Date

August 7, 2020

BREAKING: လာမယ့်ရာသီ ကိုဗစ် ဒုတိယလှိုင်းဝင်ရင် လိဂ်ကို ရပ်နားမည့် အစီအစဉ် ဆွေးနွေးမည်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီတုန်းကတော့ ကိုရိုနာကပ်ဘေး ဝင်ရောက်လာချိန်မှာ လိဂ်တာဝန်ရှိသူတွေက ဘယ်လို လုပ်ရမလဲဆိုတာအတွက် တိကျတဲ့ စည်းမျဉ်းတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်ရာသီမှာ တူညီတဲ့ အဖြစ်မျိုး အဖြစ်ခံမှာ မဟုတ်ဘဲ တိကျတဲ့ ကြိုတင် သဘောတူညီမှု ရယူသွားမှာဖြစ်တယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စတင်ယှဉ်ပြိုင်လာပြီး ရာသီဝက်စာ ပွဲကစားပြီးချိန်မှာ ကိုဗစ် ဒုတိယလှိုင်းဝင်ရင် ဘယ်လို လုပ်မလဲဆိုတာအတွက် ဆုံးဖြတ်ချက်ကို နောက်အပတ်မှာ လုပ်မှာဖြစ်တယ်။ လာမယ့်ရာသီအတွင်း ကွင်းထဲကို ပရိသတ်တွေ ဝင်ခွင့်ပေးဖို့ ကိစ္စက မရေရာမှုတွေ ရှိနေဆဲဖြစ်တယ်။… Continue Reading →

သူ့ရဲ့ အကောင်းဆုံး နေရာက ဗဟိုခံစစ်မှူး မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ ကီဂျာနာ ဟိုဗာ

အသက် ၁၈ နှစ်အရွယ် ခံစစ်သမားလေး ကီဂျာနာ ဟိုဗာက လီဗာပူးပရိသတ်တွေ အများကြီး မျှော်လင့်ထားတဲ့ ခံစစ်သမားပါ။ နယ်သာလန်သားကို ဗန်ဒိုက်လက်သစ် ဖြစ်လာဖို့ ပရိသတ်တွေဘက်က မျှော်လင့်ပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အသင်းဘက်က စောင့်ကြည့်နေတာဖြစ်တယ်။ လူငယ်နည်းပြတွေက ညာအစွန်အတွက်ကော ဗဟိုခံစစ်မှာပါ အသုံးပြုနေတယ်။ မန်နေဂျာကလော့ပ် ကိုယ်တိုင်ကတော့ ကီဂျာနာကို ညာအစွန်နေရာတွေမှာ အသုံးများပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်မှာတော့ ကစားသမားကိုယ်တိုင်က လက်ရှိမှာ သူဟာ ညာအစွန်နေရာမှာ ကစားတာပဲ အဆင်ပြေမယ်လို့ ထုတ်ပြောလာခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးတာက… Continue Reading →

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင် ၄ ဦးထဲ ပါဝင်တဲ့ ယာဂင်

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင် ၄ ဦးစာရင်း ထွက်ပေါ်လာပြီဖြစ်ပြီး မန်နေဂျာယာဂင်ကလော့ပ် ပါဝင်လာကြောင်း လီဗာပူး ဝဘ်ဆိုဒ်က အတည်ပြုလိုက်ပါတယ်။ မန်နေဂျာကလော့ပ်ဟာ လီဗာပူးရဲ့ နှစ် ၃၀ အမှတ်ပေးချန်ပီယံအိပ်မက်ကို ရမှတ် ၉၉ မှတ် ရယူမှုဖြင့် အဆုံးသတ်ပေးနိုင်ခဲ့သူဖြစ်တယ်။ ကလော့ပ် လက်အောက်မှာ လီဗာပူးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲအနည်းဆုံးအဖြစ် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး တရားဝင် ချန်ပီယံဖြစ်ချိန်မှာ ပွဲစဉ် ၇ ပွဲထိ ဆက်လက် ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါသေးတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ… Continue Reading →

လီဗာပူးအသင်းသားတွေ လွှမ်းမိုးတဲ့ PFA တစ်နှစ်တာ အကောင်းဆုံးဆု ဆန်ကာတင်စာရင်း

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၇ ဦး စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၊ တိုက်စစ်သမား မာနေးနဲ့ ညာအစွန်လူ ထရန့်တို့က အခြားသော ကစားသမားတွေနဲ့အပြိုင် ပါဝင်လာခဲ့တယ်။ ဗြိတိန်အားကစားကလောင်ရှင်တွေပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရ ဟန်ဒါဆန်က ဒီဆုကို အနိုင်ရဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေပါတယ်။ ဟန်ဒါဆန်ဟာ မန်စီးတီးကို ရမှတ် ၁၈ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအတွက် အဓိက ထောက်တိုင်ဖြစ်ခဲ့သလို ကိုဗစ်ကာလအတွင်း ပရီးမီးယားလိဂ်က ကစားသမားတွေကို… Continue Reading →

လီဗာပူးကို ငြင်းပြီး အခြားအသင်းပြောင်းရင် အဲ့ကစားသမားကို ဘယ်တော့မှ ထပ်ခါ်မှာ မဟုတ်ဘူး

လီဗာပူးအသင်းရဲ့ ဒီနွေအတွက် အပြောင်းအရွှေ့ ကိစ္စတွေကို The Athletic က ဖော်ပြရာမှာ စိတ်ဝင်စားဖွယ် အချက်တစ်ခု ထွက်ပေါ်လာပါတယ်။ မနှစ်တုန်းက လီဗာပူးဟာ ဗန်ဒန်ဘယ်ရာကို မခေါ်ယူခင်မှာ ဘရစ္စတိုစီးတီး ဘယ်အစွန်လူ လွိုက်ကယ်လီကို ချိတ်ဆက်ခဲ့ပါတယ်။ ကစားသမားဟာ ဘယ်အစွန်အပြင် ဗဟိုခံစစ်မှူးနေရာမှာပါ ကစားနိုင်လို့ ဂိုးမက်စ်လိုပဲ လိုအပ်ရင် နှစ်နေရာ အသုံးပြုနိုင်မယ်လို့ အသင်းဘက်က ရည်ရွယ်ခဲ့တာဖြစ်တယ်။ အင်္ဂလန်သားကို ခေါ်ယူဖို့ အသင်းဘက်က ဘရစ္စတိုစီးတီးနဲ့ကော ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ချိတ်ဆက်မှု အဆင်ပြေခဲ့တယ်။ ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်က… Continue Reading →

စင်းလုံးချောဖြစ်နေတဲ့ အယ်လီဆန်နဲ့ ပက်သက်ပြီး လီဗာပူးပရိသတ်တွေ ပွဲကျ

ဘောလုံးရာသီ အနားရခဲ့ပြီဖြစ်လို့ လီဗာပူးအသင်းသားတွေက အားလပ်ရက်အဖြစ် ကိုယ်ပိုင် အစီအစဉ်တွေနဲ့ ရှိနေကြပြီး သြဂုတ်လ ၁၅ ရက်နေ့မှ အသင်းနဲ့ စတင် ပူးပေါင်းမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ Nike ဂျာစီသစ် ဝင်ရောက်လာပြီး စီနီယာနှစ်ဦး ထွက်ခွာသွားတာကလွဲလို့ အပြောင်းအလဲ မရှိသေးပါဘူး။ အပြောင်းအရွှေ့ ကိစ္စတွေကလည်း တရားဝင် ကြေညာနိုင်ခြင်းတွေ မရှိသေးဘူး။ ဒီအခြေအနေမှာ ပရိသတ်တွေကတော့ အသင်းဝဘ်ဆိုဒ်ကို ဝင်မွှေတာ၊ အသင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်ကနေ ရှာဖွေကြည့်တာတွေပဲ လုပ်နေရတာဖြစ်တယ်။ မကြာသေးခင်ကပဲ ဆာလက်ဟာ သူ့ရဲ့ ဆံပင်စတိုင်ကို… Continue Reading →

လီဗာပူး စိတ်ဝင်စားလာတဲ့ ဆာအတွက် ဝတ်ဖိုဒ့်က တောင်းမယ့် ပြောင်းရွှေ့ကြေး

လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းမှာ တောင်ပံနေရာတွေကို အရန်အဖြစ် အင်အားဖြည့်ဖို့ တန်းဆင်းသွားတဲ့ ဝတ်ဖိုဒ့်အသင်းမှ ဆာကို စတင် ခြေရာခံပြီဖြစ်ကြောင်း The Times က ဖော်ပြပါတယ်။ လီဗာပူးအသင်းဟာ အစောပိုင်းတည်းက ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာရဲ့ ကိုယ်စားလှယ်ကို ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ် သုံးသင်းထဲက တစ်သင်းဖြစ်တယ်။ အခြားနှစ်သင်းဖြစ်တဲ့ ဝုဗ်၊ ပဲလေစ့်တို့နဲ့အပြိုင် ကစားသမားကို ဘယ်လို အနေအထားနဲ့ ခေါ်ယူနိုင်မလဲ မေးမြန်းမှုကို ကမ်းလှမ်းထားတာဖြစ်ပြီး အခုချိန်မှာ ကမ်းလှမ်းမှု စဝင်ဖို့ လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။… Continue Reading →

လူးဝစ်ကို ကမ်းလှမ်းမှု ငြင်းဆန်ခံရ၊ ဆာကို စလိုက်ဖို့ပြင်ဆင်ခြင်းနဲ့ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းဟာ နော်ဝစ်အသင်းမှ ဘယ်အစွန်လူ ဂျမယ် လူဝစ်ကို ပေါင် ၁၀ သန်း တန်ကြေးရှိ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ The Times မှ သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။ အရမ်းဆိုးတဲ့ အခြေအနေ မဟုတ်ဘဲ နော်ဝစ်ဘက်က ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုးကို မျှော်လင့်နေခြင်းဖြစ်တယ်။ ကစားသမားကိုယ်တိုင်က လီဗာပူးကို ပြောင်းလာလိုနေတာကြောင့် ပြောင်းရွှေ့ကြေး ထပ်တိုးပေးရင် ညိနှိုင်းမှု ပြန်စနိုင်ပေမယ့် နော်ဝစ်ဘက်က နှစ်ဆထိ ဈေးတောင်နေပါတယ်။ ဘယ်အစွန်မှာ နောက်ထပ် အရန်ပစ်မှတ်တွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!