Date

November 2, 2020

တနင်္လာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

စကိုင်းစပေါ့မှ သုံးသပ်သူ ဂယ်ရီနဗီးက ဒီရာသီ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေပြီး အကောင်းဆုံး စွမ်းဆောင်ရည် မပြသနိုင်ရင်တောင် နိုင်ပွဲရယူနေတဲ့ အနေအထားတွေက ချန်ပီယံတွေမှာ ရှိသင့်တဲ့ လက္ခဏာပါလို့ ဝန်ခံ ချီးကျူးသွားပါတယ်။ အဂွယ်ရိုဟာ အခြေအနေ ပိုကောင်းလာနေပြီး လီဗာပူးနဲ့ပွဲမှာ ပါဝင်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မန်နေဂျာဂွာဒီယိုလာက ထုတ်ပြောလိုက်ပါတယ်။ လီဗာပူး ခံစစ်သမား ထရန့်က သူဟာ လူငယ်ကစားသမား မဟုတ်တော့ကြောင်းနဲ့ အသင်းရဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ထုတ်ပြောပါတယ်။ ဂျိုတာနဲ့ ပက်သက်ပြီး… Continue Reading →

လီဗာပူး ပိုင်ဆိုင်ထားတဲ့ ချန်ပီယံတို့ရဲ့ အမှတ်လက္ခဏာကို နဗီး ထုတ်ဖော် ချီးကျူး

စကိုင်းစပေါ့မှ သုံးသပ်သူ ဂယ်ရီနဗီးက ဒီရာသီ လီဗာပူးပြသနေတဲ့ အနေအထားတွေက ချန်ပီယံတွေမှာ ရှိသင့်တဲ့ ပုံစံတွေပါလို့ ဝန်ခံ ချီးကျူးသွားပါတယ်။ လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ အရေးနိမ့်ခဲ့တာကလွဲရင် VAR ရဲ့ လက်ခံဖို့ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကြောင့် အဲဗာတန်ကို သရေကျတဲ့ပွဲ တစ်ပွဲတည်းက အမှတ်ပေးလိဂ်မှာ ရမှတ်ဆုံးရံှူးထားတဲ့ပွဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်း အဓိက ကစားသမား ၁၁ ဦးထိကို ဒဏ်ရာတွေကြောင့် လွဲချော်ထားကာ လက်ရှိမှာ ဗန်ဒိုက်၊ ဖာဘင်ညို၊ သီယာဂို၊ မာတစ်တို့ကိုလည်း လက်လွတ်ထားရတာပါ။ ထိခိုက်မှုကြီးတွေ… Continue Reading →

အမှတ်ပေးဇယား ထိပ်ဆုံးမှာရောက်နေပေမယ့် အတွေးမများကြဖို့ တိုက်တွန်းတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာကလော့ပ်က နွေရာသီ လက်မှတ်ထိုး ခေါ်ယူမှုအသစ်ဖြစ်တဲ့ ဂျိုတာရဲ့ တောက်ပမှုကို ကျေနပ်နေပြီး အစောပိုင်းကာလပဲ ရှိသေးပေမယ့် အသားကျလာနေပြီလို့ မန်နေဂျာက ပြောပါတယ်။ ကလော့ပ်က ” သူက အကောင်းဆုံး အသက်အရွယ်ပါပဲ။ ၂၃ နှစ်ဆိုတာ အတွေ့အကြုံ ရှိနေပါပြီ။ သိပ်ကောင်းတဲ့ ကောင်လေးဖြစ်ပြီး သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်ပါတယ်။ ကစားသမားတွေက အထိုင်ကျဖို့အတွက် အချိန်လိုတယ်ဆိုတာကို ကျနေ်ာတို့ သိပါတယ်။ ဒါပေမယ့် ဂျိုတာအတွက် အချိန်သိပ်မလိုဘူးဆိုတာလည်း ကျနော် သိတယ်။ အဲ့တာကတော့ ဝုဗ်ကလည်း ပြင်းထန်စွာ ကစားခြင်းကြောင့် ဖြစ်ပါတယ်… Continue Reading →

ဆာလက်ကို ဝိုင်းပြောကြသူတွေကို ဘာအကြောင်းနဲ့မှ ဝေဖန်စရာမရှိကြောင်း ကလော့ပ် တုန့်ပြန်

အတ္တလန်တာပွဲကြို မီဒီယာတွေ့ဆံမှုမှာတော့ သတင်းသမားတွေ ထိပ်ဆုံးမေးခဲ့ကြတဲ့ မေးခွန်းတွေထဲက တစ်ခုကတော့ ဆာလက်ရဲ့ ပင်နယ်တီ ကိစ္စပဲဖြစ်ပါတယ်။ လီဗာပူးက ဝက်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ ခြေပဂိုးအတွက် ဆာလက်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။ အဆိုပါ ပွဲအပြီးမှာ အင်္ဂလန် သုံးသပ်သူတွေက ဆာလက်ကို ဟန်ဆောင်ဒိုင်ဗစ်လုပ်သူ၊ ခပ်လွယ်လွယ် လဲချခဲ့သူ စသဖြင့် ဝေဖန်မှုတွေ လုပ်ခဲ့ကြတာပါ။ ပွဲကြိုမှာတော့ သတင်းသမားတွေက ဆာလက်ရဲ့ အပြုအမှုက မှားလား မှန်လား ဘယ်လိုမြင်လဲဆိုတဲ့ အဆင့်ကိုတောင် မမေးဘဲ အဆင့်ကျော်ပြီး ဆာလက်ရဲ့ လုပ်ရပ်ကို ဝေဖန်မှာလားဆိုတဲ့… Continue Reading →

အတ္တလန်တာပွဲကြို စီနီယာအသင်းသား နှစ်ဦး လေ့ကျင့်ရေး ပြန်ဝင်လာကြောင်း ကလော့ပ် ပြော

ဒီကနေ့မှာတော့ ချန်ပီယံလိဂ် အုပ်စု D ရဲ့ တတိယမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ရာ လီဗာပူးအသင်းဟာ အီတလီမြေကို ထွက်ခွာမှာဖြစ်ပါတယ်။ ဝက်ဟမ်းကို အနိုင်ယူပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေးမှာတော့ ကီတာနဲ့ မာတစ်တို့ ပါဝင်သွားခဲ့တယ်လို့ ကလော့ပ်က အတည်ပြုပေးတယ်။ သို့သော် သီယာဂိုကတော့ မပါနိုင်ခဲ့တာကြောင့် အီတလီကို လိုက်ပါသွားတော့မှာ မဟုတ်ပါဘး။ ဒဏ်ရာအခြေအနေတွေနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က “ ဒဏ်ရာရနေတာတော့ အများကြီးပါပဲ။ ဒါပေမယ့် ဒဏ်ရာရတဲ့ အသင်းသား အသစ်ထပ်ရှိလားဆိုတာ မသေချာပါဘူး။ စောင့်ကြည့်ရပါမယ်။ မနေ့က အချို့ကို… Continue Reading →

စိတ်ဓါတ်ကောင်းတဲ့ ပရိသတ်တွေကို ကွင်းထဲမှာ ကြိုးစားပေးမှုဖြင့် အသင်းက တုန့်ပြန်ပြနေတယ်

လီဗာပူးပရိသတ်တွေဟာ ဘောလုံးပွဲတွေကို တစ်ပွဲ ၁၅ ပေါင်ပေးပြီး ကြည့်ရမယ့် အနေအထားမှာ အဆိုပါ ငွေကြေးကို စုဆောင်းလိုက်ပြီး မြို့ရဲ့ foodbank တွေကို လှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဟန်ဒါဆန်က ပရိသတ်တွေရဲ့ စိတ်ဓါတ်ကောင်းမှုနဲ့ အများအကျိုးအတွက် လုပ်ဆောင်ပေးမှုတွေကို ဂုဏ်ယူကြောင်း ပြောဆိုတယ်။ အန်ဖီးကွင်းမှာ အသင်းပရိသတ်တွေ လူကိုယ်တိုင် လာရောက် အားမပေးနိုင်ကြပေမယ့် အားလုံးအတွက် အဝတ်လဲခန်းက အသင်းသားတွေက ကြိုးစားနေကြောင်းနဲ့ မြက်ခင်းပြင်ပေါ်က ကြိုးစားမှုတိုင်းဟာ ပရိသတ်တွေအတွက် ရည်ရွယ်ပါတယ်လို့ အသင်းခေါင်းဆောင်က အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောခဲ့ပါတယ်။ ဟန်ဒါဆန်က “… Continue Reading →

ဒဏ်ရာတွေ နှိပ်စက်နေပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ထိပ်ဆုံးက ဆက်ရှိနေတဲ့ လီဗာပူး

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ နိုင်ငံတကာသီတင်းပတ်အပြီးမှာ မာဆေးဆိုဒ်ဒါဘီ တစ်ခုတည်းမှာ နိုင်ပွဲမရခဲ့တာကလွဲလို့ ကျန်ပွဲအားလုံးမှာ အနိုင်ရထားခဲ့တယ်။ ဒဏ်ရာပြဿနာတွေက လီဗာပူးကို အကြီးအကျယ် နှိပ်စက်နေပေမယ့် အသင်းသားတွေရဲ့ ကြိုးစားလိုမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေကိုတော့ မရပ်တန့်နိုင်ပါဘူး။ ကစားရခက်တဲ့ ရှက်ဖီး၊ တောင့်တင်းတဲ့ ဝက်ဟမ်းတို့ကို အိမ်ကွင်းတွေမှာ အနိုင်ယူခဲ့အပြီးမှာ လီဗာပူးက ၇ ပွဲကစား ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်ရောက်လာခဲ့တယ်။ အက်စတွန်ဗီလာကို ၇-၂ ဖြင့် ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပေမယ့် လက်ရှိ ချန်ပီယံတွေက အလွယ်တကူ ပြိုလဲမယ့်အသင်း… Continue Reading →

မအောင်မြင်ခဲ့မှုတွေကနေ လီဗာပူးအတွက် အကျိုးဖြစ်လာတဲ့ နွေအပြောင်းအရွှေ့ (၃) ခု

နွေအပြောင်းအရွှေ့မှာ အထမမြောက်တဲ့ ကိစ္စအချို့ ရှိခဲ့ပြီး အဆိုပါ အပြောင်းအရွှေ့တွေက လက်ရှိမှာ လီဗာပူးအသင်းကို အကျိုးဖြစ်လာစေခဲ့ပြီဖြစ်ပါတယ်။ ဒီအကြောင်းတွေကို The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က အခုလို ဖော်ပြပါတယ်။ ရှာကွီရီဟာ လက်တလောမှာ လီဗာပူးအတွက် အရန်ခုံကနေ လူစားဝင်လာပြီး သက်ရောက်မှု ကြီးနေစေသူဖြစ်တယ်။ မနှစ်ကရာသီမှာ ရှာကွီရီဟာ ရာသီတစ်ခုလုံးနည်းပါး ကြွက်သားဒဏ်ရာကြောင့် မကြာခဏ ဒဏ်ရာရနေခဲ့တယ်။ ဒါကြောင့်လည်း နေရာမရဖြစ်ခဲ့ကာ ဒီနွေမှာ ဘွန်ဒက်လီဂါကို ပြောင်းဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ နောက်ဆုံးအချိန်ထိ ရှာကွီရီ ယုံကြည်ခဲ့တာက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!