Date

September 20, 2020

မာနေးရဲ့ သွင်းဂိုးတွေဖြင့် ချယ်ဆီးကို အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲ ဆက်ယူတဲ့ လီဗာပူး

စတမ်းဖိုဒ့်ဘရစ်မှာ ရင်ဆိုင်ကစားတဲ့ လီဗာပူးနဲ့ ချယ်ဆီးပွဲမှာတော့ လီဗာပူးက ၂-၀ နဲ့ အနိုင်ယူပြီး ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်ကို ရယူသွားခဲ့ပါတယ်။ ပွဲနေ့ လူစာရင်းအဖြစ်တော့ လီဗာပူးအသင်းဟာ ခံစစ်မှာ ဗန်ဒိုက်နဲ့ ဖာဘင်ညိုကို တွဲပေးခဲ့ကာ ကွင်းလယ်ကတော့ အကောင်းဆုံး တွဲဘက်လို့ ဆိုနိုင်တဲ့ ဟန်ဒို ဂီနီနဲ့ ကိတ်တာတို့ဖြစ်ပြီး ထရန့် ရိုဘို အစွန်တွဲဘက်နဲ့ အဓိက တိုက်စစ်သုံးယောက်တန်းကို ထုတ်သုံးပါတယ်။ ဂိုးမက်စ် ဒီတစ်ပွဲစာအတွက်ပဲ မပါနိုင်ခြင်းဖြစ်ကာ မာတစ်ကတော့… Continue Reading →

သီယာဂိုနဲ့ ဂျိုတာတို့ကြောင့် ဥရောပတန်ကြေးအကြီးဆုံး လူစာရင်းဖြစ်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီရာသီ ဒုတိယမြောက်နဲ့ တတိယမြောက် ခေါ်ယူမှုတွေအဖြစ် သီယာဂိုနဲ့ ဂျိုတာတို့ကို အပြီးသတ် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ သီယာဂိုကိုတော့ ပေါင် ၂၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေး၊ ဂျိုတာကိုတော့ ပေါင် ၄၅ သန်းထိ ရောက်နိုင်မယ့် ပြောင်းရွှေ့ကြေးတွေဖြင့် ခေါ်ယူထားခဲ့တယ်။ ဒီခေါ်ယူမှုကြောင့် လီဗာပူးအသင်း လူစာရင်းရဲ့ တန်ကြေးတွေက ပိုမို မြင့်တက်လာခဲ့ကာ ဥရောပရဲ့ တန်ကြေးအကြီးဆုံး လူစာရင်းမှာ နံပါတ် တစ်နေရာကို ပြောင်းလဲ ရောက်ရှိသွားပါတယ်။ ဥရောပတန်ကြေးအကြီးဆုံးဆိုတဲ့ တွက်ချက်မှုကတော့ ကလပ်မှာရှိတဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ… Continue Reading →

တိုက်စစ်သမား ဂျိုတာကို နောက်ထပ် ခြေလှမ်းအတွက် စိန်ခေါ်လိုက်တဲ့ မန်နေဂျာကလော့ပ်

လီဗာပူးမန်နေဂျာ ကလော့ပ်က ကစားသမားသစ် ဂျိုတာကို ပွဲတွေအများကြီး ဆက်တိုက် ကစားခွင့်ရဖို့ မမျှော်လင့်ဖို့ သတိပေးလိုက်ပြီး ကိုယ်ဘာသာ အကောင်းဆုံး လုပ်ပြဖို့ စိန်ခေါ်လိုက်ပါတယ်။ လီဗာပူးက ဂျိုတာကို ပေါင် ၄၅ သန်းပေးပြီး ခေါ်ယူထားပေမယ့် ဒီပြောင်းရွှေ့ကြေးက သူ့ကို ပွဲထွက်ခွင့် အာမခံချက်ပေးမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုလိုက်တာဖြစ်တယ်။ ဂျိုတာအနေနဲ့ ပွဲကစားလိုရင် တိုးတက်မှုနဲ့ ကိုယ်ဘာသာ သင်ယူမှုတွေနဲ့အတူ အခြားသော အသင်းဖော်တွေလို ကြိုးစားပြနိုင်ရမယ်လို့ ဆက်ပြီး သတိပေးပါတယ်။ ကလော့ပ်က ” ဒါက နောက်ထပ်… Continue Reading →

Transfer: ချိန်ဘာလိန်ကိစ္စ ငြင်းဆန်ခြင်းနဲ့ ကာဘတ် အပြောင်းအရွှေ့အတွက် နောက်ဆုံးရသတင်း

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကိုစတက်၊ သီယာဂိုနဲ့ ဂျိုတာတို့ကို ခေါ်ယူခဲ့ပြီးနောက် နောက်ထပ်သော ကစားသမားသစ် ရောက်ရှိလာဖို့ နည်းပါးသွားပြီဖြစ်ပါတယ်။ လီဗာပူးရဲ့ ဦးစားပေးဟာ ကစားသမား ရောင်းထုတ်မှုနဲ့အတူ အသင်းရဲ့ လူစာရင်း ဟန်ချက်ညီမှုကို ရှာဖွေဖို့ဖြစ်တယ်။ အထူးသဖြင့် ကားရီးယက်စ်၊ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ကို ရောင်းထုတ်နိုင်အောင် ကြိုးစားဖို့ဖြစ်ကာ အနည်းဆုံး ၂ ဦးကို ဒီနွေမှာတင် အပြီးသတ် ထွက်ခွင့်ပေးဖို့ကို ကလပ်က ကြိုးစားနေပါတယ်။ အဝန်နီယီကို ဘွန်ဒက်လီဂါကလပ်ထံ တစ်ရာသီ အငှားချခဲ့ပြီဖြစ်ကာ တိုက်စစ်မှူး အိုရီဂီကတော့ အသင်းကနေ ထွက်ခွာသွားဖွယ်… Continue Reading →

ယာဂင် ပြောပြတဲ့ ဆာလက် အောင်မြင်နေရခြင်းရဲ့ အဓိက သော့ချက်

မန်နေဂျာယာဂင်ကလော့ပ်က ဆာလက်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အောင်မြင်လိုစိတ်တွေက သူ့ရဲ့ ကစားသမားဘဝကို ဆက်လက် အောင်မြင်နေခြင်းရဲ့ သော့ချက်အဖြစ် ထုတ်ပြောခဲ့ပါတယ်။ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီမှာ သွင်းဂိုး ၄၄ ဂိုးထိ သွင်းယူခဲ့တယ်။ ဘောလုံးရာသီတိုင်းမှာလည်း သူက သွင်ဂိုးတွေ၊ နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို ဆာလောင်နေပြီး ဒီရာသီမှာတော့ ပထမဆုံးရာသီက မှတ်တမ်းတွေကို ပြန်ယူဖို့ ရည်မှန်းချက် ထားနေသူ ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာကြီးက “ ပထမဆုံး ရိုးရိုးသားသား ပြောရရင် ဆာလက်ဟာ သူလုပ်ထားနိုင်ခဲ့တာတွေအတွက် အသိအမှတ်ပြခြင်းတွေကို ခံရထိုက်သူပါ။… Continue Reading →

ဝိုက်နယ်ဒမ်ကို ဝယ်ခွင့်မရှိဘူးလို့ လာလီဂါရဲ့ တားမြစ်ခြင်း ခံထားရတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာလီဂါစည်းမျဉ်းတွေအရ လီဗာပူးအသင်းမှ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူလို့ မနိုင်ဘဲ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။ မန်နေဂျာသစ် ကိုးမန်းဟာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ လိုင်ယွန် တိုက်စစ်သမား ဒီပေးတို့ကို ဒီနွေမှာ ခေါ်ယူဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေက အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေခြင်းကြောင့် ကစားသမားသစ် ခေါ်ယူတဲ့ ကိစ္စတွေမှာ စပိန်လိဂ်ရဲ့ ဘောလုံးအကြီးအကဲတွေက ပိတ်ပင်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးမှာ လာလီဂါကလပ်တွေရဲ့ ဘဏ္ဍာရေးနဲ့ ပက်သက်လို့ လာလီဂါက… Continue Reading →

သီယာဂိုနဲ့ ဂျိုတာကို ဘယ်လို သုံးမလဲ အမေးအား ရှင်းလင်းစွာ အဖြေပြန်တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က နွေကစားသမား ခေါ်ယူမှု နောက်ဆက်တွဲတွေအဖြစ် သီယာဂိုနဲ့ ဂျိုတာတို့ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် လူထုတ်မှုနဲ့ ပက်သက်လို့ အဖြေပေးလာပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်းမှာ အင်အားတောင့်လာခဲ့ပြီ ဖြစ်သလို တိုက်စစ်မှာလည်း ရွေးချယ်စရာတွေ ပိုလာခဲ့ပါပြီ။ ပွဲနေ့တွေ့မှာတော့ ပွဲထွက် ၁၁ ဦးနဲ့ အရန် ၇ ဦးပဲ ပါဝင်ခွင့်ရမှာဖြစ်တယ်။ ဒါကြောင့် မကြာခင်မှာတော့ ပွဲထွက်ခွင့်ဟာ တိုက်ပွဲတစ်ခု ဖြစ်လာပါမယ်။ ကလော့ပ်က “ ကစားသမားတွေ အားလုံးက တစ်ချိန်တည်းမှာတော့ အားလုံး မကစားနိုင်ပါဘူး။ အဲ့တာက အမှန်ပါပဲ။ ကစားသမားတွေ… Continue Reading →

ဂျိုတာအတွက် ဝုဗ်တောင်းတဲ့ ပေါင် ၃၅ သန်း တန်ကြေးထက် ပိုပေးခဲ့တဲ့ လီဗာပူး

လီဗာပူးနဲ့ ဝုဗ်အသင်းတို့ဟာ ဂျိုတာအတွက် ပြောင်းရွှေ့ကြေးမှာ ပုံစံသစ်ကြောင့် မူလတန်ကြေးထက် ပေါင် ၁၀ သန်းကို လီဗာပူးဘက်က ပိုပေးခဲ့တယ်လို့ ဝုဗ်သတင်းထောက် Tim Spiers က အတည်ပြုပါတယ်။ ဂျိုတာအတွက် ပြောင်းရွှေ့ကြေးဟာ အာမခံချက်ပေးတဲ့ ပမာဏနဲ့ ဆုကြေးတွေ အပါအင် အမြင့်ဆုံး ပေါင် ၄၅ သန်းထိ ရောက်ရှိမှာပါ။ လာမယ့် ၁၂ လအတွင်းမှာ ဝုဗ်ဘက်က ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ၁၀% ဖြစ်တဲ့ ပေါင် ၄.၅ သန်းကိုပဲ ရမှာဖြစ်တယ်။ ဝုဗ်ဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!