Month

September 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကိုရိုနာကူးစက်မှုက ကလပ်ကစားသမားတွေမှာ မြင့်တက်နေပေမယ့်လည်း အောက်တိုဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာသီတင်းပတ်မှာ ကလပ်တွေက ကစားသမား စေလွှတ်ရမယ်လို့ ဖီဖာက ညွှန်ကြားလိုက်ပါတယ်။ လီဗာပူးဟာ အသင်းသား ၂၀ ကို လက်လွတ်ရပါမယ်။ လီဗာပူးလူငယ်လေး ဗန်ဒန်ဘယ်ရာကို နယ်သာလန်နဲ့ ဘွန်းဒက်လီဂါ ၂ မှ ကလပ်တွေက တစ်ရာသီ အငှားခေါ်ယူခွင့်ရဖို့ ကမ်းလှမ်းမှုတွေ… Continue Reading →

အာဆင်နယ်နဲ့ ကာရာဘောင်းပွဲမှာ ဘယ်လို လူစာရင်း ထုတ်သုံးမလဲအား လင်ဒါး ဖွင့်ဟ

ကာရာဘောင်းပွဲမှာ လီဗာပူးထုတ်သုံးမှာကာ ပရီးမီးယားလိဂ်ပွဲမှာ မကစားထားရတဲ့ လန်းဆန်းနေတဲ့ ကစားသမားတွေ ဖြစ်လာမယ်ဆိုတာကို လက်ထောက်နည်းပြ လင်ဒါးက သတင်းပေးပါတယ်။ လင်ဒါးက “ နှစ်ရက်အကြာမှာပဲ အာဆင်နယ်နဲ့ ပြန်လည် ရင်ဆိုင်တွေ့မယ့် အခြေအနေမှာ ကျနေ်ာတို့ရဲ့ ကစားဟန်အတွက် လန်းဆန်းနေမှုက အဓိက ကျပါတယ် ” လို့ လီဗာပူးဝဘ်ဆိုဒ်ကနေ ပြောပါတယ်။ နယ်သာလန်သား နည်းပြက “ ကစားသမားတွေကို တိုက်စစ်နဲ့ ခံစစ် အနေအထားတွေမှာ လွတ်လပ်စွာ ကစားစေဖို့နဲ့ အထူးသဖြင့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ သက်သောင့်သက်သာ ဖြစ်စေဖို့က… Continue Reading →

LFC fitness update: ကိုစတက် ပါနိုင်မှာ မဟုတ်တဲ့ အသင်းရဲ့ ကြံ့ခိုင်မှု အခြေအနေ

မနက်ဖြန် အန်ဖီးကွင်းမှာပဲ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်း ပွဲမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ မာတစ်နဲ့ ကိုစတက်တို့ ပါဝင်သွားကြမှာ မဟုတ်ပါဘူး။ ချယ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပြီးနောက် လီဗာပူးရဲ့ နောက်ဆုံး နှစ်ပွဲကို လွဲချော်ထားတဲ့ ဟန်ဒါဆန်ဟာ ကာရာဘောင်းပွဲအတွက် အဆင်သင့် မဖြစ်ပေမယ့်လည်း ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲအတွက် အသင်းလူစာရင်းမှာတော့ ပြန်လည် ပါဝင်လာမှာဖြစ်တယ်။ သီယာဂိုကလည်း ကိုဗစ်ကြောင့် နောက်ထပ် ၁၀ ရက် သီးသန့်နေရဦးမှာ ဖြစ်ပါတယ်။ မာတစ်ဟာ ကြွက်သား ဒဏ်ရာကနေ တိုးတက်လာဖို့ ဆက်လက်… Continue Reading →

ဒီရာသီ ချန်ပီယံလိဂ်အတွက် အုပ်စုအဆင့် မဲခွဲမှုနဲ့ ပက်သက်တဲ့ အချက်အလက်များ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက မဲခွဲမှုကို ဂရိမှာ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှု အနေအထားအရ ဆွစ်ဇလန်ကို ပြောင်းလဲ ကျင်းပမှာဖြစ်တယ်။ ပြိုင်ပွဲကျင်းပနိုင်မယ့် အချိန် ပိုတိုသွားပေမယ့်လည်း ချန်ပီယံလိဂ်ကို ပုံမှန်ပွဲစဉ်တွေအတိုင်း ကျင်းပနိုင်ဖို့ ယူအီးအက်ဖ်အေက ရည်ရွယ်ထားပါတယ်။ ဘောလုံးရာသီတိုင်းမှာ ချန်ပီယံလိဂ်ဟာ သြဂုတ်လ အလယ်မှာ စတင်ရပေမယ့် ဒီတစ်ကြိမ်မှာတော့ နောက်ကျနေခဲ့တယ်။… Continue Reading →

ဆောင်းပါးရှည် | လီဗာပူးက အပြောင်းအရွှေ့ ဈေးကွက်မှာ ဘယ်လို ဝင်ရောက် လှုပ်ရှားသလဲ

လီဗာပူးအသင်းဟာ ပိုင်ရှင်အပြောင်းအလဲအဖြစ် FSG လက်ထက်မှာ အသိသာဆုံး အသွင်ပြောင်းမှုက ကလပ်ရဲ့ တည်ဆောက်ပုံကို မော်ဒန်ပုံစံ ပြောင်းလဲခြင်းဖြစ်ပြီး စိစစ်မှုနဲ့ ကင်းထောက်စနစ် တစ်ခုလုံးကို ချဲ့ထွင်ခြင်းပဲ ဖြစ်ပါတယ်။ FSG ဟာ သူတို့ လီဗာပူးအသင်းကို လွဲပြောင်းယူခါစမှာတော့ စနစ်တွေ အားလုံးကို မပြောင်းလဲသေးပါဘူး။ လီဗာပူးက ရှေးရိုးအသင်း အနေအထားအဖြစ် အသင်း အုပ်ချုပ်မှုကစလို့ ကင်းထောက်စနစ်တွေက ရှေးရိုးစွဲ ပုံစံတွေပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ကင်နီ လက်ထက်မှာ ကာရိုးကို ခေါ်ယူမှုက Flop ဖြစ်ခဲ့ပြီး ယူကျူ့ကြည့်ပြီး… Continue Reading →

အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ အပြတ်ဖြတ်ပေးရမယ့် မိုင်ကယ်အတ်ဝပ်

လီဗာပူးပရိသတ်တွေကြားမှာ ဟာသတစ်ခုရှိပါတယ်။ အကယ်၍ နေအိမ်တစ်အိမ်မှာ လီဗာပူးအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်ကို ရီးရဲလ်မက်ဒရစ် မန်နေဂျာ ဇီဒန်း၊ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာနဲ့ အတူတူထားမယ်ဆိုရင် အတ်ဝပ်က ဇီဒန်းနဲ့ ဂွာဒီယိုလာကို ခေါင်းဘီး တစ်ချောင်းဆီ ရောင်းပါလိမ့်မယ်လို့ ဖြစ်တယ်။ အဲ့သည်လို့ မိုင်ကယ်အတ်ဝပ်တောင်မှ ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်နေရပါတယ်။ လီဗာပူးရဲ့ ဘရူးစတားနဲ့ ဝဲလ်ဆန်တို့ကို ရောင်းချရေးကိစ္စက မအောင်မြင်သေးပါဘူး။ ဘရူးစတားအတွက် ပေါင် ၁၇ သန်းပဲပေးတဲ့ ရှက်ဖီး ဘရူးစတားအတွက် လီဗာပူးက မတူညီတဲ့ ကလပ်တွေနဲ့ ညိနှိုင်းနေတာ အချိန်တစ်ခု… Continue Reading →

Home grown က ဘယ်လိုမျိုးလဲ ရော်ဘတ်ဆန်က ဘာလို့ မပါရသလဲ

ပရီးမီးယားလိဂ်မှာ ကလပ်တွေက မှတ်ပုံတင်တဲ့အခါ ‘A List’ လို့ခေါ်တဲ့ ကစားသမား ၂၅ ဦးကို နာမည်စာရင်းတင်ရပြီး ‘B List’ လို့ခေါ်တဲ့ ယူ-၂၁ ကစားသမားတွေကိုတော့ နာမည်စာရင်း တင်စရာ မလိုပါဘူး။ ‘A List’ မှာတော့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေအရ Homegrown ကစားသမား ၈ ဦးပါရပြီး အခြား ကစားသမား ၁၇ ဦးပါခွင့်ရှိမှာဖြစ်တယ်။ Homegrown ကစားသမားတွေကို ထည့်ရတာက ပြည်တွင်းကစားသမားတွေ နည်းပါးလာပြီး ပြည်ပကစားသမားတွေ များပြားလာခြင်းကြောင့် အထူးကြပ်မတ်တဲ့ စည်းမျဉ်းဖြစ်တယ်။… Continue Reading →

နေအိမ်မှာ သီးသန့် ခွဲထုတ်ခံထားရတဲ့ သီယာဂိုရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေ

လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း ကလပ်ဘက်က တရားဝင် သတင်း ထုတ်ပြန်ပေးခဲ့ပြီး သူဟာ တစ်ဦးတည်း သီးသန့် အနေအထားအဖြင့် ၁၀ ရက် နေရမှာဖြစ်ပါတယ်။ တနင်္လာနေ့က အာဆင်နယ်နဲ့ပွဲကို သီယာဂို မပါနိုင်တာက ဒဏ်ရာကြောင့်ဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ် နောက်ပိုင်းမှ ပြန်သုံးနိုင်မယ်လို့ ကလော့ပ်က ဆိုထားခဲ့တယ်။ ဒါပေမယ့်လို့ စစ်ဆေးမှု နှစ်ခုအပြီးမှာ ပိုးတွေကြောင့် သေချာခဲ့တာကို မနက်ကပဲ ကလပ်က တရားဝင် သတင်းထုတ်ပြန်ပေးပါတယ်။ အရင်အပတ် အကုန်က စစ်ဆေးမှုကို လုပ်ချိန်မှာ သီယာဂိုက… Continue Reading →

အင်္ဂါနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

အင်္ဂလန်မီဒီယာတွေမှာတော့ လီဗာပူးဟာ မန်စီးတီးထက်တောင်မှ သာလွန်သွားပြီဖြစ်တဲ့ အသင်းအဖြစ် ညွှန်းဆိုမှုတွေ လုပ်နေပြီး ချန်ပီယံဘွဲ့ကို အပြိုင်လုဖို့ ဂွာဒီယိုလာက သူ့ဘဝရဲ့ အခက်ခဲဆုံး ရာသီကို ကျော်ဖြတ်ရပါမယ်လို့ ဆိုနေကြပါတယ်။ လီဗာပူးအသင်းက လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ရင်ဆိုင်ပြီး အနိုင်ယူခဲ့တာကြောင့် ကလော့ပ်လက်ထက် ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုမှာ ရလဒ် အမြင့်ဆုံး ယူနိုင်တဲ့ မှတ်တမ်းကို ရလာခဲ့ပါပြီ။ လီဗာပူးအသင်းမှာ non home grown ကစားသမားက ၁၈ ဦးတောင် ရှိနေပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!