Date

November 12, 2020

ဒဏ်ရာ၊ ဇန်နဝါရီအပြောင်းအရွှေ့၊ အက်ဆာလေ့ကျင့်ရေးနဲ့ ဒီနေ့ည နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးအသင်းက စိတ်ဝင်စားနေတဲ့ ရှော်ကေး ခံစစ်သမား ဂါဘက်ကိုတော့ အေစီမီလန်အပြင် လန်ဒန်ကလပ် စပါးအသင်းကလည်း စိတ်ဝင်စားလာနေပါတယ်။ ဒီကနေ့မှာပဲ ဂိုးမက်စ်ရဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ခဲ့ပါပြီ။ အထူးကု ဆရာဝန်တွေရဲ့ မှတ်ချက်အရတော့ ဂိုးမက်စ်ဟာ တစ်ရာသီလုံး လွဲချော်မှာ မဟုတ်ဘဲ ရာသီသိမ်းခါနီး ပွဲစဉ် အနည်းငယ်ကို ပါဝင်ကစားနိုင်မယ့် အခြေအနေ ရှိနေဆဲလို့ သိရပါတယ်။ အင်္ဂလန် ဒုတိယတန်းလိဂ် ချန်ပီယံရှစ်မှာတော့ လူစားလဲမှု ၅ ခုကို တရားဝင် ပြုလုပ်ခွင့်ပေးဖို့ မဲပေးခဲ့ကြပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အဆိုပါ ကိစ္စဟာ… Continue Reading →

နယ်သာလန် ခံစစ်သမားကို ကာလတို စာချုပ်ဖြင့် ကမ်းလှမ်းမှုလုပ်ထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဗဟိုခံစစ်သမား ပြတ်လှပ်မှု ပြဿနာကို ရေတို ဖြေရှင်းဖို့အတွက် နယ်သာလန်သား ခံစစ်သမား ဂျန်မတ်ကို ကာလတိုစာချုပ်ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် Kevin Palmer ရဲ့ ဖော်ပြမှုအရ သိရခြင်းဖြစ်ကာ အသက် ၃၁ နှစ်အရွယ် ခံစစ်သမားဟာ လက်ရှိမှာ ကလပ်လက်မဲ့ ဖြစ်နေသူပါ။ သူဟာ အသင်းမရှိသေးပေမယ့် နယ်သာလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရဆဲဖြစ်ပြီး ဝိုက်နယ်ဒမ်နဲ့အတူ ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ ပါဝင်နေပါတယ်။ ဂျန်မတ်ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ နယ်သာလန်လိဂ် ဖီယင်နုကနေ နယူးကာဆယ်ကို… Continue Reading →

လီဗာပူးက ဇန်နဝါရီမှာ ပေါင် သန်း ၅၀ တန် ခံစစ်သမား ခေါ်ယူနိုင်ပါ့မလားအတွက် သုံးသပ်ပြမှု

လီဗာပူးကစားသမားဟောင်းဖြစ်ပြီး စကိုင်းစပေါ့ရဲ့ သုံးသပ်သူလည်းဖြစ်တဲ့ ဂျင်မီရက်နပ်က ဇန်နဝါရီမှာ လီဗာပူးအသင်း ခံစစ်မှူးတစ်ဦးကို ဈေးကြီးပေးပြီး ခေါ်ယူဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ ဗန်ဒိုက် ကာလရှည် ဒဏ်ရာရထားသလို လက်ရှိမှာ ဂိုးမက်စ်လည်း ကာလရှည် အနားယူရမှာဖြစ်လို့ မန်နေဂျာကလော့ပ်ဟာ စီနီယာခံစစ်သမားအဖြစ် မာတစ် တစ်ဦးတည်းကိုပဲ သုံးဖို့ ကျန်ရှိပါတယ်။ ဖာဘင်ညိုက ခံစစ်နေရာ ကစားပေးနေပေမယ့် တစ်ရာသီလုံးမှာ သူတို့ နှစ်ဦးတင် သုံးမှာထက် ရိုင်းစ်၊ နက် တို့ကိုလည်း နေရာပေးရဖို့ ရှိနေတာပါ။ ပရိသတ်တွေဘက်ကတော့ ခံစစ်မှူးတစ်ဦးကို ဈေးကြီးပေးပြီး… Continue Reading →

လီဗာပူးကနေ ထွက်ခွာပြီးရင် သူသွားချင်လွန်းတဲ့ ကလပ်နာမည်ကို ထုတ်ပြောတဲ့ အယ်လီဆန်

အယ်လီဆန်ဟာ တချိန်မှာ လီဗာပူးကနေ ထွက်ခွာဖို့ အစီအစဉ်ရှိပြီးသားဖြစ်ကာ မာဆေးဆိုဒ်ကလပ်နဲ့ လမ်းခွဲပြီးရင်တော့ သူ့မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးကို ပြန်ဖို့ စိတ်အားထက်သန်နေပါတယ်။ အယ်လီဆန်ဟာ လီဗာပူးရဲ့ ဖလားအောင်မြင်မှုမှာ အဓိက အရေးပါသူတစ်ယောက်အဖြစ် သက်သေပြထားတာဖြစ်သလို သူ့ကို အနာဂတ်မှာလဲ အန်ဖီးမှာပဲ ဆက်လက်မြင်တွေ့ရဖို့ ပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။ သူက အန်ဖီးကနေ အလျင်စလို ထွက်ခွာမှာတော့ မဟုတ်ပဲ အသက် ၄၀ လောက်အထိ ကစားနိုင်မယ်လို့ ယုံကြည်နေတာပါ။ အယ်လီဆန်ဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားအောင်မြင်မှုတွေမှာ ကလော့ပ်အတွက်… Continue Reading →

ဒီမနက် လက်ရွေးစင်ပွဲတွေမှာ လီဗာပူးအသင်းသား ၆ ဦး ပါဝင်ခဲ့ပြီး အားလုံး အခြေအနေကောင်း

လီဗာပူးအသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် စီနီယာအသင်းသား ၁၇ ဦးထိကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် လက်လွတ်ပေးထားရတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ဒီနှစ်ပတ်အတွင်း အနည်းဆုံး ၂ ပွဲမှ ၃ ပွဲအထိ ကစားရမှာဖြစ်ကာ ကြံ့ခိုင်မှုအခြေအနေ ကောင်းမွန်နေဖို့ မျှော်လင့်ရမှာဖြစ်တယ်။ ပွဲဦးထွက်အဖြစ်တော့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးမှာ ခံစစ်မှူး ဂိုးမက်စ် ဒဏ်ရာရသွားခဲ့ကာ ကာလရှည် အနားယူဖို့ထိ ပြင်းထန်တဲ့ ဒူး ခုံညင်အရွတ် စုတ်ပြဲဒဏ်ရာလို့ ယူဆရပါတယ်။ ဒီမနက်မှာတော့ လီဗာပူးအသင်းသား ၆ ဦး ပါဝင်တဲ့ လက်ရွေးစင်အသင်း… Continue Reading →

လေ့ကျင့်ရေးစင်တာသစ်မှ ‘Champions Wall’ ကို ပုံစံအသစ်ဖြင့် ပြောင်းလဲ ဖန်တီးထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ အက်ဆာ လေ့ကျင့်ရေး စင်တာသစ်ကို ပြောင်းရွှေ့ကာ လေ့ကျင့်မှုတွေကို စတင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းရခြင်း မရှိတဲ့ အတ်ဒရီယန်၊ မီလ်နာ၊ မာတစ် အပါအဝင် ကစားသမားတွေက အက်ဆာ လေ့ကျင့်ရေးမှာ လေ့ကျင့်ရေးတွေ ဝင်ခဲ့ကြပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ လေ့ကျင့်ရေးစင်တာသစ်ရဲ့ ပုံရိပ်တွေ အများအပြားကလည်း ထွက်ပေါ်လာခဲ့တယ်။ မဲဝုဒ်လေ့ကျင့်ရေးကွင်းမှာတော့ ‘Champions Wall’ လို့ ခေါ်တဲ့ လီဗာပူးအသင်းရဲ့ ဆုဖလား မှတ်တမ်းတွေကို ရေးထိုးထားတဲ့ ဘုတ်ပြားဟာ ထင်ရှားတဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။ သူဟာ… Continue Reading →

လီဗာပူးမန်နေဂျာဘဝ အဆိုးဆုံး ရင်ဆိုင်ရတဲ့ ဒဏ်ရာကပ်ဘေးကို ကလော့ပ် ဘယ်လို ကျော်ဖြတ်မလဲ

လီဗာပူးအသင်းကို မန်နေဂျာအဖြစ် ယာဂင်ကလော့ပ် ဝင်ရောက်လာပြီးတဲ့နောက်မှာ ဒဏ်ရာပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ရတာက သုံးကြိမ်ရှိလာပြီဖြစ်ပါတယ်။ ပထမဆုံးအကြိမ်က လီဗာပူးရဲ့ ကစားကွက်ကို ဖိအားပေးဟန် ပြောင်းလဲခဲ့တဲ့ ၂၀၁၆ မှာဖြစ်ပြီး စီနီယာအသင်းသား ၁၁ ဦးထိ တောက်လျှောက် ဒဏ်ရာရခဲ့တာပါ။ ကော်တင်ညို၊ ဟန်ဒါဆန်၊ ဂိုးမက်စ်၊ စတားရစ်၊ စကာတယ်၊ ဆာခိုတို့ ပါဝင်ခဲ့ပြီး အတော်လေး ခက်ခဲခဲ့သလို အဲ့တုန်းက လီဗာပူးအသင်းဟာ ဥရောပဝင်ခွင့်တောင် မရခဲ့ပါဘူး။ ဒုတိယအကြိမ်ကတော့ ၂၀၁၇ မှာဖြစ်ပြီး တစ်ချိန်တည်းမှာ ကော်တင်ညို၊ လယ်လာနာ၊ စတားရစ်၊… Continue Reading →

ဒီဘရိုင်း ခြေချုပ်မိခြင်းက လီဗာပူးနည်းစနစ်အသစ် ပြောင်မြောက်ခဲ့ခြင်းရဲ့ သက်သေဖြစ်တယ်

လီဗာပူးအသင်းက မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရာမှာ အလားအလာရှိတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ခြင်းဆိုတာက ပွဲပြီး အချက်အလက်တွေမှာ သိသာထင်ရှားလာပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူဖြစ်တဲ့ ဒီဘရိုင်းလို ကစားသမားကို မန်စီးတီးရဲ့ ကစားဟန်မှာ လွှမ်းမိုးနိုင်စွမ်း မရှိအောင် လီဗာပူးအသင်းသားတွေ ကြိုးစားနိုင်ခဲ့တယ်။ ဒီဘရိုင်း ခြေစွမ်းပျောက်ခဲ့သလို မန်စီးတီးရဲ့ ဖိအားပေး ကစားဟန်က လီဗာပူးကို လောက်လောက်လားလား မကျော်နိုင်ခဲ့ပါဘူး။ Anfield podcast ကဖော်ပြရာမှာ ” ဒီဘရိုင်းဟာ လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ မိနစ် ၉၀ ကစားပြီး ဘောလုံး… Continue Reading →

ဈေးကွက်မဖွင့်ခင် ကစားသမားခေါ်ခွင့်ပေးဖို့ ပရီးမီးယားလိဂ်ကို လီဗာပူးဘက်က တောင်းဆိုဖွယ်ရှိ

လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက် မရောက်ခင်မှာ ကစားသမားတစ်ဦး ခေါ်ယူခွင့်ပေးဖို့ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ကို တောင်းဆိုမှု လုပ်ကြည့်နိုင်တယ်လို့ The Times က ဖော်ပြသွားပါတယ်။ မနေ့တုန်းကပဲ ဂိုးမက်စ် အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးဟာ ဗဟိုခံစစ်မှူး ပြတ်လှပ်မှုဒဏ်ကို ကြီးကြီးမားမား ခံစားနေရပြီဖြစ်ပါတယ်။ ဂိုးမက်စ်ရဲ့ ဒဏ်ရာဟာ ACL မဟုတ်သော်ညား ဒူးခုံညင်းရိုး အရွတ်ဆုတ်ပြဲမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ACL ထက်တောင် ပိုဆိုးတဲ့ ဒဏ်ရာဖြစ်သွားနိုင်ပါတယ်။ လီဗာပူးက ကြိုးစားလိုတယ်ဆိုရင်တောင် ဇန်နဝါရီဈေးကွက်မှာ ကစားသမားကောင်းတွေ ရှိဖို့ဆိုတာက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!