Date

October 19, 2020

ခင်ပွန်းသည် ထောင်ကျနေချိန် ဇနီးကောင်းက သစ္စာရှိစွာ စောင့်နေသလို ဗန်ဒိုက်ကို စောင့်နေမယ်

မန်နေဂျာယာဂင်ကလော့ပ်က ဗန်ဒိုက်ရဲ့ ဒဏ်ရာ ခွဲစိတ်မှုခံယူရမယ်ဆိုတဲ့ သတင်းကို အသင်းဘက်က ကြေညာပြီး ပထမဆုံးအကြိမ်အဖြစ် စကားပြောမှု လုပ်လာခဲ့ပါပြီ။ ကလော့ပ်ကတော့ ဗန်ဒိုက်နဲ့ စကားပြောမှုတွေရှိကာ ခံစစ်သမားက အဆင်ပြေပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗန်ဒိုက် ကိုယ်တိုင်ကလည်း ဒီအခြေအနေမှာ ကိုယ်ဘာသာ စိတ်ဓါတ် ကြံ့ခိုင်နေဖို့ ပြင်ဆင်နေပြီး ကာလရှည် ပြန်လည် ထူထောင်းရေးအတွက် ကြိုးစားရတော့မှာအတွက် အားတင်းနေတယ်လို့ ကလော့ပ်က ပြောပါတယ်။ ဒီအပတ်ထဲမှာ ခွဲစိတ်မှု ခံယူမယ့် ဗန်ဒိုက်ဟာ ပါရဂူနဲ့ တိုင်ပင်မှုတွေ လုပ်နေပြီး အစီအစဉ်တွေ ဆွဲနေပါတယ်။… Continue Reading →

အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်သွားနိုင်ဖွယ်ရှိတဲ့ လီဗာပူး စီနီယာအသင်းသား (၈) ဦး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်ထံသွားမယ့် လူစာရင်းကို စီစစ်မှုတွေ လုပ်နေဆဲဖြစ်ပြီး အရေးပါတဲ့ ကစားသမား အများအပြား လွဲချော်သွားဖို့တော့ ရှိနေပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဗဟိုခံစစ်မှူး ဗန်ဒိုက် ဒဏ်ရာရခဲ့ကာ အဆိုပါ ဒဏ်ရာကြောင့်ပဲ ကာလရှည် အနားယူရမှာဖြစ်တယ်။ ဒီသီတင်းပတ်ထဲမှာ ဗန်ဒိုက်ဟာ ညာဘက် ဒူးမှာ ထိခိုက်ခဲ့တဲ့ ဒဏ်ရာအတွက် ခွဲစိတ်မှု ဝင်သွားမှာဖြစ်ကာ ပြန်လည် ထူထောင်ရေး ကိစ္စတွေအတွက်လည်း ပလန်တွေ စတင် ဆွေးနွေးထားပြီဖြစ်ပါတယ်။ စနေနေ့မှာပဲ ကွင်းလယ်လူ သီယာဂိုက အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ထိခိုက်မိတဲ့… Continue Reading →

ဇန်နဝါရီလ ၁ ရက်နေ့ ဈေးကွက် ဖွင့်တာနဲ့ လီဗာပူး ခေါ်ယူသင့်သူကို ကာရေဂါ ထောက်ပြ

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါက ကလပ်အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီဈေးကွက် စဖွင့်တာနဲ့ ခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အဓိက ခံစစ်သမား သုံးဦးပဲရှိပြီး လေးဦးမြောက်အဖြစ် ဖာဘင်ညိုက အစားဝင်ပေးဖို့ ရှိနေတယ်။ ဒါပေမယ့်လို့ ဗန်ဒိုက် ဒဏ်ရာရသွားအပြီးမှာတော့ ဂိုးမက်စ်၊ မာတစ်လို ဒဏ်ရာ မကြာခဏ ရထားတဲ့ ခံစစ်သမားတွေနဲ့ ဖာဘင်ညိုပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ကာရေဂါက ” ဇန်နဝါရီ ဈေးကွက်ထဲကို လီဗာပူးအသင်းက သေချာပေါက် ဝင်ရောက်ဖို့… Continue Reading →

လာမယ့် ဒါဘီတွေမှာ လီဗာပူးကို အနိုင်ယူဖို့ စတင် ရည်မှန်းတော့မယ် ဆိုလာတဲ့ အဲဗာတန် မန်နေဂျာ

စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အဲဗာတန်က ဒီရာသီကို ရံှူးပွဲမရှိသေးဘဲ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားပါတယ်။ အန်ဆယ်လော့တီက မာဆေးဆိုဒါ ဒါဘီပွဲမှာ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် မြို့ခံနှစ်သင်းကြား အရည်အချင်းပိုင်းမှာ ကွာဟမှု ရှိနေဆဲဖြစ်ကာ အဲဗာတန်က လီဗာပူးနဲ့ တန်းမညီသေးဘူးလို့ဆိုတယ်။ ဒါပေမယ့်လို့ ဒါက လိုက်မမှီနိုင်တဲ့ အခြေအနေ မဟုတ်ဘဲ နောင်ဒါဘီတွေမှာတော့ အနိုင်ရလဒ်အတွက် ဦးတည်ကစားပါမယ်လို့ ဆိုသွားခဲ့ပြန်တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “ ဒါဘီပွဲမှာ ကျနေ်ာတို့ အသင်းက တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ထင်တယ်။… Continue Reading →

BREAKING: အယ်လီဆန် တစ်ဦးချင်း လေ့ကျင့်ရေး စတင်ပြီ၊ မာတစ် ဒဏ်ရာကိစ္စ မမှန်ကန်

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဒီကနေ့မှာပဲ မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။ သူဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို စတင်လိုက်တာပါ။ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပုခုံးဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ အယ်လီဆန်ဟာ နိုင်ငံတကာ သီတင်းပတ်မှာ အနားယူနေခဲ့ရသူပါ။ သူဟာ အဲဗာတန်နဲ့ပွဲကိုလည်း လွဲချော်ခဲ့သူဖြစ်ကာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမအဆင့် လေ့ကျင့်ရေးတွေ ပြန်ဝင်လာပြီဖြစ်လို့ ဒီလမကုန်ခင်မှာပဲ အယ်လီဆန် ပွဲထွက်လူစာရင်းက ပြန်ပါလာဖို့ နည်းစပ်နေပါပြီ။ အကယ်လို့ အခြေအနေကောင်းမယ်ဆိုရင် အယ်လီဆန်ဟာ ဒီအပတ်… Continue Reading →

အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ ငါခေါင်းမော့ထားပါမယ်၊ ငါပြန်လာပါမယ် ဆိုတဲ့ ဗန်ဒိုက်

ဒဏ်ရာကို ခွဲစိတ်မှု ခံယူရမယ်လို့ အတည်ပြုအပြီးမှာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ပရိသတ်တွေကို အိတ်ဖွင့် ပေးစာတစ်စောင် ပို့ခဲ့ပါတယ်။ အဆိုပါ စာမှာတော့ ဗန်ဒိုက်က ” ဒီနေ့ခင်းပိုင်းမှာပဲ စနေနေ့က ဖြစ်ခဲ့တဲ့ မတော်တဆ ဖြစ်ရပ်ကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖို့ရာ တိကျတဲ့ အစီအစဉ်တွေကို ရေးဆွဲဖို့အတွက် အထူး ပါရဂူနဲ့ တွေ့ဆုံမှုကို ငါ စတင် လုပ်ဆောင်ခဲ့တယ်။ အခုချိန်မှာ ပြန်လည် ထူထောင်ရေးအတွက်ပဲ ငါ အပြည့်အဝ အာရုံစိုက်နေတယ်။ ဖြစ်နိုင်သလောက် အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း… Continue Reading →

ပစ်ဖိုဒ့်ကို ပွဲပယ်ပြစ်ဒဏ် အရေးယူဖို့ ကွင်းလယ်ဒိုင်ရဲ့ အစီရင်ခံစာ စောင့်နေတဲ့ အက်ဖ်အေ

အက်ဖ်အေ တာဝန်ရှိသူတွေက ဗန်ဒိုက်ကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့ခြင်းအတွက် ပစ်ဖိုဒ့်ကို အပြစ်ပေးသွားမယ့် အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။ အက်ဖ်အေဘက်က အဆိုပါ ဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က မမြင်ခဲ့ပါဘူးဆိုတဲ့ အစီရင်ခံစာ တင်ပြမှုကို စောင့်မျှော်နေတယ်။ ကွင်းလယ်ဒိုင်က မမြင်ခဲ့သလို VAR ကလည်း အဆိုပါကိစ္စကို မစစ်ခဲ့ဘူးဆိုရင် အက်ဖ်အေက နောက်ဆက်တွဲ ဆုံးဖြတ်ချက်အဖြစ် ပစ်ဖိုဒ့်ကို ၃ ပွဲပယ် အပြစ်ဒဏ် ပေးသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ကွင်းလယ်ဒိုင် မိုင်ကယ် အိုလီဗာရဲ့ ပွဲပြီး အစီရင်ခံစာကို စောင့်နေတယ်လို့ သိရတယ်။… Continue Reading →

အဆိုးထဲက အကောင်းအဖြစ် အယ်လီဆန် သက်သာလာပြီး သီယာဂို ကာလရှည် လွဲမည် မဟုတ်

ဒီနေ့တွေထဲမှာ လီဗာပူးအတွက် သတင်းဆိုးအဖြစ် ခံစစ်မှူးဗန်ဒိုက်ဟာ ကာလရှည် အနားယူရတော့မှာဖြစ်ပြီး ရာသီကုန်ထိ အနားယူရခြင်း မဟုတ်ဖို့ အသင်းဘက်က မျှော်လင့်နေပါတယ်။ ဒါပေမယ့်လို့ ရှားရှားပါးပါး သတင်းကောင်းကတော့ ဂိုးသမား အယ်လီဆန် ပြန်သက်သာလာပြီဖြစ်ကာ ဒီလမကုန်ခင်မှာပဲ ဂိုးပြန်ဖမ်းနိုင်တော့မှာဖြစ်တယ်။ လေ့ကျင့်ရေးဝင်ဖို့ အရမ်း နီးစပ်နေပြီဖြစ်ပေမယ့် အေဂျက်နဲ့ပွဲအပြင် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကို လွဲဖွယ်ရှိတယ်။ အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ၆ ပတ်လောက်ထိ နားရနိုင်ပေမယ့် သူဟာ ၄ ပတ် မပြည့်ခင်မှာပဲ ပြန်လည် သက်သာလာတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်… Continue Reading →

VAR ကိစ္စ အက်ဖ်အေကို မေးခွန်းထုတ်မှုအတွက် ဟန်ဒါဆန် အရေးယူခံရနိုင်

မာဆေးဆိုဒ်ဒါဘီပွဲမှာ ဆုံးဖြတ်ခဲ့တဲ့ VAR အခြေအနေတွေကို မေးခွန်းထုတ်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အက်ဖ်အေရဲ့ အရေးယူခြင်းကို ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပွဲအပြီးမှာ ဟန်ဒါဆန်က ” VAR နဲ့ကြည့်တော့ လူကျွံဘောဖြစ်ကိုဖြစ်မှရမယ်။ ဒါက လူတိုင်းလိုချင်တဲ့ အခြေအနေဖြစ်နေတယ်လေ။ သူတို့က တစ်ခါတစ်လေမှာ လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ။ ဒါက သူတို့လုပ်နေတာပဲ မဟုတ်လား? ” လို့ ဆိုခဲ့တာပါ။ ဒါပေမယ့်လို့ ဟန်ဒါဆန် အပါအဝင် အသင်းသား အားလုံးက ပွဲအပြီး လူမှုကွန်ယက်တွေမှာတော့ VAR… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!