Date

October 14, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဒီကနေ့မှာ ပရီးမီးယားလိဂ် ကလပ် ၂၀ ဟာ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကြပြီး Project Big Picture ကို ဆန့်ကျင်ခဲ့ကြတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ သီယာဂို၊ မာတစ်တို့ဟာ လူငယ်တွေနဲ့အတူ ဂိုးပေါက် ကန်သွင်းမှုနဲ့ ဘောလုံးပေးမှုတွေကို ဒီကနေ့ မဲဝုဒ်လေ့ကျင့်ရေးမှာ ဆက်လက် လေ့ကျင့်သွားပါတယ်။ ဟန်ဒိုနဲ့ သီယာဂိုတို့ နှစ်ဦး တွဲဘက်မှုဟာ အတိတ်က ဂျရတ်နဲ့ အလွန်ဆို တွဲဘက်မှုလို လီဗာပူးကွင်းလယ်အတွက် အားကောင်းတဲ့ ပုံစံမျိုးကို ပြန်မြင်ရစေမယ်လို့ အသင်းပရိသတ်တွေက… Continue Reading →

ကလော့ပ်ရဲ့ ဂျရတ်+အလွန်ဆို အတွဲသစ်အတွက် ပျော်ရွှင်နေတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးပရိသတ်တွေကို အကောင်းဆုံးသော ကွင်းလယ်အတွဲအကြောင်း မေးခွန်းထုတ်မယ်ဆိုရင် အလွန်ဆိုနဲ့ ဂျရတ် အတွဲကို အတော်များများက ရွေးချယ်ကြပါလိမ့်မယ်။ ၂၀၀၅ ခုနှစ် အင်စတမ်ဘူလ်းညကစလို ဒီကွင်းလယ်အတွဲဟာ ပရီးမီးယားလိဂ်မှာလည်း အားကောင်းတဲ့ တွဲဘက်ဖြစ်ခဲ့တာပါ။ ၂၀၀၉ မှာ အလွန်ဆိုတစ်ယောက် ရီးရဲလ်မက်ဒရစ်ကို မပြောင်းသွားခင်ထိ လီဗာပူးကွင်းလယ်ဟာ ပရိသတ်တွေကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ပါဘူး။ နောက်ပြီး မာရှေးယာနိုလို ကွင်းလယ်ခံစစ်သမားရဲ့ ပါဝင်မှုမျိုးနဲ့ပါ။ ဒီနှစ်တွေမှာ လီဗာပူးအသင်းဟာ ဆုဖလားတွေ အောင်မြင်လာပေမယ့် ကွင်းလယ်ကတော့ ပရိသတ်တွေအတွက် အားမရတဲ့ နေရာဖြစ်နေဆဲပါ။ ဒီနွေမှာတော့ မန်နေဂျာကလော့ပ်က စပိန်သား… Continue Reading →

ဗန်ဒိုက်သာ သူနဲ့ရင်ဆိုင်ရရင် အဆိုးတကာ့ အဆိုးဆုံး အိပ်မက်ဆိုးတွေ ကြုံသွားမယ် ဆိုတဲ့ အန်ဒီကိုးလ်

ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် က သူ သာ ကစားသမားဘဝမှာဆို လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်နဲ့ ရင်ဆိုင် ကစားရရင် နယ်သာလန်သားအတွက် အဆိုးဆုံး အိပ်မက်ဆိုးပါ မက်သွားရလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်ကတော့ ဆောက်သမ်တန်ကနေ လီဗာပူး ပြောင်းလာတည်းက ခြေစွမ်းကောင်းတွေ ပြသထားကာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး စာရင်းဝင်သည်ထိ အစွမ်းပြထားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တို့ ဗိုလ်စွဲရာမှာ ဗန်ဒိုက်က အရေးပါတဲ့ အသင်းသား အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်… Continue Reading →

သူအထင်ကြီးရတဲ့ တွဲဘက် တိုက်စစ်သမား သုံးဦးကို ထုတ်ပြောသွားတဲ့ ဖာမင်နို

တိုက်စစ်သမားတွေရဲ့ အိပ်မက် အသင်းဖော်လို့ နာမည်ကြီးတဲ့ ဖာမင်နိုက သူလေးစားပြီး အထင်ကြီးရတဲ့ တိုက်စစ်သမား သုံးဦးအကြောင်းကို ဖွင့်ဟသွားပါတယ်။ ထိပ်တန်း အထောင်တိုက်စစ်သမားတွေနဲ့ ကွဲပြားတဲ့ ကစားဟန်ရှိပြီး ကိုယ်တိုင် ဂိုးသွင်းဖို့ထက် အသင်းအောင်နိုင်ဖို့ကို အဓိက ကစားတတ်တဲ့ ဖာမင်နိုကို အာဆင်ဝင်းဂါး၊ သီယာရီ အွန်နရီတို့လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က သူတို့ အသင်းသားအဖြစ်ကော၊ အသင်းဖော်အဖြစ်ပါ အလိုချင်ရဆုံးသူပါလို့ ဝန်ခံထားရတယ်။ တွဲဘက်တွေနဲ့ ပက်သက်လို့ ဖာမင်နိုက ” သူက မယုံနိုင်လောက်တဲ့ ကစားသမားပါ။ ကော်တင်ညိုက မှော်ဆရာ မဟုတ်ပါဘူးလို့ ဘယ်သူမှ… Continue Reading →

ဝဲလ်ဆန်ကို သူ့ရဲ့ဆရာဟောင်းရှိရာ ကလပ်အသင်းထံ ပို့ဆောင်သွားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် လူစာရင်းကနေ ထုတ်ပယ်ထားတဲ့ ကွင်းလယ်လူ ဝဲလ်ဆန်အတွက် ကလပ်အသင်းရှာဖွေပေးနေမှုက သောကြာနေ့ မတိုင်ခင် အပြီးသတ်ပါလိမ့်မယ်။ ဝေလ်းအခြေစိုက်ကလပ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းထံ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို အငှားချဖို့က အတော်လေး နီးစပ်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဒါဘီအသင်းဘက်ကလည်း ကြိုးစားပေမယ့် လီဗာပူးနဲ့ ဆက်ဆံရေးကောင်းတဲ့ ဆွမ်ဆီးကပဲ အလေးသာနေခြင်းဖြစ်ပါတယ်။ လီဗာပူးဟာ ဝဲလ်ဆန်အတွက် ပေါင် ၁၂ သန်းတန်တဲ့ ပြောင်းရွှေ့ကြေးကိုပဲ ရခဲ့တာဖြစ်ပြီး အနာဂတ်မှာ ပေါင် ၃ သန်း ထပ်ရနိုင်ပေမယ့် အားကောင်းတဲ့… Continue Reading →

ဥရောပကလပ်တစ်သင်းကို ထပ်ဝယ်ပြီး အားကစားအင်ပါယာ ချဲ့ထွင်မယ့် လီဗာပူး ပိုင်ရှင်များ

လီဗာပူးအသင်း ပိုင်ရှင်တွေဟာ ဥရောပတိုက်ထဲက ကလပ်တစ်သင်းကို ဝယ်ယူပြီး ၎င်းတို့ရဲ့ အားကစားအင်ပါယာကို စတင်ကာ ချဲ့ထွင်တော့မယ်လို့ The Times က ဖော်ပြပါတယ်။ လီဗာပူးအသင်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် စီပွားရေးအုပ်စု FSG က နောက်ထပ် စီးပွားရေး ကော်ပိုရေးရှင်းဖြစ်တဲ့ RedBall နဲ့ ပူးပေါင်းမှုတွေ လုပ်ဖို့ စကားပြောနေတာပါ။ ဒီညိနှိုင်း စကားပြောမှုမှာ FSG က ၎င်းတို့ စီးပွားရေး လုပ်ငန်းစုကြီး အားလုံးရဲ့ ရှယ်ယာ ၂၅% လောက်ကို ထုတ်ရောင်းမှာဖြစ်တယ်။ FSG… Continue Reading →

ဖာမင်နို မိုင် ၆၀၀၀ အဝေးကနေ ပြန်လာရမှာက လီဗာပူးအတွက် သတင်းဆိုးတော့ မဟုတ်ဘူး

မာဆေးဆိုဒ်ဒါဘီပွဲ မတိုင်ခင်မှာ လီဗာပူးအတွက် ပြဿနာတစ်ခုက ဘရာဇီးအသင်းကနေ ပြန်လာမယ့် ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ရဲ့ ဆေးစစ်မှုကိစ္စတွေက အချိန်မှီပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘရာဇီးသား နှစ်ဦးဟာ တောင်အမေရိကတိုက်က ပီရူးကနေ မာဆေးဆိုဒ်ကို ပြန်လာရမှာပါ။ သူတို့က သောကြာနေ့ ညနက်မှ ပြန်ရောက်လာမှာဖြစ်ကာ ကိုဗစ်စည်းမျဉ်းအရ ဆေးစစ်မှုတွေ ခံယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲကို ထည့်သွင်းဖို့ မှီမလားဆိုတာက စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်လာခဲ့တယ်။ သူတို့နှစ်ဦး ဘရာဇီးအသင်းနဲ့ သွားရောက် ပူးပေါင်းစဉ်တုန်းက အဲဗာတန်နဲ့ပွဲရဲ့ ပွဲချိန်က စနေနေ့ဖြစ်တာကလွဲလို့ အချိန်ကို အတည်မပြုရသေးပါဘူး။… Continue Reading →

ကလောပ့်သာ အမေရိကန်မှာ ရွေးကောက်ပွဲဝင်ရင် ဒေါ်နယ်ထရန့် နေရာရမှာတောင် မဟုတ်ဘူး

လီဗာပူးနည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ Lee Richardson က ကလော့ပ်က အဟောအပြော သိပ်ကောင်းတဲ့ ထူးချွန်ပုဂ္ဂိုလ်လို့ ဂုဏ်တင်လာပါတယ်။ ယာဂင်ရဲ့ အရည်အချင်းတွေထဲမှာ အပြောသိပ်ကောင်းခြင်းကလည်း အရေးပါတဲ့ အချက်တစ်ခုပါ။ သူက စည်းရုံးရေးလည်း သိပ်ကောင်းပြီး ဒီစွမ်းရည်နဲ့အတူ လူတစ်ယောက်မှာ ရှိတဲ့ စွမ်းရည်အားလုံးကို ညစ်ထုတ်ဖို့ ကြိုးစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ” ယာဂင်က အဟောအပြော သိပ်ကောင်းသူဖြစ်ပါတယ်။ ကျနော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောလို့ ရပါတယ် ” ဆိုပြီး လီဗာပူးရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ စိတ်ပညာရှင်ဖြစ်သူ… Continue Reading →

သတင်းကောင်းအပြင် ဒေါသထွက်ရခြင်းကိစ္စတွေ ပါနေတဲ့ ဗုဒ္ဓဟူးနေ့မနက် လီဗာပူးသတင်းများ

ပရီးမီးယားလိဂ်က ပေါက်ကြာလာတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ လိဂ်ကို လွှမ်းမိုးရေး မဟာပလန်နဲ့ ပက်သက်လို့ အရေးပေါ် အစည်းအဝေး ခေါ်ယူမှာဖြစ်သလို ဒီကိစ္စကို ဒေါသကြီးနေတဲ့ ကလပ်တွေက လီဗာပူးနဲ့ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကို ပြင်းထန်စွာ ပြစ်တင်မယ်လို့ သိရပါတယယ်။ ပဲလေစ့်နဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ ညာအစွန်လူဟောင်း နေသန်ကလိုင်းဟာ မနက်ဖြန်မှာပဲ ဇန်နဝါရီအထိ လန်ဒန်ကလပ်မှာ ရှိနေမယ့် အပြီးသတ်စာချုပ်ကို ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူ ကိတ်တာရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်အသစ် ဒီကနေ့မှာ ထွက်ပေါ်လာပါပြီ။ အဖြေက negative ဖြစ်နေတာကြောင့်… Continue Reading →

© 2020 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!