Date

October 2, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေထဲမှာ အဝေးကွင်းသုံးပွဲကို ခရီးချိန် အတိုဆုံး သွားရမယ့်အသင်း ဖြစ်ပါတယ်။ ကလပ်က အဝေးကွင်း သုံးပွဲလုံးအတွက် စုစုပေါင်းမှ မိုင် ၁၉၀၀ ပဲ သွားရမှာဖြစ်ကာ ပွဲပန်းမယ့်အရေးက သက်သာခဲ့ပါပြီ။ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ချန်ပီယံလိဂ်မဲခွဲမှုအတွင်း ဥရောပ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ဆုယူစဉ်မှာ သူငယ်စဉ်က အကြိုက်ဆုံး အားပေးခဲ့ရတဲ့ ကစားသမားက မိုင်ကယ်အိုဝင်ပါလို့ ဝန်ခံပါတယ်။ လီဗာပူးအသင်းက နိုင်ငံတကာ သီတင်းပတ်မှာ တောင်အမေရိက ကစားသမားတွေကို လက်လွတ်ပေးရဦးမှာဖြစ်ကာ သူတို့ဟာ ၁၇… Continue Reading →

ဘာပဲဖြစ်ဖြစ် မင်းတို့အသင်းကိစ္စ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ခေါင်းရှောင်ခံနေရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အခြားသော ထိပ်တန်းအသင်းတွေလိုပဲ ဒီနှစ်အတွင်း ပွဲစဉ်ဇယား ကြပ်တည်းမှုကို ဆက်တိုက် ရင်ဆိုင်နေရပြီး ကြားထဲမှာ နိုင်ငံတကာ သီတင်းပတ်တွေကလည်း လုံးဝ အခွင့်အရေး မပေးပါဘူး။ ဥရောပမှာ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှုတွေ မြင့်တက်နေပြီး အင်္ဂလန်နဲ့ စပိန်တို့မှာ အရင်အပတ်ကထက်စာရင် ပိုးတွေ့မှုတွေ ပြန်မြင့်တက်လာနေတယ်။ ပိုဆိုးတာက လီဗာပူးအသင်းက နိုင်ငံတကာ သီတင်းပတ်မှာ တောင်အမေရိက ကစားသမားတွေကို လက်လွတ်ပေးရဦးမှာဖြစ်ကာ သူတို့ဟာ နားရက် မရပါဘဲ ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။ ကလော့ပ်က “ ဒီအခြေအနေမှာ ဘောလုံးကလပ်တစ်သင်းအဖြစ် ကျနေ်ာတို့က… Continue Reading →

ဆက်တိုက် ခြေစွမ်းပြမှုကြောင့် အပြောင်းအရွှေ့မှာ ပေါ်ပြူလာဖြစ်လာတဲ့ ဂရုဂျစ်

လီဗာပူးရဲ့ အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်သူ ဂရုဂျစ်ကို ကမ်းလှမ်းလိုတဲ့ အသင်းတွေက များပြားလာနေခဲ့ပြီး အာဆင်နယ်နဲ့ပွဲအပြီးမှာ အင်္ဂလန်နဲ့ ပြင်သစ်ကလပ်တွေပါ ပါဝင်လာတယ်လို့ The Athletic က ဖော်ပြပါတယ်။ လီဗာပူးအသင်းဟာ ကစားသမား ဟန်ချက်ညီဖို့ လိုအပ်နေမှုကြောင့် ဈေးကွက်ထဲမှာ ဆက်ရှိနေသေးတာပါ။ အစောတုန်းက ဘရူးစတားနဲ့ ဝဲလ်ဆန်တို့ကို ကမ်းလှမ်းတဲ့ ကလပ်တွေ များခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးချိန်မှာ ဝဲလ်ဆန်ကို ကမ်းလှမ်းလိုတဲ့ အသင်းတွေ မရှိတော့ဘဲ ဘရူးစတားကတော့ ထွက်ခွာဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒါ့အပြင် ဈေးကွက်… Continue Reading →

လီဗာပူးအသင်းကနေ ထွက်ခွာလိုတဲ့ ကစားသမားတွေ ရှိနေကြောင်း ကလော့ပ် ထုတ်ပြော

ကလော့ပ်ဟာ ပွဲကြို အင်တာဗျူးတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ပထမဆုံး မေးခွန်းထုတ်တာကတော့ ဘရူးစတားရဲ့ အပြောင်းအရွှေ့ကိစ္စ အတည်ပြုပေးဖို့ဖြစ်တယ်။ ယာဂင်ကလော့ပ် ” အခုချိန်ထိ အတည်ပြု ကြေညာတာတွေ မရှိသေးဘူးဆိုတော့ ဒီ အပြောင်းအရွှေ့အကြောင်းကို ပြောလို့ မရနိုင်သေးပါဘူး။ အဲ့သတင်းကို ပြောပေးဖို့ရာ အခုလုပ်တဲ့ ပွဲကြို အင်တာဗျူးက နည်းနည်းပိုစောနေခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ ဆိုခဲ့တယ်။ ဘရူးစတားရဲ့ အပြောင်းအရွှေ့က နာရီ အနည်းငယ် ကြာရမယ် ပြီးမြောက်မယ့် သဘော ဖြစ်ပါတယ်။… Continue Reading →

ကာရာဘောင်းပွဲကို အရေးနိမ့်ပေမယ့် ပရိသတ်တွေ သဘောတွေ့ခဲ့တဲ့ အသင်းသား နှစ်ဦး

လီဗာပူးအသင်းက အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို မတက်နိုင်ခဲ့ဘဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ လူငယ်ကစားသမား အများအပြားကို ဝါရင့်တွေနဲ့ တွဲဘက်ပေးရာမှာ ပထမပွဲက ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းသားတွေက တူညီတဲ့ ခြေစွမ်းကောင်းတွေ မရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဗဟိုခံစစ်မှူး ရိုင့်စ် ဝီလီယမ်နဲ့ ကွင်းလယ်လူ ဂရုဂျစ်တို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အသင်းပရိသတ်တွေကြား အမှတ်ကောင်းတွေ ရခဲ့ကြတယ်။ ရိုင့်စ် ဝီလီယမ်ဟာ အက်ဖ်အေလူငယ်ဖလား အနိုင်ရ လီဗာပူးအသင်းသားလည်း ဖြစ်တယ်။ ကာရာဘောင်းပွဲ ၂ ပွဲကတော့ သူ့ရဲ့… Continue Reading →

Transfer: ရှာကွီရီ၊ ဘရူးစတား ထွက်ခွာပြီး ဝဲလ်ဆန်နဲ့ ဂရုဂျစ် ကျန်ခဲ့ဖွယ်ရှိ

ဒီမနက်မှာတော့ အပြောင်းအရွှေ့ သတင်းတွေက ပိုမို ခိုင်မာလာခဲ့ပြီး လီဗာပူးဟာ ရှာကွီရီနဲ့ ဘရူးစတားတို့ကို အပြီးသတ် ရောင်းထုတ်မယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ ပထမအသင်းသားတွေဖြစ်တဲ့ ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီ၊ ဘရူးစတားတို့ဟာ အပြောင်းအရွှေ့မှာ ရောင်းထုတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေပေမယ့် သေချာတဲ့ ကမ်းလှမ်းမှုတွေ မရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဈေးကွက်ပိတ်ဖို့က ၃ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ပိုမို ပြတ်သားတဲ့ ကမ်းလှမ်းမှုတွေ ရလာပြီလို့ သိရပါတယ်။ အားလုံးကို လမ်းဖွင့်ပေးထားခဲ့ပေမယ့် မျှော်လင့်ထားတဲ့ ကမ်းလှမ်းမှုမျိုး မရဘဲ… Continue Reading →

လီဗာပူးရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်တွေနဲ့ ပက်သက်ပြီး ထူးခြားမှုများ

လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အဖြစ် Group D မှာ Ajax, Atalanta and Midtjylland တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးက Pot 1 အဖြစ် ဦးစားပေးခံခဲ့ရတာဖြစ်ပြီး Pot 2 အဖြစ် အေဂျက် Pot 3 အဖြစ် အတ္တလန်တာနဲ့ နောက်ဆုံးက ဝင်လာတာကတော့ ဒိန်းမတ်ကလပ် Midtjylland အသင်း ဖြစ်ပါတယ်။ အုပ်စု မကျပ်ဘူးလို့ ပြောလို့ ရနိုင်သလို နယ်သာလန်၊… Continue Reading →

ကာရာဘောင်းပွဲမှာ ရှာကွီရီကို ချန်လှပ်ခဲ့ပြီး ဟယ်ရီ ဝဲလ်ဆန်ကို ထုတ်သုံးခြင်း အကြောင်းရင်း

လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာ လူစာရင်း အပြောင်းအလဲ ၉ ခုထိ ပြုလုပ်ခဲ့ကာ ဝဲလ်ဆန်၊ ဂရုဂျစ်လို ကစားသမားတွေကိုပါ ထုတ်သုံးခဲ့ပါတယ်။ ဂျိုတာ၊ မီနာမီနို၊ ကာတစ်ဂျုံးတို့ကို မီလ်နာ၊ ဗန်ဒိုက်၊ ဆာလက်တို့က ဦးဆောင်ပေးခဲ့ပေမယ့် အဆိုပါပွဲနဲ့ ပက်သက်လို့ မေးခွန်းရှိခဲ့တာက ဝဲလ်ဆန် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး အရင်ပွဲမှာ ထုတ်သုံးထားတဲ့ ရှာကွီရီ အရန်စာရင်းမှာပါ မရှိခဲ့ခြင်းပါပဲ။ လီဗာပူးသတင်းထောက်တွေရဲ့ ထုတ်ဖော်မှုအရ သိရတာက အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်တော့မယ့်… Continue Reading →

ပင်နယ်တီ အဆုံးအဖြတ်မှာ ထပ်မံ အရေးနိမ့်ပြီး ကာရာဘောင်းက စောစောစီးစီး ထွက်ခွာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ မီလ်နာ၊ ဆာလက်၊ ဗန်ဒိုက်တို့ကို ပင်တိုင်ထားပြီး မီနာမီနို၊ ဂျိုတာတို့နဲ့တကွ ဂျုံး၊ ဝဲလ်ဆန်လို ကစားသမားတွေကိုပါ ထုတ်သုံးခဲ့တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့တိုး ပြောရရင် လီဗာပူးက အာဆင်နယ်နဲ့ အပြန်အလှန် ကစားခဲ့ပေမယ့် ဟန်ချက် မညီပါဘူး။ ကစားပုံက ဖရိုဖရဲနိုင်ကာ ဖိအားပေးမှု ပေးမှုတွေက သေသပ်ခြင်း မရှိလှဘူး။ လီဗာပူးက မိနစ် ၂၀ အတွင်းမှာပဲ ဖိအားပေး လုယူမှုကနေ ဖောင်း ၆ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး ဒါက အသင်းရဲ့ လူငယ်တွေဟာ ဖိအားပေးမှုတွေမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!