Date

October 10, 2020

စနေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဒီရာသီမှာ ရုပ်သံတွေက တိုက်ရိုက်ပြသမှာ မဟုတ်တဲ့ ပွဲတွေအတွက် နောက်ထပ် ၁၅ ပေါင် ထပ်ပေးပြီးမှ ကြည့်ခွင့်ရမယ်ဆိုတဲ့ ကိစ္စကို ဘောလုံးပရိသတ်တွေက ဆန့်ကျင်နေကြပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ရှက်ဖီးယူနိုက်တက်တို့ရဲ့ ည ၁း၃၀ ပွဲကိုတော့ ရုပ်သံဌာနတွေက တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ဘဲ အဆိုပါပွဲကို ကြည့်လိုရင် Sky Sports Box Office ဆိုတဲ့ ချန်နယ်မှာ တစ်ပွဲကို ၁၅ ပေါင် ပေးပြီး ကြည့်ရမှာဖြစ်သလို LFC… Continue Reading →

၂၀၂၁ ခုနှစ်မှာ လီဗာပူးဘောလုံးသမိုင်းကို တစ်ဆစ်ချိုးစေမယ့် အပြောင်းအလဲကြီး မြင်ရမည်

လီဗာပူးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂျွန်ဟင်နရီဟာ ၂၀၁၀ ခုနှစ်က အမေရိကန် သူဌေးတွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီလက် လက်ထံကနေ ဝယ်ယူခဲ့တဲ့ လီဗာပူးအသင်းကို အလုံးစုံ ထိန်းချုပ်ခွင့် ရထားသူပါ။ ကမ္ဘာကျော် စီးပွားရေးသတင်းဌာနဖြစ်တဲ့ the Wall Street Journal က ဖော်ပြလာမှုအရ လီဗာပူးရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ မာဆေးဆိုဒ်ကလပ်ကို ဂလိုဘယ်ဈေးကွက်ထဲ ပို့ဖို့ စတင်ကြိုးစားနေပြီဖြစ်ပါတယ်။ ဒီစကားပြောမှုအရ RedBall Acquisition Corp လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းစုကို FSG က ၂၅%… Continue Reading →

လီဗာပူးနဲ့ပွဲကို ယုံကြည်ချက်ရှိပြီး ဇယားထိပ်မှာ ဆက်နေလိုကြောင်း အန်ဆယ်လော့တီ ထုတ်ပြော

လာမယ့်အပတ် စနေနေ့မှာတော့ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံးသော ဒါဘီလို့ နာမည်ကြီးတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို ဂူဒီဆင်ပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လီဗာပူးအခြေစိုက် အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးဘောလုံးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ရာစုနှစ်ချီကြာ ပြိုင်ဆိုင်လာခဲ့ပြီး အကောင်းဆုံး အိမ်နီးနားချင်းတွေဖြစ်သလို အကြမ်းတမ်းဆုံး ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။ ဒီဘက်နှစ်တွေရဲ့ ကလပ် နှစ်သင်း ထိပ်တိုက်တွေ့မှုတွေအရ လီဗာပူးက အသာရထားပေမယ့် အဲဗာတန်ကလည်း ပိုင်ရှင်အပြောင်းအလဲတွေနဲ့အတူ ထိပ်တန်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာပါ။ ဒီတစ်ကြိမ် တွေ့ဆုံမှုကတော့ အဲဗာတန်ကလည်း တက်ရိပ်ပြလာနေတာကြောင့် ပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။ လီဗာပူးအတွက်ကော အဲဗာတန်အတွက်ပါ ဘောလုံးရာသီတိုင်းအတွက်… Continue Reading →

ဗန်ဒိုက်က ဗီဒစ်ထက် ပိုပြည့်စုံတဲ့ ခံစစ်မှူးပါလို့ ရွေးချယ်တဲ့ ကမ္ဘာဖလားချန်ပီယံဟောင်း

၁၉၉၈ ကမ္ဘာဖလားနဲ့ ၂၀၂၀ ယူရိုဖလားတို့ကို အောင်မြင်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အဓိက ဗဟိုခံစစ်သမားကြီး ဖရန့် လီဘိုဖ့်က သူ့အကြိုက် ခံစစ်မှူးကို ရွေးထုတ်မှု လုပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းရဲ့ ခံစစ်မှူးဟောင်းကြီးလည်းဖြစ်တဲ့ လီဘိုဖ့်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ယူနိုက်တက်ခံစစ်မှူးဟောင်း ဗီဒစ်ထက် ပိုမို ပြည့်စုံတဲ့ ခံစစ်မှူးဟောင်းဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဗီဒစ်က ပီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ပေမယ့် ခံစစ်မှူးတစ်ယောက်အတွက်တော့ ဗန်ဒိုက်ကိုပဲ ပိုကြိုက်ပါတယ်လို့ လီဘိုဖ့်က… Continue Reading →

၂၀၂၀ နွေဈေးကွက်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေကို ရွေးထုတ်မှု

ဗြိတိန် အားကစားသတင်းဌာန The Athletic ကနေပြီး နာမည်ကျော် ဘောလုံးအေးဂျင့်တွေကို ၂၀၂၀ နွေဈေးကွက်အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လက်မှတ်ထိုးခေါ်ယူမှုကို ရွေးထုတ်မှု လုပ်စေခဲ့တယ်။ အဆိုပါ ရွေးချယ်မှုမှာတော့ ထိပ်တန်း မဲပေးမှုရဲ့ ၂၈% က လီဗာပူးက သီယာဂိုကို ခေါ်ယူနိုင်မှုက ဒီရာသီရဲ့ အကောင်းဆုံး လက်မှတ်ထိုးမှုအဖြစ် မဲပေးခဲ့ကြတယ်။ ဒုတိယနေရာမှာ ရှိခဲ့တာက အဲဗာတန်အသင်းက ဂျိမ်း ရိုဒရီဂွက်ကို လက်မှတ်ထိုးမှုဖြစ်ပြီး မဲပေးမှု ၂၂% ထိ ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ဒီနွေဟာ မျှော်လင့်ထားသလို… Continue Reading →

ကမ္ဘာအဆင့် ကြယ့်ပွင့်ဖြစ်လာမယ့် လီဗာပူးအသင်းသား တစ်ဦးကို ထုတ်ဖော်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီး သွမ်ပဆန်က ဒီနွေမှာ လီဗာပူးအသင်း လုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို အားရကျေနပ်တယ်လို့ ဖွင့်ဟသွားပါတယ်။ သူကပဲ လီဗာပူးရဲ့ လူခေါ်ယူမှုတွေကို သုံးသပ်ချက်တွေ လုပ်ပေးခဲ့ရာမှာ ကစားသမားတိုင်းက အသင်းလိုအပ်နေသူမျိုးတွေလို့ဆိုတယ်။ ကစားသမားဟောင်းကြီးကပဲ ဂျိုတာဟာ ကမ္ဘာအဆင့် ကစားသမားဖြစ်လာမယ့်သူလို့ မှတ်ချက်ပေးပါသေးတယ်။ သွမ်ပဆန်က ” လီဗာပူးရဲ့ ဈေးကွက်ထဲ ဝင်ရောက် လှုပ်ရှားမှုက သိပ်ကောင်းပါတယ်။ ဗီလာကို အရေးနိမ့်တဲ့ပွဲအပြီး ဈေးကွက်အပေါ် လီဗာပူးရဲ့ ဝင်ရောက်မှုက မကောင်းဘူးလို့ အချို့ ပရိသတ်တွေ ခံစားနေရတယ်လို့ ကြားမိတယ်။ အဲ့လို့ ပြောတာက… Continue Reading →

ဘရာဇီးရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ သွင်းဂိုးတွေဖြင့် ပေါက်ကွဲပြနေတဲ့ ဖာမင်နို

မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘရာဇီးနဲ့ ဘိုလီဗီးယားပွဲမှာတော့ ဖာမင်နိုဟာ အထောင်တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး ပွဲအပြီးမှာ ၅-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဆော်ပေါ်လိုမှာ ကစားတဲ့ အဆိုပါ ခြေစစ်ပွဲမှာတော့ ဖာမင်နိုက ဒုတိယနဲ့ တတိယ ဦးဆောင်ဂိုးတွေကို သွင်းယူသွားခဲ့တာဖြစ်ပြီး သူဟာ hat-trick ရနိုင်တဲ့ အခွင့်အရေးကိုပဲ ရခဲ့သေးတာပါ။ ဒီနိုင်ပွဲကြောင့် ဘရာဇီးဟာ ကမ္ဘာဖလား ခြေစစ်ပွဲမှာ အိမ်ကွင်း လုံးဝ ရံှူးပွဲမရှိတဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့တယ်။ လီဗာပူးအသင်းမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံနေရတဲ့ ဖာမင်နိုဟာ… Continue Reading →

ကွင်းပိတ်ကစားမှာဖြစ်ပေမယ့် တီဗီကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမှာ မဟုတ်တဲ့ လီဗာပူးနဲ့ ရှက်ဖီးပွဲ

လာမယ့်ရာသီ အစမှာတည်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ရယူထားတဲ့ ရုပ်သံတွေဟာ ပရိသတ်တွေအတွက် ဘောလုံးပွဲစဉ် ၃၈၀ လုံးကို တိုက်ရိုက် လွှင့်ပေးမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။ တစ်ရာသီလုံးမှာ ယှဉ်ပြိင်ရတဲ့ ပွဲတွေရဲ့ ၆၀% ဖြစ်တဲ့ ပွဲပေါင်း ၂၂၀ ကိုပဲ တိုက်ရိုက် ကြည့်ခွင့်ရမှာဖြစ်တယ်။ ကိုရိုနာကပ်ဘေးကြောင့် ပရိသတ်တွေကို ကွင်းထဲ ဝင်ခွင့် မပေးထားပေမယ့် အခုလို ပွဲအားလုံး တိုက်ရိုက် မပြသခြင်းကလည်း ဗြိတိန်အစိုးရရဲ့ ပေါ်လစီပိုင်း ချမှတ်မှုကြောင့် ဖြစ်တယ်။ ရုပ်သံဌာနတွေက မပြသတဲ့ ပွဲတွေထဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!