Date

October 24, 2020

အသင်းဖော်တွေကိုပို့တဲ့ ဗန်ဒိုက်ရဲ့ မက်ဆေ့နဲ့အတူ ခံစစ်မှူးရဲ့ အသည်းမာမှုကို ဟန်ဒို ဖွင့်ပြော

ဗန်ဒိုက်ဟာ ဒဏ်ရာအတွက် စီစဉ်စရာ ကိစ္စတွေကို စီစဉ်ပြီးတဲ့နောက်မှာ အသင်းဖော်တွေအတွက် မက်ဆေ့တစ်စောင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ဟန်ဒါဆန်က ထုတ်ပြောခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲက ကိစ္စဖြစ်ခြင်းကြောင့် မက်ဆေ့ပါ စာတွေကို သူ ဖော်ထုတ်ခဲ့ခြင်း မရှိဘူး။ ဒါပေမယ့်လို့ ဗန်ဒိုက်က ဝမ်းနည်း ကြေကွဲနေခြင်း မရှိဘဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ အသင့်ဖြစ်နေကြောင်းနဲ့ နယ်သာလန်သားကြီးရဲ့ တိုက်တွန်းမှုတွေနဲ့အတူ လီဗာပူးက ရပ်နေမှာ မဟုတ်ကြောင်း ထုတ်ပြောခဲ့တယ်။ ဟန်ဒါဆန်က ” အရင်အပတ်က ပြောခဲ့သလိုပဲ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးတစ်ဦးပါ။… Continue Reading →

ရှက်ဖီးပွဲကြိုမှာ ဆင်ခြေမဟုတ်ပေမယ့် မမျှတတဲ့ ပွဲစဉ်ဇယားအကြောင်း ကလော့ပ် ထုတ်ပြော

ကလော့ပ်က ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ တောင်းဆိုမှု သိပ်မြင်မှုနဲ့ ကပ်ဘေးကြား ရုန်းကန်ရမှုတွေ ရှိနေတဲ့ ဒီရာသီကို သူ့မန်နေဂျာဘဝ စိန်ခေါ်မှုအကြီးမားဆုံး ဘောလုံးရာသီပါလို့ ပြောဆိုခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ဒါက နည်းပြတစ်ယောက်အတွက် စိန်ခေါ်မှုအရှိဆုံး ရာသီပါ၊ ပိုပြီးတော့ စိန်ခေါ်လာလိမ့်မယ်”လို့ ရှက်ဖီးနဲ့ပွဲမတိုင်ခင်က ကလော့ပ်က ဆိုပါတယ်။ အဲဗာတန်နဲ့ပွဲကို နိုင်ငံတကာသီတင်းပတ်အပြီး ရက်ပိုင်းပဲ အနားရကာ ယှဉ်ပြိုင်ခဲ့တယ်။ ဒီအပတ်ပွဲမှာလည်း ချန်ပီယံလိဂ်ပွဲစဉ်ကနေ ပြန်လာပြီး ရက်ပိုင်းအကြာမှာပဲ ပြန်လည် ယှဉ်ပြိုင်ရတယ်။ တူညီတဲ့ အနေအထားမှာ ရှက်ဖီးကတော့ တစ်ပတ်လုံး အနားရနေခဲ့တာဖြစ်တယ်။ ကလော့ပ်က… Continue Reading →

အယ်လီဆန် ဂိုးပြန်ဖမ်းနိုင်မယ့် ရက်စွဲကို အတည်ပြုတဲ့ ဘရာဇီးအသင်း ဆရာဝန်

အယ်လီဆန်ဟာ လေ့ကျင့်ရေးမှာ အခြေအနေကောင်းနေဟန်ရှိပြီး ဘရာဇီး လက်ရွေးစင်အသင်းကလည်း နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် လူစာရင်းမှာ နံပါတ် တစ် ဂိုးသမားကို ထည့်သွင်းဖို့ စီစဉ်ထားပါပြီ။ လီဗာပူးအသင်းကတော့ ရှက်ဖီးနဲ့ပွဲမှာ သူ့ကို ထည့်သုံးဖို့ မသေချာပေမယ့် ကြားရက်ဖြစ်တဲ့ ဝက်ဟမ်းနဲ့ပွဲမှာတော့ ဂိုးသမားကို ထည့်သုံးသွားဖို့ ရှိနေပါတယ်။ ယာဂင်ကလော့ပ်ကပဲ မီဒီယာတွေ့ဆုံမှုမှာ နှစ်ကြိမ်ဆက်တိုက် အယ်လီဆန် ပြန်လေ့ကျင့်နေကြောင်းကို အတည်ပြုထားတာဖြစ်တယ်။ ဘရာဇီး ဆေးအဖွဲ့ဆရာဝန်ကတော့ အယ်လီဆန်ဟာ အခြေအနေကောင်းနေပြီး ပွဲကစားနိုင်တဲ့ အခြေအနေမှာတောင် ရှိနေပြီလို့ သူတို့ သိထားတယ်လို့ ပြောပါတယ်။… Continue Reading →

အင်တာမီလန် ပြန်လည်အောင်မြင်လာဖို့ လီဗာပူးကို အတုယူရမယ်ဆိုတဲ့ မန်နေဂျာကွန်တီ

အင်တာမီလန်မန်နေဂျာ ကွန်တီက သူ့အသင်း အနာဂတ်မှာ အောင်မြင်လာဖို့ အင်္ဂလန်ကလပ် လီဗာပူးကို ဥပမာယူရမယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကလော့ပ်ဟာ လီဗာပူးကို စတင်တာဝန်ယူခဲ့ပေမယ့် အောင်မြင်မှုကိုတော့ ၂၀၁၉ မှ ချန်ပီယံလိဂ်ဖလားနဲ့ စတင်ကာ ရရှိခဲ့တာပါ။ ဒါ့အပြင် ၂၀၂၀ မှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့တယ်။ ဒီလို တိုးတက်လာဖို့အတွက် လီဗာပူး ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာကို အင်တာမီလန်က အတုယူရမယ်လို့ အီတလီသားကြီးက ပြောပါတယ်။ ကွန်တီက ” ရလဒ်ကောင်းတွေ ထွက်လာဖို့အတွက် ကျနေ်ာတို့က ရာနှုန်းပြည့်ထက်… Continue Reading →

ပရိသတ်ကြိက် ကစားသမားတွေပါပြီး ဇန်နဝါရီမှာ လီဗာပူး ခေါ်ယူဖို့ ကြိုးစားမယ့် ခံစစ်မှူး (၅) ဦး

လီဗာပူးအသင်းဟာ ဗန်ဒိုက်ကို လက်လွတ်လိုက်ရတဲ့နောက် ဇန်နဝါရီအတွက် ရည်ရွယ်ပြီး ကစားသမား အင်အားဖြည့်မှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးဘက်က ချိတ်ဆက်နိုင်တဲ့ ကစားသမား ၅ ဦးကို The Athletic က ဖော်ပြသွားပါတယ်။ ရာသီစမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လို အဓိက ခံစစ်မှူး ၃ ဦးကို ပိုင်ဆိုင်ထားခဲ့ကာ ဖာဘင်ညိုက စတုတ္ထခံစစ်မှူးအဖြစ် ရံထားခဲ့တယ်။ ဒါ့အပြင် လူငယ်ခံစစ်သမားတွေလည်း ရှိနေခြင်းကြောင့် လူစာရင်းမှာ ဗဟိုခံစစ်မှူးတွေက လုံလောက်မှုရှိတယ်လို့ ယူဆခဲ့ကြတယ်။ ဗန်ဒိုက်ရဲ့ ဒဏ်ရာက… Continue Reading →

Deadline ရက်က အပြောင်းအရွှေ့ကိစ္စ မဖြစ်ခဲ့တာအတွက် ဝမ်းသာနေတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာကလော့ပ်က ဈေးကွက် နောက်ဆုံးရက်မှာ ခံစစ်သမား လက်လွတ်ရမယ့် ကိစ္စ မဖြစ်ခဲ့တာကြောင့် ဗန်ဒိုက် ဒဏ်ရာရချိန်မှာ အစားထိုးစရာ ရှိနေခြင်းအတွက် ဝမ်းမြောက်နေပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဗန်ဒိုက် ဒဏ်ရာရခဲ့သလို မာတစ်လည်း အသေးစား ဒဏ်ရာရခဲ့တာပါ။ ဒါပေမယ့်လို့ ကလပ်က လူငယ် ခံစစ်သမားတွေကို ရောင်းထုတ်ဖို့ ကိစ္စတွေ မအောင်မြင်ခဲ့တာက စီနီယာတွေနေရာမှာ အားဖြည့်ပေးမယ့် အရန်အင်အားအတွက် အဆိုးထဲက အကောင်းဖြစ်လာခဲ့တယ်။ အသက် ၁၉ နှစ်အရွယ် ခံစစ်သမား ရိုင်စ် ဝီလီယမ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ်… Continue Reading →

တိုက်ရိုက် ထုတ်လွှင့်မှု ကန့်သတ်ထားတဲ့ ရှက်ဖီးပွဲကို ဘယ်လိုတွေ ကြည့်နိုင်မလဲ

ဒီကနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်မယ့် လီဗာပူးနဲ့ ရှက်ဖီးပွဲကိုတော့ တိုက်ရိုက် ထုတ်လွှင့်မှု ဆက်ရှိနေမှာဖြစ်ပေမယ့် နေရာတိုင်းကနေ ကြည့်နိုင်မှာ မဟုတ်တော့ပါဘူး။ ပရိသတ်တွေ ကွင်းထဲ ဝင်ခွင့်မရပေမယ့်လည်း ရှက်ဖီးပွဲကို ပုံမှန်ကြည့်လိုတဲ့ ပရိသတ်တွေက ငွေကြေး ပိုကုန်မှာဖြစ်ကာ တစ်ပွဲချင်း ငွေသွင်းတဲ့ နည်းလမ်းနဲ့ပဲ ကြည့်ခွင့်ရမှာဖြစ်တယ်။ အဆိုပါပွဲကို ကြည့်လိုရင် Sky Sports Box Office ဆိုတဲ့ ချန်နယ်မှာ တစ်ပွဲကို ၁၅ ပေါင် ပေးပြီး ကြည့်ရမှာပါ။ Pay-per-view လို့ခေါ်တဲ့ တစ်ပွဲချင်းအလိုက် ပေးသွင်းပြီး… Continue Reading →

ဂျရတ် အလွန်ဆို ကစားတာ မမြင်ဖူးတဲ့ မော်ဒန်ခေတ် လီဗာပူးပရိသတ်တွေအတွက် သတင်းကောင်း

လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန် အဲဒရစ်က ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူတွေ ဖြစ်ခဲ့ကြတဲ့ အလွန်ဆို၊ စတီဗင်ဂျရတ်တို့ရဲ့ ခြေစွမ်းကို မမြင်လိုက်တဲ့ မော်ဒန်ခေတ် လီဗာပူးပရိသတ်တွေအတွက် သီယာဂိုလို ကစားသမားကို မြင်ခွင့်ရလာတာက သိပ်ကောင်းပါတယ်လို့ ထုတ်ပြောပါတယ်။ ၂၀၀၅ ချန်ပီယံလိဂ်ဖလား အနိုင်ရ အသင်းသားတွေဖြစ်သလို ပရီးမီးယားလိဂ်မှာ လူလေးစားခံ ကွင်းလယ်အတွဲဖြစ်ခဲ့တဲ့ အလွန်ဆို၊ ဂျရတ်တို့ဟာ နှစ်ဦးတွဲအရကော တစ်ဦးချင်းမှာပါ အတော်လေး ထင်ရှားခဲ့ကြသူတွေပါ။ အလွန်ဆို မရှိချိန်မှာလည်း ဂျရတ်က လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် နှစ်တိုင်း ခြေစွမ်းပြခဲ့တာဖြစ်တယ်။ ၂၀၁၅ နောက်ပိုင်း… Continue Reading →

သီယာဂို၊ အယ်လီဆန်နဲ့ မာတစ်တို့ သောကြာနေ့ မဲဝုဒ် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့တယ်

ရှက်ဖီးပွဲကြို သတင်းကောင်းအဖြစ် ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ သီယာဂို၊ အယ်လီဆန်နဲ့ မာတစ်တို့ သောကြာနေ့ လေ့ကျင့်ရေးမှာ ပါဝင်သွားခဲ့ကြပါတယ်။ သီယာဂိုနဲ့ မာတစ်တို့ဟာ အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ အေဂျက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ကြခြင်း မရှိဘူး။ ၎င်းတို့ဟာ ပွဲကြိုနဲ့ ကွင်းဖွင့်လေ့ကျင့်ရေးတွေမှာ မပါနိုင်ခဲ့သလို နယ်သာလန်ကိုသွားတဲ့ ခရီးမှာလည်း လိုက်ပါနိုင်ခဲ့ကြခြင်း မရှိပါဘူး။ အယ်လီဆန်က အရင်ပတ်ထက တစ်ဦးချင်း လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ကာ သူ့ရဲ့ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ကောင်းလာမယ့် အချိန်ကို စောင့်နေခဲ့တာပါ။ မနေ့က ပွဲကြိုမှာတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!