Date

September 24, 2020

ကာရာဘောင်းပွဲကြို ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ယူအီးအက်ဖ်အေက ဥရောပဆိုင်ရာ နိုင်ငံတကာပွဲတွေနဲ့ ကလပ်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်နိုင်ကြောင်းကို အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ မားသားဝဲလ်အသင်းမှ အလားအလာကောင်းရှိသူအဖြစ် နာမည်ထွက်နေတဲ့ ၁၆ နှစ်သား ခံစစ်မှူး ဆမ် ကမ်းဘဲလ်ကိုတော့ လီဗာပူး၊ လိဒ်ယူနိုက်တက်နဲ့ ဘရိုက်တန်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ထားကြပါတယ်။ လီဗာပူးရဲ့ ကာရာဘောင်းပြိုင်ဘက် Lincoln အသင်းရဲ့ မန်နေဂျာ အပလီတန်က ဒီကနေ့ညပွဲမှာ တုန့်ပြန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြဖို့ သူ့အသင်းသားတွေကို တိုက်တွန်းပါတယ်။ Lincoln City တိုက်စစ်သမား တွမ်ကော့ပါက ” လီဗာပူးက… Continue Reading →

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ကို တရားဝင် ခွင့်ပြုမည်

ယူအီးအက်ဖ်အေက ဥရောပဆိုင်ရာ နိုင်ငံတကာပွဲတွေနဲ့ ကလပ်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်နိုင်ကြောင်းကို အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါနဲ့ လီဂူးဝမ်းတို့က ဒီရာသီမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်ခွင့် ပေးထားပေမယ့် ပရီးမီးယားလိဂ်ကတော့ တန်းဆင်းဇုန်ကလပ်တွေ ဆန့်ကျင်မှုနဲ့အတူ ယခင်ပုံစံအတိုင်း လူစားလဲမှု ၃ ခုကိုပဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင် အင်္ဂလန်ကလပ်တွေအဖို့ ဥရောပပြိုင်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၃ ခုပဲ… Continue Reading →

နိုင်ခြေ ၁၀၀၀ ပုံ ၁ ပုံပဲရှိရင်တောင် တိုက်ခိုက်လိုစိတ်နဲ့ ကစားမယ်ဆိုတဲ့ Lincoln မန်နေဂျာ

လီဗာပူးရဲ့ ကာရာဘောင်းပြိုင်ဘက် Lincoln အသင်းရဲ့ မန်နေဂျာ အပလီတန်က ဒီကနေ့ညပွဲမှာ တုန့်ပြန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြဖို့ သူ့အသင်းသားတွေကို တိုက်တွန်းပါတယ်။ အပလီတန်က လီဗာပူးလုပ်သမျှကို ခံရမယ့် အနေအထားနဲ့ ကွင်းထဲမှာ မယှဉ်ပြိုင်ကြဖို့နဲ့ သူတင်ကိုယ်တိုင် တိုက်ခိုက်လိုစိတ်နဲ့ ကစားပြီး အင်္ဂလန်ချန်ပီယံအသင်းကို အာရုံစားစေဖို့ ပြန်လည် ဖိအားပေးကြဖို့ တောင်းဆိုခဲ့တယ်။ Lincoln မန်နေဂျာ အပလီတန်က “ အကယ်လို ဒါက မြင်းပွဲဆိုရင် ပေါက်ကြေးက ၁၀၀ ပုံ ၁ ပုံ၊ ၁၀၀၀ ပုံ ၁… Continue Reading →

လာမယ့်ရာသီမှာ တိုက်စစ်မှူး အမ်ဘတ်ပီကို ပေါင် ၉၁ သန်းဖြင့် ခေါ်ယူနိုင်မည်

လာမယ့်ရာသီမှာတော့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးကို ပေါင် ၉၁ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြပါတယ်။ ပီအက်စ်ဂျီအသင်းသမိုင်းမှာ ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်တဲ့ အမ်ဘတ်ပီဟာ မိုနာကိုကနေ အငှားထွက်ခဲ့ပြီးမှ ရာသီအကုန်မှ အပြီးသတ်ဆိုတဲ့ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူပါ။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၅၀ သန်းထိ ကုန်ကျခဲ့တယ်လို့ သိထားရပြီး ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ် ၂ နှစ်ပဲကျန်တဲ့ အမ်ဘတ်ပီဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်း… Continue Reading →

ကလော့ပ်လက်အောက် ကစားခဲ့ရတာ လုံးဝ မမေ့ဘူးဆိုတဲ့ စီးရီးအေ ရွှေဖိနပ်ဆုရှင် အီမိုဘီလီ

အီတလီတိုက်စစ်သမား အီမိုဘီလီက ယာဂင်ကလော့ပ် လက်အောက်မှာ ကစားခဲ့ရာမှာ အလုပ်မဖြစ်ခဲ့ပေမယ့် ဂျာမနီမန်နေဂျာကြီးကို မေ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဟာ ကလော့ပ်လက်အောက် တစ်ရာသီ ကစားခဲ့ပြီး ရာသီအကုန်မှာတော့ ကလော့ပ်က ထွက်ခွာသွားသလို သူကိုယ်တိုင်ကလည်း အငှားချခြင်းတွေ ခံခဲ့ရသူဖြစ်တယ်။ ဒါပေမယ့်လို့ ဒေါ့မွန်အသင်းကို ပြောင်းခဲ့တာက အီမိုဘီလီကို ပိုမို တိုးတက်စေခဲ့တယ်။ အီမိုဘီလီက ” ကလော့ပ်လို ပုဂ္ဂိုလ်ကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူ့လက်အောက်မှာ ကစားခွင့်ရခဲ့တာက ကျနော် ကံကောင်းပါတယ်။ သူက တကယ်ကို ခံစားချက်ကြီးတဲ့… Continue Reading →

ပရိသတ်ဝင်ခွင့် မရှိခြင်းကြောင့် ကွင်းဝင်ကြေး အမြင့်ဆုံး ဆုံးရံှူးမှုမှာ နံပါတ် ၄ ချိတ်မယ့် လီဗာပူး

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က ဘောလုံးအသင်းတွေရဲ့ ပွဲစဉ်တွေအတွင်း ပရိသတ် တက်ရောက်ကြည့်ရှုခွင့်ကို မတ်လအထိ ပိတ်သွားမယ်လို့ ကြေညာခဲ့ပါပြီ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တွေဟာ ကွင်းထဲကို ပရိသတ်ဝင်ခွင့် မရှိခြင်းကြောင့် ပေါင် ၁ ဘီလီယံ ဆုံးရံှူးကြမှာဖြစ်တယ်။ လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ်မှာတော့ ဆုံးရံှူးမှု အကြီးမားဆုံး ကလပ်တွေထဲမှာ ၄ သင်းမြောက်အဖြစ် ပေါင် ၁၀၄ သန်းခန့် ဆုံးရံှူးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ လီဗာပူးဘက်က အောက်တိုဘာလကစပြီး အန်ဖီးကွင်းထဲကို ပရိသတ် ၁၃၀၀၀ ခန့် ဝင်ရောက်… Continue Reading →

ဂျိုတာ ရောက်လာခြင်းက ယုံကြည်မှု ကျဆင်းနေတဲ့ ဖာမင်နိုအတွက် သတိပေးမှု ဖြစ်လာသင့်တယ်

လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်က မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနကနေ ဂျိုတာကို လီဗာပူးခေါ်ယူခဲ့တာက ဖာမင်နိုကို ဖိအားပေးဖို့လို့ ခေါင်းကြီးသတင်း ရေးသားခဲ့ပါတယ်။ လီဗာပူးကစားကွက်ရဲ့ အဓိကလို့ ဆိုရမယ့် ဖာမင်နိုဟာ ဖန်တီးမှုနဲ့ ကစားနိုင်စွမ်းမှာ သိပ်ကောင်းပေမယ့် မနှစ်ကရာသီက စတင်ကာ ဂိုးရယူနိုင်မှု ကျဆင်းလာခဲ့တယ်။ သူ့ရဲ့ အန်ဖီးကွင်းက သွင်းဂိုးက လိဂ်ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်တဲ့ထိ အိမ်ကွင်းမှာ ဂိုးပေါက် ကျဆင်းခဲ့ပါတယ်။ ဂျိုတာကို ခေါ်ယူလိုက်ခြင်းက တိုက်စစ်ပိုင်းအတွက် လိုအပ်နေတဲ့ အရန်လူစာနေရာကို ဖြည့်တင်းနိုင်ခြင်း ဖြစ်သလို ဒါဟာ… Continue Reading →

လိဒ်ယူနိုက်တက်နဲ့ ချယ်ဆီးပွဲကြား ကွာဟသွားတဲ့ ခံစစ်အကြောင်းကို ပပ်လင်ဒါး ရှင်းပြ

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ စွယ်စုံရ ကစားသမားဖြစ်ပြီး ချယ်ဆီးပွဲမှာ ကောင်တာ တိုက်စစ်တွေကို အဓိက ဟန့်တားနိုင်ခဲ့တာက သူ့ကြောင့်ဖြစ်ကြောင့် လက်ထောက်နည်းပြ ပပ်လင်ဒါးက ဝန်ခံတယ်။ ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေးရခြင်းနဲ့ ချယ်ဆီးနဲ့ပွဲမှာ ဂိုးပေါက် ကာကွယ်နိုင်ခဲ့ခြင်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခံစစ်ကြောင်းရဲ့ ရဲ့ရင့်စွာ ပြုမှု လုပ်ဆောင်နိုင်မှုကြောင့် ဖြစ်ကာ ဖာဘင်ညိုကို ချီးကျူးသင့်တယ်လို့ လင်ဒါးက ဝန်ခံတယ်။ လင်ဒါး “ ဖာဘင်ညိုက သူ့ရဲ့ ပင်ကိုယ်စရိုက်ကို ပြသခဲ့တာပါ။ သူက အသင်းကို ကူညီပေးဖို့ အမြဲတမ်း အဆင်သင့်… Continue Reading →

လီဗာပူးမှာလည်း အားနည်းချက်ရှိပါတယ်ဆိုတဲ့ ကာရာဘောင်းပြိုင်ဘက်

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းပွဲ မတိုင်ခင်မှာ ပြိုင်ဘက်အသင်း တိုက်စစ်သမားက လီဗာပူးမှာ အားနည်းချက်တော့ ရှိမှာပါလို့ ဖွင့်ဟလာပါတယ်။ Lincoln City တိုက်စစ်သမား တွမ်ကော့ပါက ” လီဗာပူးက မယုံနိုင်အောင် ကောင်းတဲ့ အရည်အချင်းရှိပြီး သမိုင်းကြောင်း သိပ်ကောင်းတဲ့ အသင်းပါ။ ဒီတော့ ကျနေ်ာတို့က စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားသွားမှာပါ။ လူတိုင်းမှာ တစ်နေရာရာတော့ အားနည်းချက်တွေ ရှိကြပါတယ်။ အဲ့တာကို ရှာဖွေသွားမှာပါ ” ဆိုပြီး ၎င်းတို့အသင်း ဝဘ်ဆိုဒ်ကနေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!