Date

September 7, 2020

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မှာ နှစ်သင်းပဲရှိတယ်လို့ ထုတ်ပြောလိုက်တဲ့ ကာရေဂါ

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက မနှစ်တုန်းကလို လီဗာပူးအသင်းက အမှတ်ပေးဖလားကို ပြတ်ပြတ်သားသား အသာစီးယူခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာမျိုးကို ထပ်မဖြစ်ဖို့ မျှော်လင့်နေပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအသင်းလို ဆိုထိုက်တဲ့ ပုံစံတွေနဲ့ လိဂ်ကို လွှမ်းမိုးခဲ့တာပါ။ ကိုဗစ်မတိုင်ခင်မှာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းကမှ လီဗာပူးရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ရလဒ်အားဖြင့် ပြိုင်ဘက် ပရိသတ်တွေက လီဗာပူးကောင်းခြင်းထက် သူတို့ အသင်းတွေ ညံ့ဖျင်းခြင်းကြောင့် ချန်ပီယံဖြစ်ခဲ့တယ်လို့ ရှောင်လွဲ ပြောဆိုခဲ့ကြတယ်။ ဒီလိုအဖြစ်မျိုး ထပ်ဖြစ်မလာဘဲ ပြိုင်ဘက်တွေ ဆင်ခြေပေးကြတာကို မြင်နေရတာထက် နောက်ဆုံးအချိန်ထိ… Continue Reading →

လီဗာပူးအတွက် ဂိုးသွင်းပေးရဖို့ဆိုတဲ့ အိပ်မက်တွေနဲ့ နေလာခဲ့ရတာပါဗျာ။ – အီလီယော့

လီဗာပူးကစားသမားဘဝ ပထမဆုံးသွင်းဂိုး ရခဲ့ပြီဖြစ်တဲ့ အီလီယော့က သူ့ရဲ့ တိုးတက်မှု အနေအထားအတွက် အရမ်းကို ပျော်ရွှင်နေပါတယ်။ အီလီယော့ကတော့ လီဗာပူးအတွက် ကိုယ်စားပြုပြီး ကစားပေးဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ကြောင်းနဲ့ အနာဂတ်မှာ ပွဲကစားခွင့်တွေ ပိုရလာဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုတယ်။ အီလီယော့က “ ကျနော် အားပေးရတဲ့ အသင်းအတွက် ဂိုးသွင်းလိုက်နိုင်တာက အရမ်းကောင်းတယ်လို့ ရိုးရိုးသားသား ပြောမယ်ဗျာ။ ကလေးလေးဘဝတည်းက ဒါက ကျနော်ရဲ့ အိပ်မက် ဖြစ်ခဲ့တာပါ။ ကျနော် ပြောသလိုပါပဲ။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရတယ်ဗျာ။ ဒါပေမယ့်… Continue Reading →

RUMOUR: ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဂရစ်စမန်းတို့ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

စက်တင်ဘာလ ပထမအပတ်အထိတော့ လီဗာပူးရဲ့ ဈေးကွက် လှုပ်ရှားမှုတွေ ငြိမ်သက်နေဆဲပါ။ သို့သော်လည်း ပထမအပတ် နောက်ဆုံးရက်တွေမှာ လက်ရွေးစင်ပွဲတွေ ရှိလာတာနဲ့အတူ အပြောင်းအရွှေ့ ကိစ္စ အနည်းငယ် ထွက်ပေါ်လာပါတယ်။ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာတဲ့ ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဂရစ်စမန်းတို့ရဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စတွေကို ဖော်ပြပါမယ်။ အောက်ဖော်ပြပါ သတင်းတွေက ကောလဟာလအဆင့်မှာပဲ ရှိပြီး တရားဝင် ချိတ်ဆက်မှုတွေ မဟုတ်တာကိုတော့ သတိပြုဖို့ လိုပါမယ်။ Gini Wijnaldum ကွင်းလယ်လူနဲ့ ပက်သက်တဲ့ နောက်ဆုံး သတင်းတွေမှာတော့ အထွက်ကိစ္စက… Continue Reading →

ရာသီသစ် ချန်ပီယံလိဂ်ဗိုလ်ဆွဲဖို့မှာ ရီးရဲလ်၊ ဘာကာထက် ရေပန်းစားမှုမြင့်တဲ့ လီဗာပူး

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်နိုင်ခဲ့တဲ့ လီဗာပူးဟာ ရာသီသစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် ရေပန်းစားမှု မြင့်မားသလို ချန်ပီယံလိဂ်မှာလည်း ထိပ်တန်း တစ်နေရာက ဦးစားပေးခြင်း ခံထားရတယ်။ လီဗာပူးဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တဲ့ အသင်းဖြစ်ကာ ရာသီသစ်အတွက် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ စာရင်းမှာလည်း ကစားသမားသစ် တစ်ဦးတည်း ခေါ်ယူထားပေမယ့် ရေပန်းစားအသင်းအဖြစ် ထိပ်ဆုံး တစ်နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို ရေပန်းအစားဆုံး အသင်းအဖြစ်… Continue Reading →

တနင်္လာနေ့ မနက်ပိုင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ဘာစီလိုနာဟာ လူးဝစ်ဆွာရက်စ်ကို ဂျူဗင်တပ်ထံ ရောင်းထုတ်ဖို့ကိစ္စ အောင်မြင်တော့မှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဆွာရက်စ်ကို ရောင်းထုတ်ပြီးရင် ပထမဆုံး ခေါ်ယူမှုအဖြစ် ဝိုက်နယ်ဒမ်ကို ဦးတည်ထားပါတယ်။ ဘာစီလိုနာဟာ မန်နေဂျာကိုးမန်းကို တာဝန်ပေးမှု မတိုင်ခင်က ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ခြင်း မရှိပါဘူး။ ကိုးမန်းက သူ့ရဲ့ အဝယ်စာရင်းမှာ ဝိုက်နယ်ဒမ်ကို ထည့်သွင်းလိုက်တာကြောင့် ကမ်းလှမ်းမှုတွေလုပ်ဖို့ ပြင်ဆင်ပေးနေခြင်း ဖြစ်ပါတယ်။ ကားဒစ်အသင်းဟာ လီဗာပူး လူငယ်တောင်ပံသမား အိုဂျိုကို တစ်ရာသီ အငှားခေါ်ယူဖို့ ကြိုးစားမှု အောင်မြင်သွားပါပြီ။ နော်တင်ဟမ်ဖောရက်စ်နဲ့အပြိုင် ကြိုးစားခဲ့ရာမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!