Date

September 11, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

စပါးမန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်ခင် သူ့အသင်းသားတွေကို လီဗာပူးလို အသင်းကို ရင်ဆိုင်ဖို့ဆိုရင် သေချာလုပ်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့တာကို All or Nothing စီးရီးမှာ မြင်တွေ့ရပါမယ်။ အန်းဒါးလက်အသင်း စီအီးအိုက ၎င်းတို့အသင်း တိုက်စစ်သမား ဒိုကူနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းတွေက ဘယ်ဂျီယံမှာ နာမည်အကြီးဆုံး သတင်းဖြစ်လာခဲ့ပြီလို့ ထုတ်ပြောသွားပါတယ်။ လိဒ်ယူနိုက်တက်နဲ့ ပက်သက်လို့ ကလော့ပ်က ” လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းပါ။ သူတို့မှာ ကမ္ဘာအဆင့် မန်နေဂျာနဲ့ ထိပ်တန်း… Continue Reading →

စပါးရောက်သွားတာတောင် လီဗာပူးနဲ့ အတိတ် ရေစက်တွေကို မမေ့တဲ့ မော်ရင်ညို

စပါးမန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ပွဲမတိုင်ခင် သူ့အသင်းသားတွေကို သေချာလုပ်ဖို့ သတိပေးခဲ့တာကို All or Nothing စီးရီးမှာ မြင်တွေ့ရပါမယ်။ မော်ရင်ညိုဟာ လီဗာပူးနဲ့ အတိတ်က ရေစက်ကြီးရှိခဲ့သူပါ။ ၂၀၀၄ မှာ သူကိုယ်တွယ်တဲ့ ချယ်ဆီးအသင်းဟာ ဂါစီယာရဲ့ ကျော်ကြားလှတဲ့ တစ္ဆေဂိုးကို ခွင့်ပြုရပြီး ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရကာ အဆိုပါနှစ်မှာ လီဗာပူးက ကျော်ကြားတဲ့ အင်စတမ်ဘူးလ်ညကို ကစားခဲ့ကာ ချန်ပီယံလိဂ်ဖလား ရခဲ့တယ်။ မော်ရင်ညို ဦးဆောင်တဲ့ ချယ်ဆီးနဲ့ ဘင်နီတက်စ် ဦးဆောင်တဲ့ လီဗာပူးက… Continue Reading →

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ လိဒ်ယူနိုက်တက်ကို ရင်ဆိုင်မယ့် ကိစ္စအား ကလော့ပ် ပြော

လိဒ်ယူနိုက်တက်နဲ့ ပက်သက်လို့ ကလော့ပ်ရဲ့ ပြောဆိုမှု လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းပါ။ သူတို့မှာ ကမ္ဘာအဆင့် မန်နေဂျာနဲ့ ထိပ်တန်း အရည်အသွေးတွေ ရှိထားပါတယ်။ ပြင်းထန်တဲ့ ဘောလုံးကိုလည်း ကစားတယ်။ သူတို့နဲ့ပွဲအတွက် ငါတို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျန်တဲ့ တစ်ရာသီလုံး ကိစ္စတွေကိုတော့ အရမ်းကြီး မစဉ်းစားထားပါဘူး။ ဘီယဲလ်ဆာကို ငါ အထင်ကြီးပါတယ်။ ငါက စပိန်စကားကို ဘီယာမှာတာကလွဲလို့ သိပ်မပြောနိုင်တော့ သူနဲ့ စကားပြောနိုင်ပါ့မလား မသေချာဘူး။ သူ့အသင်းက သိပ်ကောင်းပါတယ်။ လိဒ်ပွဲတွေကို ငါနည်းနည်းကြည့်ပြီး သုံးသပ်မှု… Continue Reading →

ကလော့ပ်ရဲ့ လိဒ်ပွဲကြို မီဒီယာတွေ့ဆုံမှု – ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဘရူးစတားကိစ္စ ပြောဆိုချက်

လိဒ်ယူနိုက်တက်နဲ့ပွဲကြို မီဒီယာတွေ့ဆုံပွဲမှာ ဝိုက်နယ်ဒမ်၊ သီယေဂို၊ ဘရူးစတားတို့နဲ့ ပက်သက်ပြီး ကလော့ပ် ဖြေဆိုပေးတဲ့ အပိုင်းဖြစ်ပါတယ်။ ဂီနီနဲ့ စကားပြောထားတဲ့ ကိစ္စ လီဗာပူးကို ဂီနီရောက်လာကတည်းက အကြိမ် ၅၀၀၊ ၆၀၀ လောက်ထိ စကားပြောခဲ့တာပဲလေ။ ဟုတ်ပါတယ် လက်ရွေးစင်ကနေ သူပြန်ရောက်လာတော့ ငါနဲ့ သူ့ကြား စကားပြောထားပါတယ်။ အခြေအနေက အဲ့တာအကုန်ပါပဲ။ ဂီနီနဲ့ ကိစ္စတွေအားလုံး အဆင်ပြေလားဆိုရင် ပြေပါတယ်။ ငါတို့ ပါဝင်နေသေးတဲ့ ကာလအထိတော့ အနာဂတ်က တကယ်ကို အဆင်ပြေပါတယ်။ ဒီအခြေအနေထိတော့ အားလုံး ကောင်းပါတယ်။… Continue Reading →

ချန်ပီယံလိဂ် သမိုင်းကြောင်းကောင်းမှုကို ဂုဏ်ပြုတဲ့ လီဗာပူးရဲ့ တတိယဂျာစီ ဒီဇိုင်း

လီဗာပူးအသင်းရဲ့ အိမ်ကွင်းဂျာစီ၊ အဝေးကွင်းဂျာစီတွေကို ထုတ်ပြန်ရာမှာ အရောင်နဲ့ အခြေခံဒီဇိုင်းကို ရွေးချယ်ရခြင်း အကြောင်းတွေကို Nike က ဖော်ပြခဲ့ပြီးပါပြီ။ ဒီကနေ့မှာတော့ တတိယဂျာစီကိုလည်း တရားဝင် ထုတ်ပြခဲ့ပြီဖြစ်ကာ အဆိုပါ ဒီဇိုင်းကို ရွေးချယ်ရခြင်းက သမိုင်းကြောင်း ကြီးမားခဲ့တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို အခြေခံပြီး ပုံဖော်ထားခြင်းဖြစ်တယ်လို့ Nike ဘက်က ရှင်းပြပါတယ်။ အဓိကအားဖြင့် အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေရဲ့ အလံတွေကို အတုယူပြီး ဒီဇိုင်းသစ် ဖန်တီးခဲ့ခြင်းဖြစ်တယ်။ လီဗာပူးဟာ ဥရောပပြိုင်ပွဲ ညတွေမှာတော့ အဖြူနဲ့ အနီရောင်… Continue Reading →

လီဗာပူး V လိဒ်ယူနိုက်တက် ပွဲအတွက် လီဗာပူးအကြောင်း တစ်လုံးမှ မပါတဲ့ လော်ရိုးရဲ့ ခန့်မှန်းချက်

ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လီဗာပူးနဲ့ လိဒ်ယူနိုက်တက်ဟာ မနက်ဖြန်ဖြစ်တဲ့ စက်တင်ဘာလ ၁၂ ရက်၊ စနေနေ့ ည ၁၁ နာရီမှာ အန်ဖီးကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ လီဗာပူးအသင်းရဲ့ ပထမဆုံးပွဲ ဖြစ်လာမှာဖြစ်ကာ လိဒ်ယူနိုက်တက်အတွက်ကလည်း ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်တယ်။ ဒါကြောင့် ဒီထိပ်တိုက်တွေ့မှုဟာ ချန်ပီယံတွေ ထိပ်တိုက်တွေ့ခြင်း၊ ပြိုင်ဘက်ဟောင်းတွေ ထိပ်တိုက်တွေ့ခြင်းနဲ့အတူ စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမယ်။ အဆိုပါပွဲအတွက် ဘောလုံးခန့်မှန်းသူ လော်ရိုးကတော့ ” လိဒ်ယူနိုက်တက်က… Continue Reading →

ယာဂင်ကလော့ပ်နဲ့ ဝိုက်နယ်ဒမ်တို့ ထိပ်တိုက် ညိနှိုင်းမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်

နယ်သာလန်အသင်းကနေ ပြန်လာတဲ့ ဝိုက်နယ်ဒမ်ဟာ သူ့ရဲ့ လီဗာပူး အနာဂတ်နဲ့ ပက်သက်ပြီး မန်နေဂျာကလော့ပ်နဲ့ ဆွေးနွေးခဲ့ရာက အကောင်းမြင်စရာ ပြောဆိုမှုတစ်ခု ဖြစ်ခဲ့တယ်လို့ စကိုင်းစပေါ့ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ ဗုဒ္ဓဟူးနေ့က နှစ်ဦး သီးသန့် တွေ့ဆုံခဲ့ပြီး လီဗာပူးနဲ့ အနာဂတ်အပေါ် ဆွေးနွေးမှု လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဝိုက်နယ်ဒမ်ရဲ့ လက်ရှိ စာချုပ်ဟာ တစ်နှစ်ပဲ ကျန်ရှိတော့ကာ မနှစ်ကရာသီမှာ စာချုပ်သစ်စကားပြောမှု မအောင်မြင်တဲ့နောက် စာချုပ်ကိစ္စ ဆက်လက်ပြီး စကားပြောခဲ့ကြခြင်း မရှိပါဘူး။ ဘာစီလိုနာမန်နေဂျာအဖြစ် ကိုးမန်း တာဝန်ယူလာပြီးတဲ့နောက် နယ်သာလန်မန်နေဂျာက သူ့ရဲ့… Continue Reading →

လီဗာပူးကို ဘယ်လိုရင်ဆိုင်မလဲ အမေးကို ပြန်ဖြေပေးသွားတဲ့ လိဒ်မန်နေဂျာ ဘီယဲလ်ဆာ

လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ဒီအပတ် စနေနေ့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ပွဲကြို အင်တာဗျူးတစ်ခုအဖြစ် လီဗာပူးကစားဟန်က မက်တဲလ်အကြမ်စား ဖြစ်မလားဆိုတဲ့ အမေးကို ” ဂီတက ကျနော် မသိတဲ့ နယ်ပယ်ဖြစ်လို့ လီဗာပူး ကစားဟန်က ဟဲဗီးမက်တဲလ်ဖြစ်မလား မသိပါဘူး ” လို့ ဘီယဲလ်ဆာက ပြောပါတယ်။ လိဒ်ယူနိုက်တက်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘီယဲလ်ဆာဟာ ချန်ပီယံရှစ်မှာ နာမည်ကြီး မန်နေဂျာတစ်ဦး ဖြစ်ခဲ့ပြီး လီဗာပူးရဲ့ ဟဲဗီးမက်တဲလ် ပရိသတ်လားဆိုတဲ့… Continue Reading →

ရာသီသစ်အတွက် ပါဝင်ကစားပေးနိုင်တော့မလား အမေးကို လီဗာပူး ညာအစွန်လူ ထရန့် ပြန်ဖြေ

လီဗာပူးညာအစွန်လူ ထရန့်ဟာ အသေးစာဒဏ်ရာ ပြဿနာကြောင့် သြစတြီးယား ရာသီကြိုကို ပူးပေါင်းနိုင်ခဲ့ခြင်း မရှိဘဲ မဲဝုဒ်မှာပဲ ကြံ့ခိုင်မှု တိုးတက်လာဖို့ ကြိုးစားခဲ့ရတယ်။ နိုင်ငံတကာ သီတင်းပတ်မှာတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ထရန့်ဟာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီး ပွဲမိနစ်တွေကို ထိတွေ့ခွင့်ရခဲ့ပါတယ်။ ထရန့်ကတော့ အဆိုပါ ပွဲကစားခွင့်တွေကပဲ သူ့ရဲ့ ပုံစံကောင်း ပြန်ရဖို့ အကူအညီဖြစ်စေနိုင်ပြီး ရာသီသစ်အတွက် ဒဏ်ရာပြဿနာက ကင်းစင်နေပါပြီလို့ ထုတ်ပြောလိုက်ပါတယ်။ ကြံ့ခိုင်မှုနဲ့ ပက်သက်လို့ မေးခွန်းတွေအတွက် ထရန့်က ” အားလုံး အဆင်ပြေနေပါတယ် ”… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!