Date

October 3, 2020

စနေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဘရူးစတားကို ထွက်ခွင့်ပေးခြင်းကို ကလော့ပ်က “ ကျနော်က တစ်ကိုယ်ကောင်းဆန်သူဆိုရင် ဒီအပြောင်းအရွှေ့ ဘယ်တော့မှ မဖြစ်ပါဘူး။ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့နေရာအတွက် ကစားသမားတွေ လိုပါတယ်။ ဘရူးစတားက တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ” လို့ ထုတ်ပြောခဲ့တယ်။ လီဗာပူးတိုက်စစ်သမား မာနေးက ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ပိုမိုသန်မာတဲ့ အနေအထားအဖြစ် ပြန်လာခဲ့ပါမယ်လို့ အသင်းပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ ဂရုဂျစ်ကို ခေါ်ယူဖို့ ဝက်ဟမ်းနဲ့ ဆောက်သမ်တန်တို့က ဝင်ရောက်လိုနေပေမယ့် ဈေးကွက် နောက်ဆုံးမှာ… Continue Reading →

တစ်ကိုယ်ကောင်း မဆန်လိုစိတ်ကြောင့် ကလပ်ရဲ့ အကောင်းဆုံး လူငယ်ကို လက်လွတ်တဲ့ လီဗာပူး

လီဗာပူးရဲ့ အနာဂတ် တိုက်စစ်မှူးလို့ နာမည်ကြီးတဲ့ ဘရူးစတားဟာ ရှက်ဖီးယူနိုက်တက်ကို ပေါင် ၂၃.၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ ဒန်နီအင့်၊ ဆိုလန်ကီ၊ စတားရစ်တို့ကို ထွက်ခွာစေခဲ့တဲ့ နောက်ပိုင်းမှာ ဘရူးစတားကို အတော်လေး မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှက်ဖီးကို ရောင်းချရာမှာတောင် လာမယ့် ၃ နှစ်အတွင်း အလိုရှိက ပြန်လည်ခေါ်ယူခွင့်ဆိုတဲ့ အချက်ကို အကျိတ်အနယ် ဆွေးနွေးပြီးမှ ရအောင် ထည့်သွင်းခဲ့ခြင်းဖြစ်တယ်။ ဘရူးစတားဟာ ၁ နှစ်ခွဲလောက်ကို ဒဏ်ရာနဲ့ ကျော်ဖြတ်ခဲ့ရပြီး လူငယ်ကစားသမား တစ်ဦးအနေနဲ့ ပိုမို… Continue Reading →

ချန်ပီယံလိဂ်မှာ ခရီးမပန်းမယ့် အားသာချက်ကောင်း ရရှိထားတဲ့ လီဗာပူး

ဒီရာသီမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် အင်္ဂလန်အနီးတစ်ဝိုက်က နိုင်ငံတွေက ကလပ်တွေနဲ့ပဲ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ နယ်သာလန်ကလပ် အေဂျက်၊ အီတလီကလပ် အတ္တလန်တာ၊ ဒိန်းမတ်ကလပ် Midtjylland တို့နဲ့အတူ လီဗာပူးက တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။ အဝေးကွင်းတွေမှာတော့ အနီးဆုံး ပြိုင်ဘက်က အေဂျက်ဖြစ်ပြီး ၃၃၅ မိုင်ပဲ ကွာဝေးသလို၊ ဒိန်းမတ်ကလပ်ကလည်း ၅၂၆ မိုင်အကွာမှာ ရှိနေပါတယ်။ အဝေးဆုံးကတော့ အတ္တလန်တာဖြစ်ပြီး မိုင် ၁၀၀၀ အကွာမှာ ရှိနေတယ်။ လီဗာပူးဟာ အဆိုပါ အဝေးကွင်း သုံးပွဲလုံးအတွက်… Continue Reading →

ဒီရာသီ ရံှူးပွဲမရှိ ကလပ် ၂ သင်း တွေ့ဆုံမှုအတွက် လော်ရိုးရဲ့ ပွဲကြို ရလဒ်ခန့်မှန့်ချက်

ဒီအပတ်အကုန် အောက်တိုဘာလ ၅ ရက် (တနလာၤနေ့) မနက် ၁၂း၄၅ နာရီ မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲက ရာသီအစ ရံှူးပွဲ မရှိသေးတဲ့ ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြတာဖြစ်ပြီး လီဗာပူးအတွက်လည်း နိုင်ငံတကာ သီတင်းပတ် အတိုင်ခင် ရလဒ်ကောင်း ရယူဖို့ ကြိုးစားသွားရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ လော်ရိုးက ” မနှစ်တုန်းက လီဗာပူးအသင်း ပရီးမီးယားလိဂ်ကို… Continue Reading →

လီဗာပူးက ဒေါ့မွန်ကနေ ဆန်ချိုကို ခေါ်ယူဖို့ဆိုရင် ကိစ္စတစ်ခုတည်းကြောင့်ပဲ ဖြစ်မယ်

အင်္ဂလန်လူငယ်စတား ဆန်ချိုဟာ လီဗာပူးနဲ့ သတင်းထွက်ထားတဲ့ မြင့်မားတဲ့ အသုံးစရိတ် ကုန်ကျမယ့် ကစားသမား ၂ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ လီဗာပူးဟာ ဒေါ့မွန်မှ ဆန်ချို၊ ပီအက်စ်ဂျီမှ အမ်ဘတ်ပီတို့နဲ့ သတင်းတွေ ထွက်ထားခဲ့ဖူးပြီး The Athletic မှ လီဗာပူးသတင်းထောက် Pearce ကတော့ ဆန်ချို အပြောင်းအရွှေ့ဟာ လက်ရှိ မှာ မဖြစ်နိုင်သေးတဲ့ ကိစ္စအဖြစ် တုန့်ပြန်တယ်။ သူကတော့ လီဗာပူးက ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မယ်ဆိုရင် တိုက်စစ်ပိုင်းက ကစားသမား တစ်ဦးရဲ့ နေရာမှာ… Continue Reading →

အက်စတွန်ဗီလာ V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် ၄ အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

လာမယ့်အပတ် တနင်္ဂနွေနေ့ည (သို့) တနင်္လာနေ့ မနက် ၁၂း၄၅ နာရီမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးက ရာသီအစ ပွဲစဉ် ၃ ပွဲမှာ ၃ ပွဲလုံးကို နိုင်ထားသလို ဒီအပတ် ပြိုင်ဘက် အက်စတွန်ဗီလာကလည်း ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲလုံး နိုင်ထားတဲ့အသင်းဖြစ်တယ်။ ရာနှုန်းပြည့် နိုင်ပွဲဆက်ဖို့အတွက် အဝေးကွင်းမှာ ဗီလာကို အနိုင်ယူဖို့ လိုအပ်မှာဖြစ်တယ်။ လီဗာပူးအသင်းသားတွေဖြစ်တဲ့ မာနေးနဲ့ သီယာဂိုက… Continue Reading →

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးရဲ့ ချန်ပီယံလိဂ် အောင်မြင်နိုင်ချေကို စူပါကွန်ပြူတာ တွက်ချက်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပက်သက်လို့ စူပါကွန်ပြူတာကနေ ပြီး ဘယ်အသင်းက ချန်ပီယံဖြစ်မလဲအတွက် စစ်ထုတ်မှု တစ်ခု ပြူလုပ်ခဲ့ပါတယ်။ အဆိုပါ စစ်ထုတ်မှုမှာတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း ဗိုလ်ဆွဲနိုင်ချေက တတိယနေရာမှာ ရှိနေတယ်လို့ သိရတယ်။ လီဗာပူးအသင်းဟာ အေဂျက်၊ အတ္တလန်တာတို့နဲ့ ယှဉ်ပြိုင်ကစားပြီး အုပ်စုအဆင့်ကနေ ရံှူးထွက်ကို ရောက်နိုင်ချေက ၇၀% ထိ ရှိပြီး ချန်ပီယံလိဂ်ကို ဗိုလ်ဆွဲနိုင်ချေက ၁၂% ရှိပါတယ်။ ချန်ပီယံလိဂ်ကို အနိုင်ရမှု တွက်ချက်မှုမှာ အမြင့်ဆုံးကတော့ လက်ရှိ ချန်ပီယံ… Continue Reading →

ဥရောပမှာ အင်္ဂလန် တစ်နိုင်ငံတည်းက လက်မခံတဲ့ ဘောလုံးဥပဒေကို ကလော့ပ် ဖွင့်ဟ

မန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်တာကြောင့် စိတ်ပျက်ကြောင်းကို ပေါ်တင် ထုတ်ပြောလိုက်ပါတယ်။ အင်္ဂလန်လိဂ်ဟာ အနည်းငယ် လက်ပေါက်ကပ်တဲ့ လိဂ်တစ်ခုဖြစ်ပြီး လူစားလဲမှု ၅ ခုကို ခွင့်ပေးတာက အရန်စာရင်း တောင့်တင်းတဲ့ ကြီး ၆ ကြီးကို မျက်နှာသာပေးခြင်းဆိုကာ ကန့်ကွက်ခဲ့တာပါ။ ဒါပေမယ့်လို့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါ အပါအဝင် ဥရောပလိဂ်တွေမှာတော့ လူစားလဲမှု ၅ ခုကို ခွင့်ပြုပေးတာက ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ဆိုကာ… Continue Reading →

ကိုဗစ်ပိုး တွေ့မှုကြောင့် အက်စတွန်ဗီလာနဲ့ပွဲကို မာနေးလွဲမည်ဟု လီဗာပူး အတည်ပြု

လီဗာပူးတိုက်စစ်သမား မာနေးဟာ ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ကာ လက်ရှိမှာတော့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း နေထိုင်နေတယ်လို့ သိရပါတယ်။ တနင်္လာနေ့က အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မာနေးဟာ ကိုဗစ် လက္ခဏာတွေ စတင်ပြသလာမှုတွေ ရှိနေတယ်။ ဒါပေမယ့်လို့ ကျန်တဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေ အားလုံးက ကောင်းမွန်မှုရှိတယ်လို့ သိရတယ်။ သူဟာ တစ်ဦးတည်း သီးသန့်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မာနေးဟာလည်း ကွင်းလယ်လူ သီယာဂိုလိုပဲ ကိုဗစ်-၁၉ အတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!