Date

October 15, 2020

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်း သတင်းဆိုင်ရာ အကြီးအကဲ Ian Doyle က ဒီရာသီဟာ ဆာလက်၊ ဖာမင်နိုနဲ့ မာနေးတို့ အတူ တွဲကစားတာကို မြင်ရတဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းက ဝဲလ်ဆန်အတွက် အငှားကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အင်္ဂလန်ပြည်တွင်း ဈေးကွက်ဟာ သောကြာနေ့ညမှာ ပြီးဆုံးမှာဖြစ်ပြီး လောလောဆယ် အနေအထားအရ ဒါဘီအသင်းက ကစားသမားကို ခေါ်ယူနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဖိအားတွေများခဲ့တဲ့… Continue Reading →

ဒီရာသီဟာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို အတူမြင်ရတဲ့ နောက်ဆုံးဘောလုံးရာသီ ဖြစ်မည်

လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်း သတင်းဆိုင်ရာ အကြီးအကဲ Ian Doyle က ဒီကနေ့မှာ လူပြောများနေတဲ့ ကလပ်ရဲ့ ကိစ္စကြီးတွေအတွက် မေးမြန်း ဖြေဆိုမှုအချို့ လုပ်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ Project Big Picture ကို စတင်ခဲ့တဲ့ ကလပ်ဖြစ်ပြီး ဒီကိစ္စကြောင့်လည်း အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းက ကြီးကြီးမားမား လှုပ်ခတ်မှုတွေ ရှိလာခဲ့တယ်။ ဒါပေမယ့်လို့ ကလပ် ၂၀ က အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကာ အဆိုပါ ပရော်ဂျက်ကို ပယ်ချခဲ့ပါတယ်။ ဂျွန်ဟင်နရီက… Continue Reading →

လီဗာပူးမှာရတဲ့ လုပ်ခတွေကို ဆေးကုစရိတ်အဖြစ် သုံးလိုက်ရတယ်ဆိုတဲ့ စတားရစ်

လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း စတားရစ်ကတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာတွေအတွက် ကုသရင်းပဲ ငွေကြေးနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ လက်ရှိအချိန်ထိ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရပေမယ့် မည်သည့်ကလပ်ကမှ မခေါ်ယူသေးပါဘူး။ အဓိကအားဖြင့် သူ့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းကြောင့် ကလပ်တွေက ခေါ်ယူဖို့ လက်တွန့်နေကြတာပါ။ စတားရစ် ကိုယ်တိုင်ကလည်း ဒဏ်ရာတွေရဲ့ သားကောင်ဖြစ်ရမှုကို ဝန်ခံခဲ့သလို ဒါတွေကို ကုဖို့ ငွေသုံးရင်းနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ဖွင့်ဟခဲ့တယ်။ စတားရစ်က “… Continue Reading →

ဂိုးသမား ၃ ဦးကို မဲဝုဒ်သို့ ခေါ်ယူခြင်းနဲ့ အသင်းကို ပြန်ရောက်လာတော့မယ့် စီနီယာတွေ အခြေအနေ

နိုင်ငံတကာသီတင်းပတ် လီဗာပူးအသင်း လေ့ကျင့်ရေးမှာတော့ စီနီယာဂိုးသမား အယ်လီဆန်နဲ့ တတိယဦးစားပေး ဂိုးသမား ဂလယ်ဟာတို့ မပါနိုင်ခဲ့ပါဘူး။ အယ်လီဆန်က ပုခုံးဒဏ်ရာကြောင့် အနားယူနေရခဲ့တာဖြစ်ပြီး ဂလယ်ဟာကတော့ အိုင်ယာလန်အသင်း လူစာရင်းမှာ ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးနည်းပြ အက်ချ်တာဘတ်က စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့်ရထားတဲ့ ပီတာလူးဂါအပြင် လူငယ်အသင်းမှ ဂိုးသမား ၂ ဦးကို ထပ်မံ ခေါ်ယူပြီး လေ့ကျင့်ရေးကို အားဖြည့်ခဲ့ရပါတယ်။ ဒီအပတ် မဲဝုဒ်လေ့ကျင့်ရေးမှာတော့ စီနီယာကစားသမားတွေဖြစ်တဲ့ မာတစ်၊ သီယာဂိုနဲ့ မာနေးတို့ ပါဝင်လာခဲ့တယ်။ ဒါပေမယ့်လို့ ကစားသမား… Continue Reading →

အက်စတွန်ဗီလာကို ၇ ဂိုးနဲ့ ဂိုးပြတ်ရှုံးတာ ကြိုက်တယ်လို့ ဒဲ့တိုးဖြေတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တာကို ကြိုက်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ လက်ရှိ ချန်ပီယံတွေဟာ ရာသီသစ်ကို အကောင်းဆုံး စတင်လာခဲ့ပြီး အဖွင့် ၃ ပွဲမှာ ရမှတ် ၉ မှတ် အပြည့်ရခဲ့ပေမယ့် အက်စတွန်ဗီလာနဲ့ပွဲကို ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တာပါ။ ၁၉၆၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရံှူးပွဲလည်း ဖြစ်ခဲ့ပါတယ်။ မန်နေဂျာကလော့ပ်ကတော့ ဆင်ခြေပေးစရာမရှိ ပြတ်ပြတ်သားသား အရေးနိမ့်တာကို ကြိုက်တယ်လို့ ဖွင့်ဟခဲ့တယ်။ ထိုပွဲနဲ့ ပက်သက်လို့ များပြားတဲ့… Continue Reading →

ပိတ်ဆို့မှုတွေ မြင့်တက်နေပေမယ့် လီဗာပူးမှာ ရိုက်ကူးမှု ဆက်လုပ်နေတဲ့ DC ရဲ့ The Batman ရုပ်ရှင်

လီဗာပူးမြို့မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ဘားတွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ပိတ်ဆို့မှု ၃ ခုကို ထပ်မြင့်ခဲ့ပေမယ့် Warner Bros ရဲ့ The Batman ရုပ်ရှင် ရိုက်ကူးမှုတွေ ပြန်စတင်ထားပါတယ်။ လီဗာပူးမြို့မှာ မြို့အခြေစိုက် ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်အသင်းတို့က ဘောလုံးကွင်းထဲ ပရိသတ်တွေကို ဝင်ခွင့်ပေးဖို့ ကြိုးစားပေမယ့် မြို့ကောင်စီထံက ခွင့်ပြုမှု မရရှိသေးပါဘူး။ လက်ရှိ လီဗာပူးမှာ ရိုက်နေတာကတော့ DC Comics နဲ့ Warner Bros တို့ ပူးပေါင်း… Continue Reading →

အဲဗာတန် V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် ၅ အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် စနေနေ့ မြန်မာစံတော်ချိန် ည ၆ နာရီမှာတော့ ဂူဒီဆင်ပါခ်မှာ မာဆေးဆိုဒ်ဒါဘီပွဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ မာဆေးဆိုဒ်ဒါဘီဟာ အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီတစ်ကြိမ်မှာ အဲဗာတန်အသင်းက တာထွက်ကောင်းနေတာကြောင့် ပွဲက ပိုမို အကျိတ်အနယ် ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီပွဲကို အနိုင်ရမှ အမှတ်ပေးဇယား ပြန်လည် ဦးဆောင်ခွင့်အတွက် လီဗာပူးက နေရာပြန်ယူနိုင်မှာဖြစ်ကာ ရလဒ် မကောင်းခဲ့ရင်တော့ ဗီလာပွဲအပြီး ရမှတ်ထပ်မံ ဆုံးရံှူးမှု ဖြစ်သွားပါမယ်။ မိုင်ကယ်အိုဝင်က ” နှစ်တွေ အကြာကြီးမှာ… Continue Reading →

ဆွာရက်စ်ကို ခေါ်ယူနိုင်ဖို့ စာချုပ်ပါကြေးကို ၁ ပေါင် ပိုပေးတဲ့ကိစ္စ အာဆင်ဝင်းဂါး ရှင်းလင်း

အာဆင်ဝင်းဂါးက ၂၀၁၃ ခုနှစ်တုန်းက လီဗာပူးတိုက်စစ်သမား ဆွာရက်စ်ကို စာချုပ်ပါကြေးထက် ၁ ပေါင် ပိုပေးပြီး ကမ်းလှမ်းမှုက စိတ်ပျက်စရာ ကမ်းလှမ်းမှုဖြစ်ကြောင်း ဝန်ခံပါတယ်။ ထိုစဉ်က အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်မှ အိုဇေးလို ကစားသမားကို ရရှိထားပြီဖြစ်ကာ တိုက်စစ်လိုအပ်ချက်အတွက် ဆွာရက်စ်ကို ကမ်းလှမ်းခဲ့တာပါ။ လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက အာဆင်နယ်ရဲ့ လုပ်ရပ်ဟာ ကလပ်ကို စော်ကားမှုလို့ ယူဆတာကြောင့် အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်။ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးဖြစ်နေတဲ့ ဆွာရက်စ်ကို အာဆင်နယ်အသင်းကတော့ ပေါင် သန်း ၄၀… Continue Reading →

ဖန်တီးရှင် မရှိတဲ့ အင်္ဂလန်ရဲ့ ကွင်းလယ်ကို ကယ်တင်နိုင်မယ့်သူက ထရန့်ဖြစ်ကြောင်း အကြံပေးမှု

အင်္ဂလန်ကွင်းလယ်လူဟောင်း ရက်နပ်က ဖန်တီးမှုမရှိဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်အတွက် ထရန့်ကို ပြောင်းကစားစေဖို့ အကြံပေးမှု လုပ်လာပါတယ်။ အင်္ဂလန်ဟာ ၃-၄-၃ ပုံစံကို အထိုင်ချကစားဖို့ ကြိုးစားနေပေမယ့် ဒိန်းမတ်ကို ၁-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ကွင်းလယ်က ဆိုးရွားနေခဲ့တာပါ။ ရိုက်နဲ့ ဖီးလစ်တို့ဟာ ကွင်းလယ်ကို မထိန်းချုပ်နိုင်ခြင်းကြောင့် သူတို့ထဲက တစ်ဦးရဲ့ နေရာမှာ ထရန့်ကို ထားပြီး ဒီဘရိုင်းလို ဖန်တီးရှင်အဖြစ် ကစားစေဖို့ ရက်နပ်က အကြံပေးခဲ့တယ်။ ရက်နပ်က ” ကစားသမားတစ်ယောက်ကို အဲ့နေရာအတွက် ရွေးချယ်ရမယ်။ ထရန့်ကို ကွင်းလယ်မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!