Date

October 4, 2020

ကာတစ်ဂျုံးကို ပွဲထွက်ခွင့်အတွက် လီဗာပူးက ထွက်ခွာဖို့ တိုက်တွန်းတဲ့ ပေါလ်မာဆန်

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က စကိုင်းစပေါ့က သူ့ရဲ့ သုံးသပ်မှု အစီအစဉ်မှာ ကားတစ်ဂျုံးရဲ့ အနေအထားကို ထည့်ပြောခဲ့ပြီး လီဗာပူးကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ပေါလ်မာဆန်က “ ကာတစ်ဂျုံးက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ သူဘယ်လောက်ထိ အချိန်ကြာကြာ နေရမလဲ? ဒီအခြေအနေမှာ သူက ပွဲကစားခွင့်တွေ ရနေမယ်လို့ မထင်ပါဘူး။ စီနီယာအဆင့်ကို ဝင်တိုးနိုင်မယ်လို့ မထင်ဘူး။ လီဗာပူးအသင်းကို သီယာဂိုကလည်း ဝင်ရောက်လာခဲ့ပါပြီ။ ကာတစ်ဂျုံးကတော့ ‘ဒီအခြေအနေမှာ ငါလုပ်နေတာ ကောင်းတယ် ကစားနေတာ… Continue Reading →

ဗီလာပွဲကြို အယ်လီဆန် ဒဏ်ရာရခြင်းနဲ့ တနင်္ဂနွေနေ့ ညနေခင်းအတွက် လီဗာပူး သတင်းများ

အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးဂိုးသမား အယ်လီဆန် ပါမှာ မဟုတ်ဘဲ အယ်ဒရီယန် ပွဲထွက်မှာ ဖြစ်ပါတယ်။ အယ်လီဆန်ဟာ ပွဲကြို လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားပါတယ်။ ထရန့်ကတော့ ပါဝင်နိုင်မှာဖြစ်ပါတယ်။ အက်စတွန်ဗီလာပွဲအတွက် ခရီးသွား လူစာရင်းမှာတော့ ဆာလက်၊ ထရန့်တို့အပြင် အသင်ခေါင်းဆောင် ဟန်ဒါဆန်လည်း ပါဝင်သွားပါတယယ်။ ကာရာဘောင်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ လီဗာပူး လူငယ်လေး ရိုစ့် ဝီလီယမ်ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံခဲ့ပါတယ်။ ဒါကြောင့် ရိုစ့်နဲ့ ကာတစ်ဂျုံးတို့ဟာ သူတို့ရဲ့ ပထမဆုံးသော ယူ-၂၁ အသင်းအတွက် ကစားပေးမှုတွေကို… Continue Reading →

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ မာနေးနဲ့ သီယာဂိုတို့ ပြန်ကစားနိုင်ဖွယ်ရှိ

လီဗာပူးတိုက်စစ်သမား မာနေးနဲ့ ကွင်းလယ်လူ သီယာဂိုတို့ဟာ ကိုဗစ် ကူးစက်ခံထားရမှုကြောင့် ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးအသင်းမှာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ နောက်ဆုံးသော ကစားသမားဖြစ်ပေမယ့် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ သိထားရတယ်။ မာနေးမတိုင်ခင်မှာ သီယာဂိုဟာ ကိုဗစ်ပိုး လက္ခဏာတွေ ပြသလာမှုကြောင့် သီးသန့်နေမှုနဲ့ စောင့်ကြည့်နေခြင်းဖြစ်တယ်။ မာနေးကလည်း ကိုဗစ်ပိုး ကူးစက်ခံရမှု လက္ခဏာတွေ ပြသထားခြင်းကြောင့် ၁၄ ရက် ကွာရန်တင်းကို စတင် ဝင်ရောက်နေပြီ… Continue Reading →

လီဗာပူးထက် ၅ မှတ် လျော့နေပေမယ့် သူ့အသင်းကို ကျေနပ်နေပါကြောင်း ဂွာဒီယိုလာ ပြော

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် အစောပိုင်း ၃ ပွဲမှာတင် ရမှတ် ၅ မှတ်လျော့ကျခဲ့တဲ့အပေါ် မေးခွန်းထုတ်ခံရရာမှာ သူ့အသင်းနဲ့ ပက်သက်လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့က လီဗာပူးနဲ့အပြိုင် မန်စီးတီးက ရေပန်းအစားဆုံး ဖြစ်နေပြီး လီဗာပူးက နိုင်ပွဲတွေ ဆက်နေသလောက် မန်စီးတီးက ရလဒ်မကောင်းခြင်းအပေါ် ဂွာဒီယိုလာကို မေးခွန်းထုတ်ခဲ့တာပါ။ ဂွာဒီယိုလာကလည်း လီဗာပူးကို ရည်ရွယ်တဲ့ ပြောဆိုမှုတွေ လုပ်ခဲ့ကာ ပြိုင်ဘက်တွေက ရမှတ်တွေ လုံးဝ မလျော့တာကို သူသိတယ်လို့ ပြောပါတယ်။ ဂွာဒီယိုလာက “… Continue Reading →

လီဗာပူးရဲ့ လေ့ကျင့်ရေးမှာ ပါဝင်နေတဲ့ ဘရာဇီးဂိုးသမားသစ်နဲ့ ပွဲကစားနေပြီဖြစ်တဲ့ လူငယ် ၃ ဦး

ဒီနွေမှာ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်းကနေ လီဗာပူး ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေး Marcelo Pitaluga ဟာ မဲဝုဒ်က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပါဝင်နေပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမားလေးကို ပေါင် ၇ သိန်းနဲ့ ခေါ်ယူထားပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းက ပေါင် ၁.၈ သန်းထိ ရောက်နိုင်ကာ အနာဂတ် ရောင်းချမှုကနေ ၂၅% ခံစားခွင့်ကို မိခင်ကလပ် ဖလူမီနက်စ်အသင်းကို ပေးရပါမယ်။ Pitaluga ကို ခေါ်ယူဖို့ကို… Continue Reading →

ဒီရာသီမှာလည်း လီဗာပူးက ရမှတ် ၉၀ ကျော်ဦးမယ်ဆိုလာတဲ့ မန်စီးတီး ကစားသမားဟောင်း

မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်က မနေ့က မန်စီးတီးအသင်းက လိဒ်ယူနိုက်တက်နဲ့ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားကို လီဗာပူးက ဦးဆောင်သွားမယ့် အနေအထားလို့ ထုတ်ပြောလိုက်ပါတယ်။ ရစ်ချက်ကတော့ လီဗာပူးဟာ ရမှတ် ၉၀ နဲ့အထက်ကို ဒီရာသီမှာလည်း ထပ်ရသွားမယ်လို့ မြင်နေတယ်။ မန်စီးတီးက ခြေချော်သလောက် လီဗာပူးအသင်းကတော့ ပွဲတိုင်းကို အနိုင်ရလဒ် ရယူနိုင်စွမ်းတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ မီဂါ ရစ်ချက်က ” လီဗာပူးက ပရီးမီးယားလိဂ်မှာ တာထွက်ကောင်းနေတယ်။ သူတို့က ဒီရာသီမှာလည်း အမှတ် ၉၀ နဲ့ အထက်ကို… Continue Reading →

သုံးပွဲကစား hat-trick နှစ်ကြိမ်ယူပြီး ယူ-၁၈ မှာ နာမည်ကြီးနေတဲ့ လီဗာပူး တိုက်စစ်ကြယ်ပွင့်

ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၁၈ အဆင့်ပွဲမှာ လီဗာပူးလူငယ်လေး လေသန် စတီးဝပ်ဟာ ဘလက်ဘန်းဘက်ကို hat-trick သွင်းနိုင်တာကြောင့် ဒီရာသီမှာ သုံးပွဲကစား သွင်းဂိုး ၆ ဂိုးထိ ရလာခဲ့ပါပြီ။ စတီးဝပ်ဟာ မန်စီးတီးကို ၃-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လူငယ်အသင်းမှာတော့ ကျန် ၂ ပွဲအတွင်း hat-trick ၂ ကြိမ်တိုင် ရထားခဲ့ပြီဖြစ်တယ်။ ၁၈ နှစ်ပဲ ရှိသေးတဲ့ လီဗာပူးဇာတိဖွား စတီးဝပ်ဟာ အကယ်ဒမီရဲ့ အလားအလာ အကောင်းဆုံး ကစားသမားဖြစ်သလို သူဟာ… Continue Reading →

ဗီလာနဲ့ပွဲမှာ ပိုမို ပေးဆပ်ကစားကြပြီး တိုးတက်မှုတွေ ပြကြဖို့ လီဗာပူးအသင်းဖော်တွေကို စိန်ခေါ်

လီဗာပူးတစ်သင်းလုံးဟာ အခုချိန်မှာ ပိုမိုထက်မြက်ပြီး အာရုံစူးစိုက်လာနိုင်တာနဲ့အတူ သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့အတွက် ပိုပြီးတော့တောင် ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်နေတယ်လို့ ဝိုက်နယ်ဒန်က ဆိုပါတယ်။ လက်ရှိချန်ပီယံတွေဟာ မနှစ်က မန်စီးတီးကို ၁၈မှတ်ဖြတ်ပြီးတော့ နှစ် ၃၀ အတွင်း ကလပ်ရဲ့ ပထမဆုံးလိဂ်ဖလား အောင်မြင်မှု ရယူနိုင်ခဲ့သလို ရာသီကုန်ဖို့ ၇ ပွဲအလိုမှာ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းလဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဖလားရပြီးနောက်ပိုင်း အသင်းရဲ့ ပုံစံကောင်းတွေက ယိမ်းယိုင်သွားခဲ့တာနဲ့အတူ အဝတ်လဲခန်းအတွင်း စိတ်အားထက်သန်တက်ကြွမှုတွေ ကျဆင်းသွားခဲ့တယ်လို့ သံသယ ဝင်ခံခဲ့ရပါတယ်။ ဒီရာသီမှာတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!