Date

September 9, 2020

ကြာသပတေးနေ့ နံနက်ခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးအသင်းက ဘရူးစတားကို အပြီးသတ် လိုချင်ရင် ပေါင် ၂၅ သန်းပေးမှ ရောင်းဖို့ သတင်းပြန်ထားပါတယ်။ ဒါ့အပြင် အရောင်းစာချုပ်မှာတော့ buyback သဘောတူညီချက်ကို ထည့်သွင်းမှာဖြစ်ကာ ဘရိုက်တန်က အလေးအနက် ကြိုးစားနေပါတယ်။ မနေ့က မန်နေဂျာကလော့ပ်နဲ့ ဝိုက်နယ်ဒမ်ကြား ညိနှိုင်းမှု လုပ်ခဲ့ကြတယ်။ ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်ပွဲမှာတော့ နယ်သာလန်သားဟာ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေဦးမှာပါ။ ဗီလာရီးရဲလ် ဘယ်အစွန်လူ မိုရီနိုဟာ ရာသီကြိုမှာ ရခဲ့တဲ့ ခြေထောက်ဒဏ်ရာအတွက် ခွဲစိတ်မှုကြီးပါ ပြုလုပ်ခဲ့ရပါတယ်။ လီဗာပူးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ စတီဗင်ဂျရတ်၊ စတားရစ်၊… Continue Reading →

ကိုးမန်းက ကော်တင်ညိုကို ဆက်သုံးမှာက လီဗာပူးအတွက် သတင်းကောင်းဖြစ်လာ

ဘာစီလိုနာ မန်နေဂျာကိုးမန်းက ကွင်းလယ်လူ ကော်တင်ညိုကို သူ့ရဲ့ ဘာစီလိုနာ အသင်းအတွက် အဓိက ကစားသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးအသင်းက သူ့ကို ဘာစီလိုနာထံ ရောင်းထုတ်ခဲ့စဉ် သဘောတူခဲ့တဲ့ ပေါင် ၁၄၂ သန်းတန် စာချုပ်ရဲ့ နောက်ဆုံးသော ပြောင်းရွှေ့ကြေးကို ရရှိဖို့လည်း နီးစပ်ခဲ့ပြီဖြစ်တယ်။ လီဗာပူးနဲ့ ဘာစီလိုနာကြား စာချုပ်မှာ နောက်ဆုံးသော ပြောင်းရွှေ့ကြေးအဖြစ် ကက်တလန်ကလပ်အတွက် ကော်တင်ညို ပွဲကစားပေးမှု ၁၀၀ ပြည့်ရင် ယူရို ၅ သန်း… Continue Reading →

လိုဗရန်အတွက် လီဗာပူးနဲ့ ဟန်ဒါဆန်တို့က ပို့ပေးတဲ့ သူ့အတွက် အထူး သီးသန့် လက်ဆောင်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီကနေ့မှာတော့ ရက်စွဲမတပ်ထားတဲ့ ပေးစာတစ်စောင်နဲ့အတူ အသင်းဖော်ဟောင်း လိုဗရန်အတွက် အထူးလက်ဆောင်တစ်ခုကို ပို့ပေးခဲ့ပါတယ်။ ပေးစာနဲ့အတူ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ပုံတူတစ်ခုကို လိုဗရန်အတွက် ပေးပို့ခဲ့တယ်။ အဆိုပါ ချန်ပီယံဆုဖလားမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းသား နာမည်တွေကို ရေးထိုးထားတာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ဟန်ဒါဆန်ရဲ့ ပေးပို့မှုအတွက် လိုဗရန်ကိုယ်တိုင်ကတော့ ” ပြောစရာစကားတောင် မရှိတော့ပါဘူး အရမ်းကျေးဇူးတင်ပါတယ် ကပ္ပတိန်လို့ ” လို့ တုန့်ပြန်သွားပါတယ်။ လိုဗရန်ထံသို့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၏ ပေးစာ… Continue Reading →

လီဗာပူးက ဒိုကူကို ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ကြောင်း အန်းဒါလက် အကြီးအကဲပြော

ဘယ်ဂျီယံအတွက် ပထမဆုံး ပွဲထွက်ကစားပေးတဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်းဒါလက် ဆယ်ကျော်သက် တိုက်စစ်သမားလေး ဒိုကူကို ပြီးခဲ့တဲ့ ဘောလုံးရာသီတွေက လီဗာပူးအသင်းဘက်က ကမ်းလှမ်းမှု လုပ်ခဲ့ဖူးပြီး မအောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တိုက်စစ်သမားလေးဟာ ဘယ်ဂျီယံက ဒိန်းမတ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ပွဲမှာ လူစားဝင် ကစားခဲ့တယ်။ မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အိုက်စ်လန်နဲ့ ပွဲမှာတော့ ဘယ်ဂျီယံရဲ့ ၅-၁ ဖြင့် အနိုင်ရမှုမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဘယ်ဂျီယံသတင်းထောက် Kristof Terreur… Continue Reading →

ငယ်ဘဝ အားပေးခဲ့ရတဲ့ လီဗာပူးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ ပျော်ရွှင်နေတဲ့ လိဒ်ကစားသမား

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် ပွဲသုံးပွဲမှာတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲလည်း ပါဝင်နေပါတယ်။ လီဗာပူးရဲ့ လက်ထောက်အသင်းခေါင်းဆောင် မီလ်နာက အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရမယ့်ပွဲမှာ ပါဝင်သွားနိုင်သလို တစ်ဘက်မှာလည်း လိဒ်ရဲ့ စွယ်စုံရ အဓိကကစားသမားကြီး Stuart Dallas အတွက်ကလည်း သူဘဝတစ်လျှောက်လုံး အားပေးခဲ့ရတဲ့ လီဗာပူးအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ” လိဒ်ဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတယ်။ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ချန်ပီယံနဲ့… Continue Reading →

ဒီကနေ့မှာ မန်နေဂျာကလော့ပ်နဲ့ ဝိုက်နယ်ဒမ်တို့ အပြောင်းအရွှေ့ကိစ္စ မျက်နှာခြင်းဆိုင် ဆွေးနွေးမည်

ယာဂင်ကလောပ့်နဲ့ ဝိုက်နယ်ဒမ်တို့ဟာ ဒီကနေ့မှာတော့ ကစားသမားရဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လိုမှု ကိစ္စအား ဆွေးနွေးစကားပြောသွားမှာဖြစ်ကြောင်း The Times မှ လီဗာပူးသတင်းထောက် Paul Joyce က အတည်ပြုလိုက်ပါတယ်။ ဘာစီလိုနာ မန်နေဂျာကိုးမန်းက လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဖို့ နီးစပ်နေပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရဖြစ်ထားတဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒီကနေ့မှာတော့ လက်ရွေးစင်အသင်းကနေ မဲဝုဒ်ကို ပြန်လာမယ့် ဝိုက်နယ်ဒမ်က သူ့ရဲ့ အနာဂတ်အတွက် ကလော့ပ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။… Continue Reading →

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လူမေးအများဆုံး မေးခွန်းကို အဖြေပေးတဲ့ ရွိုင်ကိန်း

ယူနိုက်တက်ကစားသမားဟောင်း ရွိုင်းကိန်းက ပရီးမီးယားလိဂ်ရဲ့ အဓိက မေးခွန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ သူနဲ့ ပေါလ်စခိုး၊ ဂျရတ်၊ လမ်းပတ်ကြား နှိုင်းယှဉ်မှုတွေကို တုန့်ပြန်လိုက်ပါတယ်။ ရွိုင်းကိန်းဟာ ပရီးမီးယားလိဂ် ခေတ်ဦးပိုင်း ခေါင်းဆောင်တွေထဲ ပါဝင်ခဲ့သူဖြစ်ကာ ဂျရတ်တိုကတော့ ဒုတိယမျိုးဆက်လို့ ခေါ်ယူနိုင်ကြသူတွေပါ။ ရွိုင်ကိန်းက သူနဲ့ ဂျရတ်၊ လမ်းပတ်တို့ မျိုးဆက်ကြားမှာ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။ အိုင်ယာလန် သတင်းဌာနကို ရွိုင်ကိန်းက ဖြေဆိုပေးရာမှာ ” လူတွေက ကျနော်ကို ပေါလ်စခိုး၊ ဂျရတ်၊ လမ်းပတ်လို… Continue Reading →

ချယ်ဆီး ယူနိုက်တက်က လူငယ်တွေကိုကျော်ကာ အကောင်းဆုံးဆုရခဲ့ပြီးနောက် ထရန့်ရဲ့ ပြောစကား

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ညာအစွန်လူ ထရန့်က ရရှိသွားပါတယ်။ ထရန့်ဟာ ဒီဆုကိုတော့ ယူနိုက်တက်၊ ချယ်ဆီးနဲ့ အာဆင်နယ်မှ လူငယ်တွေကို ကျော်ပြီး အနိုင်ရခဲ့ခြင်းဖြစ်တယ်။ လီဗာပူးအသင်းအတွက်တော့ ၂၀၀၁ ခုနှစ်တုန်းက စတီဗင်ဂျရတ် အနိုင်ရပြီးနောက်ပိုင်း PFA အကောင်းဆုံး လူငယ်ဆုကို အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ ထရန့်က ” ပထမဆုံးအနေနဲ့ ကျနော်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရဖို့အတွက် သူတို့တွေက ကျနော်ကို ကူညီပေးခဲ့ကြတယ်။ သူတို့ မရှိပါဘဲ ကျနော်… Continue Reading →

PFA ဆု ချီးမြှင့်ခြင်းတွေနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးလူငယ်လေး ထရန့်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ဘဝတူကစားသမားတွေ ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုအတွင်း ဂုဏ်သိက္ခာအရှိဆုံးသော PFA Players’ Player of the Year award ကိုတော့ မန်စီးတီးက ဒီဘရိုင်းက အနိုင်ရခဲ့တယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီဘရိုင်းကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပြီး မင်းနဲ့ ထိုက်တန်လွန်းတဲ့ ဆုပါလို့ ချီးကျူးခဲ့ပါတယ်။ ဟန်ဒါဆန်၊ ထရန့်၊ မာနေး၊ ရော်ဘတ်ဆန် နဲ့ ဗန်ဒိုက်တို့ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!