Date

October 12, 2020

တနင်္လာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဗြိတိန်အစိုးရက မာဆေးဆိုဒ်ဝန်းကျင်ကို လော့ဒေါင်း အသစ် သုံးခုထိ တိုးမြင့်သွားမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ အဲဗာတန်ပွဲကိုတော့ ဆက်ကစားခွင့်ပေးမယ်လို့ သိရပါတယ်။ ဘာစီလိုနာ မန်နေဂျာ ရော်နယ်ကိုးမန်းက သူ့အသင်းဟာ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း တရားဝင် ဖွင့်ဟသွားပါတယ်။ ဝိုက်နယ်ဒမ်ဟာ လီဗာပူးနဲ့ စာချုပ်ကုန်ရင် ဘာကာကိုပဲ တိုက်ရိုက်ပြောင်းဖွယ် ရှိပါတယ်။ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ Louis Boyd နဲ့ Ben Grist တို့ကို လီဗာပူးနဲ့ ချယ်ဆီးအပြင် အသင်းကြီး အများအပြားက အပြိုင် ခေါ်ယူလိုနေပါတယ်။ Grimsby… Continue Reading →

စနေနေ့မှာ မာဆေးဆိုဒ်ဒါဘီကို ဖျက်သိမ်းမှာ မဟုတ်ဘဲ ကစားခွင့်ပြုသွားမည်

ဗြိတိန်အစိုးရက မာဆေးဆိုဒ်ဝန်းကျင်ကို လော့ဒေါင်း အသစ် သုံးခုထိ တိုးမြင့်သွားမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ အဲဗာတန်ပွဲကိုတော့ ဆက်ကစားခွင့်ပေးမယ်လို့ သိရပါတယ်။ မာဆေးဆိုဒ်ဟာ ကိုရိုနာပိုး ကူးစက်မှု မြင့်တက်နေတဲ့ ဒေသဖြင့်တာကြောင့် ဘားတွေ အပါအဝင် နေရာသုံးခုကို ပိတ်ဆို့မှုသစ်တွေ ထပ်မံ တိုးချဲ့ခဲ့တာပါ။ လက်တလောမှာတော့ မာဆေးဆိုဒ်အတွင်းက စားသောက်ဆိုင်၊ ဘားနဲ့ ကလပ်တွေဟာ အတော်လေး ထိခိုက်မှု ကြီးမားနေသလို ဟိုတယ်လုပ်ငန်းတွေကလည်း ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ သိရတယ်။ လီဗာပူးမြို့ကောင်စီနဲ့ ဗဟိုအစိုးရတို့က ညိနှိုင်းမှုအရ မာဆေးဆိုဒ်ကို ပိတ်ဆိုဒ်မှုအသစ်တွေ ပြုလုပ်ထားပေမယ့်… Continue Reading →

စိတ်ဓါတ်ကောင်းတဲ့ လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ရပ်ဖိုဒ့် တုန့်ပြန်

ယူနိုက်တက် တိုက်စစ်သမား ရပ်ဖိုဒ့်ဟာ ကလေးသူငယ်တွေအတွက် အစားအသောက် အခမဲ့ရမှုမှာ ကြိုးစားပေးခဲ့တာကြောင့် လူငယ်တွေကို စံနမူနာဖြစ်လာစေသူ တစ်ဦးပါ။ လီဗာပူးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်ဖီးကွင်းဟာ ရပ်ဖိုဒ့်ရဲ့ အပြုအမှုအတွက် မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးကြပါလိမ့်မယ်လို့ ရော်ဘတ်ဆန်က ချီးကျူးခဲ့သလို လီဗာပူးအသိုင်းအဝိုင်းကလည်း ရပ်ဖိုဒ့်ရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံကြောင်းတွေ ပြသထားခဲ့တယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်နိုင်တဲ့ထိ လုပ်ဆောင်နိုင်ခဲ့တာအတွက်ကော မှန်ကန်တဲ့ ကြိုးစားနိုင်မှုအတွက်ပါ အင်္ဂလန်ဘုရင်မကြီးက သူ့ရဲ့ မွေးနေ့မှာ MBE ဘွဲ့ပေးမယ့် သူတွေထက် ရပ်ဖိုဒ့်ကို ထည့်သွင်းခဲ့တယ်။… Continue Reading →

လီဗာပူးက စီးရီးလိုက် ချန်ပီယံတွေ လုပ်လေ့ရှိတဲ့ အမူအကျင့်ကို ဒီနွေမှာ လုပ်ပြခဲ့တယ်

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်အသင်း လိုအပ်တဲ့ နေရာတိုင်းကို အင်အားဖြည့်ခဲ့ပြီး အယ်လီဆန်ရဲ့ ဒဏ်ရာပြဿနာ မပေါ်ဘူးဆိုရင် ပြီးပြည့်စုံတဲ့ အစီအမံတွေကို ဖန်တီးခဲ့တာလို့ Echo က ချီးကျူးပါတယ်။ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ နေရာဟာ ကာလရှည် ဖြည့်တင်းဖို့ လိုခဲ့တဲ့ နေရာဖြစ်သလို ဒီနှစ်တွေမှာ မရှိမဖြစ် ကစားသမားအဖြစ် အရေးပါလာတဲ့ ရော်ဘတ်ဆန်ရဲ့ နေရာကိုလည်း အင်အားဖြည့်နိုင်ခဲ့တယ်။ အဓိကအားဖြင့် လီဗာပူးအသင်းဟာ ချန်ပီယံ အလေ့အထမှာ မွေ့လျောနေတဲ့ သီယာဂိုလို ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အချို့တွေက ခံစစ်ပိုင်းမှာ… Continue Reading →

အင်္ဂလန်အတွက် ပင်နယ်တီ ရအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲရန်စမှုနဲ့ ဝေဖန်မှုတွေ ဟန်ဒါဆန် ရင်ဆိုင်နေရ

အင်္ဂလန်အသင်းဟာ ညက ဘယ်လ်ဂျီယံနဲ့ ဝင်ဘာလေမှာ ကန်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာတော့ လက်ရှိ ကမ္ဘာ့အဆင့် ၁ ဖြစ်နေတဲ့ ဘယ်လ်ဂျီယံ အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံဘက်က လူကာကူရဲ့ ပင်နယ်တီ ဂိုးနဲ့ အရင် ဦးဆောင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်ကလည်း မကြာခင်ပဲ ရက်ဖို့ဒ်က ပင်နယ်တီကနေ တစ်ဆင့် ချေပဂိုး သွင်းယူခဲ့ကာ ဒုတိယပိုင်းမှာ မောင့်က တစ်ဂိုး ထပ်သွင်းခဲ့တာကြောင့် နိုင်ပွဲကောင်း ရရှိခဲ့ပါတယ်။ အင်္ဂလန် ချေပဂိုး ရခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ ပင်နယ်တီဟာ… Continue Reading →

ဟိုဗာနဲ့ ဘရူးစတားတို့ကို ဘယ်ကြောင့် ရောင်းထုတ်ခဲ့သလဲ

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား အရောင်းအဝယ် အချို့ကို လုပ်ခဲ့ပြီး ကလပ်ရဲ့ ရောင်းထုတ်မှုထဲမှာ ကီဂျာနာ ဟိုဗာနဲ့ ဘရူးစတားလို ကစားသမားတွေ ပါဝင်သွားခဲ့ပါတယ်။ The Athletic ရဲ့ သတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ဖော်လာရာမှာတော့ ဟိုဗာအတွက် ပေါင် ၁၃.၅ သန်း ရနိုင်တဲ့ ပြောင်းရွှေ့မှု၊ ဘရူးစတားအတွက် ပေါင် ၂၃.၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့မှုတွေ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းရင်းက ကစားသမားတွေ ကိုယ်တိုင်က ထွက်ခွာလိုကြောင်း တောင်းဆိုမှုကြောင့်လို့ သိရပါတယ်။ ကစားသမားတွေက… Continue Reading →

လီဗာပူး ကြိုးစားနေတဲ့ မဟာပရော်ဂျက်ကြီးကို ပရီးမီးယားလိဂ်က ဒေါသထွက်စွာ တုန့်ပြန်

လီဗာပူး ဦးဆောင်တဲ့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးက လိဂ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုမို တိုးမြင့်မယ့် အစီအစဉ်အပေါ် ပရီးမီးယားလိဂ်က တုန့်ပြန်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူး ရှေ့ထွက်လာခဲ့ပြီး ယူနိုက်တက်ကလည်း ပူးပေါင်း ထောက်ပံ့ပေးထားတဲ့ ဒီကိစ္စဟာ ၂၀၁၇ ခုနှစ်တည်းက စတင်နေတာပါ။ ၁၉၉၂ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ဖြစ်ကာ လိဂ်တွေရဲ့ တည်ဆောက်ပုံတွေကိုပါ အသစ် ပြုပြင်မှုကြီးတွေ ပါဝင်မှာဖြစ်တယ်။ ‘Project Big Picture’ လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ ကြီး… Continue Reading →

အကောင်းဆုံးဆုအတွက် ဒီဘရိုင်းကို မဲပေးခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီရာသီ PFA awards အတွက် သူကိုယ်တိုင်က ဒီဘရိုင်းကို မဲပေးခဲ့ကြောင်း ဝန်ခံပါတယ်။ ဟန်ဒါဆန်ဟာ ၂၀၂၀ ခုနှစ်ရဲ့ PFA awards ကို ဒီဘရိုင်း၊ မာနေးနည်းတူ ရေပန်းစား ကစားသမားဖြစ်ခဲ့သူပါ။ ကပ်ဘေးကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေအတွက် ဟန်ဒါဆန်ရဲ့ ကြိုးစားမှုဟာ အသိအမှတ်ပြုဖွယ် ဖြစ်ခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကောင်းယူဖို့ထက် လိဂ်ကစားသမားတွေ အားလုံးနဲ့ တွဲဘက်ပြီး ကူညီရေးကိုပဲ အားသွန်ခဲ့တာဖြစ်တယ်။ လူမှုရေးရာကိစ္စမှာ ဦးဆောင်ဦးရွက် လုပ်နိုင်ခြင်းကြောင့်လည်း ဟန်ဒါဆန်ကို ဗြိတိန်အားကစား ကလောင်ရှင်တွေက ၂၀၂၀… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!