Date

August 6, 2020

BREAKING: တန်းတက် ၃ သင်း ပါဝင် ငြင်းဆန်ခြင်းကြောင့် လူစားလဲမှု ၅ ဦး ခွင့်ပြုမှုကို ပယ်ဖျက်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လူစာရင်း ၅ ဦးထိ လဲခွင့်ကို ပရီးမီးယားလိဂ်ကလပ်တွေ ငြင်းဆန်တာကြောင့် ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ကိုဗစ်ကပ်ဘေးအတွင်း ဘောလုံးပွဲ ပြန်စရမှာ အထူး လိုက်လျောမှုအဖြစ် လူစားလဲမှု ၅ ခုလုပ်ခွင့်ပေးပြီး ပွဲနေ့ လူစာရင်းကိုလည်း ၁၈ ဦးအစား ၂၀ ဦးထိ တိုးမြင့် ခွင့်ပြုခဲ့တာပါ။ ဒါ့အပြင် ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ရေသောက်ချိန်တွေကိုလည်း ခွင့်ပြုထားခဲ့ပါတယ်။ ရာသီသစ်မှာလည်း အဆိုပါ စည်းကမ်းကို ဆက်ထားမထားကို ကလပ်တွေ ဆုံးဖြတ်မှု ခံယူခဲ့ကြတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ… Continue Reading →

လီဗာပူးဂျာစီ ပရိုးမိုးရှင်းဆင်းမှုမှာ LeBron နည်းတူ ပါဝင်လာကြမယ့် Drake နဲ့ Serena Williams

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက စပွန်ဆာ တစ်ခုအဖြစ် Nike နဲ့ လက်တွဲမှာဖြစ်ပြီး လောလောဆယ် အော်ဒါတင်မှုတွေ လက်ခံမှု စတင်ထားဆဲဖြစ်ပေမယ့် ပရိုမိုးရှင်းမှုတွေ စတင်နေပြီဖြစ်တယ်။ လီဗာပူးဘက်က တရုတ်ကိုသွားပြီး ဂျာစီမိတ်ဆက်မှုတွေ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းထားရတယ်။ ဒါပေမယ့် Nike က သဘောတူထားတဲ့ နောက်ထပ် ပလန်တွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လီဗာပူးနဲ့ New Balance တို့ကြား ဂျာစီ စပွန်ဆာမှာတော့ ကလပ်က တစ်နှစ်ကို… Continue Reading →

အယ်ကန်တာရာက လီဗာပူးထံ ပြောင်းလိုပြီး ချိတ်ဆက်မှုတွေ မစတင်ရသေးခြင်း အကြောင်းရင်း

နာမည်ကျော် အားကစားသတင်းထောက် Fabrizio Romano က အယ်ကန်တာရာက လီဗာပူးထံ ပြောင်းလိုပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ သူကပဲ ကစားသမားက ဒီအပြောင်းအရွှေ့ ဖြစ်လိုပေမယ့် ချန်ပီယံလိဂ် မပြီးသေးတာကြောင့် တရားဝင် ချိတ်ဆက်မှုတွေ ရှိလာဦးမယ် မထင်ဘူးလို့ဆိုတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဥရောပပြိုင်ပွဲမှာ ကစားသမား ဒဏ်ရာရခဲ့ရင် သူ့အသက်အရွယ်အရ အသင်းပြောင်းဖို့ဟာ ထိခိုက်မှု ကြီးနိုင်ပါတယ်။ ဒါပေမယ့်လို့ အယ်ကန်တာရာကို စိတ်ဝင်စားနေတဲ့ အသင်းက အခုချိန်ထိ လီဗာပူးတစ်သင်းပဲ ရှိပါတယ်လို့ သူက အခိုင်အမာ… Continue Reading →

လီဗာပူးအသင်း အောင်မြင်မှုတွေ ဆက်ရစေဖို့ အမြဲတမ်း စဉ်းစားနေမိတယ်ဆိုတဲ့ ဂျွန်ဟင်နရီ

လီဗာပူးပိုင်ရှင်ဖြစ်တဲ့ ဂျွန်ဟင်နရီက ကလပ် ဆုဖလားတွေ အောင်မြင်လာမှုနဲ့အတူ အနာဂတ်မှာ ဘယ်လို အောင်မြင်မှုတွေ ထပ်ရအောင် လုပ်မလဲဆိုတာကို နေ့စဉ်တိုင်းမှာ စဉ်းစားပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အင်္ဂလန်ကလပ်တွေထဲ အအောင်မြင်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားမှတ်တမ်းကို နောက်တစ်ကြိမ် ထပ်တိုးနိုင်ခဲ့သလို ကလပ်သမိုင်းမှာ ပထမဆုံးဖြစ်တဲ့ ကလပ်များ ကမ္ဘာဖလားကိုလည်း အောင်မြင်ခဲ့တယ်။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေရတဲ့ အမှတ်ပေးဖလားကိုလည်း တစ်ကျော့ပြန် အောင်မြင်ခဲ့ပါတယ်။ လီဗာပူးပိုင်ရှင်အဖွဲ့ FSG ရဲ့ ဥက္ကဌဖြစ်သူ ဂျွန်ဟင်နရီက “ အောင်မြင်မှုတွေနဲ့ ယှဉ်တွဲပြီး… Continue Reading →

မီနာမီနိုကို mentor အဖြစ် ကူညီပေးရဖွယ်ရှိတဲ့ ဖာမင်နိုရဲ့ အသင်းဖော်အတွက် မှတ်ချက်

လီဗာပူးတိုက်စစ်မှူး ဖာမင်နိုက ဇန်နဝါရီကမှ ဆဲလ်ဘတ်ကနေ ခေါ်ယူထားတဲ့ မီနာမီနိုရဲ့ အရည်အချင်းကို သဘောကျတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဖာမင်နို “ မီနာမီနိုက သိပ်ကောင်းတဲ့ လူပဲဗျ။ သူ့ရဲ့ အရည်အချင်းကော သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပုံစံကိုကော ကျနော်တော့ သဘောတွေ့မိတယ်။ ကောင်းတာတစ်ခုက သူကော ကျနော်ပါ ဂျာမန်ာလို ကောင်းကောင်းပြောနိုင်ကြတာပါပဲ။ သူက ဂျာမာန်လို ကောင်းကောင်း ပြောနိုင်တယ်၊ ကျနော်လည်း ပြောနိုင်တယ်။ ဒီတော့ ကျနေ်ာတို့ ဂျာမာန်လို ပြောကြတယ်။ သူက အတော်လေးကောင်းတဲ့ ကစားသမားကောင်းပါ။ ကျနော်ထင်တယ်… Continue Reading →

LeBron James ကြီး လီဗာပူးဂျာစီဝတ် ပရိုးမိုးရှင်းဆင်းမှုကနေ ရနိုင်တဲ့ အကျိုးအမြတ်

NBA ဘက်စကတ်ဘောစတားကြီး LeBron James ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ အဓိက ရှယ်ယာရှင်တွေထဲက တစ်ဦးပါ။ သူဟာ လီဗာပူးအမာခံပရိသတ်ဖြစ်သလို FSG ထံက ရာခိုင်နှုန်းအနည်းငယ်ကို ခွဲဝေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ၂၀၁၁ မှာတုန်းက လီဗာပူးအသင်းရဲ့ ရှယ်ယာ ၂% ကို ဒေါ်လာ ၆.၅ သန်းဖြင့် LeBron James ဝယ်ယူခဲ့တယ်။ ၂၀၂၀ မှာတော့ သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၂% အတွက် တန်ကြေးက ဒေါ်လာ ၄၃.၆ သန်းထိ မြင့်တက်… Continue Reading →

Transfers: လူးဝစ်အတွက် ပေါင် သန်း ၂၀ ကိစ္စနဲ့ လွိုက်ကယ်လီကိစ္စ ဒေါသမပြေသေးတဲ့ လီဗာပူး

လီဗာပူးရဲ့ ဘယ်အစွန်လူသစ် ရှာပုံတော်နဲ့ ပက်သက်လို့ The Athletic က သတင်းထောက် James Pearce ရဲ့ ဖော်ပြချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် နော်ဝစ်အသင်းဟာ ၎င်းတို့အသင်းမှ ကြိုက်တဲ့ ကစားသမားကို ခေါ် အနည်းဆုံး ပေါင် သန်း ၂၀ ကနေ စမှ ဖုန်းကိုင်မယ်လို့ ခပ်တင်းတင်း ထုတ်ပြောထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ နော်ဝစ်ဟာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မကစားဖူးတဲ့ ၎င်းတို့အသင်း ကွင်းလယ်လူ မတ်ဒီဆန်ကို ကနဦးကြေး ပေါင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!