ်။ လီဗာပူးကတော့ ဦးစားပေးအဖြစ် ဘမ်ဝိုက်ကိုပဲ အများကြီး မျှော်လင့်ထားပါတယ်။ လီဗာပူး အားကစားခေါ်ယူရေးဆိုင်ရာ အဖွဲ့က… Continue Reading →

ဘယ်အစွန်နေရာအတွက် ဂျမယ် လူးဝစ်ကို ပေါင် ၁၀ သန်းဖြင့် ညိနှိုင်းသွားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်ကို အားဖြည့်ပေးဖို့အတွက် ကစားသမားသစ် ရှာဖွေရာမှာ စိတ်ကြိုက်တစ်ဦး တွေ့ရှိခဲ့ပြီးလို့ လီဗာပူးသတင်းထောက်တွေက အတည်ပြု ဖော်ပြလာပါတယ်။ နော်ဝစ်အသင်းမှ လူငယ်ဘယ်အစွန်လူ အသက် ၂၂ နှစ်အရွယ် ဂျမယ် လူးဝစ်ကို ခေါ်ယူဖို့အား ကလော့ပ်နဲ့ လီဗာပူး ကစားသမားသစ် ခေါ်ယူရေး အဖွဲ့က သဘောညီခဲ့ကြတယ်လို့ သိရတယ်။ သူ့ကို ခေါ်ယူဖို့ ကြိုးစားရာမှာ ပွဲကစားခွင့် အာမခံချက် မရှိခြင်း တစ်ချက်ကပဲ လီဗာပူးအတွက် ညိနှိုင်းမှုတွေကို အခက်တွေ့နိုင်ပါတယ်။ လီဗာပူးဘက်က ဂျမယ်လူးဝစ်ကို ခေါ်ယူနိုင်ဖို့ ပေါင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!