Date

November 9, 2020

တနင်္လာနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဘယ်အစွန်လူ ရော်ဘတ်ဆန်က မန်စီးတီးနဲ့ပွဲမှာ ၄-၂-၄ ပုံစံကို ကစားခဲ့ချိန်မှာ ပြိုင်ဘက်အသင်းသားတွေက လီဗာပူးရဲ့ ကစားဟန်ကို အငိုက်မိနေခဲ့သလို အသင်းသားတွေ ကိုယ်တိုင်ကလည်း နည်းစနစ်သစ်အတွက် ရုန်းကန်ရမှုတွေ ရှိနေဆဲလို့ ဝန်ခံခဲ့ပါတယ်။ ဂိုးမက်စ်နဲ့ မာတစ်တို့ဟာ သူတို့နှစ်ဦးရဲ့ လီဗာပူးကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးနဲ့ပွဲမှာ တွဲဘက်ကစားခွင့် ရခဲ့တယ်။ အဆိုပါ ခံစစ်အတွဲဟာ မန်နေဂျာကလော့ပ် လက်ထက် ၃၇ တွဲမြောက် ခံစစ်အတွဲလည်းဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာဂွာဒီယိုလာတို့က ချန်ပီယံလိဂ်ကစားနေရတဲ့ အသင်းတွေကို ပွဲချိန် စီစဉ်မှုတွေ သေချာလုပ်ပေးဖို့နဲ့ လူစားလဲမှု ၅… Continue Reading →

အဓိက လူနှစ်ဦး မပါတဲ့ လီဗာပူးက ပြိုင်ဘက်တွေ ခန့်မှန်းရလွယ်နေပြီဆိုတဲ့ ထောက်ပြမှု

လီဗာပူးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲ အခြေအနေကို ကြည့်ပြီးတဲ့နောက်မှာ မာတင်ကီယွန်က လက်ရှိချန်ပီယံတွေရဲ့ ဘောလုံးပေးမှုတွေက ခန့်မှန်းရ လွယ်လွန်းနေကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဆာလက်၊ ဂျီဆုတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေကြောင့် ဂိုးတွေရခဲ့ပေမယ့် နှစ်သင်းဟာ ဒုတိယပိုင်းမှာတော့ တိုးတက်တဲ့ ခြေစွမ်းတွေ မပြသနိုင်ခဲ့ဘူး။ အထူးသဖြင့် ပွဲချိန်ကြာလာလေ နှေးကွေးလာတဲ့ ကစားဟန်တွေနဲ့အတူ နှစ်ဘက်အသင်းရဲ့ ကစားကွက် အခင်းအကျင်းက ပထမပိုင်းကလောက် ကျေနပ်စရာမကောင်းခဲ့ပါဘူး။ လီဗာပူးရဲ့ အခင်းအကျင်းဟာ ဗဟိုခံစစ်ကနေ ဗန်ဒိုက်ရဲ့ ဘောလုံးထုတ်ပေးမှုနဲ့ ထရန့်ရဲ့ ဖြတ်တင်ဘောတွေကို အားပြုခဲ့ရတာဖြစ်တယ်။ မန်စီးတီးပွဲ… Continue Reading →

မန်စီးတီးနဲ့ပွဲမှာ သီယာဂိုကို ထည့်လို့ရပေမယ့် တမင်ချန်လှပ်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်

မန်စီးတီးနဲ့ပွဲမှာ မန်နေဂျာကလော့ပ်က ကွင်းလယ်လူ သီယာဂိုကို အရန်စာရင်းမှာတောင် မထည့်ခဲ့ပေမယ့် စပိန်သားရဲ့ အခြေအနေက အရန်ခုံမှာ ပါဖို့ ကြံ့ခိုင်မှု ကောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တစ်ဦးချင်း လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်လာနိုင်ပြီဖြစ်တဲ့ သီယာဂိုကို မန်စီးတီးနဲ့ပွဲမှာ မထည့်ခဲ့တာက သူ့ကို လက်ရွေးစင်ကနေ ခေါ်ယူသွားမှ စိုးရိမ်ခြင်းက အဓိက အကြောင်းရင်းလို့ သတင်း ထွက်လာနေတယ်။ လီဗာပူးရဲ့ လာမယ့်ပွဲက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ အကယ်လို့ သီယာဂိုကို မန်စီးတီးနဲ့ပွဲ အရန်လူစာရင်းထဲ… Continue Reading →

စိတ်လှုပ်ရှားစရာ ခြေစွမ်းတွေကြောင့် ထွန်းတောက်စ ကြယ်ပွင့်ဖြစ်လာတဲ့ လီဗာပူးလူငယ်လေး

လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားချထားတဲ့ တိုက်စစ်သမား ဟာဗေး အီးလီးယော့ဟာ နာမည်ကောင်းတွေ များစွာနဲ့အတူ တောက်ပလာနေခဲ့ပါပြီ။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်အားသန်လေးဟာ ဒီရာသီမှာ သူ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်ကလပ်ထံ အငှားထွက်ကစားနေတာပါ။ အဆိုပါလိဂ်မှာ ခြေစွမ်း အတော်လေး ကောင်းနေတဲ့ အီးလီးယော့ဟာ ၇ ပွဲ ကစားပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်နဲ့ သွင်းဂိုး ၁ ဂိုးတို့ကို ရယူပေးထားတယ်။ လီဗာပူးမှာ တောင်ပံသမားအဖြစ် ကစားခဲ့တဲ့ အီးလီးယော့ကို ဘလက်ဘန်းကတော့ အထောင်တိုက်စစ်နဲ့… Continue Reading →

ထိပ်ဆုံးမှာ ရှိမနေပေမယ့် လီဗာပူးရဲ့ အနေအထားက ကျေနပ်စရာကောင်းနေခြင်း အကြောင်းရင်း

အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ် ဝင်ရောက်လာချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကစားထားပြီး ထိပ်ဆုံးက လက်စတာနဲ့ ၁ မှတ်အကွာမှာ ရှိနေသလို ချန်ပီယံလိဂ်မှာတော့ အုပ်စုတွင်း ၃ ပွဲကစားထားပြီး ထိပ်ဆုံးမှာ ရှိနေပါတယ်။ လက်ရှိရလဒ်အပေါ်မှာ လီဗာပူးအသင်း မန်နေဂျာနဲ့ ကစားသမားတွေ ကျေနပ်နေကြသလို ဘာလို့ ဒီလို ကျေနပ်နေကြတာလဲဆိုတာအတွက် The Athletic သတင်းဌာနမှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အခုလို ရှင်းပြပါတယ်။ ဂျိမ်းပီးယာ့ဇ်က ” ပျက်ကွက်သူတွေ သိပ်များနေတဲ့ကြားက လီဗာပူးက ရနိုင်တဲ့ အမြင့်ဆုံးကို… Continue Reading →

VAR ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေမယ့် ပင်နယ်တီက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတဲ့ ဂိုးမက်စ်

လီဗာပူးခံစစ်သမား ဂိုးမက်စ်က မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်းရဲ့ ကန်ချက်ကို ကာကွယ်ရင် လက်နဲ့ ထိခဲ့မိတဲ့ ဖြစ်ရပ်အတွက် ပွဲအပြီးမှာ သူ့အမြင်ကို ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ ဂိုးပေါက်ကို ပြန်ပြေးနေတဲ့ ဂိုးမက်စ်ဟာ ဒီဘရိုင်းရဲ့ ကန်ချက်ကို လူကာရာမှာ သူ့ရဲ့ လက်နဲ့ ဘောလုံးကို ထိခဲ့တာပါ။ အဆိုပါဖြစ်ရပ်အတွက် VAR စစ်ဆေးမှုအရ ပင်နယ်တီ ပေးခဲ့ပြီး ဒီဘရိုင်းရဲ့ ကန်သွင်းချက်က ဂိုးပေါက်နဲ့ ကပ်လွဲခဲ့တာက အသင်းကို သက်သာရာ ရစေခဲ့ပါတယ်။ ဂိုးမက်စ်က ” လက်နဲ့ထိခဲ့တာအတွက် စကားများမှာတော့ မဟုတ်ပါဘူး။… Continue Reading →

အကြောင်းရင်း ၂ ချက်ကြောင့် မန်စီးတီးပွဲမှာ ပုံမှန်မဟုတ်တဲ့ လူစာရင်း သုံးခဲ့တယ်ဆိုတဲ့ ကလော့ပ်

ပုံမှန်မဟုတ်တဲ့ လေးယောက်တန်းတိုက်စစ်ကို ထုတ်သုံးတာက ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာကို အခက်တွေ့စေဖို့ ရည်ရွယ်ကြောင်းကို ကလော့ပ်က ပွဲအပြီးမှာ ထုတ်ပြောပါတယ်။ မန်နေဂျာကလော့ပ်ဟာ ဆာလက်၊ မာနေး၊ ဖာမင်နိုဆိုတဲ့ သုံးယောက်တန်းအပြင် ဖာမင်နိုနေရာ ဂျိုတာကို ထည့်သုံးခြင်းလည်း လုပ်ထားခဲ့ဖူးတယ်။ ဒါပေမယ့်လို့ အဓိက ပွဲတစ်ပွဲမှာ တိုက်စစ်သမား လေးဦးလုံးကို ထည့်ခဲ့တာကတော့ တိုက်စစ်အားသန်လွန်းတဲ့ ကစားကွက်အဖြစ် အတော်လေး စိန်ခေါ်မှုကြီးကြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ” မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲမှာ အကောင်းဆုံး လုပ်နိုင်ရင် အခြားအသင်းတွေကို ရင်ဆိုင်ရာမှာလည်း အကောင်းဆုံး လုပ်နိုင်ပါတယ်… Continue Reading →

မန်နေဂျာကလော့ပ်ပြောတဲ့ ထရန့်ရဲ့ ဒဏ်ရာ အခြေအနေ

အီသီဟတ်မှာ ယှဉ်ပြိုင်ကစားတဲ့ မန်စီးတီးနဲ့ပွဲမှာ ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာရရှိသွားတာကြောင့် နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လက်တလော ကြားထားတဲ့ အခြေအနေအရ ဒီကနေ့မှ အသေးစိတ် အခြေအနေကို သိရမှာဖြစ်ပေမယ့်လည်း ဒဏ်ရာကြီး ဖြစ်နိုင်တယ်လို့ တွက်ဆနေကြတယ်။ အိုင်ယာလန်၊ ဘယ်ဂျီယံနဲ့ အိုက်စ်လန်ပွဲတွေကို လွဲမယ့် ထရန့်ဟာ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ဘောလုံးပြန်ကစားနိုင်မလားက အားလုံး သိလိုနေကြတာဖြစ်တယ်။ မန်နေဂျာ ကလေ့ာပ်က ” ထရန့်က အင်္ဂလန်အသင်းကနေ… Continue Reading →

နိုင်ငံတကာသီတင်းပတ် မတိုင်ခင် မန်စီးတီးနဲ့ပွဲမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ အီသီဟတ်ကို သွားရောက်တဲ့ ခရီးစဉ်ကတော့ အိမ်ရှင်အသင်းနဲ့ ရမှတ် ခွဲဝေယူမှုနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်ဟာ လူပြောများနေတဲ့ ဖာမင်နို၊ ဂျိုတာတို့ကို တစ်ဦးတည်း ထုတ်သုံးခြင်းထက် တိုက်စစ် လေးဦးလုံးကို ထုတ်သုံးခဲ့တယ်။ ၄-၂-၃-၁ ကစားကွက်ထက် ၄-၂-၂-၂ ပုံစံကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဆာလက်၊ ဖာမင်နိုကို ပိုတင်ကစားခဲ့သလို ဖာမင်နိုကို ကွင်းလယ်ဖန်တီးရှင်ဖြစ် ဆင်းကစားစေတဲ့ ဗျူဟာကို ပြောင်းလဲ သုံးခဲ့ပါတယ်။ ဗဟိုခံစစ်မှာတော့ ဂိုးမက်စ်ရဲ့ တွဲဘက်အဖြစ် မာတစ်ကို သုံးခဲ့ပြီး ကျန်ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!