Date

October 22, 2020

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးလူငယ်လေး အီးလီးယော့်ဟာ ဘလက်ဘန်းကို အငှားထွက်နေပြီး သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ဝတ်ဖိုဒ့်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အထောင်တိုက်စစ်သမားအဖြစ် မိနစ် ၉၀ ကစားခွင့် ရခဲ့သလို ကစားပုံကောင်းတွေ ပြသခဲ့တယ်။ လီဗာပူးအသင်းက ခံစစ်ပိုင်း အားဖြင့်ဖို့အတွက် ရှော်ကေးခံစစ်သမား ကာဘတ်ကို ဇန်နဝါရီမှာ ခေါ်ယူလိုတယ်ဆိုရင် ယူရို သန်း ၃၀ ပေးရမယ်လို့ သတင်းထွက်နေပါတယ်။ ဖီဖာ ဥက္ကဌ အင်ဖန်တီနိုက ဥရောပကလပ်တွေ အများအပြားနဲ့အတူ ချန်ပီယံလိဂ်နဲ့ အပြိုင်ဖြစ်လာမယ့် ဥရောပ ပရီးမီးယားလိဂ်ကို စိတ်မဝင်စားကြောင်းနဲ့ ကလပ်… Continue Reading →

ငါတို့ရဲ့ အကြံက လီဗာပူး V ဘိုင်ယန် မဟုတ်ဘဲ ဘိုကာဂျူနီယာနဲ့ ရင်ဆိုင်စေဖို့ပါဆိုတဲ့ ဖီဖာ ဥက္ကဌ

ဒီကြားရက်တွေထဲမှာပဲ လီဗာပူး၊ ယူနိုက်တက်တို့အပြင် ဥရောပ ကလပ်တွေက ဥရောပ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အစပျိုးမှု လုပ်လာခဲ့ပါတယ်။ မကြာသေးခင်ကပဲ လက်ရွေးစင်အသင်းတွေအတွက် နေးရှင်းလိဂ်ဆိုတဲ့ ပုံစံသစ်နဲ့ ပြိုင်ပွဲတစ်ရပ် ပေါ်ထွက်လာသလိုပဲ ကလပ်တွေအတွက်လည်း ပြိုင်ပွဲပုံစံသစ်တွေ ပေါ်ထွက်လာဖို့ သက်ဆိုင်ရာ အဖွဲ့ချုပ်တွေက စီစဉ်နေတယ်။ ဒီနောက်ပိုင်းမှာ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ကို ၃၂ သင်း အဆင့်ကနေ ၃၆ သင်းအဆင့်ထိ မြင့်တင်လိုနေတယ်။ ဖီဖာကလည်း ကလပ်များ ကမ္ဘာဖလားကို တိုက်ကြီးတွေရဲ့ ချန်ပီယံတွေအပြင် နောက်ထပ် ကလပ်တွေ တိုးချဲ့လိုနေတယ်။ ၂၀၂၄ ခုနှစ်… Continue Reading →

မောပန်းနေတဲ့ ဖာမင်နို ခြေစွမ်းကောင်းတွေ ပြန်ရဖို့ ဂျိုတာနဲ့ မီနာမီနိုတို့ ကူညီပေးနိုင်မယ့် နည်းလမ်း

ဒီနောက်ပိုင်းပွဲတွေမှာ ဖာမင်နိုဟာ ပွဲပန်းနေခြင်းကြောင့် ခြေစွမ်းကျဆင်းလာနေတဲ့ အချက်ကို လီဗာပူးကလောင်ရှင်တွေ အများအပြားက ထောက်ပြမှုတွေ လုပ်လာနေကြတယ်။ ဖာမင်နိုဟာ လီဗာပူးတိုက်စစ်ရဲ့ ဦးဆောင်သူဖြစ်ပြီး ဆာလက်၊ မာနေးတို့အတွက် နေရာလွတ်တွေ စီစဉ်ပေးရသူဖြစ်တယ်။ သူဟာ ဧရိယာဘောက် အပြင်ကနေ တောင်ပံနှစ်ဘက်က တွဲဘက်တွေ ဧရိယာထဲ အကြိမ်အများအပြား ဝင်နိုင်ဖို့ စီမံမှုတွေ လုပ်ပေးနေတယ်။ ဒါပေမယ့်လို့ ဒီရက်တွေမှာ ဖာမင်နိုဟာ ခြေစွမ်းပြဖို့ ရုန်ကန်လာရတယ်။ လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ TIA ရဲ့ ပွဲပြီး သုံးသပ်ချက်မှာ ” ဆာလက်ဟာ ဆာလောင်နေတယ်။ ဘောလုံးတွေကို… Continue Reading →

လီဗာပူးက အေဂျက်ကိုနိုင်တာ ကံကောင်းလို့ပါ ဆိုသွားတဲ့ ဗန်ပါစီ

နယ်သာလန်တိုက်စစ်သမားဟောင်း ဗန်ပါစီက လီဗာပူးက အေဂျက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာဆေးဆိုဒ်ကလပ်ဟာ ကံကောင်းခဲ့တာပါလို့ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးဟာ ဒီပွဲမှာတော့ ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ဘဲ မာနေးရဲ့ ကန်သွင်းမှုကို တာဂလီယာဖီဂို ဖြတ်ထုတ်ရာက ကိုယ်ဂိုးကို ပြန်သွင်းမိခဲ့တာပါ။ ဒီတစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ လီဗာပူးက အနိုင်ရခဲ့ခြင်းဖြစ်ကာ အုပ်စုအဖွင့်ပွဲကို အနိုင် သုံးမှတ် အပြည့်ဖြင့် စတင်နိုင်ခဲ့တယ်။ လီဗာပူးက အဓိက ကစားသမာတွေ အများအပြားကို လက်လွတ်ထားရပေမယ့် ကျစ်လစ်မှုတော့ ရှိနေဆဲဖြစ်ပြီး မာနေး၊ ရော်ဘတ်ဆန်၊ ဖာဘင်ညိုတို့ ခြေစွမ်း တည်ငြိမ်ခဲ့တယ်။ ဒုတိယပိုင်းမှာ… Continue Reading →

ကွင်းမြက်ခင်းကိစ္စ မကျေမလည်ဖြစ်ကြတဲ့ မန်နေဂျာ ကလော့ပ်နဲ့ အေဂျက်မန်နေဂျာ တန်ဟတ်

မန်နေဂျာယာဂင်ကလော့ပ်က အေဂျက်ရဲ့ ဂျိုဟန်ခရိုက်ကွင်းကို သိပ်သဘောမတွေ့ခဲ့ပဲ နယ်သာလန်ကလပ်ဘက်က လှည့်စားမှုတွေ လုပ်ထားတယ်လို့ ယူဆနေပါတယ်။ လီဗာပူးက ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွက်း ကွင်းမြက်ခင်းက ဗွက်ထူနေတယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောဆိုတာပါ။ ပွဲကစားနေချိန်တွင်း မိုးလည်း ရွာလာခဲ့တာကြောင့် ရာသီဥတုကြောင့်များလားတော့ ပြောရခက်ပါတယ်။ ကလော့ပ်ကတော့ အပြင်ကနေ ကြည့်နေကြသူတွေက သိမှာ မဟုတ်ပေမယ့် ကွင်းထဲမှာ နှစ်သင်းလုံးက ရုန်းကန်နေခဲ့ရတယ်လို့ ဆိုခဲ့တယ်။ ကလော့ပ်က ‘ ကွင်းနဲ့ပက်သက်ပြီး လူလည်ကျမှုတွေရှိတယ်လို့ ကျနော် တကယ်ကို တွေးမိတယ်။ ကွင်းက… Continue Reading →

ကလော့ပ်က သူ့လက်ထက် ၃၅ တွဲမြောက် ခံစစ်အတွဲသစ်ရဲ့ အခြေအနေကို သုံးသပ် ချီးကျူး

အေဂျက်နဲ့ပွဲမှာတော့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက် ၃၅ တွဲမြောက် ဗဟိုခံစစ်အတွဲအဖြစ် ဖာဘင်ညိုနဲ့ ဂိုးမက်စ်ဆိုတဲ့ အတွဲသစ်ကို ထုတ်သုံးခဲ့တယ်။ သူတို့နှစ်ဦးဟာ ဗန်ဒိုက်နဲ့ တွဲဘက် ကစားဖူးပေမယ့် နှစ်ဦးတည်းသော တစ်ကြိမ်မှ ခံစစ်မှာ တွဲမကစားဖူးသေးပါဘူး။ ဒါပေမယ့် ပွဲချိန် ကြာလာလေ နှစ်ဦးက လိုက်ဖက်ညီလာပြီး ဖြည့်ကစားပေးမှုတွေနဲ့ ကောင်းမွန်စွာ ကစားလာနိုင်ခဲ့တယ်။ ကလော့ပ်က ဒီခံစစ်အတွဲကို ချီးကျူးခဲ့ကာ ခံစစ်နေရာ ဆင်းကစားပေးတဲ့ ဖာဘင်ညိုကို ချီးကျူးပါတယ်။ ခံစစ်အတွဲသစ်နဲ့ ပက်သက်ပြီး ကလော့ပ်က “ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဖာဘင်ညိုက… Continue Reading →

မာနေးရဲ့ ကြွက်သား ဒဏ်ရာအခြေအနေကို ပွဲအပြီး ထုတ်ပြောတဲ့ မန်နေဂျာကလော့ပ်

မန်နေဂျာကလော့ပ်က အေဂျက်နဲ့ပွဲမှာ လူစားလဲခံရပြီးနောက် ခြေထောက်ကို ရေခဲအုပ်ထားရတဲ့ မာနေးရဲ့ အခြေအနေနဲ့ ပက်သက်လို့ ထုတ်ပြောလာတယ်။ မာနေးဟာ ကိုဗစ်ပိုး တွေ့မှုကြောင့် ကာလတစ်ခုကြာ အနားယူထားရသူပါ။ ရုတ်တရတ် လေ့ကျင့်ရေး ပြန်ဝင်ရာမှာ ကြွက်တက်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ အဲ့နောက်ဆက်တွဲကို ဂရုစိုက်တဲ့ အနေနဲ့ လူစားလဲပြီးချိန်မှာ ရေခဲအုပ်ပေးထားခြင်းဖြစ်ကာ ဒီအပတ်အကုန် ရှက်ဖီးနဲ့ပွဲမှာ လွဲချော်စရာ အကြောင်း မရှိပါဘူး။ ကလော့ပ်က “ ဆာဒီယိုရဲ့ ခြေထောက်က အရင်ရက်တည်းက ကြွက်တက်နေတာ ဖြစ်ပါတယ်။ အဲ့အပိုင်းမှာ သူ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။… Continue Reading →

အေဂျက်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးပရိသတ်တွေ ဘဝင်ကျခဲ့တဲ့ အသင်းသား နှစ်ဦး

မနက်က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးပရိသတ်တွေက ဗဟိုခံစစ်နေရာ ဆင်းကစားတဲ့ ဖာဘင်ညိုနဲ့ ဘယ်အစွန် တိုက်စစ်သမား ဂျိုတာတို့ရဲ့ ခြေစွမ်းကို အတော်လေး ကျေနပ်ခဲ့ကြတယ်။ ဖာဘင်ညိုဟာ တိုက်စစ်အတွက် ထောက်ပံ့မှုပိုင်းမှာ မပါနိုင်ခဲ့ပေမယ့် ခံစစ်အတွက် ကာကွယ်မှုမှာတော့ အပြည့်အဝ ကာကွယ်ပေးခဲ့တယ်။ အေဂျက်ရဲ့ တိုက်စစ်ထိုးဖောက်မှုကို အကြိမ်ကြိမ် ဟန့်တားမှု၊ ဖြတ်လုမှုနဲ့ ကြားဖြတ်ယူမှုတွေကို လုပ်ပြခဲ့တဲ့ ဖာဘင်ညိုရဲ့ အကောင်းဆုံး စွမ်းဆောင်မှုကတော့ ခြေပဂိုးပေးရမယ့် အနေအထားကို ဂိုးလိုင်းကနေ ဖြတ်ထုတ်မှု ဖြစ်ပါတယ်။ ဖာဘင်ညိုက သူ့ရဲ့ ပွဲဖတ်နိုင်စွမ်းကို ပြသခဲ့ပြီး… Continue Reading →

ဝေဖန်ခံရတဲ့ လူထုတ်ပုံနဲ့ ပက်သက်လို့ ပွဲအပြီးမှာ ရှင်းပြသွားတဲ့ မန်နေဂျာ ကလော့ပ်

လီဗာပူးအသင်းဟာ ပွဲထွက်လူစာရင်းမှာ မီလ်နာနဲ့ ကာတစ်ဂျုံးကို တွဲထုတ်ခဲ့သလို တိုက်စစ်သမား သုံးဦးလုံးကို လူစားလဲမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့်လို့ အနိုင်ရလဒ် ရခဲ့တာအတွက် မန်နေဂျာကလော့ပ်က ကျေနပ်နေပါတယ်။ ကလော့ပ်က ” ပွဲကို အနိုင်ရဖို့ လုံလောက်အောင်ကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ ဒါကပဲ ကျနေ်ာတို့ လိုအပ်ခဲ့တာပါပဲ။ ကိုယ်ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါ။ တစ်ပွဲလုံးဆိုရင်တော့ ကျနေ်ာတို့ အဆင်ပြေခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ် ” လို့ ပွဲအပြီး ပြောဆိုခဲ့တယ်။ ပွဲမစခင်တုန်းက ဟန်ဒါဆန်ကို ပွဲမထုတ်ခဲ့သလို ကွင်းလယ်မှာ မီလ်နာနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!