Date

October 18, 2020

စတီးဝပ် ထပ်မံ ခြေစွမ်းပြခဲ့ပြန်တဲ့ လီဗာပူးလူငယ်အသင်း လာမယ့်ပွဲမှာ အဲဗာတန်နဲ့တွေ့မယ်

လီဗာပူး ယူ-၁၈ အသင်းဟာ အကယ်ဒမီထွက် တိုက်စစ်သမားလေး လေသန်စတီးဝပ် တောက်ပနေမှုနဲ့အတူ ယူ-၁၈ ပြိုင်ပွဲတွေမှာတော့ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေပါတယ်။ ယူ-၁၈ အသင်းသား စတီးဝပ်ဟာ ဒီရာသီမှာ အတော်လေး နာမည်ထွက်နေပြီး ဆန်းဒါးလန်းနဲ့ပွဲမှာပါ သွင်းဂိုး ၂ ဂိုး ထပ်သွင်းယူနိုင်ခဲ့ကာ ဒီရာသီမှာ ၄ ပွဲကစား သွင်းဂိုး ၈ ဂိုးထိ ရှိလာပါပြီ။ ဒါ့အပြင် လီဗာပူး လူငယ်အသင်းက ၁ ပွဲလျော့ကစားပြီး လိဂ်ဦးဆောင်သူ မန်စီးတီးနောက် ၂ မှတ်အကွာကနေ ဖိအားပေးနေဆဲဖြစ်တယ်။… Continue Reading →

ဝမ်းနည်း နာကျင်နေတဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေကို စိတ်ဓါတ်မြင့်တင်ပေးသွားတဲ့ ရိုဘို

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းနဲ့ ပရိသတ်တွေကို စိတ်ဓါတ်တွေ ကျမနေဖို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲတွေက ထပ်ရောက်လာပြီလို့ အားပေးစကား ပြောဆိုခဲ့ပါတယ်။ လီဗာပူးက အနိုင်ရသင့်ပါလျက်နဲ့ VAR ဒိုင်လူကြီးရဲ့ မမျှတမှုမှာ လီဗာပူးက အနိုင်ရလဒ်အစား သရေရလဒ်ပဲ ရခဲ့တာပါ။ ရော်ဘတ်ဆန်က အားလုံးကို အကောင်းမြင်စရာတွေ တွေးပြီး ရောက်လာမယ့် ချန်ပီယံလိဂ်ပွဲကို အဆင်သင့်ဖြစ်နေရဦးမယ်လို့ သတိပေးမှုလည်း လုပ်ခဲ့တာဖြစ်တယ်။ ရော်ဘတ်ဆန်က “ အကောင်းမြင်လို့ ရစရာတွေအားလုံးကို ငါတို့ ယူကြဖို့ လိုတယ်။ ငါတို့ လုပ်ခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေကို… Continue Reading →

လီဗာပူး၊ အာဆင်နယ်တို့ကို အကျောပေးပြီး ပြိုင်နေရတာလို့ အံ့အားသင့်ဖွယ် ပြောတဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရအပြီးမှာ သူတို့အသင်းက လီဗာပူးကို အသာစီးပေးပြီး ယှဉ်ပြိုင်နေရတာပါလို့ ဆွဲထည့် ပြောဆိုသွားပါတယ်။ ဂွာဒီယိုလာက သူတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲအပြီးမှာ လီဗာပူးအကြောင်း ထည့်ထည့်ပြောတာက အခုမှ မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာလည်း သူ့ကစားသမားတွေက ရာသီကြိုကို လီဗာပူးလို ခပ်စောစော မစနိုင်ခဲ့ကြောင်းနဲ့ ကိုဗစ် ကူးစက်ခံရမှုတွေ ရှိနေတာကလည်း ပြင်ဆင်ချိန်တွေကို နောက်ကျစေတယ်လို့ ဆိုပါတယ်။ ဂွာဒီယိုလာက ” ပွဲတွေကို နိုင်တာက နိုင်ပွဲတွေအတွက် အကူအညီဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲမှာ ကျနေ်ာတို့… Continue Reading →

ဗန်ဒိုက် ဒဏ်ရာအတွက် အထူး ပါရဂူဖြင့် ထပ်ပြနေပြီး လီဗာပူးဘက်က အတော်လေး စိုးရိမ်နေ

လီဗာပူးဟာ ခံစစ်မှူး ဗန်ဒိုက်ရဲ့ ဒဏ်ရာကို အထူးစိုးရိမ်တာကြောင့် စပရှယ်လစ်တစ်ဦးနဲ့ ဒီကနေ့မှာ ပြသသွားမှာဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ ဒဏ်ရာက ကာလရှည် နားရသွားရမှာလားဆိုတာကို ပိုမို တိကျစွာ စစ်ဆေးနိုင်ဖို့ အထူး ပါရဂူဖြင့် ပြသွားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုကို လုံးဝ ပြောနိုင်ခြင်း မရှိသေးကာ မနက်ဖြန်လောက်မှ စစ်ဆေးမှုရဲ့ ရလဒ်ကို သိရဖွယ် ရှိပါတယ်။ အဲဗာတန်နဲ့ပွဲအပြီးမှာ ဗန်ဒိုက်ကို ဒေသခံ ဆေးရုံကို တန်းပို့ခဲ့ပြီး ဒဏ်ရာကို စကန်ဖတ်ခဲ့တယ်။ ညာဘက် ဒူးမှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ဆေးရုံက… Continue Reading →

ကျနော်က ခပ်ကြမ်းကြမ်း ကစားတတ်သူ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်ဆိုတဲ့ ရစ်ချာလီဆန်

မာဆေးဆိုဒ်ဒါဘီမှာ သီယာဂိုကို ဥပဒေပ ကစားခဲ့တာကြောင့် တိုက်ရိုက် အနီကဒ်ထိခဲ့တဲ့ ရစ်ချာလီဆန်က ပွဲအပြီးမှာတော့ ဖြေရှင်းချက် ပေးသွားပါတယ်။ ရစ်ချာလီဆန်က ” ကျနော်ရဲ့ နောက်ခံနဲ့ ကျနော်က ဘယ်တော့မှ ခပ်ကြမ်းကြမ်း မကစားတတ်တဲ့သူဆိုတာ အားလုံးလည်း သိကြပါတယ်။ ပွဲမှာ ဖြစ်ခဲ့တာက အာရုံစိုက် ကစားနေရင်း ရုတ်တရတ် တိမ်းရှောင်ရတဲ့အခါ ဖြစ်သွားတဲ့ ထိခိုက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ သီယာဂိုကို နာကျင်အောင်လုပ်မယ်ဆိုပြီး ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို ထိတော့မယ်ဆိုတာကို သိတဲ့နောက်မှာ ကျနော်က ခြေထောက်ကို ပြန်ရုတ်ခဲ့ပြီး ဒူးနဲ့… Continue Reading →

အဆိုးဆုံးမဖြစ်စေဖို့ ဆုတောင်းရင်းသာ စောင့်နေရတော့မယ့် ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေ

အသင်းပရိသတ်တွေ ကြားလိုကြမယ့် ကိစ္စ မဟုတ်ပေမယ့် ဗန်ဒိုက်ရဲ့ အခြေအနေ နောက်ဆုံးရ သတင်းကို ဖော်ပြပေးပါမယ်။ ယာဂင်ကလော့ပ်က “ ဗန်ဒိုက်ရဲ့ ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ ဗန်ဒိုက်က နာကျင်နေရင်းနဲ့တောင်မှ ဘောလုံး ကစားနိုင်သူပါ။ သူတောင် ဆက်မကစားနိုင်ဘူးဆိုတော့ အခြေအနေ ဘယ်လောက်ထိ ဆိုးသလဲဆိုတာ မသိသေးပေမယ့် မကောင်းတာတော့ သေချာပါတယ်။” လို့ ပွဲပြီးမှာ အလေးအနက် ပြောဆိုတယ်။ ပွဲအပြီးမှာပဲ လီဗာပူးက ဗန်ဒိုက်ကော၊ သီယာဂိုကိုပါ ဆေးရုံကို တန်းပို့ခဲ့ပါတယ်။ ဆေးရုံကနေ ထွက်လာစဉ်မှာ ဗန်ဒိုင်ဟာ… Continue Reading →

VAR က လိုသလို ကွေးလို့ရတဲ့ မျဉ်းတွေနဲ့ လူကျွံဘောတွေ တိုင်းနေကြတာလားလို့ ဟန်ဒါဆန် မေး

မာဆေးဆိုဒ်ဒါဘီရဲ့ အနိုင်ဂိုးရှင်ဖြစ်ခဲ့ဖို့ နီးစပ်ခဲ့တဲ့ ဟန်ဒါဆန်က VAR ကို မယုံကြည်တဲ့အကြောင်း ပွဲအပြီးမှာ အတိအလင်း ထုတ်ပြောလိုက်ပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးကစားသမားဘဝ ၁၀ နှစ်အတွင်းမှာ မာဆေးဆိုဒ်ဒါဘီကို ယှဉ်ပြိုင်ကစားပြီး တစ်ကြိမ်မှကို အရေးမနိမ့်ဖူးသူပါ။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ထူးချွန်တဲ့ အဆုံးသတ်မှုနဲ့အတူ အသင်းကို နိုင်ပွဲရအောင် ဆွဲတင်ပေးဖို့ ဖြစ်ခဲ့ပေမယ့် ကင်မရာနောက်ကွယ်က VAR ဒိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ဟန်ဒါဆန်က မအောင့်အီးနိုင်ဘဲ VAR ကို တိုက်ရိုက် ဝေဖန်ခဲ့တယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဒိုင်တွေကို… Continue Reading →

အဲဗာတန်ပွဲမှ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို စုံစမ်းစစ်ဆေးပေးဖို့ အက်ဖ်အေကို လီဗာပူး စာတင်

လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီပွဲအတွင်း ကြီးမားတဲ့ ပွဲရလဒ် နှစ်ခုအတွက် VAR ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် စုံစမ်းစစ်ဆေးပေးဖို့ အက်ဖ်အေကို တောင်းဆိုလိုက်ပါတယ်။ ဂူဒီဆင်ပါခ်မှာ လီဗာပူးက ၂-၂ သရေကျခဲ့စဉ် အတော်ဆိုးတဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို VAR က ပြုလုပ်ခဲ့တာပါ။ ပွဲချိန် ၆ မိနစ်မှာတင် အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်ဟာ ကွင်းထဲက ထွက်သွားရနိုင်တဲ့ ပြင်းထန် ရန်လိုတဲ့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်။ သူဟာ ဗန်ဒိုက်ကို ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ VAR… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!