Date

August 8, 2020

ယာဂင်ကလော့ပ်နဲ့ ပက်သက်ပြီး စကားတစ်ခွန်းတည်း ပြောစရာရှိတယ်ဆိုလာတဲ့ ကာတစ်ဂျုံး

ယာဂင်ကလော့ပ် လက်အောက်မှာ ကစားရတာက ဘယ်လို ဂုဏ်ယူစရာလဲဆိုတဲ့အပေါ် လီဗာပူးကွင်းလယ်လူ ကားတစ်ဂျုံးက ထုတ်ဖော် ပြောဆိုလာပါတယ်။ ကားတစ်ဂျုံးက ” ကလော့ပ်နဲ့ ပက်သက်ပြီး ကျနော်မှာ ပြောစရာ စကားတစ်ခွန်းပဲရှိတယ်။ အဲ့တာက ပြီးပြည့်စုံတယ် ဆိုတာပဲ။ သူက ခံစစ်သမား၊ ကွင်းလယ်လူ၊ တိုက်စစ်သမား၊ ဂိုးသမား အစရှိတဲ့ ဘယ်ကစားသမားအတွက်မဆို ပြီးပြည့်စုံစေတဲ့ မန်နေဂျာမျိုးဖြစ်တယ်။ ယာဂင်ကလော့ပ်ဆိုတာ အဲ့လို ပုဂ္ဂိုလ်ပဲ၊ သူက အသင်းသားတိုင်းအတွက် ရှေ့ဆောင်လမ်းပြပေးသူဖြစ်တယ်။ အသင်းဖော်တွေကို ဦးဆောင်ဦးရွက်ပြုတဲ့ သူဖြစ်ဖို့ဆိုတာက အသင်းခေါင်းဆောင်ဖြစ်မှ၊ လက်ထောက်ခေါင်းဆောင်ဖြစ်မှ မဟုတ်ဘူး။… Continue Reading →

လာမယ့်ရာသီအတွက် ဟယ်ရီဝဲလ်ဆန်ရဲ့ ခြေလှမ်းတွေက နယူးကာဆယ်ဘက်ကို ဦးတည်

နယူးကာဆယ် မန်နေဂျာ စတိဗ် ဘရုစ်ဟာ လီဗာပူးလူငယ် ဝဲလ်ဆန်ကို လာမယ့်ရာသီအတွက် ခေါ်ယူလိုနေကြောင်း ဒေသတွင်းသတင်းဖြစ်တဲ့ The Nothern Echo မှာ စတင် ဖော်ပြနေကြပြီဖြစ်ပါတယ်။ မနှစ်ကရာသီ ဘုန်းမောက်ကို အငှားထွက်ပြီး ကိုယ်တိုင် ၇ ဂိုးသွင်းခဲ့တဲ့ ဝေလ်းအသင်းသားကို ခေါ်ယူလိုတဲ့ ကလပ်တွေ အများအပြား ရှိနေဆဲပါ။ လီဗာပူးဘက်က ကစားသမားကို အပြီးသတ် ရောင်းထုတ်လိုပေမယ့် သင့်လျော်တဲ့ ကမ်းလှမ်းမှု မရဘူးဆိုရင် ပြောင်းရွှေ့ကြေးကို ထိန်းသိမ်းနိုင်ဖို့ အငှားချမှုကိုပဲ ပြုလုပ်မှာဖြစ်တယ်။ ဝဲလ်ဆန်ကို ဘုန်းမောက်ထံ အငှားချမှုမှာ… Continue Reading →

ရာသီသစ်အတွက် လီဗာပူးရဲ့ စတုတ္ထခံစစ်မှူးဟာ လူငယ်အသင်းက ဖြစ်မည် မဟုတ်

လီဗာပူးအသင်းရဲ့ ရာသီသစ်အတွက် အစီအစဉ်တွေ တပိုင်းတစ်စချင်း သတင်းသစ်တွေ ထွက်လာနေပြီး နောက်ဆုံး သိလာရတဲ့ သတင်းအရတော့ ဗဟိုခံစစ်မှူးနေရာနဲ့ သက်ဆိုင်နေပါတယ်။ လီဗာပူးအသင်းဟာ ခံစစ်မှူး လိုဗရန်ကို ဇင်းနစ်ထံ ပေါင်း ၁၁ သန်းဖြင့် ရောင်းထုတ်ထားပြီး သူ့နေရာကို အစားထိုးမှု လုပ်သွားရမှာပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင်းလို ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရမယ့် အသင်းတစ်သင်းဟာ အဓိက ခံစစ်မှူး အနည်းဆုံး လေးဦးလောက် လိုအပ်မယ့် အနေအထားဖြစ်တယ်။ မာေးဆဆိုဒ်အခြေစိုက် Echo သတင်းဌာနမှ လီဗာပူးဆိုင်ရာ သတင်းထောက်ဖြစ်သူ… Continue Reading →

ဝဲလ်ဆန်နဲ့ ဂရုဂျစ်အတွက် ဖြေရှင်းဖို့ နည်းလမ်းကို အတည်ပြုထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ ရာသီကြို အစီအစဉ်တွေ ပြန်လည် စတင်မှာဖြစ်ပြီး ဂရုဂျစ်နဲ့ ဝဲလ်ဆန်လို ကစားသမားတွေကလည်း အသင်းထံ ပြန်လာရမှာဖြစ်တယ်။ မေးခွန်းတစ်ခုဖြစ်လာတာက ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ဟာ စီနီယာအသင်းသားတွေကို ဝင်တိုးဖို့ အရည်အချင်း ပြည့်မှီမလားဖြစ်တယ်။ ဂရုဂျစ်က မနှစ်တုန်းက ဟာသာဘာလင်မှာ ၃၁ ပွဲကစားပြီး ကိုယ်တိုင် ၄ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ခဲ့သလို ဝဲလ်ဆန်ကလည်း ဘုန်းမောက်အတွက် ကိုယ်တိုင် ၇ ဂိုး သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းဟာ သူတို့… Continue Reading →

ဇင်းနစ်အတွက် ပထမဆုံးပွဲ ပါဝင်ကစားပြီး ဆုဖလားပါ အနိုင်ရသွားတဲ့ လိုဗရန်

မကြာသေးခင်ကပဲ လီဗာပူးကနေ အပြီးသတ် ထွက်ခွာသွားတဲ့ လိုဗရန်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းနဲ့ တိုက်ရိုက် သွားရောက် ပူးပေါင်းထားခဲ့တာဖြစ်တယ်။ လီဗာပူးအသင်းက ရာသီ အဆုံးသတ်ထားပြီ ဖြစ်ပေမယ့် ဇင်းနစ်ကတော့ ရာသီ မသိမ်းသေးဘဲ ဒီမနက်မှာတော့ Russian Super Cup ဗိုလ်လုပွဲအဖြစ် လိုကိုမိုးတစ် မော်စကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဇင်းနစ်က ၂-၁ ဖြင့် အနိုင်ရပြီး ဆုဖလား ချန်ပီယံဖြစ်ခဲ့တာပါ။ လိုဗရန်ဟာ မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပြီး ရုရှားကလပ်အတွက် ပထမဆုံးပွဲမှာတင် ပထမဆုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!