Date

September 15, 2020

အင်္ဂါနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် မတိုင်ခင် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ တိုက်စစ်သမားဟောင်း ဖာနန်ဒို တောရက်စ်က ချယ်ဆီးရဲ့ ကစားသမား အင်အားတိုးချဲ့မှုနဲ့ တည်ဆောက်မှုကို အထင်ကြီးပေမယ့် လူစာရင်းရဲ့ ငယ်ရွယ်သေးမှုကြောင့် လီဗာပူးကပဲ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဦးမယ်လို့ မြင်ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေစ့်တို့ဟာ လူငယ်တိုက်စစ်သမား ဘရူးစတားကို ခေါ်ယူဖို့ စကားပြောထားကြပေမယ့် လီဗာပူးဘက်က အကြောင်းပြန်ခြင်းကို မလုပ်ပေးသေးဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာ အရန်ကစားသမား အများစု ပါဝင်တဲ့ ချစ်ကြည်ရေးပွဲအဖြစ်… Continue Reading →

လီဗာပူးနဲ့ ချယ်ဆီးကို ခန့်မှန်းသုံးသပ်မှု ပြုလုပ်သွားတဲ့ ဖာနန်ဒို တောရက်စ်

ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် မတိုင်ခင် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ တိုက်စစ်သမားဟောင်း ဖာနန်ဒို တောရက်စ်က သူ့အမြင်ကို ထုတ်ပြောလိုက်ပါတယ်။ တောရက်စ်က ချယ်ဆီးရဲ့ ကစားသမား အင်အားတိုးချဲ့မှုနဲ့ တည်ဆောက်မှုကို အထင်ကြီးကြောင်း ချယ်ဆီးလူစာရင်းရဲ့ ငယ်ရွယ်သေးမှုကြောင့် လီဗာပူးကပဲ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဦးမယ်လို့ မြင်တယ်။ အနာဂတ်မှာတော့ ချယ်ဆီးကလည်း ပရီးမီးယားလိဂ်ကို စိန်ခေါ်လာပါမယ်လို့ သူက ဆိုခဲ့ပါတယ်။ တောရက်စ်က ပြောရာမှာ “ ချယ်ဆီးက သိပ်ကောင်းတဲ့ လူစာရင်းကို တည်ဆောက်နေတာပါ။ ဒီရာသီတင် မဟုတ်ပါဘူး။… Continue Reading →

ရှက်ဖီးနဲ့ ပဲလေစ့်ကို အပြောင်းအရွှေ့အတွက် အကြောင်းပြန်ပေးရတော့မယ့် လီဗာပူး

ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေစ့်တို့ဟာ လူငယ်တိုက်စစ်သမား ဘရူးစတားကို ခေါ်ယူဖို့ စကားပြောထားကြပေမယ့် လီဗာပူးဘက်က အကြောင်းပြန်ခြင်းကို မလုပ်ပေးသေးဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဘရူးစတားကို ထွက်ခွင့်ပေးဖို့အတွက် ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။ အကယ်လို့ ရောင်းထုတ်ရမယ်ဆိုရင်တော့ စာချုပ်မှာ buy-back သဘောတူညီချက်ကို ထည့်သွင်းလိုပြီး လာမယ့် ၂ ရာသီအတွင်း ပြန်လည် ခေါ်ယူခွင့် ရမှာမျိုးဆိုရင် လက်ခံပေးလိုစိတ် ရှိနေပါတယ်။ မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ၂၂ ပွဲ ကစားခဲ့ပြီး ၁၁ ဂိုး သွင်းယူခဲ့တဲ့ ဘရူးစတားဟာ… Continue Reading →

တနင်္ဂနွေနေ့က လျှို့ဝှက် ခြေစမ်းပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းခဲ့တဲ့ တာကူမီ

တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာ အရန်ကစားသမား အများစု ပါဝင်တဲ့ ချစ်ကြည်ရေးပွဲအဖြစ် လီဗာပူးအရန်အသင်းနဲ့ ဟက်ဒါဖီး အရန်အသင်းတို့ ကစားခဲ့ကြပြီး ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ စနေနေ့က အန်ဖီးကွင်းမှာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရပြီး နောက်တစ်ရက်မှာတော့ အရန်ကစားသမားတွေ ပါဝင်တဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကာ မီနာမီနိုက တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ကာတစ်ဂျုံးက ကီရာဘီကို ရောက်နေခြင်းကြောင့် မပါခဲ့ပေမယ့် ကျန်ကစားသမားတွေ ပါဝင်သွားခဲ့တယ်။ ပထမပိုင်း လူစာရင်းမှာ ဂိုးသမားအဖြစ် အတ်ဒရီယန် ပါဝင်ခဲ့ကာ… Continue Reading →

ဖာမီနို ဂိုးရှေ့မှာ ရုန်းကန်နေရတာကြောင့် လီဗာပူး တိုက်စစ်မှူးသစ် လိုပြီလို့ ထောက်ပြမှု ထွက်ပေါ်

လီဗာပူးအသင်းရဲ့ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် သူ ထမ်းထားတဲ့ ဝန်တွေကို မျှယူပေးနိုင်မယ့် တိုက်စစ်မှူး တစ်ဦး လီဗာပူး လိုအပ်နေပြီလို့ တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ချ်က အသင်းဟောင်းအား ထောက်ပြ သတိပေးခဲ့ပါတယ်။ ဂိုးရှေ့မှာ ဖာမီနို ရုန်းကန်နေရတာက လီဗာပူး အနေနဲ့ ဈေးကွက်ထဲမှာ အခြား တိုက်စစ်မှူး တစ်ဦး ခေါ်ဖို့ အချက်ပေးမှုပဲလို့ အဲဒရစ်ချ်က ယုံကြည်နေပြီး ချယ်ဆီး ခေါ်သွားတဲ့ တိုက်စစ်မှူး တီမိုဗာနာလို ကစားသမား တစ်ဦး ခေါ်သင့်ကြောင်း ၎င်းက… Continue Reading →

မျှော်လင့်ထားတာထက် အများကြီး ပိုဆိုးဖွယ်ရှိတဲ့ လီဗာပူးရဲ့ ငွေကြေး ဆုံးရံှူးမှု

လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် ကပ်ဘေးကာလအတွင်း ဆုံးရံှူးမှု အတော်လေး ကြီးမားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးက ကလပ်ရဲ့ အစီအစဉ်တွေကို ထိခိုက်စေခဲ့တယ်လို့ The Athletic မှ James Pearce က The Red Agenda Podcasts ကဏ္ဍကနေ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးရဲ့ ကနဦး အစီအစဉ်မှာ နွေဈေးကွက်အတွင်း တီမိုဝါနာကို ခေါ်ယူရေးဖြစ်တယ်။ တိုက်စစ်အတွက် သူ့ကို အဓိက ခေါ်ယူမှုကြီးအဖြစ် လုပ်ကိုင်ပြီးရင် ၂၀၂၁ ခုနှစ် နွေမှာတော့ ဆန်ချိုနဲ့ ဟာဗက်လို ကစားသမားမျိုးတွေကို… Continue Reading →

ထရန့် သွေးပူလာဖို့ Assist King နေရာအတွက် စိန်ခေါ်သွားတဲ့ ရော်ဘတ်ဆန်

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းဖော် ထရန့်ကို အသင်းအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးဖို့ရာ ဆက်လက် ယှဉ်ပြိုင်ကြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ မနှစ်ကရာသီမှာ ထရန့်က ဂိုးထောက်ပံ့မှု ၁၅ ကြိမ်ထိ လုပ်နိုင်ခဲ့ပြီး ရော်ဘတ်ဆန်က ၁၂ ကြိမ် လုပ်နိုင်ခဲ့တယ်။ ဒီရာသီစမှာတင် ထရန့်ကို ဝေဖန်သံတွေ အနည်းငယ် ထွက်လာတဲ့နောက် ရော်ဘတ်ဆန်က သူ့ကောင်လေးကို ထပ်ပြီး လုပ်ပြလိုက်ရအောင်ကွားဆိုပြီး စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ရော်ဘတ်ဆန်က “ တကယ်ကို ရှည်ကြာတဲ့ ဘောလုံးရာသီကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အကောင်းဆုံး ကစားဖို့… Continue Reading →

အညှာအတာကင်းတဲ့ ဆာလက်ကို စီရော်နယ်ဒိုနဲ့ နှိုင်းယှဉ်သွားတဲ့ ဂယ်ရီနဗီး

ယူနိုက်တက် ခံစစ်မှူးဟောင်း နဗီးက တနင်္လာနေ့က ပရီးမီးယားလိဂ် ပထမပတ်အတွက် စကိုင်းစပေါ့ကနေ သုံးသပ်မှုမှာ ဆာလက်နဲ့ မာနေးက စီရော်နယ်ဒိုနဲ့ ရွန်နီးတို့လို ကစားသမားတွေဖြစ်တယ်လို့ နှိုင်းယှဉ်လိုက်ပါတယ်။ နဗီးက မာနေးဟာ ရွန်းနီလို အသင်း အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားတတ်သူဖြစ်ပြီး ဆာလက်ကတော့ ရော်နယ်ဒိုလို ပွဲကို အပြတ်ဖြတ်ဖို့ တစ်ကိုယ်ကောင်းဆန်ရရင်လည်း သွင်းဂိုးကိုပဲ ဦးတည်သူလို့ ဆိုခဲ့တယ်။ ဒီမတူညီတဲ့ ပေါင်းစပ်မှုဟာ တစ်ဦးကို ကျန်တစ်ဦးက မောင်းနင်နိုင်တယ်လို့ သူက ပြောပါတယ်။ နဗီးက “ ဆာလက်က ခြားနားနေပါတယ်။… Continue Reading →

ပရီးမီးယားလိဂ်မှာ လီဗာပူးဟာ ရုပ်သံကြေး အများဆုံး ဖြတ်တောက်ခံရမယ့် အသင်းဖြစ်လာ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ရုပ်သံကြေး ဖြတ်တောက်ခံရမှုမှာ အခြားမည်သည့် ပရီးမီးယားလိဂ်ကလပ် ထက်မဆို ပိုများလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေဟာ မနှစ်ကရာသီ ရုပ်သံကြေးတွေကို ရှယ်ယာအလိုက် ပြန်ပေးအပ်ရမှာဖြစ်တယ်။ သုံးလရပ်နားပြီးနောက် ပြန်လည်စတင်တဲ့ ဘောလုံးပွဲတွေအတွက် လိဂ်ဟာ ပေါင် ၃၃၀ သန်း ပြန်ပေးရမှာဖြစ်ကာ ချန်ပီယံ လီဗာပူးက အမြင့်ဆုံးအဖြစ် ပေါင် ၁၇.၃ သန်း ပေးရမှာ ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ လီဗာပူးဟာ ပေါင် ၁၆၁.၁ သန်းကို အကျိုးအမြတ်ရမှာဖြစ်ပေမယ့် ဖြတ်တောက်ခံရမှုတွေကြောင့် ပေါင် ၁၄၃.၈… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!