Date

November 11, 2020

ဂိုးမက်စ် ဒဏ်ရာရခြင်း သီယာဂို ကိုစတက် အခြေအနေနဲ့ ဒီနေ့ည နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူး ခံစစ်သမား ဂိုမက်စ်ဟာ အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ကာလရှည် အနားယူရနိုင်တဲ့ ဒဏ်ရာ ဖြစ်လာနိုင်ပါတယ်။ လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ယူနိုက်တက်အသင်း တိုက်စစ်သမား ရပ်ဖိုဒ့်ရဲ့ အများအကျိုးအတွက် လုပ်ဆောင်ပေးမှုကို ချီးကျူးလိုက်ပြီး ဒီအခြေအနေမှာ ပြိုင်ဘက် အသင်းသားဆိုတာကို မေ့ထားဖို့နဲ့ သူဟာ အားလုံးကို မှန်ကန်တာတွေလုပ်ဖို့ ညမ်းပြပေးနေသူပါလို့ ထုတ်ပြောခဲ့ပါတယ်။ ခံစစ်မှူး ဗန်ဒိုက် မရှိချိန်မှာ လက်ရွေးစင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဦးဆောင်သွားမှာဖြစ်ကြောင်း နယ်သာလန်အသင်းက… Continue Reading →

ယူနိုက်တက်တို့ရဲ့ ဖာနန်ဒက်စ်နဲ့ ဟန်ဒို၊ ဂီနီကြား နှိုင်းယှဉ်မှုကို ပြန်တုန့်ပြန်တဲ့ လီဗာပူးပရိသတ်များ

ဒီအပတ်မှာတော့ နိုင်ငံတကာပွဲတွေကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ရှိမှာ မဟုတ်ဘဲ လာမယ့် လီဗာပူးပွဲက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်လာပါမယ်။ နိုင်ငံတကာပွဲ မတိုင်ခင်မှာ လီဗာပူးအသင်းက မန်ချက်စတာကလပ် မန်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားပြီး ဆာလက်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တယ်။ ယူနိုက်တက်ကတော့ လီဗာပူးအခြေစိုက်ကလပ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တွေဘက်က Fun… Continue Reading →

လီဗာပူး ပရိသတ်တွေအတွက် ခြားနားတဲ့ အစွန်တွဲလုံးသစ်ကို မိတ်ဆက်ပေးလာမယ့် ယာဂင်

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒီရာသီမှာ အစွန်နေရာတွေအတွက် ပြောင်းလဲမှုအသစ်တွေ လိုအပ်မယ်ဆိုတာကို ကြိုတင် နားလည်ခဲ့ပါတယ်။ သာဓကအားဖြင့် မနှစ်တုန်းက သူနေရာအပေးဆုံး ကစားသမားက ညာအစွန်လူ နီကိုးဖြစ်တယ်။ နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်း ပထမဆုံး ခေါ်ယူတဲ့ နေရာက ဘယ်အစွန်အတွက်ဖြစ်ပြီး လူးဝစ်အတွက် ကမ်းလှမ်းခံရမှု ပယ်ချခံရပြီး ရက်ပိုင်းအကြာမှာ ကိုစတက်ကို ခပ်မြန်မြန် ခေါ်ယူခဲ့တယ်။ မန်နေဂျာကလော့ပ်ဟာ အစွန်နှစ်ဘက်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေက အမြဲတမ်း အမြင့်ဆုံး အဆင့်မှာ ရှိနေဖို့ကို ဦးစားပေးအဖြစ် ရည်ရွယ်ခဲ့တယ်။ ဒီရာသီမှာ အခြေအနေတွေအရ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ကို အနားမပေးနိုင်ခဲ့ဘူး။… Continue Reading →

EA Sports ရဲ့ လုပ်ပေါက်ကို မကျေနပ်ဖြစ်နေတဲ့ လီဗာပူးတိုက်စစ်သမားလေး ဂျိုတာလ

လီဗာပူးတိုက်စစ်သမား ဂျိုတာက EA Sports က ဒီရာသီအတွက် ထုတ်လုပ်လာတဲ့ FIFA 21 မှာ သူ့ကို အဆင့်မြင့်တင် မပေးထားတာအတွက် စိတ်ပျက်နေပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ဟာ ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပေါင် ၄၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ပွဲပေါင်း ၁၁ ဂိုး ကစားစဉ်မှာ သွင်းဂိုး ၇ ဂိုးထိ သွင်းယူထားပြီး ချန်ပီယံလိဂ်ပြိုင်ဘက်ဖြစ်တဲ့ အတ္တလန်တာအသင်းကို hat-trick သွင်းခဲ့မှုလည်း ပါဝင်ပါတယ်။ ဂျိုတာဟာ မနှစ်က ဘောလုံးရာသီမှာလည်း… Continue Reading →

လီဗာပူးရဲ့ ပြဿနာကြီးအတွက် ကလော့ပ် ဘယ်လို ဖြေရှင်းနိုင်သလဲကို ရှင်းပြတဲ့ ကာရေဂါ

လီဗာပူးကစားသမားဟောင်း ဂျင်မီကာရေဂါက မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ လီဗာပူးပရိသတ်တွေကြား အငြင်းအခုံတွေ ဖြစ်ကြသည်ထိ အပြန်အလှန် ဆွေးနွေးခဲ့ရတဲ့ ဖာမင်နိုကိစ္စကို ကြားအမြင်ကနေ ထုတ်ပြောခဲ့ပါတယ်။ ဖာမင်နိုဟာ မနှစ်ကတည်းက သွင်းဂိုးပိုင်း ကျဆင်းမှုကြောင့် စတင် စောင့်ကြည့်ခံရမှုတွေ ရှိလာတာပါ။ အထူးသဖြင့် တစ်ရာသီလုံး အိမ်ကွင်းသွင်းဂိုး လုံးဝမရှိခဲ့သလို သူဂိုးသွင်းနိုင်ချိန်မှာတော့ ရာသီအကုန် နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ဖာမင်နိုဟာ အရေးပါတဲ့ အဆုံးအဖြတ်ပွဲတွေ၊ ဗိုလ်လုပွဲလို အဆင့်တွေမှာတော့ ဂိုးသွင်းခဲ့ပါတယ်။ ဖာမီနိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက “ သူက… Continue Reading →

ပြိုင်ပွဲတွေ မတိုင်ခင် လီဗာပူးအသင်း ပြင်ဆင် လုပ်ဆောင်လေ့ရှိတဲ့ အရေးကြီး အစီအမံများ

လီဗာပူးအသင်းဟာ ယှဉ်ပြိုင်ရမယ့် ပွဲမတိုင်ခင်မှာ ဘယ်လို ကြိုတင်ပြင်ဆင်သလဲဆိုတာအတွက် သိကောင်းစရာကိစ္စကို The Athletic ကနေ လီဗာပူးသတင်းထောက် ဂျိမ်းပီးရက်ဇ်က ဖော်ပြသွားပါတယ်။ အဒမ်လယ်လာနာရဲ့ ထုတ်ပြောမှု၊ ဂျိမ်းမီလ်နာရဲ့ ကိုယ်တိုင်ရေး စာအုပ်တွေထဲမှာ ပါတဲ့ အချက်တွေကို မူတည်ပြီး ပီးရက်ဇ်က ဖော်ပြခဲ့ခြင်းလည်းဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ပွဲနေ့မတိုင်ခင်မှာ အဓိကကျတဲ့ လေ့ကျင့်ရေးမှုတွေကို ပြုလုပ်ခြင်းနဲ့အတူ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပေးပါတယ်။ လေ့ကျင့်မှုတွေ မလုပ်ခင်တိုင်းမှာ အသင်းလိုက် ဆွေးနွေးမှုက အမြဲတမ်း လုပ်လေ့ရှိတယ်။ ပွဲမတိုင်ခင် ၁ ရက်မှာတော့ ပွဲနေ့မှာ… Continue Reading →

သီယာဂို အယ်ကန်တာရာ လေ့ကျင့်ရေး ပြန်ဝင်မယ့် အနေအထားအတွက် ထွက်ပေါ်နေတဲ့ သတင်း

ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ သီယာဂို၊ ထရန့်တို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အတွင်းသတင်း ထွက်ပေါ်မှုအဖြစ် သတင်းအတိုအစတွေ ရှိလာနေပါပြီ။ လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်ကာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ ပါဝင်နိုင်ချေ မြင့်မားလာပြီဖြစ်ပါတယ်။ လာမယ့် အပတ်မှာ အက်ဆာ လေ့ကျင့်ရေးစင်တာကို ပူးပေါင်းသွားမယ့် သီယာဂိုဟာ မန်စီးတီးပွဲမှာ ကြံ့ခိုင်မှု အပြည့်အဝ မကောင်းခဲ့ပေမယ့် အရန်လူစာရင်းက ပါဝင်လာဖို့ လုံလောက်နေခဲ့ပြီးပါပြီ။ သီယာဂိုကို အရန်စာရင်းမှာ မထည့်ဘဲ သူ့ကို နှစ်ပတ်ထိ အပြည့်အဝ နားစေခြင်းက လက်ရွေးစင်တာဝန်ကနေ ဆက်ပြီး… Continue Reading →

ထရန့် မကစားနိုင်တဲ့ ၆ ပွဲအတွက် ညာအစွန်နေရာ ရေတို အားဖြည့်ပေးမယ့် အသင်းသား ၅ ဦး

လီဗာပူးအသင်း ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာကြောင့် နိုင်ငံတကာသီတင်းပတ်အပြီး ပြန်ကစားမယ့် ပွဲစဉ် ၆ ပွဲထိကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ထရန့် မပါခဲ့ရင် သူ့နေရာကို ဘယ်သူတွေ အစားဝင်ပေးမလဲဆိုတာကို ဖော်ပြပါမယ်။ ဝါရင့်နဲ့ လက်သစ် ထရန့်နေရာမှာ အဓိက အစားဝင်ပေးနိုင်မယ့်သူက နှစ်ဦးရှိပါတယ်။ တစ်ဦးကတော့ မီလ်နာဖြစ်ပြီး ကျန်တစ်ဦးက ဝီလီယမ်ဖြစ်တယ်။ ဂျိမ်းမီလ်နာဟာ ဝါရင့် ကစားသမားဖြစ်ပြီး လီဗာပူးရဲ့ အရေးကြီးချိန်တိုင်းမှာ ရှေ့ထွက်လာတဲ့ ကစားသမားပါ။ အသက် ၃၄ နှစ်အရွယ် ကစားသမားကြီးဟာ ကျန်းမာကြံ့ခိုင်စေမယ့်… Continue Reading →

Goal ရဲ့ အကောင်းဆုံး ကစားသမားများစာရင်းထဲ အများဆုံးအဖြစ် လီဗာပူးမှ ၆ ဦး ပါဝင်

နာမည်ကျော် Goal သတင်းဌာနကတော့ ၂၀၂၀ အတွက် Goal 50 စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ကာ လီဗာပူးအသင်းသား ၆ ဦးထိ ပါဝင်လာပါတယ်။ အဆိုပါ စာရင်းကတော့ နံပါတ် ၂၅ ကနေ စတင် ထုတ်ပြန်ခြင်းဖြစ်ပြီး တစ်နေရာအတွက် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး နှုန်း ရွေးချယ်ခြင်း ဖြစ်တယ်။ မက်ဆီဟာ ဒီစာရင်းမှာ နံပါတ် ၃ နေရာမှာပဲ ရှိနေခဲ့ကာ နံပါတ် ၁ နေရာမှာ ရှိနေသူက လီဝမ်ဒေါစကီးဖြစ်တယ်။ နံပါတ် ၄ နေရာမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!