Date

October 27, 2020

ဂျူဗင်တပ်နဲ့အပြိုင် လီဗာပူးဘက်က ကြိုးစားနေတဲ့ ဆွီဒင်ကလပ်ရဲ့ ကြယ်ပွင့်အသင်းသား

လီဗာပူးအသင်းဟာ ဂျူဗင်တပ်၊ ယူနိုက်တက်တို့နဲ့အပြိုင် ဘာမင်ဂမ်ဒေသဖွား အိုက်စလန်းဒစ် ဆယ်ကျော်သက်လေး အိုင်ဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်ရှိ ဆွီဒင်ကလပ်မှာ ပုံမှန်ပွဲကစားခွင့်ရနေတဲ့ ၁၇ နှစ်သားလေးက ဒီရာသီမှာ ကိုယ်တိုင် ၃ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ပေးထားပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးက ကင်းထောက်ဖြစ်သူ Mads Jorgensen ကိုပါ စောင့်ကြည့်မှုတွေ လုပ်ထားခဲ့တာဖြစ်တယ်။ ဒီကောင်လေးရဲ့ တောက်ပမှုက အချိန်တိုတိုအတွင်းမှာ တိုးတက်လာခဲ့တဲ့နောက် ကလပ် အများအပြားက စိတ်ဝင်စားလာကြတယ်။… Continue Reading →

ဝေဖန်သူတွေကို ဆာလက်ရဲ့ ဖျားလောက်တဲ့ ကိန်းဂဏန်းတွေကို ကြည့်ဖို့ ဟန်ဒါဆန် သတိပေး

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ အဲဗာတန်ကို ၂-၂ နဲ့ သရေကျတဲ့ပွဲမှာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၁၀၀ ကို ရခဲ့ပြီဖြစ်ပါတယ်။ ဆာလက်ဟာ ပွဲပေါင်း ၁၅၉ ပွဲနဲ့တင် သွင်းဂိုး ရာဂဏန်းကို ပြည့်ခဲ့တာပါ။ တနည်းအားဖြင့် လီဗာပူးသမိုင်းမှာ အကောင်းဆုံး တိုက်စစ်သမားတွေထဲ ပါခဲ့တဲ့ တောရက်စ်နဲ့ ဆွာရက်စ်တို့ထက်ကို ဆာလက်ရဲ့ သွင်းဂိုးအတွက် ပါဝင်ပေးမှုက ပိုမြင့်မားပြီး ပို မြန်ဆန်လွန်းခြင်းဖြစ်တယယ်။ ဟန်ဒါဆန်က “ မိုရဲ့ ကိန်းဂဏန်းတွေက သိပ်ကို အံ့သြဖို့ကောင်းပါတယ်။ သူက ၁၀၀… Continue Reading →

ဖာမင်နို၊ ဝိုက်နယ်ဒမ်၊ အမ်ဘတ်ပီတို့နဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းများ

ဒီကနေ့မှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းအချို့ကို မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြမှုတွေ လုပ်လာခဲ့ပါတယ်။ လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုး မအောင်မြင်ခြင်းကြောင့် နွေမှာ ထွက်ခွာသွားမှာဖြစ်ပြီး ဇန်နဝါရီမှာတင် အကြိုဆွေးနွေးခွင့်ရထားတဲ့ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ဘာစီလိုနာအပြင် ပီအက်စ်ဂျီနဲ့ အင်တာမီလန်တို့ကလည်း စိတ်ဝင်စားလာပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ လီဗာပူးအသင်းရဲ့ စီနီယာခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ကာ နည်းစနစ်ပိုင်းမှာ စည်းကမ်းကောင်းသူဖြစ်တယ်။ မန်နေဂျာကလော့ပ်က အသင်းမှာပဲ ဆက်နေဖို့ရာ စည်းရုံးမှု လုပ်လိုနေသေးတယ်လို့ သိရပေမယ့် အခုချိန်ထိ တိုးတက်တဲ့ သတင်းတွေ ထွက်မလာပါဘူး။ ဝိုက်နယ်ဒမ်က… Continue Reading →

ဘဝရဲ့ အမှောင်မိုက်ဆုံး ချယ်ဆီးနဲ့အပိုင်းဟာ သူ့အတွက် မီးပွားဖြစ်လာစေကြောင်း စတီဗင် ဖွင့်ဟ

စတီဗင်ဂျရတ်က သူ့ရဲ့ဘဝမှာ ရက်စက်လှတဲ့ နိမ့်ကျခြင်းတွေက ပိုကောင်းတဲ့သူ ဖြစ်လာဖို့ တွန်းအားတွေ ဖြစ်လာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ စတီဗင်ဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် အေစီမီလန်ကို အနိုင်ယူအပြီးမှာ ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းရဲ့ စံပြဖြစ်ခဲ့တယ်။ သူဟာ ကစားသမားဘဝ တစ်ခုလုံးကို လီဗာပူးအတွက် ပေးဆပ်ခဲ့ပြီး ကစားသမား နှောင်းပိုင်းမှာတော့ ကလပ်ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့ နီးစပ်ခဲ့တယ်။ ချယ်ဆီးနဲ့ပွဲက အမှတ်မထင် ခြေချော်မှုဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလားကို ယိုင်နဲ့စေခဲ့ကာ စတီဗင်ဟာ ပြိုင်ဘက်တွေရဲ့… Continue Reading →

လေ့ကျင့်ရေးကွင်းသစ်ကို ‘အက်ဆာ’ လို့ အမည်ပေးကြောင်း လီဗာပူးအသင်း တရားဝင် ကြေညာ

လီဗာပူးအသင်းဟာ ကီရာဘီမှာရှိတဲ့ လေ့ကျင့်ရေးစင်တာအသစ်အတွက် နာမည် သုံးစွဲခွင့်နဲ့ ပက်သက်ပြီး AXA နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကွင်းသစ်ကိုတော့ AXA Training Centre လို့ သုံးစွဲသွားမှာဖြစ်တယ်။ AXA ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး ဝတ်စုံ စပွန်ဆာ ကုမ္ပဏီဖြစ်ကာ အခုဆိုရင်တော့ လေ့ကျင့်ရေးပိုင်းမှာ စင်တာ အပါအဝင် အလုံးစုံသော တွဲဘက်ဖြစ်လာပါမယ်။ ဒီလက်တွဲမှုအတွက် လီဗာပူးအသင်းဘက်ကကော၊ AXA ဘက်ကပါ ဝမ်းမြောက်ကြောင်းတွေ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ကလပ်ဘက်ကတော့ စင်တာသစ်ကို… Continue Reading →

မီနာမီနို၊ ဂျိုတာ တွဲလုံးနဲ့အတူ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူး ထုတ်သုံးနိုင်တဲ့ ခန့်မှန်း လူစာရင်း

လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ ချန်ပီယံလိဂ်ရဲ့ မျက်နှာစိမ်းအသင်းလို့ ခေါ်ရမယ့် ဒိန်းမတ်ကလပ် မစ်ဂျီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မစ်ဂျီရန်ဟာ ဥရောပပြိုင်ပွဲကို ပထမဆုံး ပါဝင်လာတဲ့ အသင်းသစ်ဖြစ်လို့ သူတို့ အသင်းအကြောင်းတော့ အများကြီး မသိရသေးဘူး။ ဒါပေမယ့် ဒိန်းမတ်လိဂ်မှာ အခြေအနေ ကောင်းမွန်နေသလို ကစားအားကောင်းပြီး တိုက်စစ်ကစားလိုတဲ့ အသင်းဖြစ်ကာ မန်နေဂျာကလော့ပ် ကိုယ်တိုင်က ထုတ်ဖော် ချီးကျူးရတဲ့ အသင်းကောင်းဖြစ်ပါတယ်။ လီဗာပူးဟာ ဒီကနေ့ည မစ်ဂျီရန်နဲ့ပွဲအပြီးမှာတော့ ဆက်လက်ပြီးလည်း နိုဝင်ဘာလ ၁ ရက်မှာ ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲ၊ နိုဝင်ဘာလ ၄… Continue Reading →

ဒိန်းမတ်ကလပ်က အရံှူးပေးဖို့ အလံဖြူထောင်ပြီး အန်ဖီးကွင်းထဲ ဝင်လာမယ့်သူတွေ မဟုတ်ဘူး

လီဗာပူးမန်နေဂျာ ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ဘက် Midtjylland အသင်းကို လေးစားကြောင်းနဲ့ သူတို့ဟာ အန်ဖီးကို အရံှူးပေးဖို့ လာရောက်မယ့်သူတွေ မဟုတ်ကြောင်း အားလုံးကို သတိပေးလိုက်ပါတယ်။ Midtjylland အသင်းဟာ ၎င်းတို့ကလပ်ရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီရာသီမှာ ပါဝင်ယှဉ်ပြိုင်လာတာပါ။ ဒါပေမယ့် ဒိန်းမတ်ကလပ်ကို အသင်းငယ်အဖြစ် စကားပြောဖို့ထက် လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်အဖြစ် ကလော့ပ်က နွေးထွေးစွာ ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ ကလော့ပ်က ” ငါတို့က သူတို့ကို အသင်းငယ်လေး တစ်သင်းလို့ မမြင်ပါဘူး။ သူတို့ကို အသင်းတစ်သင်းအဖြစ်ပဲ မြင်ပါတယ်။… Continue Reading →

ချန်ပီယံလိဂ်ပွဲကြိုမှာ အပေါ့စား လေ့ကျင့်ရေးကို ပြန်လည် စတင်သွားတဲ့ သီယာဂို

ချန်ပီယံလိဂ်ပွဲကြို မဲဝုဒ်က လေ့ကျင့်ရေးမှာတော့ ကွင်းလယ်လူ သီယာဂိုဟာ အပေါ့စား လေ့ကျင့်ရေးတွေကို တစ်ဦးချင်းအနေအထားဖြင့် ပြုလုပ်သွားခဲ့ပြီး မန်နေဂျာကလော့ပ်ကလည်း အနီးကပ် နည်းပြတစ်ဦးနဲ့အတူ စောင့်ကြည့်မှုပါ ပြုလုပ်သွားပါတယ်။ အဲဗာတန်ကို ၂-၂ သရေကျတဲ့ပွဲမှာ ရစ်ချာလီဆန်ရဲ့ ကြမ်းတမ်းတဲ့ ကစားမှုကြောင့် သီယာဂိုက ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာက မပြင်းထန်ပေမယ့် ပေါ့ဆလို့ မရတဲ့ အနေအထားဖြစ်လို့ အသင်းက သီယာဂိုကို အနားပေးခဲ့တာဖြစ်ကာ လေ့ကျင့်ရေးတွေကနေ ဒဏ်ရာရဲ့ သက်ရောက်မှုတွေကို လေ့လာနေတာ ဖြစ်ပါတယ်။ သီယာဂိုဟာ အဲဗာတန်နဲ့ပွဲအပြီး ဆေးရုံကို သွားပြခဲ့ရတဲ့ လီဗာပူးအသင်းသား… Continue Reading →

ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရတာကို ပျော်လွန်းလို့ ငိုကြွေးခဲ့တဲ့ Midtjylland အဖွဲ့သား

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ အေဂျက်၊ အတ္တလန်တာအသင်းတို့အပြင် ဒိန်းမတ်ကလပ် Midtjylland နဲ့လည်း ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ ဒိန်းမတ်အဆင့်မြင့်တန်း ချန်ပီယံတွေဟာ သူတို့အသင်း သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်တယ်။ ၎င်းတို့အသင်း ဥက္ကဌကတော့ ပထမအသင်းဆိုင်ရာ ကိစ္စတွေကို စီမံပေးရတဲ့ ပုဂ္ဂိုလ်ဟာ မဲခွဲမှုမှာ လီဗာပူးနဲ့ အတွဲကျကြောင်း သိရချိန်မှာ ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။ Jorgen Kjaer လို့ အမည်ရတဲ့ Midtjylland အသင်း ပထမအသင်းဆိုင်ရာ တာဝန်ရှိသူဟာ ဘဝတစ်လျှောက်လုံးမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!