Date

October 13, 2020

အင်္ဂါနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဗြိတိန်အစိုးရက လန်ဒန်နဲ့ အခြားသော နေရာတွေမှာ ဖျော်ဖြေရေးပွဲတွေကို ပရိသတ်တွေ ဝင်ခွင့်ပေးနေပြီး ဘောလုံးကွင်းထဲ ပရိသတ် ဝင်ခွင့် မပေးတာအတွက် ဘောလုံးအသိုင်းအဝိုင်းက ပြင်းထန်စွာ ဝေဖန်နေကြပါတယ်။ လီဗာပူး၊ ယူနိုက်တက် အပါအဝင် ကြီး ၆ ကြီးက ကြိုးစားနေတဲ့ Project Big Picture ကို ထောက်ခံလားဆိုတဲ့ မေးမြန်းမှုကို အာဆင်ဝင်းဂါးက ကိစ္စတွေက အင်္ဂလန်ပြင်ပ အသင်းပိုင်ရှင်တွေထံက လာတာဖြစ်ပြီး အစဉ်အလာကို လွဲဖယ်ခြင်းကို လက်ခံပေးဖို့တွေက ခက်ခဲမယ်လို့ တုန့်ပြန်ပါတယ်။ အင်္ဂလန်ဘယ်အစွန်လူဟောင်း အက်ရှလေကိုးက ထရန့်ဟာ… Continue Reading →

ပရီးမီးယားလိဂ်ကို ကြီး ၆ ကြီးက လွှမ်းမိုးရေး အကြံအပေါ် တုန့်ပြန်လိုက်တဲ့ အာဆင်ဝင်းဂါး

၁၉၉၂ ခုနှစ်က ရေးဆွဲထားတဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ လီဗာပူး၊ ယူနိုက်တက် အပါအဝင် ကြီး ၆ ကြီးက ကြိုးစားနေတဲ့ Project Big Picture ကို ထောက်ခံလားဆိုတဲ့ မေးမြန်းမှုကို အာဆင်ဝင်းဂါးက ပြန်လည် ဖြေဆိုမှု လုပ်လာပါတယ်။ ကြီး ၆ ကြီးက ရုပ်သံဝင်ငွေတွေထဲက ပေါင် သန်း ၂၅၀ ကို EFL ကလပ်တွေကို ခွဲဝေပေးမှု၊ အက်ဖ်အေကို ထောက်ပံ့ကြေး ပေါင် သန်း ၁၀၀ ပေးမှုနဲ့အတူ… Continue Reading →

အင်္ဂလန်အသင်းမှာ ထရန့် ရုန်းကန်နေရတဲ့ အကြောင်းရင်းကို အက်ရှ်လေးကိုး ဖွင့်ဟ

အင်္ဂလန်ဘယ်အစွန်လူဟောင်း အက်ရှလေကိုးက ထရန့်ဟာ အင်္ဂလန်အသင်းမှာ ကစားနေရတဲ့ အစွန်-တောင်ပံ နေရာမှာ ရုန်းကန်နေရတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ လီဗာပူးအသင်းမှာ ခံစစ် ၄ ယောက်တန်း ညာအစွန်နေရာက ကစားပေမယ့် အင်္ဂလန်မှာတော့ သူဟာ ညာအစွန်-တောင်ပံ ဘယ်အစွန်-တောင်ပံတွေကနေ ကစားနေရတာပါ။ အင်္ဂလန်အသင်းက သုံးယောက်တန်း ခံစစ်ကိုပဲ အားပြုကစားနေပြီး ဒီစနစ်ကပဲ ထရန့်ကို ခြေစွမ်းပြဖို့ ရုန်းကန်ရစေတယ်။ ကိုးက ပြောရာမှာ ‘ ထရန့်ကို အစွန်-တောင်ပံ သမားတစ်ဦးအဖြစ် မြင်နေရတာကို ကျနော်ကတော့ မကြိုက်ပါဘူး။ သူက ခံစစ်ကနေ… Continue Reading →

သူ့ကစားသမားဘဝမှာ ကွက်လပ်ဖြစ်နေတဲ့ ဖလားတစ်လုံးကို အနိုင်ရလိုကြောင်း ဘော်ဘီ ဖွင့်ဟ

ဘရာဇီးအသင်းနဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဖာမင်နိုက ကစားသမားဘဝမှာ ကမ္ဘာဖလား အောင်မြင်ရေးက သူ့ရဲ့ တစ်ခုတည်းသော လက်ကျန် အိပ်မက်ပါလို့ ဖွင့်ဟခဲ့တယ်။ ၂၀၁၈ ကမ္ဘာဖလားမှာ ဘရာဇီးလူစာရင်းထဲ ပါဝင်သွားခဲ့ပေမယ့် ဖာမင်နိုဟာ နေရာ မရခဲ့ပါဘူး။ သူဟာ ကမ္ဘာဖလားမှာ ဂျီးဆုရဲ့နောက်မှာပဲ ပွဲထွက်ကစားခဲ့ရပြီး ဘရာဇီးအသင်းကလည်း မအောင်မြင်ခဲ့ဘူး။ ကိုပါအမေရိကမှာတော့ ဘရာဇီးမန်နေဂျာက ဖာမင်နိုကို နေရာပေးမှုနဲ့အတူ ဘရာဇီးက ကိုပါချန်ပီယံဖြစ်ခဲ့ပါတယ်။ ထိုနည်းတူ ဖာမင်နိုဟာ ဘရာဇီးသားတွေရဲ့ အိပ်မက်ဖြစ်တဲ့ ကိုပါ အမေရိက၊ ကလပ်များကမ္ဘာဖလားနဲ့ ချန်ပီယံလိဂ်တို့ကို အောင်မြင်ခဲ့ကာ… Continue Reading →

ဘလွန်းဒီအော့သမိုင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေအဖြစ် လီဗာပူးမှ ၂ ဦးကို ရွေးချယ်

ကမ္ဘာကျော် ဘောလုံးဆုတစ်ခုဖြစ်တဲ့ ဘလွန်းဒီအော့ဆုကို ရွေးချယ်ပေးအပ်နေတဲ့ France Football ဟာ 2020 Ballon d’Or ကို ကိုဗစ်ကြောင့် ဖျက်သိမ်းထားပါတယ်။ ဒါပေမယ့်လို့ France Football ဟာ ပုံစံသစ်တစ်ခုကို 2020 Ballon d’Or နေရာမှာ အစားထိုးလာခဲ့ပြီး အဲ့တာကိုတော့ Dream Team of 11 players လို့ နာမည်ပေးထားပါတယ်။ ဒီအသင်းကိုတော့ ဒီနှစ်အကုန်မှာ ကြေညာသွားမှာဖြစ်ပါတယ်။ France Football ဟာ ၁၉၅၆ ခုနှစ်မှာ ဘလွန်းဒီအော့ဆုကို… Continue Reading →

ပွဲကြိုမှာ စကားတစ်ခွန်းကို ပရီးမီးယားလိဂ် မန်နေဂျာတွေ ပြောခွင့်မရှိကြောင်း ပိတ်ပင်

ပရီးမီးယားလိဂ်ကတော့ ရုပ်သံကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပွဲတွေကို တစ်ပွဲချင်းအလိုက် ပိုက်ဆံပေးရတဲ့ pay-per-view စနစ်ဖြင့် ပြသသွားဖို့ စီစဉ်ထားပါတယ်။ အဆိုပါ စနစ်အရ ပွဲစဉ် တစ်ပွဲကို တိုက်ရိုက် ကြည့်လိုတယ်ဆိုရင် မူလ ယူထားတဲ့ လစဉ်ကြေေးတွနဲ့ သက်ဆိုင်ခြင်း မရှိပါဘဲ တစ်ပွဲကို ၁၅ ပေါင် နှုန်း ပေးရမှာဖြစ်တယ်။ ဒီကိစ္စကို ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး လိဂ်တာဝန်ရှိသူတွေကတော့ မန်နေဂျာတွေဟာ pay-per-view စနစ်နဲ့ ပက်သက်ပြီး လုံးဝ စကားမပြောရဘူးလို့ ပိတ်ပင်လိုက်ပါပြီ။ တိုက်ရိုက်… Continue Reading →

လီဗာပူးက ပေါင် ၂ သန်း အကုန်အကျ ခံထားတဲ့ ပီတာလူးဂါနဲ့ ပက်သက်ပြီး သိထားရမယ့် ကိစ္စ ၅ ခု

ဒီနွေမှာ လီဗာပူးအသင်းက ကစားသမားသစ် လေးဦးကို ခေါ်ယူခဲ့တာဖြစ်ပြီး စီနီယာအဆင့်အတွက် မဟုတ်တဲ့ တစ်ဦးတည်းသော ကစားသမားက ဘရာဇီးကလပ် ဖလူမီနက်စ်းကနေ ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေး မာဆယ်လို ပီတာလူးဂါ ဖြစ်ပါတယ်။ ပီတာလူးဂါဟာ လူငယ်အသင်းအတွက် ခေါ်ယူခဲ့ခြင်းဆိုပေမယ့် သူက မဲဝုဒ်က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပါဝင်ခွင့် ရနေပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမားလေးအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇ သိန်းပေးထားရပြီး ပေါင် ၁.၈ သန်းထိ မြင့်တက်နိုင်ကာ… Continue Reading →

နောက်အပတ်မှာ ပြန်လည်စတင်မယ့် ချန်ပီယံလိဂ်နဲ့ ပက်သက်ပြီး သိထားရမယ့် စည်းမျဉ်း ၃ ခု

လာမယ့်အပတ်မှာတော့ လီဗာပူးဟာ နယ်သာလန်ကလပ် အေးဂျက်အသင်းနဲ့ ယှဉ်ပြိုင်ခြင်းဖြင့် ချန်ပီယံလိဂ်ပွဲတွေကို ပြန်လည် စတင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ရံှူးထွက်ပွဲတွေမှာ ချန်ပီယံလိဂ် စည်းမျဉ်း အနည်းငယ်ဟာ ယာယီ ပြောင်းလဲမှုတွေ ရှိခဲ့တယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ယခင် ပုံစံဟောင်းနဲ့ ပြန်လည် ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပေမယ့် စည်းမျဉ်း အနည်းငယ်ကို အပြောင်းအလဲ လုပ်ထားပေးမှာ ဖြစ်ပါတယ်။ 5 subs ဥရောပ အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ် တစ်ခုတည်းက လူစားလဲမှု ၅ ကြိမ်ကို ခွင့်မပြုပါဘူး။… Continue Reading →

အဲဗာတန် ပွဲကြို မဲဝုဒ်လေ့ကျင့်ရေးမှ သတင်းကောင်း ထွက်ပေါ်လာ

လီဗာပူးအသင်းရဲ့ မဲဝုဒ်လေ့ကျင့်ရေးမှာတော့ ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား မာနေးတို့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီလို့ သိရပါတယ်။ တနင်္လာနေ့ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်မှာတင် သူတို့ နှစ်ဦး ပြန်လည် ပါဝင်ခဲ့ကြခြင်းဖြစ်တယ်။ နှစ်ဦးလုံးဟာ ကိုဗစ် စစ်ဆေးမှု positive ရလဒ် ထွက်ထားရာက သက်သာလာတဲ့နောက် စတင်ကာ လေ့ကျင့်ရေးဝင်ခဲ့တာပါ။ ဒါဟာ ဒီနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်တဲ့ ၂၃၈ ကြိမ်မြောက် မာဆေးဆိုဒ် ဒါဘီပွဲအတွက် သတင်းကြီးတစ်ရပ်လည်း ဖြစ်လာခဲ့တယ်။ အဲဗာတန်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပုံစံကောင်းရနေတာကြောင့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!