Date

October 6, 2020

ဗန်ဒိုက်က ထိပ်တန်း ခံစစ်မှူးဖြစ်ပေမယ့် ခေါင်းဆောင်နိုင်မှု အားနည်းကြောင်း ကိုလီမိုး သုံးသပ်

လီဗာပူးတိုက်စစ်မှူးဟောင်း ကိုလီမိုးက အက်စတွန်ဗီလာကို အရေးနိမ့်တဲ့ပွဲမှာ ခံစစ်မှူးဟောင်း ဗန်ဒိုက်ရဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ လီဗာပူးက အက်စတွန်ဗီလာကို အရေးနိမ့်ရာမှာ ခံစစ်လိုင်းကို မြင့်ထားခဲ့ကာ အဆိုပါ နည်းစနစ်က အလုပ်မဖြစ်ချိန်မှာလည်း ဗန်ဒိုက်က ခံစစ်ကို ဦးဆောင်ဖို့နဲ့ အမှားကို ပြုပြင်ဖို့ မကြိုးစားခဲ့ဘူးလို့ ကိုလီမိုးက မြင်တယ်။ စစ်မှန်တဲ့ ခံစစ်သမားဟာ အသင်းက အထိနာနေချိန်မှာ တာဝန်ယူလိုစိတ် ရှိရမှာဖြစ်ကာ ခံစစ်ကို ဖာထေးဖို့ ကြိုးစားရမှာပါလို့ သူက ပြောပါတယ်။ ကိုလီမိုးက “ ခံစစ်ကစားခြင်း အနုပညာ သေဆုံးသွားခဲ့ပြီဆိုတာကို… Continue Reading →

ဒိတ်ဒိတ်ကြဲ လီဗာပူးရဲ့ ခြေစွမ်း ဘာလို့ အပျော်တမ်းအဆင့်ထိ ထိုးကျသွားရလဲ သုံးသပ်ပြမှု

လီဗာပူးတိုက်စစ်မှူးဟောင်း အဲဒရစ်က အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တ့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အပျော်တမ်းအဆင့် ခြေစွမ်းပဲရှိပြီး ကမ်းကုန်အောင် ညံ့တယ်လို့ မာဆေးဆိုဒ်သတင်းစာကနေ ဝေဖန်ပါတယ်။ သူကပဲ လက်ရှိ လီဗာပူးအသင်းဟာ အောင်မြင်မှုတွေ များစွာကို ရယူပေးလာတာကြောင့် အပျော်ကြူးနေပြီး ကွပ်ကဲမှုတွေ လိုအပ်နေပြီလို့ မြင်တယ်။ အဲဒရစ်ကတော့ သမိုင်းဝင် ရံှူးပွဲကို ရင်ဆိုင်ခဲ့ရတဲ့ အသင်းသားတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။ အဲဒရစ်က “ လီဗာပူးက ကမ်းကုန်အောင် ညံ့ခဲ့တယ်။ အသင်းက နိုင်တာတွေ သိပ်များနေပြီး… Continue Reading →

နိုင်ငံအသင်းတွေအတွက် ၂၁ ဦး စေလွှတ်စဉ် ကိုဗစ်စစ်ဆေးခံကြတဲ့ လီဗာပူးအသင်းသားများ

လီဗာပူးအသင်းဟာ အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် အဓိက ကစားသမား ၂၁ ဦးကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေထံ စေလွှတ်ပေးခဲ့ပါတယ်။ ခရီးရှည်တွေ သွားကရမယ့် ဖာဘင်ညို၊ ဖာမင်နိုတို့နဲ့အတူ လီဗာပူးအတွက် ဒီအပတ် နိုင်ငံတကာ သီတင်းပတ်ကတော့ စိတ်ကျေနပ်ဖို့ မကောင်းပါဘူး။ ကမ္ဘာဖလား ခြေစစ်ပွဲ၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်တွေ အပါအဝင် လက်ရွေးစင်တာဝန်တွေအတွက် အသင်းသားတွေကို စေလွှတ်ရမယ်လို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေက သတိပေးချက် ထုတ်ခဲ့ခြင်းဖြစ်တယ်။ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အခြေအနေအရ သက်ဆိုင်ရာ နိုင်ငံအသင်းတွေကို စေလွှတ်ခြင်း ခံရတဲ့… Continue Reading →

အဲဗာတန်နဲ့ပွဲမှာ ထုတ်မယ့် လူစာရင်းအတွက် ထောက်ပြ တောင်းဆိုမှုလုပ်တဲ့ ကာရေဂါ

ဂျင်မီကာရေဂါက နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ပြန်ကစားရမယ့် မာဆေးဆိုဒ် ဒါဘီပွဲမှာတော့ ခံစစ်မှူး ဂိုးမက်စ်ကို ပွဲထွက်လူစာရင်းမှာ မထည့်ဖို့ တောင်းဆိုလိုက်ပါတယ်။ လီဗာပူးဟာ အက်စတွန်ဗီလာကို ရင်ဆိုင်ရချိန်မှာ ကြီးမားတဲ့ အရံှူးရလဒ် တွေ့ခဲ့တာဖြစ်ပြီး ခံစစ်တန်းက အမှားတွေ များခဲ့တာပါ။ အဆိုပါပွဲ မတိုင်ခင် ချယ်ဆီးနဲ့ပွဲမှာတော့ ဗဟိုခံစစ်သမား နေရာမှာ ဖာဘင်ညို ကစားခဲ့ပြီး ခြေစွမ်း ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ ဖာဘင်ညိုဟာ လူစာရင်း လိုအပ်ချက်အရ နံပါတ် ၆ နေရာနဲ့ ဗဟိုခံစစ်သမားနေရာတွေကို ကစားပေးနေရတယ်။ မာဆေးဆိုဒ်ဒါဘီမှာတော့ ဟန်ဒါဆန်ကော… Continue Reading →

လီဗာပူးရဲ့ အစဉ်အလာကို မသိဘဲ မလေးမစားလုပ်မိတဲ့ ဖြစ်ရပ်အတွက် NIKE တရားဝင် တောင်းပန်

Nike ဟာ လီဗာပူးဘောလုံးအသင်းရဲ့ ဟေးဘရော့မိသားစုဝင်တွေကို လေးစားမှုထားတဲ့ “96” အထိမ်းအမှတ် အမှတ်အသားကို မသိပါဘဲ ယူသုံးမဥအတွက် တရားဝင် တောင်းပန်မှု လုပ်ခဲ့ရပါတယ်။ ထာဝရမီးတောက်ကို တစ်ဘက်စီမှာထားတဲ့ “96” နံပါတ်ဟာ လီဗာပူးအသင်းရဲ့ ပွဲနေ့ ဂျာစီတွေမှာပဲ ပါဝင်ရတဲ့ အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားဟာ ၁၉၈၉ ခုနှစ်မှာ ဟေးဘရော့ဖြစ်ရပ်အတွင်း သေဆုံးခဲ့ကြတဲ့ လီဗာပူးပရိသတ်တွေကို အောက်မေ့တဲ့ ဂုဏ်ပြုမှုတစ်ခုအဖြစ် ပွဲနေ့ဂျာစီရဲ့ ကော်လံမှာ ထည့်သွင်းကြခြင်းဖြစ်တယ်။ ဒါပေမယ့်လို့ Nike ဘက်က လီဗာပူးရဲ့ အစဉ်အလာကို မသိဘဲ အဆိုပါ… Continue Reading →

နောက်ဆုံးရက်ထိ ကစားသမား မရောင်းထုတ်နိုင်ခြင်းကြောင့် လူစာရင်း ခက်ခဲမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ လိုဗရန်၊ လယ်လာနာ၊ လိုနာဂန်တို့လို စီနီယာ သုံးဦးကို အလွန်နဲ့ ထွက်ခွင့်ပေးပြီး ဟိုဗာနဲ့ ဘရူးစတားတို့ကို အပြီးသတ် ရောင်းချခဲ့တယ်။ လီဗာပူးဟာ နောက်ထပ် စီနီယာတစ်ဦးဖြစ်သူ ကားရီးယက်ကို အငှားချခဲ့ကာ ကစားသမား အဝင်အဖြစ်တော့ သီယာဂို၊ ဂျိုတာနဲ့ ကိုစတက်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ ကလပ် လူစာရင်း ဟန်ချက်ညီရေးအတွက် ဂရုဂျစ်၊ ရှာကွီရီနဲ့ ဝဲလ်ဆန်တို့ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ခြင်းနဲ့ အိုရီဂီအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးခြင်းတွေက မအောင်မြင်ခြ့ပါဘူး။ ဗြိတိန် နွေဈေးကွက်ဟာ ဒီအနက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!