Date

September 16, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ချယ်ဆီးက မန်စီးတီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ ချယ်ဆီးဂျာစီနဲ့ အောင်ပွဲခံတဲ့ ပုံကို အသင်းရဲ့ WhatsApp group ထဲကို ဓါတ်ပုံ ရိုက်ပို့ခဲ့တယ်လို့ ရော်ဘတ်ဆန်က သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အသင်းရဲ့ မနက်ခင်း လေ့ကျင့်ရေး အစီအစဉ်မှာ ဘယ်အစွန်လူ ကိုစတက် အပြင် ရှာကွီရီ၊ ဘရူးစတား၊ ဝဲလ်ဆန်တို့လည်း ပါဝင်သွားခဲ့ပြီး ကွင်းလယ်လူ ဂရုဂျစ် ပါဝင်သွားတာကိုတော့ မမြင်ရသေးပါဘူး။ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အသင်းဟာ ဘရူးစတားနဲ့ ပက်သက်ပြီး ဆက်ထားမလား၊… Continue Reading →

မဲဝုဒ်သတင်း – ဘယ်အစွန်လူ ကိုစတက်၊ ရှာကွီရီတို့ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်း

လီဗာပူး ကစားသမားသစ် ကိုစတက်ကို ဗုဒ္ဓဟူးနေ့ အသင်းရဲ့ မနက်ခင်း လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်လာကြောင်း မြင်တွေ့ထားရပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်ပဲ ကိုစတက်ဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လီဗာပူးလူစာရင်းကနေ ပျောက်ကွယ်နေခဲ့သူပါ။ သူဟာ နိုင်ငံတကာသီတင်းပတ်မှာ ဂရိအသင်းအတွက် ရွေးချယ်ခံရပေမယ့် ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကိုစတက်မှာ ပိုးတွေ့တယ်လို့ သတင်းထွက်မှုတွေ ရှိပေမယ့် အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။ လီဗာပူးအသင်းနဲ့ မန်နေဂျာ ကလော့ပ်တို့က အဖျားရောဂါကြောင့် လက်ရွေးစင်အသင်းအတွက် မကစားပေးနိုင်တဲ့ ကိုစတက်နဲ့ ပက်သက်လို့… Continue Reading →

ဗန်ဒိုက်နဲ့ ပက်သက်ပြီး အထင်မှားအောင် လှည့်စားထားတဲ့ အချက်အလက်

၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဗန်ဒိုက်ဟာ ဂိုးပေးရဖို့ အမှားအများဆုံး လုပ်ထားတဲ့ ခံစစ်သမားဖြစ်ပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ အမြင့်ဆုံးဆိုတဲ့ အချက်အလက် ထွက်ပေါ်နေတာကို သိကြမှာပါ။ အားကစားသုံးသပ်သူတွေက ဗန်ဒိုက်ဟာ အမှားတွေ သိပ်မှားသူဖြစ်ကာ သူ့ကြောင့် လီဗာပူးခံစစ်က ယိုင်နဲ့နေသယောင်ယောင် ပြောဆိုနေကြတယ်။ ဒါဟာ အမြင်များအောင် အချက်အလက်နဲ့ လှည့်စားထားတဲ့ သက်သေပြချက် တစ်ခုပဲဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝေဖန်နေတဲ့ အချက်အလက်က အထင်မှားအောင် လှည့်စားထားခြင်းဆိုတာကို ဒေတာသုံးသပ်သူ Dan Kennet က အခုလို ရှင်းပြပါတယ်။ ၂၀၁၈… Continue Reading →

သတင်းကောင်းနဲ့ သတင်းဆိုးပါဝင်တဲ့ လီဗာပူးရဲ့ Nike ဂျာစီရောင်းနှုန်း

လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ အာဆင်နယ်ကို ကျော်တက်ပြီး အင်္ဂလန်ရဲ့ ဂျာစီရောင်းအား အကောင်းဆုံး အသင်းစာရင်းမှာ တတိယနေရာကို ရယူသွားဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းရဲ့ Nike နဲ့ လက်တွဲမှုဟာ ကလပ်သမိုင်းမှာ ပထမဆုံးဖြစ်သလို အင်္ဂလန်ပြည်တွင်း ရောင်းချမှုမှာလည်း ရောင်းအကောင်းဆုံး ဂျာစီ ၁၀၀ စာရင်းထဲမှာ အာဆင်နယ်ကို ကျော်တက်ကာ ယူနိုက်တက်နဲ့ ချယ်ဆီးနောက် တတိယနေရာက ရပ်တည်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လို့ ဒါက မနှစ်ကထက်စာရင် အဆင့် ကျဆင်းသွားတာလို့ ပြောလို့ ရနိုင်ပါတယ်။ မနှစ်က လီဗာပူးနဲ့ New… Continue Reading →

လီဗာပူးကို နာကျင်အောင် လုပ်ပြမယ်လို့ သတိပေးလာပြန်တဲ့ ချယ်ဆီးမှ ဇူးမား

ကိုင်ဟာဗက်နဲ့ တီမိုဝါနာ နောက်ပိုင်း နောက်ထပ် ချယ်ဆီးကစားသမားက လီဗာပူးကို နာကျင်အောင် လုပ်ပြမယ်ဆိုပြီး ကြွေးကြော်လာပြန်ပါတယ်။ တနင်္ဂနွေနေ့ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲ မတိုင်ခင်မှာ ချယ်ဆီးကစားသမားတွေက အတော်လေး သွေးကြနေပုံရပါတယ်။ ချယ်ဆီးကစားသမားတွေက လီဗာပူးကို အနိုင်ယူမယ့် အကြောင်းတွေကို ထုတ်ပြောနေသလို ဇူးမားကတော့ လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမင်နို၊ မာနေးတို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုလာတာဖြစ်တယ်။ ဇူးမားက “ လီဗာပူးမှာ သိပ်ကောင်းတဲ့ တိုက်စစ်သမား သုံးယောက် ရှိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့မှာလည်း တိုက်စစ် လက်နက်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။… Continue Reading →

ဒီရာသီမှာ လီဗာပူးက အဆင့်လေးထိ ထိုးကျမယ်လို့ ဝေဖန်တဲ့ စကိုင်းစပေါ့မှ ပေါလ်မာဆန်

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါလ်မာဆန်က လီဗာပူးအသင်းဟာ ဒီပုံစံအတိုင်း ရာသီသစ်ကို စတင်မယ်ဆိုရင် အဆင့်လေးနေရာကို ကျဆင်းသွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ကစားသမား အင်အားဖြည့်မှုကြီးတွေ မလုပ်ခြင်းကို အားကစားသုံးသပ်သူတွေက အတော်လေး သဘောမတွေ့ ဖြစ်နေကြတာပါ။ သူတို့ကတော့ လီဗာပူးက လူသစ်ခေါ်ယူမှုကို လုပ်သင့်ပြီး မဟုတ်ရင်တော့ အဆင့်အများကြီး ကျဆင်းသွားမယ်လို့ ဆိုကြပါတယ်။ ပေါလ်မာဆန်က ပြောရာမှာ ” လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူးအသင်းက သွင်းဂိုးတွေကို ခပ်လွယ်လွယ် ခွင့်ပြုပေးလိုက်ရတာမြင်တော့ ကျနော်က… Continue Reading →

ပွဲကြီး နှစ်ပွဲကြားက လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်း ပြိုင်ဘက်အသင်း အတည်ပြုပြီ

လီဗာပူးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ နဲ့ ပွဲစဉ် ၃ မှာတော့ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲစဉ် ၂ ခုကြားမှာတော့ ကာရာဘောင်းဖလားပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား တတိယအဆင့်မှာတော့ လီဗာပူးဟာ Lincoln အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲဟာ ချယ်ဆီးနဲ့ အာဆင်နယ် ပွဲတွေကြားမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ မန်နေဂျာကလော့ပ်က အရန်ကစားသမားတွေကို ပွဲထုတ်ဖွယ်ရှိတယ်။ ချယ်ဆီးနဲ့ပွဲမှာတော့ ပထမအပတ်က လူစာရင်းကိုပဲ… Continue Reading →

သံသယဝင်နေသူတွေကို နိုင်ပွဲနဲ့ သက်သေပြပြီး အောင်မြင်မှု ဆက်ယူဖို့က လီဗာပူး အစီအစဉ်ပါပဲ

လီဗာပူး ကွင်းလယ်လူ ချိန်ဘာလိန်က အသင်းဟာ ဆုဖလားတွေ ဆက်တိုက် အောင်မြင်ခဲ့ပေမယ့် ကျေနပ် ရောင့်ရဲမနေဘဲ နောက်ထပ်သော ဆုဖလားတွေကို စီးရီးတွဲလိုက် အောင်မြင်လိုကြတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ချိန်ဘာလိန်က “ ဘယ်လို ထိပ်တန်းအသင်းမဆို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဘောလုံးရာသီတိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး လုပ်လာတာကပဲ အသင်းကို ထူးရှယ် ဖြစ်နေစေတာပါ။ သမိုင်းမှာ အကောင်းဆုံးသော အသင်းတွေကို ပြန်ကြည့်ပါ။ ဒီကလပ်ကို ခမ်းနားတဲ့အသင်းဖြစ်လာအောင် ကြိုးစားခဲ့ကြတဲ့ လီဗာပူးအသင်းဟောင်းတွေကို ပြန်ကြည့်ပါ။ သူတို့က တစ်ကြိမ်တည်း မဟုတ်ဘဲ နှစ်တိုင်းမှာ… Continue Reading →

လီဗာပူးနဲ့ပွဲက ခက်ခဲပေမယ့် အနိုင်ယူမယ်လို့ ဆိုလာတဲ့ ဟာဗက်နဲ့ ဝါနာ

စတမ်းဖိုဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအကြိုမှာ ချယ်ဆီးကစားသမားတွေဖြစ်တဲ့ ဟာဗက်နဲ့ ဝါနာတို့က လီဗာပူးကို အနိုင်ယူမယ်ဆိုတဲ့ စကားတွေကို ပြောဆိုခဲ့ပါတယ်။ လီဗာပူးက အဖွင့်သီတင်းပတ်မှာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရခဲ့သလို ချယ်ဆီးကလည်း ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရထားတာပါ။ ဒုတိယအပတ်မှာတင် ထိပ်ဆုံး ၄ သင်း စာရင်းဝင် ဒီနှစ်သင်း ထိပ်တိုက်တွေ့ခြင်းကြောင့် အားလုံးက စောင့်ကြည့်လိုနေကြတယ်။ ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် ပွဲနဲ့ပက်သက်လို့ ဟာဗက်က ” လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ သေချာပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!