Date

October 9, 2020

သောကြာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

Sky နဲ့ BT Sport ကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေကို တီဗီကနေ ကြည့်လိုတယ်ဆိုရင် တစ်ပွဲကို ၁၅ ပေါင်နှုန်း ပေးပြီး ကြည့်ရမှာဖြစ်ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေကို အကန့်အသတ်နဲ့ပဲ ပြမှာဖြစ်ပြီး ယခင်လို ပွဲစဉ် အားလုံးကို တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ပါဘူး။ လာဇီယို ကွင်းလယ်လူ လူးကပ်လေဗာက သူအသင်းကနေ ထွက်သွားခဲ့ချိန်မှာ အသင်းက အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်ဆိုတာကို သိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အနီရောင် အသင်းခေါင်းဆောင်ဟောင်းကြီး ဖီးသွမ်ပဆန်က လူငယ်တိုက်စစ်သမားလေး… Continue Reading →

လီဗာပူးအောင်မြင်တော့မယ်ဆိုတာကို ရာနှုန်းပြည့် ယုံကြည်လို့ အသင်းက ထွက်သွားခဲ့တဲ့ လူးကပ်

လာဇီယို ကွင်းလယ်လူ လူးကပ်လေဗာက သူအသင်းကနေ ထွက်သွားခဲ့ချိန်မှာ အသင်းက အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်ဆိုတာကို သိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ လီဗာပူးအသင်းမှာ ဆယ်စုနှစ်ကြာ ကစားခဲ့တဲ့ လူးကပ်ဟာ လီဗာပူးမွေးစားသားလို့ နာမည်တွင်သူပါ။ သူဟာ ဆယ်ကျော်သက်ဘဝမှာတင် လီဗာပူးကို ရောက်လာခဲ့ပြီး သူ့ရဲ့ သားသမီးတွေ အားလုံးက လီဗာပူးမြို့မှာ မွေးခဲ့ကာ ဒေသခံတွေက လူးကပ်ကို အတော်လေး ချစ်ခင်ကြပါတယ်။ ကလော့ပ်လက်ထက် အသွင်ပြောင်းမှုတွေ စတင်နေဆဲ ၂၀၁၇ မှာတော့ လူးကပ်က လာဇီယိုကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ လူးကပ်က… Continue Reading →

လီဗာပူးအတွက် မိုင်ကယ် အတ်ဝပ် ရောင်းထုတ်ပေးခဲ့တဲ့ အသိအမှတ်ပြုစရာ အပြောင်းအရွှေ့ (၅) ခု

လီဗာပူးအသင်း ပြန်လည် တိုးတက်လာခြင်းရဲ့ အဓိက အချက်ထဲမှာတော့ ကစားသမား အရောင်းအဝယ် ကိစ္စတွေကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်လာနိုင်ခြင်းကလည်း အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာ အပြောင်းအရွှေ့ဟာ ကံမစပ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး အားကစားဒါရိုက်တာဖြစ်လာတဲ့ မိုင်ကယ် အတ်ဝပ် လက်ထက်မှတော့ လီဗာပူးရဲ့ ကစားသမား ရောင်းထုတ်ရေးအဖွဲ့ဟာ လူရိုသေ ရှင်ရိုသေအဆင့်ကို ရောက်လာခဲ့တယ်။ သူရောင်းထုတ်ပေးခဲ့တဲ့ ကစားသမားတွေထဲက အသိအမှတ်ပြုသင့်တဲ့ အပြောင်းအရွှေ့ ၅ ခုကို ဖော်ပြပါမယ်။ Philippe Coutinho (£142m to Barcelona) လီဗာပူးအသင်းသမိုင်းမှာ အမြင့်မားဆုံး… Continue Reading →

လီဗာပူးနဲ့ သီယာဂိုတို့ ပေါင်းစပ်မှုက ပြီးပြည့်စုံတဲ့ အတွဲအဘက်ဖြစ်ကြောင်း ထောက်ခံမှု

သီယာဂိုဟာ လီဗာပူးအတွက် သိပ်ကောင်းတဲ့ ပေါင်းစပ်မှုဖြစ်ပြီး ယခင် နှစ်တွေထဲက စပိန်ကစားသမားကို အထင်ကြီးခဲ့တာပါလို့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဆိုပါတယ်။ ချယ်ဆီးနဲ့ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့တဲ့ သီယာဂိုဟာ ကိုဗစ်ကြောင့် ၁၄ ရက် သီးသန့်နေနေရပေမယ့် အဲဗာတန်နဲ့ပွဲ မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာမှာပါ။ သူဟာ ပွဲထွက်နေရာအတွက်လည်း ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဝိုက်နယ်ဒမ်က “ သီယာဂိုရဲ့ အရည်အချင်း အားလုံးကို ကျနော်… Continue Reading →

လီဗာပူးကို သံသယဝင်သူတိုင်းကို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေက တုန့်ပြန်ပြလိမ့်မယ်

ယာဂင်ကလော့ပ်ကို လီဗာပူးပရိသတ်တွေက ယုံကြည်သလို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေကြား ဆက်နွယ်မှုက ထင်ထားတာထက် ပိုမို နက်ရှိုင်းတယ်လို့ The Times ရဲ့ ဘောလုံးအကြီးအကဲ Henry Winter က ဆိုပါတယ်။ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး သတင်းဌာနကြီးရဲ့ ဆောင်းပါးကိုတော့ လီဗာပူးအသင်းက အသင်းဝဘ်ဆိုဒ်ကနေ ပြန်လည် ဖော်ပြခဲ့ပြီး ဟင်နရီဝင်တာက လီဗာပူးကို သံသယဝင်သူတိုင်းကို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေက တုန့်ပြန်ပြလိမ့်မယ်လို့ သတိပေးခဲ့တယ်။ ဟင်နရီဝင်တာက ” ယာဂင်ကလော့ပ်ဟာ မန်နေဂျာတစ်ဦးအဖြစ် ပရိသတ်တွေ အလိုရှိတာတွေ အားလုံး… Continue Reading →

ဗန်ဒိုက် တွဲဘက်အဖြစ် ခေါ်ယူဖို့ လီဗာပူးပရိသတ်တွေကြား ရေပန်းအစားဆုံး ခံစစ်မှူး

လီဗာပူးခံစစ်ကြောင်းမှာ ဗန်ဒိုက်နဲ့ တွဲဘက်ပေးဖို့ နောက်ထပ် ခံစစ်မှူးအဖြစ် ပရိသတ်တွေကြား ရေပန်းစားမှု အမြင့်ဆုံး ဖြစ်လာသူကတော့ အင်္ဂလန်နောက်ခံလူ ကော်နာ ကုတ်ဒီဖြစ်ပါတယ်။ ကုတ်ဒီဟာ အင်္ဂလန်နဲ့ ဝေလ်းတို့ ယှဉ်ပြိုင်ကစားတဲ့ လက်ရွေးစင်ပွဲမှာတော့ သူရဲ့ အင်္ဂလန်ကိုယ်စားပြု ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ယူခွင့်ရခဲ့တယ်။ ကုတ်ဒီဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့ကို လီဗာပူးအသင်းထံ ခေါ်ယူဖို့ကို ပရိသတ်တွေ အဓိက ဆန္ဒရှိခြင်းက ကုတ်ဒီရဲ့ ခံစစ်ပိုင်း ဦးဆောင်နိုင်မှုကို နှစ်သက်ခြင်းကြောင့်ဖြစ်တယ်။ ဝုဗ်နဲ့ပွဲမှာ… Continue Reading →

ဂရုဂျစ်ကို ပေါ်တိုအသင်းထံ ဘာလို့ အငှားလွှတ်ရလဲ ရှင်းပြတဲ့ လီဗာပူး ပထမအသင်း နည်းပြ

လီဗာပူးအသင်းရဲ့ ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြဖြစ်သူ ပေါ်တူဂီသား နည်းပြ မာတိုစ့်က ကွင်းလယ်လူ မာကို ဂရုဂျစ်ကို ပေါ်တိုအသင်းထံ အငှားချရခြင်း အကြောင်းရင်းကို အခုလို ပြောပါတယ်။ ပေါ်တိုနည်းပြစောင်း မာတိုစ့်ဟာ နောက်ဆုံးရက်ထိ အသင်းသစ်မရတဲ့ ဂရုဂျစ်ကို ပေါ်တူဂီကို အငှားထွက်နိုင်ဖို့ ကြိုးစားပေးခဲ့သူတွေထဲ ပါဝင်သူပါ။ ပေါ်တိုအသင်းကလည်း ဂရုဂျစ်ကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အာမခံချက်ပေးခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ထည့်သုံးသွားဖို့ ရှိနေပါတယ်။ မာတိုစ့်က ရှင်းပြရာမှာ “ မာကိုက ဟာသာဘာလင်ကို အငှားချရာမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြခဲ့ပြီး… Continue Reading →

စတီဗင်ဂျရတ် ထမ်းခဲ့တဲ့ ဖိအားကြီးကို လက်လွဲယူနိုင်တာ ဟန်ဒိုကလွဲရင် မရှိဘူးဆိုတဲ့ ရိုဘို

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အထူးချီးကျူးမှု လုပ်ခဲ့ပြီး အသင်းအဝတ်လဲခန်းကို ဦးဆောင်သူအဖြစ် ဂုဏ်တင်သွားပါတယ်။ စတီဗင်ဂျရတ်ရဲ့ တာဝန်ကို လက်လွဲယူစမှာ ဟန်ဒါဆန်က ဖိအားတွေ အများကြီး ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အားလုံးက သူ့ကို ယုံကြည်လာခဲ့ပါပြီ။ ဟန်ဒါဆန်ဟာ လီဗာပူးအဝတ်လဲခန်းရဲ့ အထင်ကြီး လေးစားခံ ပုဂ္ဂိုလ်ဖြစ်သလို ပွဲတွေမှာ သူပါလာခြင်းက လုံခြုံစိတ်ချရတယ်ဆိုတဲ့ ခံစားချက်ကို ပရိသတ်တွေ ကိုယ်တိုင်ကလည်း ခံစားမိလာပြီဖြစ်ပါတယ်။ ရိုဘိုက ” စတီဗင်ဂျရတ်ထံက အသင်းခေါင်းဆောင် လက်ပတ်ကို လက်လွဲယူခဲ့တည်းက ဟန်ဒိုက မေးခွန်းတွေအများကြီး… Continue Reading →

ဟယ်ရီဝဲလ်ဆန်ကို အနာဂတ်အတွက် စဉ်းစားခိုင်းထားပြီး ချန်ပီယံရှစ်ပို့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေအတွက် ၂၄ ဦးပါ လူစာရင်းကို အတည်ပြုခဲ့ပြီဖြစ်ကာ ကွင်းလယ်လူ ဝဲလ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဝေလ်းကစားသမားကို homegrown ကစားသမားအဖြစ် နာမည်စာရင်း တင်လို့ရပေမယ့် ချန်လှပ်ထားခဲ့ပြီး သူဟာ ပရီးမီးယားလိဂ်မှာလည်း ကစားခွင့်ရဖွယ် မရှိတော့ဘူးလို့ သိရတယ်။ နွေဈေးကွက်မှာ ဘန်လေအသင်းနဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့နောက် ဝဲလ်ဆန်ဟာ နိုင်ငံတကာပွဲတွေကနေ ပြန်လာရင် အနာဂတ်ကိစ္စ စဉ်းစားရမှာဖြစ်တယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှ ပရီးမီးယားလိဂ် လူစာရင်းတင်မှာဖြစ်လို့ သူဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!