Date

October 17, 2020

ဗန်ဒိုက်ရဲ့ ဒဏ်ရာ အခြေအနေ မကောင်းကြောင်းနဲ့ သီယာဂိုပါ ဒဏ်ရာရခဲ့ကြောင်း ကလော့ပ် ပြော

မာဆေးဆိုဒ် ဒါဘီပွဲကတော့ လီဗာပူးအတွက် စိတ်ပျက်ဖွယ်ပွဲလို့ ဆိုနိုင်ပြီး VAR ဆုံးဖြတ်ချက်ကြောင့် ရမှတ် ၂ မှတ် နစ်နာခဲ့သလို ဗန်ဒိုက်နဲ့ သီယာဂိုတို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ ပွဲအစောပိုင်းမှာတင် ပစ်ဖိုဒ့်ရဲ့ ခြေစုံပစ် ဝင်မှုကြောင့် လူစားလဲခဲ့ရခြင်းဖြစ်ကာ သီယာဂိုကိုတော့ ရစ်ချာလီဆန်က ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကဒ် ပြခဲ့တယ်။ သီယာဂိုက ဆက်ကစားခဲ့ပေမယ့် ဒဏ်ရာရသွားတယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။ ယာဂင်ကလော့ပ်က “ ဗန်ဒိုက်ရဲ့ ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။… Continue Reading →

ဘယ်လိုဖြစ်ပြီး လူကျွံသွားရတာလဲ ငါ့ကိုလည်း ရှင်းပြကြပါဦးလို့ ဒိုင်တွေကို ကလော့ပ် မေးခွန်းထုတ်

လီဗာပူးအသင်းဟာ အဓိက ကစားသမား အစုံအလင် ပွဲထုတ်လာခဲ့ပြီး ကိုဗစ်ကနေ သက်သာလာတဲ့ မာနေး၊ သီယာဂိုနဲ့တကွ ဒဏ်ရာက ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်လည်း ပါလာခဲ့တယ်။ ဒါပေမယ့်လို့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ VAR ရဲ့ ဆုံးဖြတ်ချက် အမှားကနေ ရလဒ် ထိခိုက်ခဲ့ရပါတယ်။ ဗန်ဒိုက်ရဲ့ အနေအထားမှာ လူကျွံဘော ကြည့်နေပေမယ့် စည်းကြပ်ဒိုင်က VAR ဆုံးဖြတ်ချက် စောင့်နေခဲ့ပြီး အလံမထောင်ထားဘူး အဲ့အချိန်မှာ ပစ်ဖိုဒ့်က ဗန်ဒိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ချချိန်မှာတော့ လူကျွံနေလို့ဆိုကာ အင်္ဂလန်ဂိုးသမား ပစ်ဖိုဒ့်ကို… Continue Reading →

ဘော်ဘီ ဖာမင်နိုက လီဗာပူးအတွက် ပြဿနာလားဆိုတဲ့ မေးခွန်းကို အံ့အားသင့်ခဲ့တဲ့ ကလော့ပ်

ဒီရက်ပိုင်းမှာ အသံစထွက်နေတဲ့ တိုက်စစ်မှူး ဘော်ဘီရဲ့ ကလပ်အတွက် ကာလရှည် ဂိုးပေါက်ပျောက်မှု အကြောင်းဟာ ဒီကနေ့မှာတော့ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ နားထိ ပေါက်ရောက်ခဲ့ပါတယ်။ ဒီရာသီမှာ ဘော်ဘီ ဖာမင်နိုဟာ ကလပ်အတွက် သွင်းဂိုး မရသေးပါဘူး။ ဒါကြောင့် ဘော်ဘီ ဂိုးမသွင်းနိုင်တာက ကလပ်အတွက် ပြဿနာဖြစ်လာသလားလို့ မေးခွန်းထုတ်ခံခဲ့ရတယ်။ ကလော့ပ်က ဒီမေးခွန်းကို အံ့အားသင့်ခဲ့ပြီး ဘော်ဘီကို ဒီလို မေးလာကြတာအတွက် သူ မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ယာဂင်က ” ဖာမင်နို ဂိုးမသွင်းနိုင်တာက ငါ့အတွက် ပြဿနာတစ်ခုဖြစ်လာတယ်လို့ ဘာလို့… Continue Reading →

သူ့အိမ်မှာ ယူနိုက်တက်ဂျာစီ တစ်ထည်မှ မထားဘူး ရိုင်ကိန်းဂျာစီလည်း မထားဘူးဆိုတဲ့ ဂျရတ်

ဒီအင်တာဗျူးကို လုပ်ခဲ့တာက ၂၀၁၅ ခုနှစ်က RTE Radio One အစီအစဉ်မှာ ဖြစ်ပါတယ်။ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းကနေ မထွက်ခင်မှာ ဒီအင်တာဗျူးကို ဖြေပေးခဲ့ပါတယ်။ စတီဗင် ဂျရတ်ဟာ လီဗာပူးကစားသမားဘဝမှာ ပြိုင်ဘက်ပေါင်း များစွာနဲ့ ဂျာစီလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူ့ကစားသမားဘဝမှာ လုံးဝ မလဲခဲ့တဲ့ ဂျာစီကတော့ ယူနိုက်တက် အသင်းသားတွေရဲ့ ဂျာစီဖြစ်ပါတယ်။ ” ငါက ဘာလို့လဲရမှာလဲ?” လို့ စတီဗင်က ခပ်ပြတ်ပြတ် ပြောပါတယ်။ ” ဘာလို့ ငါ့အိမ်မှာ ယူနိုက်တက်ဂျာစီ… Continue Reading →

၂၀၂၀ နွေအပြောင်းအရွှေ့မှ လီဗာပူးရဲ့ ကစားသမား အဝင် ၄ ဦး အထွက် ၁၂ ဦးစာရင်း

၂၀၂၀ နွေအပြောင်းအရွှေ့အတွက် ဥရောပဈေးကွက်ကော၊ အင်္ဂလန်ပြည်တွင်း ဈေးကွက်ပါ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ အခြားသော ဘောလုံးရာသီတွေနဲ့ မတူဘဲ ကပ်ဘေးကြောင့် အင်္ဂလန်ကလပ်တွေကို ဥရောပဈေးကွက် အပြီးမှာလည်း ပြည်တွင်းဈေးကွက်ကို အောက်တိုဘာလ ၁၇ ရက်နေ့ထိ ဖွင့်ထားပေးခဲ့ကာ အောက်တန်းလိဂ်တွေနဲ့ ကစားသမား အရောင်းအဝယ်တွေ လုပ်ခွင့် ပေးခဲ့တာဖြစ်တယ်။ ဒီနွေမှာတော့ လီဗာပူးက ဂျိုတာအတွက် ပေါင် ၄၁ သန်း အောင်မြင်မှုအလိုက် ပေါင် ၄ သန်း၊ သီယာဂိုအတွက် ပေါင် သန်း ၂၀ အောင်မြင်မှုအလိုက် ပေါင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!