Date

September 19, 2020

စိတ်ဓါတ် သိပ်ပြင်းထန်တဲ့ လီဗာပူးအသင်းမှာ ကစားလိုတာက သူ့ရဲ့ ရည်ရွယ်ချက်ပါဆိုတဲ့ ဂျိုတာ

လီဗာပူးအသင်းဟာ ဒီရာသီအတွက် သုံးဦးမြောက် လက်မှတ်ထိုးမှုအဖြစ် ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျိုတာက လီဗာပူးအသင်းမှာတော့ လယ်လာနာရဲ့ ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၂၀ ကို ဝတ်ဆင်မှာဖြစ်တယ်။ သူက လီဗာပူးရဲ့ စိတ်ဓါတ် ပြင်းထန်မှုကို အားကျကြောင်းနဲ့ အဓိက တိုက်စစ်သမားတွေကို ဖိအားပေးနိုင်ဖို့ ကြိုးစားမယ်လို့ ဖွင့်ဟခဲ့တယ်။ ဂျိုတာက “ လီဗာပူးက သိပ်ကို ခမ်းနားတဲ့အသင်းပါ။ ပွဲတွေကို စိတ်ဓါတ်ပိုင်း ပြင်းပြင်းထန်ထန်နဲ့ ဖိအားပေး ကစားတဲ့နေရာမှာ အခြားသော အဆင့်တစ်ခုကို ရောက်နေတဲ့… Continue Reading →

ရိုဘိုပြောတဲ့ လီဗာပူးပရိသတ်တွေ လက်ခုပ်တီးပြီး ကြိုဆိုခြင်း ခံရမယ့် ယူနိုက်တက် အသင်းသား

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အန်ဖီးကွင်းက လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာတော့ အနီရောင်သားတွေ လက်ခုပ်တီးပြီး ကြိုဆိုခြင်း ခံရမယ့် တစ်ဦးတည်းသော သရဲနီအသင်းသားက ရပ်ဖိုဒ့်ပါလို့ ရော်ဘတ်ဆန်က ထုတ်ပြောလိုက်ပါတယ်။ အင်္ဂလန်သား တိုက်စစ်သမားဟာ လော့ဒေါင်းကာလအတွင်း ကျောင်းတွေမှာ ကလေးသူငယ်တွေ အစားအသောက် အခမဲ့ ရဖို့ရေးအတွက် ကြိုးစားပေးခဲ့သူဖြစ်တယ်။ ရပ်ဖိုဒ့်ဟာ သူ့ရဲ့ လူသားဆန်မှု အများအကျိုး ဆောင်ရွယ်ပေးမှုတွေကြောင့် လီဗာပူးပရိသတ်တွေရဲ့ လေးစားမှုကို ရပါလိမ့်မယ်လို့ ရိုဘိုက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ လော့ဒေါင်းကာလမှာတော့ ရပ်ဖိုဒ့်က ကလေးသူငယ်တွေအတွက် ကြိုးစားပေးခဲ့သလိုပဲ လီဗာပူးအသင်းခေါင်းဆောင်… Continue Reading →

ဂျိုတာနဲ့ ကီဂျာနာ ဟိုဗာ အပြောင်းအရွှေ့ကို ဝုဗ်ဘက်က အတည်ပြု

ဝုဗ်မန်နေဂျာ ဆန်တိုက လီဗာပူးအသင်းကနေ ကီဂျာနာ ဟိုဗာကို ခေါ်ယူနိုင်ကြောင်းနဲ့ ဂျိုတာက လီဗာပူးကို ပြောင်းမယ်ဆိုတဲ့ ကိစ္စကို အတည်ပြုပေးပါတယ်။ တစ်ချိန်တည်းမှာပဲ ကီဂျာနာက လီဗာပူးအသင်းကို နုတ်ဆက်ခဲ့ပြီဖြစ်ကာ တစ်ခုတည်းသော ကိစ္စအဖြစ် လီဗာပူးက ဂျိုတာကို တရားဝင် မိတ်ဆက်ပေးဖို့ပဲ ကျန်ပါတော့တယ်။ ဝုဗ်မန်နေဂျာ ဆန်တိုက ” ပထမဦးဆုံး ကြာသပတေးနေ့က ကျနော် ဖြေပေးခဲ့တာတွေအတွက် တောင်းပန်စကား ပြောလိုပါတယ်။ ဒါပေမယ့် အားလုံးလည်း နားလည်ပေးကြမယ် ထင်ပါတယ် ” လို့ စပြောပါတယ်။ ဂျိုတာနဲ့ ကီဂျာနာ… Continue Reading →

လီဗာပူးကို သီယေဂို ရောက်သွားတာအတွက် ရင်နာမိတယ် ဆိုလာတဲ့ အန်ဆယ်လော့တီ

အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဘိုင်ယန်မြူနစ်အသင်းမှာ သူနဲ့ လက်တွဲခဲ့တဲ့ သီယေဂိုက လီဗာပူးကို ရွေးလိုက်တာအတွက် ခံစားရတယ်လို့ ရင်ဖွင့်သွားပါတယ်။ ဘိုင်ယန်မန်နေဂျာဘဝ အန်ဆယ်လော့တီနဲ့ သီယေဂိုတို့ဟာ အတူ အလုပ်လုပ်ခဲ့ဖူးတာပါ။ မြို့ခံပြိုင်ဘက် အသင်းကို သီယေဂို ရောက်သွားတာအတွက် စိတ်ပျက်မိပေမယ့် ကလော့ပ်အတွက် ပျော်မိပါတယ်လို့ အန်ဆယ်လော့တီက ဝန်ခံပါတယ်။ အဲဗာတန်မန်နေဂျာက ” ငါ့အသဲတွေ ကွဲပါပြီ၊ ငါ့အသဲတွေတော့ ကွဲပါပြီကွာ ” လို့ ရယ်ရယ်မောမော ပြောပါတယ်။ သူကပဲ ” သီယေဂိုက ငါ့ရဲ့ သူငယ်ချင်းပါ။ သူက… Continue Reading →

လီဗာပူးအသင်းက ဆာထက် ဂျိုတာကို ဦးစားပေးခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်း အကြောင်းရင်း ၄ ချက်

လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ ဒီညပိုင်းမှာတော့ အတည်ပြုသတင်း ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် ဂျိုတာ၊ ဆာနဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေကို စောင့်ကြည့် လေ့လာခဲ့တယ်။ အဓိက အားဖြင့် ဝုဗ်အသင်းမှ ဂျိုတာနဲ့ ဝတ်ဖိုဒ့်မှာ ဆာတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆာကို ကျော်ကာ ဂျိုတာကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်းတွေကို ဖော်ပြပါမယ်။ ပြောင်းရွှေ့ကြေး လီဗာပူးက ဝုဗ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား… Continue Reading →

သီယေဂို လီဗာပူးကို ပြောင်းနိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ အလွန်ဆိုနဲ့ ကော်တင်ညို

လီဗာပူးကစားသမားသစ်တွေ ဖြစ်လာတဲ့ သီယေဂိုက သူ့ရဲ့ ပထမဆုံး အင်တာဗျူးမှာတော့ မာဆေးဆိုဒ်ကို ပြောင်းလာဖို့ အလွန်ဆိုနဲ့ ကော်တင်ညိုတို့က ကူညီပေးခဲ့တာကို ဝန်ခံပါတယ်။ သီယေဂိုက ” ကျနေ်ာ သူတို့ကို ဘောလုံးဆိုတာထက် ပိုတဲ့ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေ၊ ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လီဗာပူးက ဘယ်လိုအသင်းမျိုးလဲ ဆိုတာတွေပေါ့ ” ဆိုပြီး လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ သူကပဲ ” လီဗာပူးက အံ့မခန်းပါပဲ။ သူတို့ အရမ်းကောင်းကောင်း စွမ်းဆောင်နိုင်တယ်။ နှစ်တိုင်းမှာ… Continue Reading →

ဒီရာသီမှာ သီယေဂိုကို ပေါင် ၅ သန်း၊ ဂျိုတာကို ပေါင် ၄ သန်းပဲ ပေးရမယ့် လီဗာပူး

လီဗာပူးအသင်းဟာ သီယေဂို၊ ဂျိုတာတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့နောက် စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှု ပုံစံတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Tha Athletic က ဖော်ပြမှုအရ လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂိုကို ပေါင် ၂၅ သန်း၊ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ပေါင် ၄၅ သန်းတို့ဖြင့် ခေါ်ယူမှုရခဲ့ခြင်းဖြစ်ကာ ၄ နှစ်နဲ့ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်တွေ ချုပ်ဆိုပါတယ်။ ဒါပေမယ့်လို့ သူတို့ကို ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပုံစံတွေက… Continue Reading →

ချယ်ဆီးပွဲအမှီ သီယေဂိုကို ပရီးမီးယားလိဂ် ကစားသမား နာမည်စာရင်း သွင်းခဲ့ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ သီယေဂို အယ်ကန်တာရာကို ခေါ်ယူအပြီးမှာပဲ ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်ပုံတင်ခြင်းတွေကို ခပ်မြန်မြန်ပဲ အောင်မြင်အောင် လုပ်သွားခဲ့ပါတယ်။ စပိန်ကွင်းလယ်လူဟာ လီဗာပူးအသင်းကို ပေါင် ၂၅ သန်း ထိရှိမယ့် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာပါ။ ဒီကနေ့မှာ သူဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး စဝင်မှာ ဖြစ်သလို လီဗာပူးဘက်က အမြန်ဆုံး စီစဉ်ပေးမှုကြောင့် တနင်္ဂနွေနေ့ ချယ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားပေးလို့လည်း ရနိုင်မှာဖြစ်ပါတယ်။ ကလော့ပ်ကလည်း ‘ တနင်္ဂနွေနေ့ပွဲအတွက် လူစာရင်း မလုပ်ရသေးပါဘူး။ ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။ သီယေဂိုနဲ့ မတွေ့ရသေးဘူး။… Continue Reading →

ဂျိုတာအတွက် သဘောတူညီမှုရခြင်းနဲ့ ဂရုဂျစ်၊ ဝဲလ်ဆန် အပါ လီဗာပူး အပြောင်းအရွှေ့ ကိစ္စများ

လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း Tha Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ လီဗာပူးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။ ကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေမှာ အောင်မြင်မှုအရ ပေါင် ၄၅ သန်းထိ ရောက်ရှိသွားနိုင်ပါတယ်။ နယ်သာလန် ခံစစ်သမား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!