Date

November 3, 2020

အတ္တလန်တာပွဲကြို ဒီကနေ့ နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဘာစီလိုနာအသင်းဟာ ၎င်းတို့ အသင်းမန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို အလိုရှိနေပြီး မန်နေဂျာလောင်းစာရင်းထဲ ထည့်သွင်းလာပါတယ်။ အတ္တလန်တာနဲ့ပွဲမှာတော့ တိုက်စစ်ပိုင်းမှာ ဖာမင်နိုကို အနားပေးပြီး ဂျိုတာကို ထုတ်သုံးမယ်ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။ လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ဖခင်ဖြစ်သူ Mazinho က နွေတုန်းက ပီအက်စ်ဂျီဟာ သီယာဂိုကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် ကွင်းလယ်လူက လီဗာပူးကို ပြောင်းဖို့ကိုပဲ ဦးတည်ခဲ့တယ်လို့ ထုတ်ပြောပါတယ်။ အဖွင့်ပွဲ ၂ ပွဲမှာ အနိုင်ရလဒ်တွေ ရယူပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့… Continue Reading →

ပီအက်စ်ဂျီရဲ့ သီယာဂိုကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့တဲ့ ကိစ္စကို ဖခင်ဖြစ်သူ ထုတ်ပြော

လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ဖခင်ဖြစ်သူ Mazinho က နွေတုန်းက ပီအက်စ်ဂျီဟာ သီယာဂိုကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် ကွင်းလယ်လူက လီဗာပူးကို ပြောင်းဖို့ကိုပဲ ဦးတည်ခဲ့တယ်လို့ ဆိုပါတယ်။ နွေမှာ ဥရောပကလပ်တစ်သင်းက လီဗာပူးပေးတဲ့ လုပ်ခထက် သာလွန်တဲ့ လုပ်ခဖြင့် သီယာဂိုကို ကမ်းလှမ်းခဲ့သေးတယ်ဆိုတာ သိထားရတာပါ။ Mazinho ရဲ့ ပြောပြမှုအရတော့ အဆိုပါ ကမ်းလှမ်းမှုဟာ ပီအက်စ်ဂျီထံကဖြစ်ပြီး သီယာဂိုကို မရခြင်းကြောင့် ပီအက်စ်ဂျီအသင်းဟာ ညီဖြစ်သူ ရာဖင်ဟာကိုပဲ ပြောင်းလဲ ကမ်းလှမ်းသွားခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာ… Continue Reading →

သမိုင်းဝင် ရံှူးပွဲအဖြစ် အက်စတွန်ဗီလာကို အရေးနိမ့်မှုက ရခဲ့တဲ့ သင်ခန်းစာကို ထရန့် ထုတ်ပြော

လီဗာပူး ညာအစွန်လူ ထရန့်က လွန်ခဲ့တဲ့လက အက်စတွန်ဗီလာကို အရေးနိမ့်အပြီးမှာ အသင်းဟာ နိမ့်ချစွာ ပြုမှုဖို့လိုတယ်ဆိုတာ နားလည်ခဲ့ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးဟာ ၅၇ နှစ်အတွင်း အဆိုးဆုံး ရံှူးပွဲအဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၇-၂ နဲ့ အရေးနိမ့်ခဲ့တာပါ။ အဲ့ပွဲစဉ်ပြီးနောက် ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲပဲ သရေကျကာ ကျန်ပွဲစဉ် ၄ ပွကို အနိုင်ရအောင် ကြိုးစားလာခဲ့တယ်။ အဓိက ကစားသမားတွေ ထိခိုက်နေသော်လည်း ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာ ထိပ်ဆုံးနေရာတွေက ရပ်တည်နေခဲ့ပါတယ်။… Continue Reading →

လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ ခေါင်းဆောင်မှုတာဝန်တွေ ရယူတော့မယ်ဆိုတဲ့ ထရန့်

ဝက်ဟမ်းနဲ့ပွဲမှာတော့ လီဗာပူးသားလေး ထရန့်ဟာ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်ကို ကစားခဲ့ပြီဖြစ်ပါတယ်။ ထရန့်ကပဲ ” အမှတ်ပေးပွဲ ၁၀၀ ပြည့်ခဲ့ပြီဆိုတာက အိပ်မက်တစ်ခုလိုပါပဲ။ ကျနော် အရမ်း ဂုဏ်ယူတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကလေးဘဝမှာတုန်းက ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်ဖို့ဆိုတာမျိုးက အိပ်မက်ပဲ မက်ခွင့်ရှိတာမျိုးပါ၊ တကယ်ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်မိကြမှာ မဟုတ်ပါဘူး။ ကျနော်အတွက်တော့ သိပ်ကောင်းတဲ့ ဂုဏ်ယူစရာကိစ္စ ဖြစ်ပါတယ်။ ကိုယ်ဘာသာ ဂုဏ်ယူတယ်။ ဒီအခွင့်အရေးကို အရယူနိုင်တာအတွက်လည်း ကျေနပ်တယ်။ ဒီလို လျှောက်လမ်းလာတဲ့… Continue Reading →

အံ့သြဖို့ ကောင်းစွာပဲ ဆာလက်ကို တစ်ဖက်သတ် ဝေဖန်ခဲ့ကြတဲ့ အင်္ဂလန်မီဒီယာမှ သုံးသပ်သူများ

ဘီဘီစီ အားကစားသတင်းဌာနမှ ဂါရတ်ကွတ်က ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအပြီးမှာ သူ့ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး လီဗာပူးမှ ဟန်ဒါဆန်ကို ထည့်သွင်းခဲ့တယ်။ ဒါပေမယ့်လို့ အကောင်းဆုံးအသင်းရွေးချယ်မှုမှာ ဟန်ဒါဆန်ကို ဘာလို့ သူရွေးရပါတယ်ဆိုပြီး ပြောတဲ့ အပိုင်းမှာတော့ ဟန်ဒါဆန်ကို ချီးကျူးဖို့ထက် ဆာလက်ကို ဝေဖန်လိုမှုက ပိုမို အဓိကကျခဲ့တာကို မြင်ခဲ့ရတယ်။ ဂါရတ်ကွတ်က ” ဝက်ဟမ်းနဲ့ပွဲ လီဗာပူးရတဲ့ ပင်နယ်တီက ပေးသင့်တယ်လို့ မထင်ပါဘူး။ အခုထိ ဘာလို့ အဲ့ပင်နယ်တီကို ပေးလိုက်လဲ နားမလည်ဘူး။ ဧရိယာထဲမှာ လူမထိဘဲ… Continue Reading →

လီဗာပူးကို နာကျင်အောင် လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ထုတ်ပြောတဲ့ အတ္တလန္တာ တိုက်စစ်မှူး

အဖွင့်ပွဲ ၂ ပွဲမှာ အနိုင်ရလဒ်တွေ ရယူပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးကို ရင်ဆိုင်ပြီး အန္တရာယ်တွေ ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အတ္တလန္တာတိုက်စစ်သမား ဇာပါတာက ထုတ်ပြောလိုက်ပါတယ်။ မနှစ်ကရာသီမှာ အတ္တလန္တာအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ဖို့ အတော်လေး နီးစပ်ခဲ့သေးတာပါ။ ပီအက်စ်ဂျီအသင်းက နာကျင်မိနစ်တွေမှာ ဂိုးသွင်းခဲ့တာကြောင့် ၎င်းတို့ဟာ ကွာတားအဆင့်မှာတင် ကျန်ရစ်ခဲ့ရတယ်။ သူတို့ လူစာရင်းကလည်း သိပ်မပြောင်းသေးတာကြောင့် လီဗာပူးအတွက် ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အတ္တလန္တာအသင်း တိုက်စစ်သမား ဇာပါတာက… Continue Reading →

အတ္တလန္တာ V လီဗာပူး ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၃) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီကနေ့ည မြန်မာစံတော်ချိန် ၂း၃၀ မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃ အဖြစ် အတ္တလန္တာအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အတ္တလန္တာဟာလည်း လီဗာပူးနဲ့ တူညီစွာပဲ ဒီရာသီ စီးရီးအေလိဂ်ရဲ့ ဒုတိယ တိုက်စစ်အကောင်းဆုံး အသင်းဖြစ်သလို၊ ခံစစ် ပေးဂိုး အများဆုံး အသင်းတွေထဲမှာလည်း ပါနေပါတယ်။ ဒါ့အပြင် သူတို့ အသင်းကလည်း အဓိက ကစားသမား အချို့ကို လက်လွတ်ထားရမှာဖြစ်တယ်။ ဒီတစ်ကြိမ် နှစ်သင်း ထိပ်တိုက်တွေ့မှုမှာတော့ သွင်းဂိုး အများအပြားကို မြင်တွေ့ရမယ်လို့… Continue Reading →

အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လိုက်ပါသွားတဲ့ လီဗာပူးရဲ့ အသင်းသား (၂၃) ဦးစာရင်း

အီတလီကို ရောက်သွားပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် တတိယပွဲစဉ် မတိုင်ခင် မဲဝုဒ်မှာတော့ ကွင်းဖွင့် လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီအပတ်တွေမှာ အဓိက ကစားသမားတွေကို လက်လွတ်ထားရတဲ့ လီဗာပူးဟာ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို အသင်းလူစာရင်းထဲ မထည့်နိုင်သေးပါဘူး။ ဒဏ်ရာက ပြန်သက်သာလာသူတွေထဲမှာ သီယာဂိုကို ထပ်မံ ချန်လှပ်ခဲ့ပြီး စပိန်သားဟာ တစ်ဦးချင်း လေ့ကျင့်ရေး ပရိုဂရမ်တွေကိုပဲ လုပ်ဆောင်နေရတယ်။ မန်နေဂျာကလော့ပ်အတွက် အားတက်စရာက ကိုစတက်၊ မာတစ်၊ ကိတ်တာတို့တွေကို ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ လေ့ကျင့်ရေးထဲ ထည့်သုံးခဲ့တာပါပဲ။ သူတို့ သုံးဦးလုံးဟာ… Continue Reading →

ဆဲလ်ဘတ်ကြောင့် ဒီမနက်ခင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တဲ့ လီဗာပူးနဲ့ ဟာလန် သတင်း

ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာ Christoph Freund က ၎င်းတို့အသင်း ကစားသမားဟောင်း ဟာလန်နဲ့ လီဗာပူးကြား သုံးသပ်ချက်တစ်ခုကို ထုတ်ပြောလိုက်ပါတယ်။ တီဗီပရိုဂရမ်မှာ အနာဂတ်မှာ ဟာလန် ဘယ်အသင်းတွေမှာ အခြေချကစားနိုင်သေးလဲဆိုပြီး သူ့ကို မေးမြန်းခဲ့တာပါ။ Christoph Freund က ဒေါ့မွန်ကနေ ခြားနားတဲ့ ကလပ်တွေထံ ပြောင်းရွှေ့နိုင်တာကို ဝန်ခံခဲ့တယ်။ လီဗာပူးထံကောလို့ မေးခံရရာမှာတော့ Freund က ‘အဲ့တာက သူအခြေချမယ့် နေရာဖြစ်လာမှာပါ ‘ ပါလို့ ဆိုခဲ့တာပါ။ တစ်ဆက်တည်းမှာ ဆဲလ်ဘတ်ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!