Date

November 7, 2020

စနေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဝုဗ်မန်နေဂျာ နူနိုက ” ဒီယေဂိုအတွက် ကျနော် တကယ်ကို ပျော်ပါတယ်။ သူ ဒီတိုင်း ဆက်ပြီး ခြေစွမ်းပြနိုင်ဖို့နဲ့ တစ်ပွဲချင်း ပျော်ရွှင်ရဖို့လည်း မျှော်လင့်ပါတယ်။ သူ့မျက်နှာမှာ ပြုံးပန်းဝေနတာကို မြင်ရတာအတွက် ပျော်ရပါတယ် ” လို့ တပည့်ဟောင်းနဲ့ ပက်သက်လို့ မှတ်ချက်ပေးပါတယ်။ လီဗာပူး လူငယ်လေး စတီးဝပ်ဟာ ယူ-၁၈ အသင်းမှာ ဂိုးသွင်းနေမှုကို ရှေ့ဆက် တိုးနေပြီး ဒီရာသီ သွင်းဂိုး ၁၀ ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးခံစစ်ကြောင်းက ဗန်ဒိုက်ကို အခြေခံပြီး… Continue Reading →

ဂျိုတာရဲ့ မျက်နှာမှာ ပြုံးပန်းဝေနေတာကို မြင်ရတာအတွက် ပျော်ရပါတယ်ဆိုတဲ့ ဝုဗ်မန်နေဂျာ

လီဗာပူးတိုက်စစ်သမား ဂျိုတာဟာ ဒီနွေမှာ ဝုဗ်ကနေ ယူရို ၄၅ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီး ပထမဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၇ ဂိုးထိ ရထားပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မန်စီးတီးထံ သွားရောက်မယ့်ပွဲမှာ အရေးပါသူတစ်ဦး ဖြစ်လာမယ့် ဒီယေဂို ဂျိုတာရဲ့ ခြေစွမ်းကောင်းနဲ့ ပုံစံကောင်းတွေအတွက် မန်နေဂျာဟောင်း နူနိုက ဝမ်းမြောက်ပီတိစကား ပြောဆိုခဲ့တယ်။ ဂျိုတာဟာ လက်ရှိမှာ လီဗာပူးရဲ့ အချစ်တော် တိုက်စစ်သမား ဖာမင်နိုရဲ့ ပွဲထွက်ခွင့်ကို စတင်ခြိမ်းခြောက်နိုင်တဲ့အထိ အချိန်တိုအတွင်း တိုးတက်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဝုဗ်မန်နေဂျာ… Continue Reading →

လီဗာပူးကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်စေခဲ့တဲ့ အသင်းဖော်ကို ဆာလက် ရွေးထုတ်

လီဗာပူးတိုက်စစ်သမား ဆာလက်က မန်စီးတီးပွဲကြိုမှာ အကောင်းဆုံး ပုံစံရနေတဲ့ အသင်းဖော် ဂျိုတာကိုကော အသင်းအတွက် အမြဲတမ်း ပေးဆပ်ကစားတဲ့ တိုက်စစ်မှူး ဖာမင်နိုကိုပါ ချီးကျူးပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။ အတ္တလန်တာပွဲမှာတော့ hat-trick ရှင် ဂျိုတာရဲ့ နေရာမှာ ဖာမင်နိုက လူစားဝင် ကစားခဲ့တယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က ဘရာဇီးသားကို အသင်းမှာ အရေးပါဆုံး သူတွေထဲက တစ်ဦးအဖြစ် ထည့်သွင်းထားဆဲဖြစ်တယ်။ ဆာလက်ကလည်း ဖာမင်နိုဟာ ကိုယ်အတွက် မကြည့်ဘဲ အသင်းအတွက် ဦးစားပေးသူ ဖြစ်ကြောင်းနဲ့ သူမပါဝင်ဘဲ အသင်းက အဓိကဆုဖလားတွေ… Continue Reading →

အီသီဟတ်မှာ ချန်ပီယံဟောင်း မန်စီးတီးကို ရင်ဆိုင်ရမှာအတွက် မှတ်ချက်ပေးတဲ့ မို ဆာလက်

လီဗာပူးတိုက်စစ်သမား မိုဆာလက်က ဒီအပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကောင်းအတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီ ပရီးမီးယားလိဂ်ကို ကိုယ်စီ အနိုင်ယူထားတဲ့ နှစ်သင်းဟာ အီသီဟတ်မှာ ထိပ်တိုက်တွေ့မှု ပွဲရလဒ် မထွက်ခင် မန်စီးတီးက တစ်ပွဲလျော့ အနေအထားမှာ ရမှတ် ၅ မှတ် ကွာဟနေပါတယ်။ နှစ်သင်းကစားသမားတွေက ဒီပွဲမှာ ရလဒ် ပြတ်သားခြင်းက နှစ်သင်းလုံးအတွက် ကောင်းမွန်းတဲ့ ဦးတည်ချက်ကို ပေးမယ်ဆိုတာကိုလည်း နားလည်ကြမှာဖြစ်တယ်။ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့ရာ မန်စီးတီးက ပြိုင်ဘက်ကောင်းဖြစ်သလို ချန်ပီယံဟောင်းတွေကလည်း… Continue Reading →

လီဗာပူးပရိသတ်တွေကြား အမေးများတဲ့ ချိန်ဘာလိန်နဲ့ ကွင်းလယ်လူတွေရဲ့ ဒဏ်ရာအခြေအနေ

လီဗာပူးပရိသတ်တွေက ကွင်းလယ်လူ ချိန်ဘာလိန် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိပေမယ့် အဲ့အတွက်တော့ သတင်းကောင်းရမှာ မဟုတ်ပါဘူး။ အင်္ဂလန်သား ကွင်းလယ်လူဟာ ရာသီကြိုမှာ လေ့ကျင့်ရေးအတွင်း မမျှော်လင့်ဘဲ ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်တယ်။ အဲ့ကတည်းက မန်နေဂျာကလော့ပ်ဟာ ချိန်ဘာလိန်အကြောင်းကို မီဒီယာတွေ့ဆုံမှုတွေမှာ ရှောင်ရှားထားပြီး ဖြေဆိုမှု လုပ်ပေးတာမျိုးလည်း သိပ်မလုပ်ထားပါဘူး။ ချိန်ဘာလိန်ဟာ ဒီရာသီ လီဗာပူးအတွက် ပွဲထွက်ကစားပေးဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အခုချိန်ထိ သက်သာကြောင်း သတင်းတွေ မကြားရသေးဘူး။ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲမှာတော့ ဖာဘင်ညို၊ သီယာဂိုနည်းတူ ချိန်ဘာလိန်ကလည်း ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။… Continue Reading →

သမိုင်းဝင် မဲဝုဒ် လေ့ကျင့်ရေးကွင်းကို လွမ်းနေတော့မှာပါလို့ နုတ်ဆက်လိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်းဟာ မန်စီးတီးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အပြီးမှာ မဲဝုဒ်ကို စွန့်ခွာကာ နိုင်ငံတကာ သီတင်းပတ် အကုန်မှာတော့ ကီရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ အပြီးသတ် ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ ဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေ အစပြုခဲ့တဲ့ နှစ်ပေါင်း ၆၀ ကြာ ပထမအသင်း လေ့ကျင့်ရေးအခြေစိုက်ဌာနေဟာ မကြာခင်မှာ အပြီးသတ် နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က စီနီယာနဲ့ လူငယ်အသင်းတွေကို တစ်နေရာတည်းကနေ စီမံဖို့အတွက် အသင်းရဲ့ လေ့ကျင့်ရေးနေရာကို ကီရာဘီကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကွင်းသစ်ကိုတော့ အက်ဆာ လေ့ကျင့်ရေးစင်တာ လို့… Continue Reading →

ဒီရာသီ လီဗာပူးနဲ့ အမှတ်ပေးလိဂ် ယှဉ်ပြိုင်မှုကို အမေရိကန် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်တဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက လီဗာပူးပွဲကြို အရေးပါတဲ့ အဖြေတွေကို ပေးရာမှာ အဓိက တိုက်စစ်သမား အဂွယ်ရို ပါနိုင်မှာ မဟုတ်တဲ့အကြောင်းကိုလည်း ထုတ်ပြောခဲ့တယ်။ မန်စီးတီးနဲ့ လီဗာပူးပွဲမှာ အဂွယ်ရို ပါဝင်နိုင်မလားဆိုတဲ့ အမေးကို ဂွာဒီယိုလာက “ မပါနိုင်ပါဘူး။ သူက အဆင်သင့်မဖြစ်သေးဘူး။ အခုထိ အဆင်သင့် မဖြစ်သေးပါဘူး ” လို့ တုန့်ပြန်ပါတယ်။ မန်စီးတီးမှာ တိုက်စစ်သမား အဂွယ်ရို ဒဏ်ရာရနေပေမယ့် ဂျီဆုကတော့ ပြန်လည် ကစားနိုင်နေပါပြီ။ ကြားရက်က အိုလံပီယာကိုစ့်ပွဲမှာ လူစားဝင်လာခဲ့ပြီး ဂိုးလည်း သွင်းယူသွားခဲ့တယ်။… Continue Reading →

ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်လာဖို့ ထရန့် ဘာလုပ်နိုင်ရမယ် အကြံပေးတဲ့ ကာဖူး

ကမ္ဘာဘောလုံး ဂန္တဝင်ကြီး ကာဖူးက လီဗာပူးအသင်းရဲ့ ညာအစွန်လူ ထရန့်ကို အတော်လေး မျှော်လင့်နေဟန်ရှိပြီး ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဆိုတဲ့ ထိုင်ခုံကို ရနိုင်ဖို့ ကြိုးစားရမှာတွေကို သတိပေးမှုတစ်ခု လုပ်သွားပါတယ်။ လီဗာပူးအကယ်ဒမီထွက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်သလို သူဟာ ဥရောပဘောလုံးလောကမှာလည်း နာမည်ရှိသူဖြစ်တယ်။ အထူးသဖြင့် ဘာစီလိုနာကို အနိုင်ရမှုမှာ သူ့ရဲ့ ပါးနပ်ထူးချွန်မှုက သူ့နာမည်တစ်လုံးကို လူတိုင်းသိအောင် လုပ်ပြနိုင်စွမ်း ရှိခဲ့ပါတယ်။ ကာဖူးက ” ထရန့်က တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူက တိုက်ခိုက်မှုတွေ… Continue Reading →

မန်စီးတီး V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် (၈) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် အီသီဟတ်မှာ တွေ့ဆုံကြမယ့် မန်စီးတီးနဲ့ လီဗာပူးပွဲဟာ စိတ်လှုပ်ရှားစရာ ပွဲကောင်းဖြစ်လာမယ်လို့ မိုင်ကယ်အိုဝင်က ယုံကြည်နေပါတယ်။ လီဗာပူးမှာ ဗန်ဒိုက်၊ သီယာဂိုနဲ့ ဖာဘင်ညိုတို့ ပါဝင်လာဖို့ မရှိသလို မန်စီးတီးဘက်မှာလည်း တိုက်စစ်မှူး အဂွယ်ရို ပါဝင်လာမှာ မဟုတ်ပါဘူး။ နှစ်သင်းလုံးဟာ ဒီရာသီမှာ ပြန်လည် တည်ဆောက်မှုတွေ လုပ်နေပြီး မန်စီးတီးက ခံစစ်တန်း မာကျောလာသလို လီဗာပူးရဲ့ တိုက်စစ်ကလည်း ဒီရာသီမှာ ပိုကောင်းလာနေပါတယ်။ ပွဲနဲ့ ပက်သက်လို့ အိုဝင်က သူ့အမြင်ကို ပြောရာမှာ ” ဒီပွဲကို ကြည့်ရဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!