Date

September 2, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ လီဗာပူးအသင်းက ဘလက်ပူးလ်နဲ့ အန်ဖီးကွင်းမှာ ချစ်ကြည်ရေးပွဲ ကစားမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူး စီးရီးအို အပြောင်းအလဲ တရားဝင် ဖြစ်လာခဲ့ပြီး ပီတာမိုးနေရာမှာ ဘီလီမော်ဂန် အစားဝင်ပြီဖြစ်ပါတယ်။ ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းကို ကိုစတက် ရောက်လာပေမယ့် ပွဲထွက်နေရာအတွက် လက်လွတ် ခံမှာမဟုတ်ဘဲ ဆက်ပြီး ကြိုးစားဦးမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးအသင်းရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက စပိန်ကလပ်က ဝိုက်နယ်ဒမ်အတွက်… Continue Reading →

ဘယ်အစွန်နေရာ ပွဲထွက်ခွင့်ကို လက်လွတ်မခံဘူးဆိုတဲ့ ရော်ဘတ်ဆန်

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းကို ကိုစတက် ရောက်လာပေမယ့် ပွဲထွက်နေရာအတွက် လက်လွတ် ခံမှာမဟုတ်ဘဲ ဆက်ပြီး ကြိုးစားဦးမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။ ရော်ဘတ်ဆန်က “ ကိုစတက်က အသားကျလာနေပါတယ်။ ကစားသမားတစ်ယောက် အနေနဲ့ကော ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပါ သူက ယုံကြည်မှုတွေလည်း တိုးတက်လာနေတယ်။ ဒီအတွက် အားလုံးသော အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေကိုလည်း အသိအမှတ် ပြုရမှာပါ။ လေ့ကျင့်ရေးမှာ ကိုစတက်ကို မြင်ထားရပြီး သူက ကစားသမားကောင်းပါတယ်။ အိုလံပီယာကိုစ့်မှာ သူကစားခဲ့တာကို ကျနော် အများကြီး မြင်ဖူးတယ်လို့ မပြောနိုင်ပပါဘူး။ ဒါပေမယ့်… Continue Reading →

လီဗာပူးကို ပြိုင်ဆိုင်မယ်ဆိုတဲ့ ရာသီကြို စိန်ခေါ်စကားကို ဝါနာ ပြောဆို

ချယ်ဆီးတိုက်စစ်မှူးသစ် တီမိုဝါနာက ရာသီသစ်အတွက် သူ့ရဲ့ ရည်မှန်းချက်က ချယ်ဆီးနဲ့အတူ အကောင်းဆုံး ကြိုးစားပြီး လီဗာပူး၊ မန်စီးတီးတို့ကို ယှဉ်ပြိုင်ဖို့ဖြစ်ကြောင်း စိန်ခေါ်လိုက်ပါတယ်။ ချယ်ဆီးဟာ ခေါ်ယူအားဖြည့်မှုပေါင်း များစွာကြောင့် လာမယ့်ရာသီ လီဗာပူးနဲ့ မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ထင်ကြေးပေးခံရမှုတွေ ရှိနေတယ်။ ဂျာမနီသားကလည်း ဒီထင်မြင်ချက်တွေအတိုင်း ကွင်းထဲမှာ လုပ်ဆောင်ပြလိုတယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။ တီမိုဝါနာက ” မန်နေဂျာလမ်းပတ်နဲ့ အလုပ်တွဲလုပ်နေမှုက အရမ်းကောင်းပါတယ်။ သူက ကျနော်တင် မဟုတ်ဘဲ တစ်သင်းလုံးကို မနှစ်ကထက် တိုးတက်လာဖို့နဲ့ ကွင်းထဲမှာ… Continue Reading →

နေးဖီးလစ်ကို ချန်ပီယံရှစ်ကလပ်ထံ အငှားချမယ့် လီဗာပူး

လီဗာပူးအသင်းဟာ အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး နေးဖီလစ်ကို ချန်ပီယံရှစ်ထံ အငှားချသွားမှာဖြစ်ပြီး ဘရစ္စတိုစီးတီးထံ ရောက်ဖို့ နီးစပ်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။ စတုဂတ်ကနေ ပြန်ရောက်လာတဲ့ ခံစစ်မှူးကို ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေထဲမှာ အငှား ကမ်းလှမ်းမှုကော၊ အပြီးသတ် ကမ်းလှမ်းမှုကော ပါဝင်နေတာပါ။ သြစတြီးယား ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်ခဲ့ကာ ချစ်ကြည်ရေးပွဲ နှစ်ပွဲကိုလည်း ပါဝင်ကစားခဲ့တဲ့ နေးဖီးလစ်ဟာ ကွန်မြူနတီဒိုင်းပွဲမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ လီဗာပူးအသင်းမှာ ၁၇ နှစ်သား ခံစစ်မှူး… Continue Reading →

ဘာစီလိုနာနဲ့ ဝိုက်နယ်ဒမ် အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရ အခြေအနေ

ဒီရက်ထဲမှာ ဘာစီလိုနာက လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီး ယူရို ၁၅ သန်းဖြင့် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးအသင်းရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက အဆိုပါ ကိစ္စအတွက် The Athletic မှ သတင်းထောက် James Pearce ကို သတင်းပေးခဲ့ရာမှာတော့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကိစ္စတွေက မမှန်ဘူးလို့ ဆိုပါတယ်။ အန်ဖီးဘက်က သတင်းပေးမှုနဲ့အတူ စပိန်ကလပ်က ဝိုက်နယ်ဒမ်အတွက် ကမ်းလှမ်းမှု ပို့ထားကာ နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရထားပြီဆိုတဲ့… Continue Reading →

လီဗာပူးအသင်း နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ခက်ခဲတဲ့ အကြောင်းရင်းကို ဆွေးနွေးမှု

ဒီအပတ် စကိုင်းစပေါ့ရဲ့ ဆွေးနွေးမှု အစီအစဉ်မှာတော့ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေအပြင် လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ ပက်သက်တဲ့ ဆွေးနွေးမှုလည်း ပါဝင်ခဲ့ပါတယ်။ ကာရေဂါက လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းကို လန်းဆန်းမှုတွေ ပေးမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုတယ်လို့ ထောက်ပြခဲ့တယ်။ ရော်ဘတ်ဆန်နေရာ အရန်အဖြစ် ကိုစတက်ကို ရလိုက်တာက သတင်းကောင်းဖြစ်သော်လည်း ကွင်းလယ်အတွက် အယ်ကန်တာရာ နောက် ခံစစ်မှူး၊ တိုက်စစ်တစ်ဦး ဒါတွေက လီဗာပူး လိုအပ်နေသေးတဲ့ နေရာတွေဖြစ်တယ်။ ကလပ်ဘက်က… Continue Reading →

၁၈ ရက်အတွင်း ပြိုင်ပွဲ ၂ ရပ်၊ နိုင်ငံတကာသီတင်းပတ်နဲ့ လီဗာပူးရဲ့ စက်တင်ဘာလ ပွဲစဉ်များ

ပရီးမီးယားလိဂ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပြီး ရက်ပေါင်း ၁၈ ရက်အတွင်း လီဗာပူး ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ September 3-8 – နိုင်ငံတကာ သီတင်းပတ် ဗန်ဒိုက် အပါအဝင် ဥရောပလက်ရွေးစင်အသင်းတွေရဲ့ ရွေးချယ်ခံ အသင်းသားတွေက နိုင်ငံတကာသီတင်းပတ်ကို ပါဝင်သွားကြပါမယ်။ စီနီယာအသင်းသား ၁၂ ဦး ရွေးချယ်ခံထားရတာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းအတွက် ဘရူးစတား ရွေးချယ်ခံရခြင်း အပါအဝင်ဖြစ်တယ်။ သူတို့အားလုံးက ရာသီအဖွင့်ပွဲ မတိုင်ခင် သုံးရက် အလိုမှာ မဲဝုဒ်ကို… Continue Reading →

လီဗာပူးအတွက် ချက်ခြင်းလုပ်ဆောင်သွားမယ့် ဦးစားပေးကိစ္စ နှစ်ခုကို စီအီးအိုသစ် ထုတ်ပြော

စက်တင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူး စီးရီးအို အပြောင်းအလဲ တရားဝင် ဖြစ်လာခဲ့ပြီး ပီတာမိုးနေရာမှာ ဘီလီမော်ဂန် အစားဝင်ပြီဖြစ်ပါတယ်။ စီးအီးအိုသစ် ဖြစ်လာတဲ့ ဘီလီမော်ဂန်က ကလပ်ရဲ့ အကြီးအကဲ ရာထူးကို တာဝန်ယူအပြီးမှာပဲ သူအဓိက လုပ်ဆောင်မယ့် ကိစ္စနှစ်ခုကို ထုတ်ပြောလာခဲ့တယ်။ ပထမဆုံး ဦးစားပေးက အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရအောင် လုပ်ပေးဖို့ဆိုတဲ့ ကိစ္စဖြစ်ကာ ဒုတိယကတော့ မန်နေဂျာနဲ့ အားကစားဒါရိုက်တာတို့ကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ဘီလီမော်ဂန်က ” ချက်ခြင်းလုပ်ရမယ့် အဓိက ဦးစားပေးကတော့ အန်ဖီးကွင်းထဲကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!