Date

September 4, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ကြာသပတေးနေ့က ဂရိနဲ့ စလိုဗေးနီးယားတို့ ဝ-၀ သရေကျတဲ့ပွဲမှာ လီဗာပူး ဘယ်အစွန်လူ ကိုစတက် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ သူ့ကို ပွဲနေ့လူစာရင်းမှာပါ မထည့်ခဲ့ပါဘူး။ ဂရိဘက်ကတော့ သတင်းထုတ်ပြန်မှု လုပ်ပေးလာခဲ့ပြီး ကိုစတက် ဖျားနားနေတာကြောင့် ဟိုတယ်မှာပဲ ချန်ထားခဲ့ကာ သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရတယ်။ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ သရေကျတဲ့ ပါအြပြီးမှာ သီယေဂိုက ” ယူကရိန်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲကိုပဲ စဉ်းစားထားပါတယ်။ အဲ့တာပြီးရင်တော့ ကြည့်ကြတာပေါ့။ ဘိုင်ယန်က ကျနော်ရဲ့ အိမ်ဖြစ်ပါတယ်။ အဲ့မှာရှိနေရတာကို ပျော်ရွှင်ပါတယ်။… Continue Reading →

ဘရူးစတားကို ချန်ပီယံရှစ်ထံ အငှားခေါ်ခွင့် ရဖွယ် မရှိတော့ဘူးလို့ ဆွမ်းဆီးမန်နေဂျာ ပြော

ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးတိုက်စစ်သမား ဘရူးစတားကို အငှားခေါ်ယူခွင်ရဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ ကူပါဟာ အင်္ဂလန်လူငယ်အသင်းမှာတည်းက ဘရူးစတားနဲ့ ရင်းနှီးခဲ့သူဖြစ်ကာ သူဦးဆောင်နေတဲ့ ဆွမ်းဆီအသင်းကတောင် အငှားခေါ်ယူခွင့်မရခြင်းက လီဗာပူးက တိုက်စစ်သမားအတွက် မျှော်လင့်မှုက ချန်ပီယံရှစ်အဆင့်လောက်တင် မဟုတ်တော့ဘူးလို့ ယူဆရတယ်။ အငှားကမ်းလှမ်းမှုတွေကို လက်ခံရင်တောင်မှ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကိုပဲ လက်ခံဖွယ်ရှိပြီး အခြားတစ်နည်းဖြင့် အပြီးသတ် ကမ်းလှမ်းမှုမျိုးကို လက်ခံမယ်လို့ ယူဆရပါတယ်။ လီဗာပူးက ဘရူးစတားအတွက် ပရီးမီးယားလိဂ်ကလပ် ၆ သင်းလောက်ကနေ ကမ်းလှမ်းမှုတွေ လက်ခံရထားပြီး ဖြစ်ပါတယ်။ ကူပါက ”… Continue Reading →

ကိုစတက် ဂရိလက်ရွေးစင်အသင်းနဲ့ သွားပူးပေါင်းစဉ် ဖျားနာမှုကြောင့် သီးသန့်ခွဲ စောင့်ကြည့်နေ

ကြာသပတေးနေ့က ဂရိနဲ့ စလိုဗေးနီးယားတို့ ဝ-၀ သရေကျတဲ့ပွဲမှာ လီဗာပူး ဘယ်အစွန်လူ ကိုစတက် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ သူ့ကို ပွဲနေ့လူစာရင်းမှာပါ မထည့်ခဲ့ပါဘူး။ ဂရိဘက်ကတော့ သတင်းထုတ်ပြန်မှု လုပ်ပေးလာခဲ့ပြီး ကိုစတက်နဲ့ ဗဟိုခံစစ်မှူး Vasilis တို့ ဖျားနားနေတာကြောင့် ဟိုတယ်မှာပဲ ချန်ထားခဲ့တယ်လို့ သိရတယ်။ သူတို့ နှစ်ဦးကို အင်္ဂါနေ့တုန်းက ကိုဗစ် စစ်ဆေးတုန်းက ပိုမတွေးဘူးလို့ ရလဒ်ထွက်ထားခဲ့ပြီး အခုချိန်မှာတော့ ကိုစတက်တို့ နှစ်ဦးကို သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရတယ်။ ဒီသတင်းဟာ လီဗာပူးအတွက်တော့ စိုးထိတ်စရာသတင်း… Continue Reading →

လီဗာပူးလည်း အဖျားခတ်ခံရမယ့် ပရီးမီးယားလိဂ်သမိုင်း အကြီးမားဆုံး စာချုပ်ဖျက်သိမ်းမှု

ပရီးမီးယားလိဂ်ဟာ တရုတ်ကုမ္ပဏီ Suning Holdings ရယူထားတဲ့ တရုတ်ပြည်တွင်းမှာ ပေါင် ၅၆၄ သန်းဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြသခွင့်စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီဘက်က ပရီးမီးယားလိဂ်ကို ပေးရမယ့် ရုပ်သံကြေး ပေါင် သန်း ၁၆၀ ကို မပေးရာက အခုလို ဖျက်သိမ်းဖို့ထိ ဖြစ်လာခဲ့ခြင်းဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တန်ကြေးအကြီးဆုံး စာချုပ်ဖျက်သိမ်းမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စဟာ ဗြိတိန်နဲ့ တရုတ်တို့ကြား နိုင်ငံရေးရာ ကိစ္စတွေနဲ့လည်း ဆက်နွယ်မှု ရှိပါတယ်။ တရုတ်ကုမ္ပဏီဟာ ၂၀၁၉-၂၀၂၂… Continue Reading →

အနာဂတ်အတွက် ရည်ရွယ်ပြီး ကစားသမား ၁၀ ဦးထိ ရောင်းထုတ်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ အသင်းသား ၁၀ ဦးလောက်ထိကို ရှင်းထုတ်ပြီး လာမယ့်ရာသီတွေအတွက် ရည်ရွယ်တဲ့ လူစာရင်း တည်ဆောက်မှု အခြေခံ လုပ်ငန်းကို စတင်သွားလိုနေပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ နက်ဖီးလစ်၊ အိုဂျို၊ ကားရီးယက်စ် အပါအဝင် ပွဲကစားခွင့်တွေ နည်းပါးမယ့် ကစားသမားတွေဟာ အရောင်းစာရင်းတွေထဲ ပါဝင်နေတာပါ။ လီဗာပူးအသင်းရဲ့ အဓိက စီနီယာတွေက အသက် ၃၀ အရွယ်တွေကို ရောက်လာတော့မှာဖြစ်ကာ နောက်ထပ်သော ကစားသမားတွေကို အင်အားဖြည့်ဖို့ ဒီရာသီတည်းက ကြိုတင်ပြင်ဆင်မှုတွေ စတင်လာမှာဖြစ်ပါတယ်။ လီဗာပူးရဲ့ အသက် ၂၃… Continue Reading →

အန်ဖီးကွင်းထဲ ပရိသတ် ၁၂၅၀၀ ဝင်ခွင့်ရမယ့် ပထမဆုံးပွဲက ရှက်ဖီးနဲ့ပွဲ ဖြစ်လာမည်

လီဗာပူးရဲ့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရမယ့် ပထမဆုံးပွဲက လာမယ့်လ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲပဲ ဖြစ်ပါလိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အဆိုပါပွဲမှာတော့ ပရိသတ် ၁၂၅၀၀ ဝင်ခွင့်ရမယ်လို့ သိရပြီး ဒါဟာ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးကွင်းထဲ ပရိသတ် ပြန်လည် ဝင်ရောက်ခြင်း ဖြစ်ပါမယ်။ ပွဲကြည့်စင် လေးခုလုံးကို အသုံးပြုမှာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေ ဝင်ခွင့်ရဖွယ်တော့ မရှိပါဘူး။ အန်ဖီးကွင်းဟာ ပရိသတ် ၅၄၀၀၀ ဝင်ဆံ့ပေမယ့်လည်း… Continue Reading →

ဘိုင်ယန်ကနေ ဘယ်အသင်းကို ပြောင်းဖြစ်မလဲ အမေးကို သီယေဂို အဖြေပြန်

ကြာသပတေးနေ့ စပိန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားပြီး ၁-၁ သရေကျတဲ့ပွဲမှာတော့ ဘိုင်ယန်ကွင်းလယ်လူ သီယေဂိုလည်း ပါဝင်ကစားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပိန်သား ကွင်းလယ်လူက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ မေးမြန်းကြမှုတွေကို ဖြေဆိုပေးဖို့ ငြင်းဆန်တယ်။ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေချိန်မှာ နိုင်ငံတကာပွဲတွေ အပေါ်မှာပဲ အာရုံစိုက်ထားလိုတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် မြူနစ်မှာ သူ့ရဲ့ အနာဂတ် ရှိနေသေးတဲ့ သဘောကိုလည်း သီယေဂိုက ပြန်ဖြေခဲ့တယ်။ သီယေဂိုက ” ယူကရိန်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲကိုပဲ စဉ်းစားထားပါတယ်။ အဲ့တာပြီးရင်တော့… Continue Reading →

မက်ဆီကို ပရီးမီးယားလိဂ် အနားတောင် ရောက်မလာစေချင်ဘူးလို့ ဝန်ခံတဲ့ ရော်ဘတ်ဆန်

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ပရီးမီးယားလိဂ်ကို ပြောင်းလာနိုင်တာကို မဖြစ်ဖို့ မျှော်လင့်ကြောင်း ဝန်ခံလိုက်ပါတယ်။ မက်ဆီက ဘာစီလိုနာကနေ ထွက်မယ်ဆိုရင် မန်စီးတီးကို ရောက်ဖို့ များနေတာဖြစ်ကာ ဒါက လီဗာပူးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။ ရော်ဘတ်ဆန်ကတော့ ကိုယ်ရဲ့ အနီးကပ် ပြိုင်ဘက်အသင်းထံ မက်ဆီ ရောက်သွားနိုင်တဲ့ ကိစ္စကို လက်ခုပ်တီးပြီး ကြိုဆိုဖို့ ခက်ခဲပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ရော်ဘတ်ဆန်က ” တစ်ကိုယ်ကောင်းဆန်ဆန် ပြောရမယ်ဆိုရင်ဗျာ မက်ဆီ မန်စီးတီးကို မပြောင်းဖို့… Continue Reading →

လာမယ့်ရာသီ ပရီးမီးယားလိဂ်အတွင်း လူစားလဲမှု ၅ ဦးလုပ်ခွင့် မဲပေးမှု ရံှူးနိမ့်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လူစားလဲမှု ၅ ခုထိ လုပ်ပိုင်ခွင့်နဲ့ ပက်သက်လို့ မဲခွဲဆုံးဖြတ်မှုကို မနေ့က ပြုလုပ်ခဲ့ပြီး အဆိုတင်မှု အရေးနိမ့်ခဲ့ပါတယ်။ သြဂုတ်လတုန်းက ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာ ကလပ်တွေရဲ့ လိုအပ်ချက်အရ လူစားလဲမှု ၅ ခုထိ ခွင့်ပြုဖို့ ကလပ်တွေက မဲပေးခဲ့ကြတယ်။ ဒါပေမယ့်လို့ ဘောလုံးရာသီ အပြီးသတ်သွားတာနဲ့အတူ အဆိုပါ ယာယီ စည်းကမ်းကလည်း သက်တမ်း ကုန်ဆုံးခဲ့ပါပြီ။ ရာသီသစ်မှာလည်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ရည်ရွယ်ပြီး အဆိုပါ စည်းမျဉ်းကို ပြန်လည် ထည့်သွင်းဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!