Date

October 11, 2020

တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးကွင်းလယ်လူ ကိတ်တာဟာ လက်ရွေးစင်တာဝန် ထမ်းဆောင်စဉ်မှာ ကိုဗစ် ကူးစက်ခံထားရတာကြောင့် လူစာရင်းကနေ ထွက်ထားပြီး သီးသန့်နေထိုင်မှု စတင်ပြီဖြစ်ပါတယ်။ ညာအစွန်လူ ထရန့်တစ်ယောက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ်မှာ တစ်ကိုယ်တော်စကေးပြပြီး ဂိုးသွင်တဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားနေပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ အမြင့်ဆုံးအဆင့်မှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ကစားဖို့ မျှော်လင့်နေသလို အသက် ၃၅ နှစ်လောက်ထိ ကစားနိုင်အောင် ကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံး အနေအထား ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်… Continue Reading →

ရေရှည် ကြံ့ခိုင်မှုအတွက် သူ့ရဲ့ နေထိုင်မှု ပုံစံအကြောင်း ဟန်ဒါဆန် ထုတ်ပြော

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ အမြင့်ဆုံးအဆင့်မှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ကစားဖို့ မျှော်လင့်နေသလို ကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ ဟန်ဒိုဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာကြောင့် ကွင်းဘေးထွက်နေခဲ့ရတဲ့နောက် ကြံ့ခိုင်ရေး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားရင်းအခု နိုင်ငံအသင်းနဲ့အတူ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာတော့ ယာဂန်ကလော့ပ်က “ဟန်ဒါဆန် အနေနဲ့ အင်္ဂလန်အတွက် ကစားပေးရလိမ့်မယ်၊ ဒါက နှစ်ဖက်လုံးအတွက် ကောင်းတဲ့ကိစ္စပါပဲ၊ ဒီအတွက် ကျွန်တော်ကျေနပ်ပါတယ်”လို့ ပြောဆိုခဲ့သေးတာပါ။ ရေရှည်မှာ သူ့ရဲ့ ကြံ့ခိုင်ရေး အခြေအနေနဲ့ ပတ်သက်လို့… Continue Reading →

လီဗာပူးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေတဲ့ ပရီးမီးယားလိဂ်ကို ခါယမ်းမယ့် မဟာအစီအစဉ်

လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေ နောက်ခံထားမှုနဲ့အတူ “Project Big Picture” လို့ ခေါ်တဲ့ မဟာစီမံကိန်းတစ်ခုကို စတင် ကြိုးစားနေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ ဒီအစီအစဉ်က အနာဂတ် အင်္ဂလန်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းလဲမယ့် အစီအစဉ်ဖြစ်တယ်။ ဒီအစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကို ၁၈ သင်းဖြစ်အောင် လျော့ချရေးနဲ့ လိဂ်ရဲ့ ပါဝါကို အသင်းကြီးတွေက ပိုမို ကိုင်ထားနိုင်ရေးတို့ ပါဝင်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို စတင်ဖွဲ့စည်းစဉ် ရေးဆွဲထားခဲ့တဲ့… Continue Reading →

လီဗာပူးက စတုတ်မှာ နေရာမရဖြစ်နေတဲ့ ဂိုးသမား ဘက်လန်းကို ခေါ်ယူမှာ မဟုတ်ဘူး

လီဗာပူးအသင်းက စတုတ်အသင်းမှ ဂိုးသမား ဂျက် ဘတ်လန်းကို ခေါ်ယူဖို့ လုံးဝ ညိနှိုင်းမှာ မဟုတ်ကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက အတည်ပြုပါတယ်။ လက်တလောမှာတော့ အင်္ဂလန်သတင်းဌာန အချို့က ဂိုးသမား ပြဿနာရှိနေတဲ့ လီဗာပူးက ဘတ်လန်းကို ခေါ်မယ်လို့ ခန့်မှန်း ဖော်ပြမှုတွေ ရှိနေတာဖြစ်တယ်။ လီဗာပူးက ဂိုးသမား အယ်လီဆန်ကို ၆ ပတ်လောက်ထိ လက်လွတ်ရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ပွဲမှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့ရာမှာ ပွဲထွက်သွားတဲ့ အတ်ဒရီယန်ရဲ့ လက်စွမ်းက စိတ်ပျက်ဖွယ်… Continue Reading →

ဒီရာသီအတွက် လီဗာပူး ရွေးချယ်လိုက်တဲ့ ပေါင် သန်း ၆၀ တန် အလောင်းအစား

ဒီနွေမှာ လီဗာပူးအသင်းဟာ ပရိသတ်တွေကြား မှတ်ချက်ပေးစရာရှိနေတဲ့ ကိစ္စ သုံးခုကို လုပ်ဆောင်ထားခဲ့တယ်။ အဲ့တာကတော့ ဂရုဂျစ်၊ ဝဲလ်ဆန်နဲ့ ရှာကွီရီတို့အတွက် ရတဲ့ဈေးနဲ့ ရောင်းထုတ်ခြင်းအစား တစ်ရာသီ ဆက်ထိန်းဖို့ ရွေးချယ်ခဲ့ပါတယ်။ နွေအပြောင်းအရွှေ့မှာ သီယာဂို၊ ဂျိုတာ၊ ကိုစတက်တို့ကို ခေါ်ယူခဲ့တဲ့ လီဗာပူးဟာ ဘရူးစတားနဲ့ ကီဂျာနာတို့ကို ရောင်းထုတ်ခြင်းကို ပြုလုပ်ခဲ့တယ်။ လီဗာပူးက ကစားသမား ရောင်းထုတ်မှုတွေကနေ ကစားသမားအင်အားဖြည့်မှုတွေ ပြန်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တစ်ဦးကို ပေါင် သန်း ၂၀ ဈေးခေါ်ထားတဲ့ ကစားသမား ၃ ဦးကို… Continue Reading →

အေဂျက် အပါအဝင် ချန်ပီယံလိဂ် ပြိုင်ဘက်တွေနဲ့ ပက်သက်လို့ မှတ်ချက်ပေးလိုက်တဲ့ ဝိုင်နယ်ဒမ်

လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အဖြစ် Group D မှာ အေဂျက်၊ အတ္တလန္တာ၊ မစ်ဂျယ်လန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ နယ်သာလန်၊ အီတလီနဲ့ ဒိန်းမတ်တို့က အသင်းကောင်းတွေကို ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်သလို ထူးခြားမှုကတော့ လီဗာပူး အပါအဝင် အသင်းတိုင်းက တိုက်စစ်အသားပေး အသင်းတွေဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးက ဒီရာသီမှာ ဥရောပဖလားကို ထပ်မံကိုင်မြှောက်နိုင်ဖို့လဲ မျှော်လင့်နေဦးမှာဖြစ်ပါတယ်။ ကွင်းလယ်လူ ဝိုင်နယ်ဒန်ကတော့ အေဂျက်က သူ့ရဲ့ နယ်သာလန် အသင်းဖော်တွေနဲ့ ရင်ဆိုင်တွေ့ဖို့… Continue Reading →

လီဗာပူးရဲ့ High Line ခံစစ် နည်းစနစ်ကို လေ့လာကြည့်ခြင်း

ဘောလုံးအားကစားမှာ နည်းစနစ်အမျိုးအမျိုး အသုံးတတ်ကြပြီး ခံစစ်ပိုင်းမှာလည်း ဗျူဟာအမျိုးအမျိုးရှိပါတယ်။ အင်္ဂလန်မှာတော့ Bus ကွက်လို့ခေါ်တဲ့ ခံစစ်ကို ပိတ်ကစားတဲ့ နည်းစနစ်က နာမည်ကြီးပြီး တိုက်စစ်အသားပေးတဲ့ လီဗာပူးနဲ့ မန်စီးတီးလို အသင်းတွေက ခံစစ်လိုင်းကို မြင့်ကစားတာကို မြင်ရမှာဖြစ်ပါတယ်။ High line ဆိုတာက တိုက်စစ်ပိုင်း ကစားနိုင်ဖို့အတွက် ဗဟိုခံစစ်မှူးတွေ အပါအဝင် ခံစစ်ကြောင်းက ခံစစ်ရဲ့ အဝေးမှာ ထားကစားတာမျိုးကို ဆိုလိုတာပါ။ အားနည်းချက်က ကိုယ်အသင်းရဲ့ ဂိုးသမားနဲ့ ခံစစ်ကြားမှာ Space လို့ ခေါ်ကြတဲ့ ကွက်လပ် အကြီးကြီး… Continue Reading →

လီဗာပူးရဲ့ နိုင်လိုမှုကို နားလည်ပေမယ့် နည်းစနစ်ပိုင်း နည်းနည်းချကစားဖို့ တိုက်တွန်းတဲ့ ဂျွန်ဘမ်း

လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘမ်းက အသင်းဟာ ပွဲတွေကို အနိုင်ရလိုပြီး ဂိုးတွေ သွင်းလိုတာကြောင့် ခံစစ်သမားတွေကအစ တိုက်စစ်ကို လိုက်ပါနေစေတယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အက်တွန်ဗီလာကို ရှုံးခဲ့တဲ့ပွဲအတွင်း ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့သလို အရှိန်အဟုန်နဲ့ တန်ပြန်တိုက်စစ်ဆင်တဲ့အခါ ခံစစ်တန်း အနောက်က နေရာလွတ်တွေကို ပြိုင်ဘက်တွေ အခွင့်အရေး ယူနိုင်ခဲ့တဲ့ ချဉ်းကပ်ပုံက စွန့်စားရာကျလွန်းတဲ့အပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးရဲ့ ဗဟိုခံစစ်မှူးတွေဟာ high line လို့ ခေါ်တဲ့ ခံစစ်လိုင်းကို မြင့်မြင့်ထား ကစားကြပြီး ကွင်းလယ်စည်းထိ တက်ကစားနေတာ… Continue Reading →

ကွင်းလယ်လူ သီယာဂို ကွာရန်တင်းကိစ္စတွေ ပြီးမြောက်လို့ မြို့ထဲ ဝင်လာပါပြီ

လက်ရှိ လီဗာပူး စီနီယာအသင်းသားတွေထဲမှာ သီယာဂိုနဲ့ မာနေး တို့ဟာ ကိုဗစ်ပိုး တွေ့ရှိခြင်းကြောင့် ကွာရန်တင်းဝင်မှုတွေ ပြုလုပ်ထားကြရသူတွေ ဖြစ်ပါတယ်။ ဗြိတိန် ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်မှာတော့ ကိုဗစ်နဲ့ ပက်သက်လို့ သက်မှတ်ထာတဲ့ စည်းမျဉ်းအရ ပုဂ္ဂိုလ်တစ်ဦးဟာ ကိုဗစ်ပိုးရှိခဲ့ရင် (သို့) ပိုးတွ့လို့ ရောဂါ လက္ခဏာ မပြရင်တောင်မှ အနည်းဆုံး ၁၄ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ အာဆင်နယ်နဲ့ပွဲ မတိုင်ခင်မှာ သီယာဂိုမှာ ကိုဗစ်ပိုးတွေ့ကြောင်း လီဗာပူးဘက်က ကြေညာခဲ့ပြီး သူဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!