Date

November 17, 2020

လေ့ကျင့်ရေးကွင်းသစ် စတင်ဖွင့်ခြင်းနှင့် အင်္ဂါနေ့ ညနေခင်း နောက်ဆုံးရ လီဗာပူးသတင်းများ

အက်သလက်တီကိုအသင်းမှာ တောက်ပလာနေတဲ့ ဘယ်အစွန်လူ ရိုဒီက သူယူဆတဲ့ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ နှစ်ဦးက စကော်တလန်သား ရော်ဘတ်ဆန်နဲ့ ကနေဒါလူငယ်လေး အယ်ဖွန်ဆို ဒေးဗစ်တို့ပဲဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အက်ဆာလေ့ကျင့်ရေးကို ပြောင်းလာပြီးနောက်မှာ သူအမြင်ချင်ဆုံးက လူငယ်အသင်းတွေ ဘယ်လိုလေ့ကျင့်သလဲ ဆိုတာပါပဲလို့ ထုတ်ပြောလိုက်ပါတယ်။ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် ကိုဗစ်ပိုးတွေ့ခြင်းကြောင့် အီဂျစ်မှာပဲ ဆက်ရှိနေတဲ့ ဆာလက်ဟာ ဒီအပတ်မှာပဲ လီဗာပူးကို ပြန်လာခွင့်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ သူရဲ့ စစ်ဆေးချက် အဆင်ပြေမယ်ဆိုရင် အတ္တလန်တာနဲ့ပွဲနေစပြီး ပါဝင်ပေးနိုင်မှာပါ။ ယာဂင်ကလော့ပ်ရဲ့… Continue Reading →

ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ နှစ်ဦးကို ရွေးချယ်တဲ့ အက်သလက်တီကို အသင်းသား

အက်သလက်တီကိုအသင်းမှာ တောက်ပလာနေတဲ့ ဘယ်အစွန်လူ ရိုဒီက သူယူဆတဲ့ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ နှစ်ဦးကို ရွေးထုတ်မှု ပြုလုပ်သွားပါတယ်။ ဘရာဇီးကစားသမားရဲ့ လက်တလော ထိပ်တန်း ဘယ်အစွန်လူ နှစ်ဦးကတော့ တောင်အမေရိကသားတွေနဲ့ စပိန်သားတွေ မဟုတ်ဘဲ စကော်တလန်သား ရော်ဘတ်ဆန်နဲ့ ကနေဒါလူငယ်လေး အယ်ဖွန်ဆို ဒေးဗစ်တို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီမှာ ချန်ပီယံလိဂ်ဖလားတွေကို ကိုယ်စီ ကိုင်မြောက်ခဲ့ပြီး ဥရောပ ဘောလုံးဇာတ်ခုံပေါ် ခုန်တက်လာခဲ့ကြတဲ့ လူငယ် အစွန်လူ နှစ်ဦးက အစွန်သမားတွေရဲ့ စံနမူနာ ကစားတွေအဖြစ် ရိုဒီက မြင်ပါတယ်။… Continue Reading →

အက်ဆာလေ့ကျင့်ရေးမှာ သူအရမ်း မြင်ချင်နေတဲ့ ကိစ္စကို ဖွင့်ဟလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အက်ဆာလေ့ကျင့်ရေးကို ပြောင်းလာပြီးနောက်မှာ သူအမြင်ချင်ဆုံးက လူငယ်အသင်းတွေ ဘယ်လိုလေ့ကျင့်သလဲ ဆိုတာပါပဲလို့ ထုတ်ပြောလိုက်ပါတယ်။ အက်ဆာလေ့ကျင့်ရေးဟာ ကာဘီက လီဗာပူးအကယ်ဒမီ ဘေးမှာပဲ တည်ဆောက်ထားတာပါ။ ဒါကြောင့် စီနီယာနဲ့ လူငယ်အသင်းတွေကို တစ်နေရာတည်းမှာ ပူးတွဲထားလိုက်ပြီဖြစ်ကာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူူးအကယ်ဒမီ ကစားသမားတွေဟာ သူတို့ အားကျရတဲ့ ပထမအသင်းသားတွေ ဘာတွေကို ဘယ်လို လေ့ကျင့်လဲဆိုတာကို ကြည့်ခွင့် ရလာကြပါပြီ။ တစ်ဘက်မှာ ကလော့ပ် ကိုယ်တိုင်ကလည်း လူငယ်တွေရဲ့ အခြေအနေကို လေ့လာခွင့် ရခဲ့ပြီဖြစ်ပါတယ်။… Continue Reading →

ခန့်မှန်းထားတာထက် ပိုစောပြီး ဒီအပတ်မှာတင် လီဗာပူးကို ပြန်လာနိုင်တဲ့ ဆာလက်ရဲ့ အခြေအနေ

အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် ကိုဗစ်ပိုးတွေ့ခြင်းကြောင့် အီဂျစ်မှာပဲ ဆက်ရှိနေတဲ့ ဆာလက်ဟာ ဒီအပတ်မှာပဲ လီဗာပူးကို ပြန်လာခွင့်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဆာလက်ကို ကိုဗစ်စစ်ဆေးရာမှာ ပိုးတွေ့တယ်ဆိုတဲ့ ရလဒ် ၂ ကြိမ် ထွက်ခဲ့တာပါ။ ဆာလက်မှာ ကိုဗစ် လက္ခဏာတွေ ပြသခြင်းတော့ မရှိပါဘူး။ အီဂျစ်ဘက်က သူ့ကို ပြည်တွင်းမှာ အထူး ကုသမှုပုံစံတွေဖြင့် ၂ ပတ် ထားရှိဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်။ သို့ပေမယ့်လို့ အီဂျစ် ကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ ကိုဗစ်-၁၉ ကော်မတီက… Continue Reading →

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနဲ့အတူ အောင်မြင်မှုတွေယူရာမှာ အခရာကျ အရေးပါလှသူ တစ်ဦး

ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ် လင်ဒါးဟာ သိပ်ကို ထူးချွန်တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်ကြောင်း လီဗာပူးအကယ်ဒမီ ကစားသမားဟောင်းဖြစ်သူ ကော်နာ မာစတာဆန်က ထုတ်ပြောခဲ့ပါတယ်။ လင်ဒါးဟာ မန်နေဂျာကလော့ပ် ခေတ်လွန်မှာ လီဗာပူးမန်နေဂျာဖြစ်လာနိုင်သူ တစ်ဦးအဖြစ် စတီဗင်ဂျရတ်၊ နေးဂဲလ်စမန်းတို့နည်းတူ လီဗာပူးပရိသတ်တွေကြား လူသိများသူ တစ်ဦးဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ကာရာဘောင်းနဲ့ အက်ဖ်အေပွဲကြို မီဒီယာတွေ့ဆုံမှုတွေမှာ သူ့အစား လင်ဒါးကို တက်ရောက်စေတာမျိုးတွေလည်း လုပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ ကော်နာ မာစတာဆန်က ” ကျနော် ပိုင်ဆိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး နည်းပြဖြစ်ပါတယ်။ ကျနော်က နည်းပြကောင်းတွေ… Continue Reading →

အက်ဆာ လေ့ကျင့်ရေးကွင်းမှာ နှစ် ၅၀ ချိန်သားကိုက် ထည့်သွင်းသွားမယ့် အထူး သေတ္တာ

လီဗာပူးအသင်းဟာ အက်ဆာ လေ့ကျင့်ရေးကွင်းကို စီနီယာအသင်းအတွက် စသုံးနေပြီဖြစ်ပါတယ်။ ဒီအပတ်မှာပဲ စီနီယာအသင်းသားတွေ ပြန်ဝင်လာမှုနဲ့အတူ ပထမဆုံး အသင်းလိုက် လေ့ကျင့်ရေးကိုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။ မဲဝုဒ်လေ့ကျင့်ရေးကွင်းကတော့ နှစ်ပေါင်း ၇၀ အကြာမှာ နိဂုံးချုပ်ခဲ့ပြီဖြစ်လို့ ၂၀၂၀ ဆိုတဲ့ ဒီကနေ့အချိန်မှာ ဖွင့်လှစ်တဲ့ အက်ဆာ လေ့ကျင့်ရေးက ဘယ်လိုများဖြစ်နေမှာပါလဲ။ ဒါကတော့ လူအချို့သိလိုနေတဲ့ မေးခွန်းတစ်ခုပါ။ အက်ဆာလေ့ကျင့်ရေးကွင်းမှာ အချိန်နဲ့ ပက်သက်လို့ ထူးထူးခြားခြား ကိစ္စတစ်ခု လုပ်သွားပါတယ်။ လေ့ကျင့်ရေးကွင်းမှာတော့ နှစ်ပေါင်း ၅၀ ကြာ ပိတ်ထားမယ့် အချိန်သေတ္တာလေးတစ်လုံးကို… Continue Reading →

လက်စတာနဲ့ပွဲကြို လီဗာပူးအသင်းရဲ့ ဒဏ်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းကောင်း

လက်စတာနဲ့ပွဲကြို လီဗာပူးအသင်းရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပက်သက်လို့ လီဗာပူးသတင်းထောက်ဖြစ်သူ David Maddock က အခုလို ဖော်ပြပါတယ်။ ဟန်ဒါဆန်ဟာ အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ပြီး ပြန်လာခဲ့ပြီဖြစ်တယ်။ ဟန်ဒါဆန်မှာ ကာလရှည် ရင်ဆိုင်ထားရတဲ့ နောက်ကျော ဒဏ်ရာရှိပြီး ဒီတစ်ခေါက်မှာတော့ ဒဏ်ရာပြန်ဖြစ်လာမှာ စိုးရိမ်တာအတွက် ပြန်လာခဲ့ခြင်းဖြစ်တယ်။ ရော်ဘတ်ဆန်ကလည်း တံကောက်ကြောဒဏ်ရာ ဖြစ်နိုင်မယ့် အနေအထားမျိုးကနေ ရုန်းထွက်ဖို့ ကြားပွဲကို အနားယူူထားပါတယ်။ သူတို့ နှစ်ဦးလုံးဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေရဲ့ ပွဲတွေကို စတင် လွဲချော်ထားသူတွေဖြစ်သော်ညား လီဗာပူးအသင်းဘက်ကတော့ ရော်ဘတ်ဆန်ကော ဟန်ဒါဆန်ပါ… Continue Reading →

အဲဗာတန်နဲ့ပွဲက VAR ဒိုင်လူကြီးကို လီဗာပူး V လက်စတာပွဲအား ကိုင်တွယ်စေမည်

ဂူဒီဆင်ပက်ခ်မှာ ၂-၂ သရေကျတဲ့ ပွဲအတွင်း ပစ်ဖိုဒ့်ရဲ့ ဗန်ဒိုက်ကို နာကျင်အောင် ထိခိုက်စေမှု၊ ဟန်ဒါဆန်ရဲ့ အနိုင်ဂိုးကို လူကျွံဘောအဖြစ် ပယ်ဖျက်မှုတွေဟာ လီဗာပူးပရိသတ်တွေကြားမှာ ပြောစရာတွေ အများကြီး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။ အဆိုပါပွဲမှာတော့ VAR ဒိုင်လူကြီး ကိုတီရဲ့ ပစ်ဖိုဒ့်ရဲ့ ဖြတ်ထုတ်မှုကို စစ်ဆေးဖို့ရာ ပျက်ကွက်မှု၊ ဟန်ဒါဆန်ရဲ့ အနိုင်ဂိုးကို ခွင့်ပြုဖို့ရာ အငြင်းပွားဖွယ် လူကျွံစည်းမျဉ်းကို ဆွဲခဲ့မှုတွေအတွက် ကိုတီဟာ ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ သူဟာ အခြားသော ပွဲတွေမှာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ… Continue Reading →

လီဗာပူးနဲ့ပွဲမှာ မက်ဆီကိုတောင် ဟိန်းဟောက်ပြီး သမာသမတ်ကျဖို့ ကြိုးစားခဲ့တဲ့ ဒိုင်လူကြီး

၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ သိပ်ကောင်တဲ့ နှစ်ကျော့အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ပထမအကျော့အဖြစ် နူးကမ့်ကွင်းအတွင်း ယှဉ်ပြိုင်ကစားရာမှာ ဘာစီလိုနာက ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ အဆိုပါပွဲမှာ မက်ဆီဟာ တတိယမြောက် သွင်းဂိုးအဖြစ် ဖရီးကစ်ဂိုးကို လှလှပပ သွင်းယူခဲ့သေးတာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေပွဲတွေဟာ လေးစားမှုကို အဓိကထားတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး အသင်းခေါင်းဆောင်တွေဟာ ‘Respect’ ဆိုတဲ့ စာတန်းကိုတောင် ကပ္ပတိန်လက်ပတ်မှာ ဝတ်ဆင်ရသေးတာပါ။ ဘာစီလိုနာနဲ့ လီဗာပူးပွဲမှာတော့ ကွင်းလယ်ဒိုင်လူကြီး Björn Kuipers က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!