Date

September 18, 2020

လီဗာပူးကို ပြောင်းလာရတာ ခမ်းနား ကြီးကျယ်လွန်းတယ်လို့ ခံစားရကြောင်း သီယေဂို ဖွင့်ဟ

လီဗာပူးကစားသမားသစ် ဖြစ်လာတဲ့ သီယေဂိုက ပထမဆုံး အင်တာဗျူးကို လုပ်ဆောင်ပေးသွားပါပြီ။ သူက လီဗာပူးကို ပြောင်းလာရတာ အရမ်း ခမ်းနားတယ်လို့ ခံစားရကြောင်းနဲ့ အသင်းပရိသတ်တွေက သူ့ထက်တောင် စိတ်လှုပ်ရှားနေကြတယ်လို့ ဖွင့်ဟသွားပါတယ်။ သီယေဂိုက ပြောရာမှာ “ အရမ်း ခမ်းနားတယ်လို့ ခံစားရတယ်။ ဒီအခိုက်အတန့်ကို အချိန်အကြာကြီး ကျနော် စောင့်မျှော်နေခဲ့ရတာပါ။ လီဗာပူးကို ရောက်လာရတာ အရမ်း အရမ်း ပျော်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ ကိုယ် တတ်နိုင်သလောက် အောင်မြင်မှုတွေရဖို့ ကြိုးစားခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တယ်။ ကိုယ်က… Continue Reading →

တိုက်စစ်အတွက် ဝုဗ်မှ ဂျိုတာကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့အတွက် ဝုဗ်မှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား ဂျိုတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ The Times သတင်းထောက် Paul Joyce က ဒီသတင်းကို အတည်ပြုခဲ့ပြီး အခြားသော လီဗာပူးသတင်းထောက်တွေကလည်း လီဗာပူးက ဂျိုတာကို ခေါ်ယူလိုတဲ့ ကိစ္စကို အတည်ပြု ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ အသက်လက်တီကို မက်ဒရစ် ကစားသမားဟောင်းဖြစ်တဲ့ ဂျိုတာဟာ ၂၀၁၈ ခုနှစ်မှာ ဝုဗ်ကို ပြောင်းလာခဲ့သူဖြစ်ကာ ပရီးမီးယားလိဂ်ပွဲ ၈၅ ပွဲမှာ သွင်းဂိုး… Continue Reading →

BREAKING: ဟိုဗာအတွက် လီဗာပူးနဲ့ ဝုဗ်တို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိ

လီဗာပူးအသင်းနဲ့ ဝုဗ်အသင်းတို့ဟာ နယ်သာလန်သား ဆယ်ကျော်သက် ခံစစ်သမား ဟိုဗာကို အပြီးသတ် ရောင်းထုတ်ပေးဖို့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုပါတယ်။ ၂၀၁၈ ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းလာခဲ့တဲ့ ဟိုဗာဟာ မနှစ်ကမှ ကာလရှည် စာချုပ်ချုပ်ဆိုထားသူဖြစ်ကာ ဒီနွေမှာ အငှားထွက်ကစားမယ်လို့ သတင်းကြီးထားသူပါ။ ဒါပေမယ့်လို့ ဝုဗ်ဘက်က ကောင်းမွန်တဲ့ စာချုပ်ကို ပေးခဲ့တာကြောင့် လီဗာပူးဘက်က အပြီးသတ် ရောင်းထုတ်ပေးဖို့ သဘောတူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။ လီဗာပူးအတွက် စီနီယာပွဲ ၄ ပွဲ ကစားပေးထားတဲ့… Continue Reading →

ဇီယက် ပူလီဆစ် ချီဝဲလ်တို့နဲ့ လီဗာပူးပွဲ လွဲချော်မယ့် ကစားသမားတွေကို လမ်းပတ် အတည်ပြု

လီဗာပူးနဲ့ပွဲကြို ချယ်ဆီအသင်းဘက်က လုပ်သွားတဲ့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ၎င်းတို့အသင်း မန်နေဂျာလမ်းပတ်က တနင်္ဂနွေနေ့နေ့ပွဲမှာ မပါနိုင်မယ့် ကစားသမားတွေအကြောင်း အတည်ပြုပါတယ်။ လမ်းပတ်က ” ချီဝဲလ်က အဆင်သင့် မဖြစ်သေးပါဘူး။ ပူလီဆစ်ကောပါပဲ။ ဒီအပတ်မှာ သူတို့ လေ့ကျင့်ရေး ဝင်နိုင်ဖို့တော့ မျှော်လင့်နေပါတယ်။ ဇီယက်ကလည်း လီဗာပူးနဲ့ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဝါနာကတော့ ကြံ့ခိုင်မှု ကောင်းနေပါတယ်။ ကုန်ခဲ့တဲ့ သုံးရက်၊ လေးရက်လောက်မှာ သီယေဂိုက ကျနေ်ာတို့နဲ့ လေ့ကျင့်ရေး ဆင်းထားပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ပွဲမှာ ပါဝင်ဖို့ကတော့ သူ့အတွက်… Continue Reading →

လီဗာပူးက ဘာစီလိုနာ တောင်ပံလူ ဒမ်ဘီလီကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင်ထား

လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူဖို့ရာ လှုပ်ရှားမှုတွေ ရှိနေပြီး ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို ချဉ်ကပ်မှုတွေ ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ လီဗာပူးက တောင်ပံတိုက်စစ်နေရာကို အဓိက အားဖြည့်လိုနေတာဖြစ်ပြီး ပစ်မှတ်တွေထဲမှာတော့ ဝုဗ်မှ ထရာအိုရေး၊ ဝတ်ဖိုဒ့်မှ ဆာနဲ့ ဘာစီလိုနာမှ ဒမ်ဘီလီတို့ ပါဝင်နေတာဖြစ်တယ်။ လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြမှုအရ ဆာကို အပြီးသတ် ခေါ်ယူဖို့က အလေးအနက် စဉ်စားလာနေတဲ့ ကိစ္စ ဖြစ်သော်လည်း အခြားသော တိုက်စစ်သမားတွေနဲ့ ချိန်ထိုးကြည့်မှုတွေ လုပ်ဦးမယ်လို့ သိထားရပါတယ်။ စပိန်သတင်းတွေဘက်ကတော့ လီဗာပူးက… Continue Reading →

လီဗာပူးက လူရောင်းတဲ့ကလပ် မဟုတ်ကြောင်းနဲ့ အချိန်ကျရင် ငွေသုံးမယ်လို့ ကလော့ပ် ပြော

မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ဟာ တိုးတက်လာဖို့ကို အမြဲတမ်း စဉ်းစားနေပြီး ဈေးကွက် မပိတ်သေးတာကြောင့် ဆန္ဒမစောဖို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် လီဗာပူးက လူသစ်ခေါ်ယူမှု အားနည်းခြင်းအတွက် အဓိက ဝေဖန်ခံရတာပါ။ မနှစ်တုန်းကလည်း လူသစ် ခေါ်ယူခဲ့ခြင်း မရှိတာကြောင့် အသင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ကလော့ပ်ကတော့ အားလုံးက အဆက်မပြတ် အလုပ်လုပ်နေကြတာပါလို့ ပြောပါတယ်။ ကလော့ပ်က ” ငါတို့က တိုးတက်လာဖို့ကိုပဲ တသမတ်တည်း တွေးတောကြံဆနေတာပါ။ ဈေးကွက်က ပုံမှန်အတိုင်း သွားနေတာဖြစ်တယ်။ အောက်တိုဘာလ… Continue Reading →

ချယ်ဆီး၊ လမ်းပတ်နဲ့ လန်ဒန်အသင်းရဲ့ ကစားသမားသစ်တွေကို ကလော့ပ် ချီးကျူး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲကြိုမှာတော့ သတင်းစာတွေက ခေတ်သစ် ပြိုင်ဘက်အတွဲအဖြစ် လီဗာပူးနဲ့ ချယ်ဆီးကို တွဲပေးနေတာကို ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။ ဒီရက်ပိုင်းမှာ သတင်းသမားတွေက မန်နေဂျာကလော့ပ်နဲ့ ချယ်ဆီးမန်နေဂျာ ကလော့ပ်ကို ရန်တိုက်ပေးတဲ့ သတင်းတွေကို ဖန်တီးနေကြတယ်။ အထူးသဖြင့် ကလော့ပ်က ချယ်ဆီးမန်နေဂျာ လမ်းပတ်ရဲ့ အပြောင်းအရွှေ့မှာ ငွေသုံးစွဲမှုကြီး လုပ်နေတာကို မကျေနပ်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲတဲ့ ဇာတ်လမ်းကို ဖန်တီးနေခဲ့ကြတာဖြစ်ပါတယ်။ ကလော့ပ်က ” ဘာပြိုင်ဆိုင်မှုမှ မရှိပါဘူး။ သတင်းစာတွေက ရန်ဘက်လုပ်နေတာကို ဖတ်တာတွေ ရပ်လိုက်သင့်ပါပြီ။ ငါဘယ်တုန်းကမှ အဲ့လို… Continue Reading →

သီယေဂိုအကြောင်း ပြောနေချိန်မှာ ဟန်မဆောင်နိုင်အောင်ကို ပျော်နေတဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးပွဲကြို မီဒီယာတွေဆုံမှုကို စလုပ်ပေးနေပြီဖြစ်ပါတယ်။ အားလုံးထင်တဲ့အတိုင်းပဲ လူတိုင်းက သီယေဂိုကိစ္စပဲ မေးနေကြပါတယ်။ သီယေဂိုကိုယ်တိုင်ကတော့ ဘိုင်ယန်ကို နုတ်ဆက်လိုက်ပါပြီ။ သူက မနက်ပိုင်းမှာ မန်ချက်စတာကို ရောက်လာခဲ့ကာ အဲ့ကနေ လီဗာပူးအသင်းကို ရောက်လာပြီး ဆေးစစ်မှုတွေ လုပ်နေတယ်လို့ သိထားရတယ်။ ဒီနေ့မကူးခင်မှာ အတည်ပြု ကြေညာနိုင်ပါတယ်။ သီယေဂိုအကြောင်း ဖြေပေးနေချိန်မှာ ကလော့ပ်က အတော်လေး ပျော်ရွှင်နေတယ်။ ကလပ်က အတည်မပြုပေးတာကြောင့် ကလော့ပ်က သီယေဂို ရောက်ပြီလို့ မပြောပေမယ့် သူ့အမူအယာအရ ဆေးစစ်မှုတွေလည်း အောင်မြင်ဟန်ရှိတယ်။ ကလော့ပ်က… Continue Reading →

ကာရာဘောင်း၊ သီယေဂို၊ ကမာချို၊ ဆာ၊ အိုရီဂီနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ သီယေဂိုနဲ့ ဆေးစစ်မှုကို ဒီကနေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရတယ်။ လီဗာပူးပရိသတ်တွေ ရှာတွေ့ထားတဲ့ အချက်အလက်မှာတော့ မြူနစ်ကနေ ထွက်လာမယ့် လေ့ယာဉ်က လီဗာပူးကို နေ့လည် ၁း၃၀ နာရီမှာ ရောက်မှာဖြစ်လို့ အတည်ပြုမှုက နေ့ခင်းပိုင်းထက် ညပိုင်းမှပဲ ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ သီယေဂိုဟာ ဘိုင်ယန်မှာတော့ တစ်ပတ်ကို လုပ်ခ ပေါင် ၂၀၈၀၀၀ ထိ ရရှိနေသူပါ။ လီဗာပူးမှာတော့ လုပ်ခ လျော့ယူမှာဖြစ်ပြီး ပေါင် ၁၆၀၀၀၀-၁၈၀၀၀၀ ကြားရမှာဖြစ်ကာ ဆာလက်၊ ဗန်ဒိုက်တို့နောက် လီဗာပူးရဲ့ တတိယမြောက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!