Date

September 21, 2020

တနင်္လာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးက ချယ်ဆီးကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ယာဂင်ကလည်း ပုဂ္ဂိုလ်ရေး စံချိန်ကောင်းတစ်ခုကို ရရှိခဲ့ကာ သူဟာ လီဗာပူးမန်နေဂျာဘဝ ရမှတ် ၄၀၀ ကို အမြန်ဆုံးရတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာခဲ့တယ်။ ပရီးမီယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ လီဗာပူးတိုက်စစ်သမား ဘရူးစတားကို ကနဦး ပေါင် ၁၉ သန်း ထပ်တိုး ပေါင် ၆ သန်းဖြင့် ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပြီး ပဲလေစ့် ပိုင်ရှင်ကတော့ အဆိုပါ သတင်းကို ငြင်းဆန်ပါတယ်။ သီယာဂိုဟာ ဘိုင်ယန်ကနေ… Continue Reading →

လီဗာပူးသမိုင်းမှာ ပထမဆိုတဲ့ မှတ်တမ်းတစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို အနိုင်ရခဲ့ခြင်းကြောင့် အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သုံးရာသီဆက်တိုက် အဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရမှု ဖြစ်လာခဲ့ပါတယ်။ လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ၂ ရာသီဆက်တိုက် အဖွင့်ပွဲ ၂ ပွဲ နိုင်တာမျိုးကို အကြိမ်ကြိမ် ပိုင်ဆိုင်ခဲ့ပေမယ့် သုံးရာသီဆက်တိုက်ကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါဟာ လီဗာပူးက ရာသီစကို အထမနှေးတော့ခြင်းလို့ အဓိပ္ပာယ် သက်ရောက်သလို အာရုံစိုက်မှုကို ရာသီစမှာတင် အပြည့်အဝ ထားရှိနိုင်တယ်လို့လည်း ဆိုလိုပါတယ်။ ယာဂင်ကလည်း ပုဂ္ဂိုလ်ရေး စံချိန်ကောင်းတစ်ခုကို ရရှိခဲ့ကာ သူဟာ လီဗာပူးမန်နေဂျာဘဝ… Continue Reading →

ချယ်ဆီးဘက်က ကန်သွင်းတဲ့ ပင်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့အပေါ် ရင်ဖွင့်သွားတဲ့ အယ်လီဆန်

ချယ်ဆီးနဲ့ပွဲအတွင်း အရေးပါတဲ့ အခိုက်အတန်တွေထဲမှာတော့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို အယ်လီဆန် ကာကွယ်နိုင်ခဲ့ခြင်းကလည်း ပါဝင်ပါတယ်။ ဝါနာရဲ့ ဧရိယာထဲ လဲကျမှုကို သီယာဂို ဖြတ်ဝင်ပြေးမှုကြောင့်ဆိုကာ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့တယ်။ ပွဲက အနိုင်ရခဲ့ပြီးဖြစ်သလို ချယ်ဆီးဘက်က တစ်ယောက်လျော့နေတာကြောင့် ဝါနာဖြစ်ရပ်မှာ လီဗာပူးအသင်းသားတွေက သိပ်ပြီး စောဒက မတက်ခဲ့ကြပါဘူး။ ချယ်ဆီးကစားသမားဘဝ ပင်နယ်တီ တစ်ကြိမ်မှ မလွဲဖူးတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူ့ပုံစံအတိုင်း အဆုံးသတ်ရာမှာတော့ အယ်လီဆန်က ပုပ်ထုတ်နိုင်ခဲ့တယ်။ ပြန်စင်ထွက်လာတဲ့ ဘောလုံးကိုတော့ မီလ်နာက ရှင်းထုတ်နိုင်ခဲ့ပါတယ်။ အယ်လီဆန်က… Continue Reading →

BREAKING: ဘရူးစတားအတွက် ပေါင် ၂၅ သန်း စာချုပ်ဖြင့် ပဲလေစ့် တရားဝင် ကမ်းလှမ်း

ပရီးမီယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ လီဗာပူးတိုက်စစ်သမား ဘရူးစတားကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စကိုင်းစပေါ့က အတည်ပြုပါတယ်။ ပဲလေစ့်ဘက်က ကနဦး ပေါင် ၁၉ သန်း ထပ်တိုး ပေါင် ၆ သန်း ပါဝင်တဲ့ ပေါင် ၂၅ သန်းတန် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခွင့်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကမ်းလှမ်းမှုမှာတော့ ၎င်းတို့ရဲ့ အစောပိုင်း ချိတ်ဆက်မှု လုပ်ခဲ့စဉ်မှာ လီဗာပူး ငြင်းဆန်ခဲ့တဲ့ အချက်ကို ပြင်ဆင်ပြီး ထည့်သွင်းပေးခဲ့ပါတယ်။ ကမ်းလှမ်းမှုအရ အနာဂတ်မှာ လီဗာပူးက… Continue Reading →

စီရော်နယ်ဒို မှတ်တမ်းကို ချိုးဖျက်တဲ့ မာနေးအား လိဂ်အကောင်းဆုံးအဖြစ် ဖာဘရီဂတ်စ် ချီးကျူး

ချယ်ဆီးကို အနိုင်ယူတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့နောက် မာနေးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး တောင်ပံသမားတွေထဲက တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ မှတ်တမ်းကောင်း တစ်ခုကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကစားသမားဘဝအဖြစ် ယူနိုက်တက်မှာ ကစားခဲ့စဉ် ပွဲပေါင်း ၁၉၆ ပွဲအတွင်း သွင်းဂိုး ၈၄ ဂိုး သွင်းယူခဲ့သူဖြစ်တယ်။ မာနေးကတော့ ဆောက်သမ်တန်နဲ့ လီဗာပူးအသင်းတွေမှာ ပွဲပေါင်း ၁၉၆ ပွဲ ကစားခဲ့ပြီဖြစ်ကာ သွင်းဂိုး ၈၆ ဂိုးထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ မာနေးက စိန့်ကစားသမားဘဝ သွင်းဂိုး… Continue Reading →

Transfer: ဗဟိုခံစစ်မှူး အပါအဝင် လီဗာပူးရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ကိစ္စ

လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့အတွက် နောက်ဆုံး ကိစ္စတွေကို အသင်းသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ ဖော်ပြသွားပါတယ်။ အသင်းဟာ အဓိက ပစ်မှတ်တွေဖြစ်တဲ့ ဘယ်အစွန်လူ၊ ကွင်းလယ်နဲ့ တိုက်စစ်သမား သစ်တွေကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ပရိသတ်တွေ မေးခွန်းထုတ်နေတာက ဗဟိုခံစစ်မှူးနေရာ အားဖြည့်မလားဖြစ်တယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က ဖာဘင်ညိုကို စတုတ္ထခံစစ်သမားအဖြစ် မြင်ထားပြီး လက်ကျန်ရာသီအတွက် သူ့ကိုပဲ ဆက်သုံးဖို့ ရည်ွယ်ပါတယ်။ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တိုက်စစ်တစ်နေရာကို အဓိက ဖိအားပေးဖို့ ဂျိုတာကို ခေါ်ယူထားခဲ့ပြီဖြစ်တယ်။ လီဗာပူးအသင်းက… Continue Reading →

ချယ်ဆီး အနီကဒ်နဲ့ ပက်သက်ပြီး အရန်ခုံက အပြုအမှုကို မပျော်တဲ့ ကလော့ပ်

ချယ်ဆီးနဲ့ပွဲမှာ ပြိုင်ဘက်အသင်းသား အနီကဒ် ပြသခံရခြင်းကို အောင်ပွဲခံတဲ့ အပြုအမှုကို မကြိုက်ဘူးလို့ အသင်းနည်းပြအဖွဲ့ကို ကလော့ပ်က သတိပေးလိုက်ပါတယ်။ VAR ပြန်စစ်ပြီးချိန်မှာ နည်းပြအဖွဲ့ဝင် တစ်ဦးက လက်ခုပ်တီးပြီး အောင်ပွဲခံခဲ့တာပါ။ ကလေ့ာပ်က လက်ခုပ်တီးပြီး အောင်ဟစ် ပျော်ရွှင်နေသံကို ကြားတဲ့နောက် ချက်ခြင်း နောက်လှည့်ခဲ့ပြီး ” မင်းရူးနေလား? အဲ့လို အပြုအမှုမျိုး ငါတို့အသင်း ဘယ်တုန်းကမှ မလုပ်ဘူး ” လို့ ငေါက်ငမ်း တားမြစ်ခဲ့တာဖြစ်တယ်။ ပေးသင့်တဲ့ ပြစ်ဒဏ်ကို ပေးခြင်းကို ကလော့ပ်ကလည်း လိုချင်ပေမယ့် လက်ခုပ်တီးပြီး… Continue Reading →

၄၅ မိနစ်ပဲ ကစားရသေးတဲ့ သီယာဂိုကို ဘာလို့ ချီးကျူးမှုတွေ မြင့်တက်နေရသလဲ

လီဗာပူးကွင်းလယ်လူသစ် သီယာဂိုဟာ ချယ်ဆီးနဲ့ပွဲအတွက် လိုက်ပါလာခဲ့ပြီး အရန်လူစာရင်းမှာ ပါဝင်လာခဲ့ကာ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ပူးပေါင်းထားတာ ၄၈ နာရီပဲ ရှိသေးတဲ့ ကွင်းလယ်လူဟာ လေ့ကျင့်ရေး အပြည့်တောင် မလုပ်ရသေးတဲ့ ကစားသမားပါ။ ဒါပေမယ့် ကလော့ပ်က ” သူ့ကို စသုံးဖို့ တစက္ကန့်လေးတောင် ငါစဉ်းစားရမယ် မထင်ပါဘူး ” လို့ ပွဲကြိုမှာ ထုတ်ပြောခဲ့တယ်။ လီဗာပူးရဲ့ စနစ်ကို ကောင်းကောင်းကြီး နားလည်တဲ့ ဟန်ဒို အသေးစား… Continue Reading →

ချယ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ကြိုက်နေမိတဲ့ သွင်းဂိုး ၂ ဂိုးအကြောင်း ကလော့ပ် ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲက ခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ဖာဘင်ညိုနဲ့ တိုက်စစ်မှာ လခြေစွမ်းပြခဲ့တဲ့ မာနေးတို့အကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့တယ်။ ကလော့ပ်က ” စူပါ ပွဲတစ်ပွဲပါ။ နှစ်သင်းလုံးအတွက် ပွဲကောင်းလည်း ဖြစ်ခဲ့တယ်။ ဒီပွဲကို အတော်လေး သဘောကျပါတယ်။ ချယ်ဆီးက ထိပ်တန်းအသင်းပဲ။ ပထမပိုင်းမှာတော့ ကျနော်တို့ရဲ့ ကစားပုံကို ကျေနပ်မိတယ်။ ကောင်းမွန်တဲ့ အခြေအနေတွေမှာ လိုင်းတွေကို ကျော်ဖြတ်ပြီး ဘောလုံးပေးနိုင်ခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ဘူး။ အနီကဒ်ဖြစ်ပြီးတော့ ဒုတိယပိုင်းက ခြားနားသွားတယ်။ ဘောလုံးကို ကိုင်ကစားပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!