Date

August 13, 2020

ကြာသပတေးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး နောက်နှစ် မေလ ၂၃ ရက်နေ့မှာ အပြီးသတ်မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။ လီဗာပူးအသင်းက ဗာစကိုဒဂါးမား အသင်း လူငယ်ကြယ်ပွင့် တဲလ်လက် မက်နိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိပါဘူးလို့ လီဗာပူးသတင်းထောက် David Lynch က ထုတ်ပြောလိုက်ပါပြီ။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ မနှစ်က ရာသီမှာ စတင်ပေးအပ်ခဲ့တဲ့ ဆောင်းရာသီ အားလပ်ရက် ပါဝင်သွားတော့မှာ မဟုတ်ပါဘူး။ အဝေးကွင်း ဂျာစီနဲ့ ပက်သက်ပြီး… Continue Reading →

လီဗာပူးနဲ့ ဘရာဇီးတိုက်စစ်သမား တဲလက်စ် မက်နို အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရသတင်း

လီဗာပူးအသင်းက ဗာစကိုဒဂါးမား အသင်း လူငယ်ကြယ်ပွင့် တဲလ်လက် မက်နိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိပါဘူးလို့ လီဗာပူးသတင်းထောက် David Lynch က ထုတ်ပြောလိုက်ပါပြီ။ ဒီသတင်းတွေကို ဘရာဇီးဘက်ကနေ စတင်ကာ ဖော်ပြလာခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားက နေမာလက်သစ်အဖြစ် နာမည်ရလာသူပါ။ သူ့ကို ခေါ်ယူဖို့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့နဲ့အပြိုင် လီဗာပူးဘက်က ခေါ်ယူလိုနေတာဖြစ်ကြောင်း ဘရာဇီးနဲ့ ပေါ်တူဂီသတင်းတွေကို ကိုးကားပြီး ကောလဟာလအဆင့် သတင်းအဖြစ် ဖော်ပြသူတွေ ရှိလာခဲ့တာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးအသင်းက ရီယိုဖွား… Continue Reading →

လီဗာပူးရဲ့ အဝေးကွင်းဂျာစီ ဒီဇိုင်းနဲ့ အရောင် ရွေးချယ်ရခြင်း အကြောင်းရင်းကို Nike ရှင်းပြ

ပေါ်လွင် ထင်ရှားခြင်းက လီဗာပူးအသင်း အဝေးကွင်းပွဲတွေရဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးအသင်း အဝေးကွင်းဝတ်စုံ ထုတ်ပြန်မှုမှာ Nike ပေးထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ၎င်းတို့ ဝဘ်ဆိုဒ်ကနေ လီဗာပူးအဝေးကွင်းဂျာစီသစ်ကို မိတ်ဆက်ခဲ့တာပါ။ လီဗာပူးအသင်းဟာ အိမ်ကွင်းဆိုရင် အနီရောင်ကိုပဲ အမြဲ ဝတ်ဆင်ပါတယ်။ ဒါပေမယ့်လို့ အဝေးကွင်းနဲ့ ပက်သက်လို့တော့ သက်မှတ်ချက် မရှိပါဘူး။ လီဗာပူးရဲ့ ဂျာစီဒီဇိုင်းနဲ့ ပက်သက်ပြီး Nike ဘက်က တာဝန်ခံ Scott Munson က အခုလို… Continue Reading →

BREAKING: အက်ဖ်အေဖလားနဲ့ ပက်သက်ပြီး စည်းမျဉ်းပြောင်းလဲမှုကို အက်ဖ်အေ ကြေညာ

အက်ဖ်အေဖလား တာဝန်ရှိသူတွေက လာမယ့်ရာသီမှာ ကျင်းပမယ့် အက်ဖ်အေပွဲတွေမှာ ရလဒ်မပြတ်သားရင် ပြန်ကန်ခြင်းကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် အခုလို စည်းမျဉ်း ပြောင်းခဲ့ခြင်းဖြစ်ပြီး လာမယ့်ရာသီ အက်ဖ်အေပွဲတွေမှာ ပြန်ကန်ပွဲတွေ မြင်တွေ့ရမှာ မဟုတ်ဘူး။ ခြေစစ်ပွဲ အဆင့်မှာတည်းက ရလဒ်ကို တစ်ပွဲတည်းနဲ့ပဲ ဆုံးဖြတ်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်လောက်မှာ ယှဉ်ပြိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ တူညီတဲ့ နည်းလမ်းအတိုင်းပဲ ကာရာဘောင်း ပြိုင်ပွဲကိုလည်း မည်သည့် နှစ်ကျော့ ကစားမှုကိုမှ ထည့်သွင်းတော့မှာ မဟုတ်ဘဲ… Continue Reading →

လီဗာပူးနဲ့ ရှော်ကေးခံစစ်မှူး အိုဇန် ကာဘတ်တို့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ အခြေအနေ

ဂုဏ်သိက္ခာရှိ ဂျာမနီ ဘွန်ဒက်လီဂါ အကြီးတန်း သတင်းထောက် Christian Falk က လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် ရှော်ကေးအသင်းမှ အိုဇန် ကာဘတ်ကို ကမ်းလှမ်းမှုလုပ်ဖို့ အခြေအနေ လေ့လာနေတယ်လို့ ထုတ်ပြောလိုက်ပါတယယ်။ ရှော်ကေးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာရှိနေပြီး လီဗာပူးက ကာဘတ်ကို ခေါ်ယူရေးကိစ္စအား ဝင်ရောက်ဖို့ အခြေအနေ ကြည့်နေတယ်လို့ အပြောင်းအရွှေ့ podcast မှာ Falk က ထုတ်ပြောလိုက်တာပါ။ ရှော်ကေး သူတို့ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အိုဇန်… Continue Reading →

ဘင်နီတက်စ်ရဲ့ အသင်းပိုင်ရှင်ကို အရွဲ့တိုက် နည်းဗျူဟာမျိုး လုပ်မှာ မဟုတ်တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်ဟာ သူ့ရဲ့ အလိုဆန္ဒအတွက် အကယ်ဒမီ ကစားသမားတွေကို ချနင်းမှုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ The Athletic က ဖော်ပြသွားပါတယ်။ မန်နေဂျာကလော့ပ်ဟာ အကယ်ဒမီထွက် လူငယ်လေး ထရန့်ကို ညာအစွန်နေရာအတွက် တာဝန်ပေးခဲ့စဉ် မတိုင်ခင်တည်းက ထရန့်ဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပါဝင်ထားခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် လီဗာပူးအတွက် ထရန့် ပွဲကစားပေးမှု ၁၀၀ ပြည့်ချိန်မှာတောင် အခြားသော အကယ်ဒမီထွက်တွေဖြစ်တဲ့ အဒမ် လူးဝစ်နဲ့ ဂျိမ်းနော်ရစ်တို့ကို လူစာရင်းထဲ အတင်းထည့်တာမျိုးကို ကလော့ပ် မလုပ်ခဲ့ပါဘူး။… Continue Reading →

လက်ရှိ ချန်ပီယံကို အနိုင်ရတဲ့ အသင်းဆိုတဲ့ တက်ကြွတဲ့ စိတ်ဓါတ်တွေက ကုန်ခဲ့ပြီဆိုတဲ့ ဆီမြွန်နီ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတော့ အက်သလက်တီကိုက လီဗာပူးကို ရင်ဆိုင် ကျော်ဖြတ်ပြီး ကွာတားအဆင့်မှာ လိုက်ဇစ်နဲ့ တွေ့ဆုံပါတယ်။ ချန်ပီယံအသင်းကို အနိုင်ရခဲ့တာက တီကိုအတွက် စိတ်ဓါတ် တက်ကြွစရာ ဖြစ်ခဲ့ပေမယ့် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကပ်ဘေး အခြေအနေတွေကြောင့် တူညီတဲ့ အားတက်မှုတွေ ရှိမနေတော့ပါဘူးလို့ ဆီမြွန်နီက ပြောပါတယ်။ ဆီမြွန်နီက ” အဲ့သည် နိုင်ပွဲက သက်ရောက်တော့မှာလည်း မဟုတ်ပါဘူး။ လတောင် အတော်လေး ကြာခဲ့ပြီဖြစ်သလို ကွာရန်တင်း ဝင်ရတဲ့ အချိန်တွေမှာ စိတ်ဓါတ် တက်ကြွမှုတွေကလည်း… Continue Reading →

ယူ-၁၈ အသင်းမှာ ချွန်ထွက်နေတဲ့ လူသန်ကြီးနဲ့ လီဗာပူးအသင်းတို့ စာချုပ်သစ် လက်မှတ်ထိုး

လီဗာပူးအသင်းက လူငယ်အသင်းမှ ခံစစ်မှူး Billy Koumetio ကို ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြင်သစ်ကလပ် US Orleans ကနေ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ Koumetio ဟာ လိုင်ယွန်အသင်းမှာ ငယ်စဉ်ဘဝက ကစားခဲ့သူပါ။ မနှစ်က ဒဏ်ရာပြဿနာ အနည်းငယ်ရှိခဲ့ပေမယ့် ယူ-၁၈ အသင်းရဲ့ အထင်ကြီးစရာ အကောင်းဆုံးသော ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ လူကောင်ကြီးမားတဲ့ Koumetio ဟာ အသက် ၁၇ နှစ်ပဲ ရှိသေးပြီး အရပ်အမောင်းက ၆… Continue Reading →

လီဗာပူးလို အသင်းကြီးမှာ ကစားလိုပါကြောင်း ဝန်ခံသွားတဲ့ ဝတ်ဖိုဒ့်တိုက်စစ်သမား ဆာ

ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာက လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းကြီးနေမှုအတွက် မေးခွန်းထုတ်ခံရချိန်မှာ သူလည်း လီဗာပူးလို အသင်းမှာ ကစားလိုပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဝတ်ဖိုဒ့်က ဆာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ရလိုတယ်လို့ သတင်းလွှင့်ထားပြီး ဆီနီဂေါ တိုက်စစ်သမားကို အပြီးသတ် ရောင်းချမယ်လို့တော့ မဆုံးဖြတ်ရသေးပါဘူး။ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ဆိုရင်တော့ ဆာကို ကမ်းလှမ်းမယ့် ကလပ်တွေ နည်းပါးနိုင်ပါတယ်။ ဆာက ပြောရာမှာ “ လီဗာပူးက သိပ်ကောင်းတဲ့အသင်းပါ။ လူတိုင်းကတော့ အဲ့အသင်းမှာ ကစားလိုတာပေါ့။ သူတို့က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!