Date

November 5, 2020

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

မန်စီးတီးနဲ့ပွဲမှာ ကလော့ပ်ဟာ ကွင်းလယ်လူ သီယာဂို၊ ခံစစ်မှူး မာတစ်တို့ကို ထည့်သုံးမလားဆိုတဲ့ ကိစ္စအပြင် တိုက်စစ်ပိုင်းအတွက်ပါ စဉ်းစားမှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အဆိုပါ ကိစ္စတွေအတွက် ဆေးအဖွဲ့ရဲ့ မှတ်ချက်ကိုလည်း နားထောင်ပေးသွားဦးမှာပါ။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံအောင်မြင်မှု သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ documentary အပိုင်းရှည်ကို ဒီလအကုန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက မာဆေးဆိုဒ် ဒါဘီမှာတော့ လက်မောင်း စပွန်ဆာသစ် Expedia ကို စတင် မိတ်ဆက်ခဲ့ပြီး စာချုပ်ကတော့ ၃… Continue Reading →

လီဗာပူးက ရှော်ကေးအသင်းက ဂါဘက်အပြင် တွဲဘက် ခံစစ်သမားကိုလည်း စောင့်ကြည့်နေ

လီဗာပူးအသင်းဟာ ရှော်ကေးအသင်းမှ ခံစစ်သမား အိုဇန် ဂါဘက်ကို စောင့်ကြည့်နေတယ်ဆိုတာက သတင်းထူးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးက စောင့်ကြည့်နေတဲ့ ရှော်ကေး ခံစစ်သမားက ဂါဘက် တစ်ဦးတည်း မဟုတ်ဘဲ အသင်းဖော် မာလစ် သီအော်လည်း ပါနေပါတယ်။ ဂါဘက်ဟာ ဝါဒါဘရီမင် ဘယ်အစွန်လူကို အားကစားမဆန်တဲ့ အပြုအမှုအဖြစ် တံတွေးထွေးခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဘွန်ဒက်လီဂါမှာ ၅ ပွဲပယ်ခံထားရတာပါ။ လက်ရှိ အချိန်ထိ ၄ ပွဲ ပွဲပယ်ထားပြီဖြစ်ကာ ပြန်ကစားနိုင်ဖို့ ၁ ပွဲပဲ ကျန်တော့တာဖြစ်တယ်။ ဒီအချက်က… Continue Reading →

အခြားဂြိုလ်ကလာသူတွေလို့ လီဗာပူးကို တခမ်းတနား ချီးကျူးတဲ့ အီတလီမီဒီယာများ

အီတလီသတင်းတွေမှာတော့ လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ဂျိုတာတို့ကို ကမ္ဘာဂြိုလ်မဟုတ်တဲ့ အခြားသော ဂြိုလ်တွေကလာသူတွေလို့ ချီးကျူးခဲ့ကြပါတယ်။ ချန်ပီယံလိဂ်မှာ စီးရီးအေရပ်ဝန်းအတွင်း ခြေစွာလွန်းလှတဲ့ အတ္တလန်တာကို လီဗာပူးအသင်းက ၅-၀ နဲ့ အနိုင်ယူပြခဲ့တာပါ။ အီတလီသတင်းစာတွေကတော့ ယာဂင်ကလော့ပ်ဟာ ဂတ်စပီရီနီကို အရှက်ရစေခဲ့သလို လီဗာပူးအသင်းက အတ္တလန်တာအသင်းကို ဘောလုံးဆိုင်ရာ သင်ခန်းစာတွေ ပို့ချခဲ့တာပါလို့ ဖော်ကျူးခဲ့ကြတယ်။ ဒါ့အပြင် လီဗာပူးအသင်းရဲ့ ကစားဟန်နဲ့ ပက်သက်လို့လည်း ဖန်တီးမှုပိုင်း ထူးချွန်လှတဲ့ တိုက်စစ်ပိုင်း၊ ဖိအားပေးကစားမှုပိုင်းနဲ့ ကွင်းအတွင်း စွမ်းဆောင်ပြမှုပိုင်းနဲ့ ဘောလုံးနဲ့အတူ လုပ်ပြနိုင်စွမ်းတွေမှာလည်း… Continue Reading →

စိတ်ရှည်ခြင်းနဲ့အတူ အကျိုးအမြတ် ထပ်ရတဲ့ လီဗာပူးအသင်းရဲ့ လက်မောင်း စပွန်ဆာ

ဒီရာသီမှာ လက်မောင်းစပွန်ဆာ Western Union နဲ့ လက်တွဲဖြုတ်ထားတဲ့ လီဗာပူးဟာ ရာသီကြိုမှာနဲ့ ရာသီစမှာတော့ လက်မောင်းစပွန်ဆာ မပါဘဲ ဘောလုံးရာသီသစ်ကို စတင်လာခဲ့တာဖြစ်တယ်။ သို့သော် မာဆေးဆိုဒ် ဒါဘီမှာတော့ Expedia ကို စပွန်ဆာသစ်ကို စတင် မိတ်ဆက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီက ကမ္ဘာအကြီးဆုံး ခရီးသွားပလက်ဖောင်း ကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ လီဗာပူးရဲ့ ဂျာစီတွေမှာ Expedia ကို တပ်ဆင် အသုံးပြုနေခဲ့ပြီဖြစ်တယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ Western… Continue Reading →

ပရီးမီးယားလိဂ်ကို ခါယမ်းခဲ့တဲ့ လီဗာပူးရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှု မှတ်တမ်းရုပ်ရှင် ထွက်မည်

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံအောင်မြင်မှု သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ documentary အပိုင်းရှည်ကို ဒီလအကုန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ‘Altitude, The End of the Storm’ လို့ အမည်ပေးထားတဲ့ အဆိုပါ ဗီဒီယိုဟာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ်ဖြစ်တဲ့ လီဗာပူးအသင်း နှစ်ပေါင်း ၃၀ ကြာ စောင့်ခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုကို တစ်ကျော့ပြန် အနိုင်ယူခဲ့မှုတွေကို တကမ္ဘာလုံးမှာရှိတဲ့ အသင်းရဲ့ ပရိသတ်တွေအတွက် မှတ်တမ်းတစ်ခုအဖြစ် ရိုက်ကူးဖော်ပြခြင်းဖြစ်တယ်။ ဂန္တဝင်မန်နေဂျာကြီးတွေအပြင်… Continue Reading →

သီယာဂို၊ မာတစ်တို့နဲ့အတူ မန်စီးတီးနဲ့ပွဲ လီဗာပူးရဲ့ လူစာရင်းကို အကြို တွေးဆကြည့်ခြင်း

ယာဂင်ကလော့ပ်က လာမယ့်ပွဲတိုင်းကို ကလပ်ရဲ့ အရေးပါဆုံးပွဲလို့ အမြဲတမ်း ထုတ်ဖော် ပြောဆိုလေ့ ရှိသူပါ။ လီဗာပူးရဲ့ လာမယ့်ပွဲကတော့ အားလုံး စောင့်မျှော်နေတဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်လာပါမယ်။ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ ချန်ပီယံဟောင်း မန်စီးတီး နှစ်သင်းထဲက တစ်သင်းကပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားကြတယ်။ ဒီပွဲရဲ့ အနိုင်အရံှူးက ဘောလုံးရာသီ တစ်ခုလုံးကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပေမယ့် အနိုင်ရမယ့် အသင်းက ချန်ပီယံပြေးလမ်းအတွက် စိတ်ဓါတ်ပိုင်း မြင့်တက်သွားဖို့ ရှိနေပါတယ်။ ဒီပွဲမှာတော့ ကလော့ပ်ဟာ… Continue Reading →

လီဗာပူးရဲ့ တိုးတက်လာတဲ့ လူငယ်နှစ်ဦးကို ချီးကျူးပြောဆိုမှု ပြုလုပ်သွားတဲ့ အယ်လီဆန်

လီဗာပူးဂိုးသမား အယ်လီဆန်က အသင်းရဲ့ လူစာရင်းကို ပါဝင်အားဖြည့်နေပြီး အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ လူငယ်နှစ်ဦးကို ချီးကျူးမှု လုပ်သွားပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက် မပါဘဲ ယှဉ်ပြိုင်လာခဲ့တာ ၅ ပွဲ ရှိလာခဲ့ပါပြီ။ အဓိက ဗဟိုခံစစ်သမား မပါဝင်နိုင်ချိန်မှာ ခံစစ်ကစားပုံက ကျစ်လစ်မှုပိုင်း လိုအပ်ချက်ရှိပေမယ့် အသင်းလိုက် ကစားဟန်နဲ့အတူ အဆိုပါနေရာကို အစားထိုးဖို့ ကြိုးစားနေပြီး အခုချိန်ထိ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ နက်ဖီးလစ်က ပါဝင်ခွင့်ရလာကာ ချန်ပီယံလိဂ်မှာတော့ လူငယ်လေး ရိုင်းစ်က ပါဝင်လာရတာဖြစ်တယ်။ သူတို့နှစ်ဦးဟာ ခံစစ်မှာ… Continue Reading →

လီဗာပူးအတွက် ယူနိုက်တက်ကို ဥရောပပြိုင်ပွဲမှာ အနိုင်ယူခဲ့တဲ့ ခံစစ်မှူးကြီး စကာတယ်

မနက်က ယှဉ်ပြိုင်ကစားတဲ့ တူရကီကလပ် အစ္စတန်ဘူလ် ဘက်ရှီးယားနဲ့ ယူနိုက်တက်တို့ပွဲမှာ ဘက်ရှီးယားက ၂-၁ နဲ့ အနိုင်ရသွားပါတယ်။ ဘက်ရှီးယားမှာတော့ လီဗာပူးကစားသမားဟောင်း စကာတယ် ကစားနေတာဖြစ်ပြီး သူက ပွဲမတိုင်ခင်မှာတည်းက လီဗာပူးပရိသတ် အနေနဲ့ ယူနိုက်တက်ကို အနိုင်ကစားရရင် သိပ်ချိုမြိန်မယ့် ကိစ္စပါလို့ ထုတ်ပြောထားခဲ့တယ်။ စကာတယ်က” ကျနော်က လီဗာပူးနဲ့ သမိုင်းတစ်ခု ရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ လီဗာပူးနဲ့ ယူနိုက်တက်ကြား ပြိုင်ဆိုင်မှုကို အားလုံးလည်း သိကြမှာပါ။ ဒီအခြေအနေမှာ ကျနော်က အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းရဲ့ ကစားသမားဖြစ်ပါတယ်။… Continue Reading →

လီဗာပူးရဲ့ ၂၀၁၆ ယူရိုပါလိဂ် ဗိုလ်လုပွဲတုန်းက ဖြစ်ရပ်အတွက် တရားဝင်တောင်းပန်မှု မနေ့က ရရှိ

၂၀၁၅ ခုနှစ်မှာ လီဗာပူးအသင်းကို ကြားဖြတ်တာဝန်ယူလာတဲ့ ယာဂင်ကလော့ပ်ဟာ အဆိုပါ ဘောလုံးရာသီ အကုန်မှာတော့ လီဗာပူးကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့ရဲ့ ဗိုလ်လုပွဲအဆင့်တွေကို ပို့ဆောင်ပေးခဲ့သူပါ။ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာတော့ ထိုစဉ်က အရေးကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ဆာခိုကို ကမ္ဘာမူးယစ်ဆန့်ကျင်ရေး အေဂျင်စီ WADA က တားမြစ်ဆေးဝါး သုံးစွဲခြင်းအတွက် အရေးယူဖို့ ဆုံးဖြတ်ရာက ပြင်သစ်သားဟာ ဗိုလ်လုပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ ဆာခိုဟာ အဆီချဆေးတစ်မျိုးကို သုံးစွဲခဲ့ပြီး အဆိုပါ ဆေးဟာ တားမြစ်ဆေးဝါးထဲမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!