Date

November 19, 2020

လက်စတာပွဲကြို ထူးခြားကိစ္စတွေနဲ့ ကြာသပတေးနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

မန်စီးတီးက မန်နေဂျာဂွာဒီယိုလာနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ချုပ်ခဲ့ပါပြီ။ လီဗာပူးမှာ မန်နေဂျာကလော့ပ်က ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိတာကြောင့် အနည်းဆုံး နောက်ထပ် ၂ ရာသီလောက် သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရဦးမှာပါ။ လီဗာပူးတိုက်စစ်သမားဟောင်း ဟက်စကီးက လက်စတာတိုက်စစ်သမား ဗာဒီဟာ ရိုင်းစ်နဲ့ နက်ဖီးလစ်လို ဝါနုတဲ့ ခံစစ်သမားတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်လို့ သတိပေးသွားပါတယ်။ းအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ် ပါဝင်တဲ့ လီဗာပူနဲ့ ပေါ်တူဂီလူမျိုး စူပါအေးဂျင့် ဂျော့မန်ဒက်ကြား ဆက်ဆံရေးက အများကြီး တိုးတက်လာပြီး အနာဂတ်မှာ မန်ဒက်… Continue Reading →

အရေးပါတဲ့ နည်းဗျူဟာရေးရာ တွဲဘက် ပုဂ္ဂိုလ်ကို လက်လွတ်လိုက်ရတဲ့ ကလော့ပ်နဲ့ ဂရာဝက်ဇ်

လီဗာပူးအသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဟယ်ရီဆန် ကင်းစတန်ဟာ ကလပ်ကနေ ထွက်ခွာပြီး မိုရိုကန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၂ မှာစတင်ပြီး လီဗာပူးအသင်းထံ ရောက်လာခဲ့တဲ့ ကင်းစတန်ဟာ post-match analysis ပိုင်းမှာ အကြီးအကဲ တာဝန်ကို ယူထားသူဖြစ်တယ်။ သူဟာ ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ မဟုတ်ဘဲ ယာဂင်ရဲ့ လက်ထောက်ဖြစ်သူ ဂရာဝက်ဇ်ရဲ့ နည်းစနစ်ပိုင်း လေ့လာသူ အဖွဲ့ထဲမှာ ပါဝင်သူဖြစ်ပါတယ်။ ဂရာဝက်ဇ် ဦးဆောင်ပြီး ကင်စတန်နဲ့ မက်လေလန်းတို့ ပါဝင်တဲ့ အဖွဲ့ဟာ မန်နေဂျာယာဂင်ကလော့ပ်အတွက် ပြိုင်ဘက်တွေရဲ့ နည်းစနစ်နဲ့… Continue Reading →

လီဗာပူးတိုက်စစ် ရွေးရခက်ကြီးဖြစ်နေတာကို သဘောကျ အကောင်းမြင်နေတဲ့ ဆာကင်နီ

လီဗာပူးဂန္တဝင်ကြီး ဆာကင်နီက အသင်းကို ဂျိုတာ ရောက်လာတာက သက်ရောက်မှု ကြီးမားတယ်လို့ ဆိုလိုက်သလို ဖာမင်နိုရဲ့ အနေအထားအတွက်လည်း စိုးရိမ်နေခြင်း မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ အသင်းသားတွေ မတိုင်ခင် နောက်ဆုံး ၁၈ ကြိမ်မြောက် အမှတ်ပေးဖလားကို မန်နေဂျာ၊ ကစားသမား ပူးတွဲတာဝန်ယူပြီး ရယူပေးခဲ့တဲ့ ကင်နီက ပရိသတ်တွေ အငြင်းပွားနေတဲ့ တိုက်စစ်ပိုင်းဟာ မန်နေဂျာတွေအတွက်တော့ နှစ်ခြိုက်စရာ ကိစ္စအဖြစ်မြင်ပါတယ်။ ဆာကင်နီက ” ဒီယေဂို အခုလုပ်နေသလို လူစားဝင်လာပြီး ဂိုးတွေကို သွင်းသွားတဲ့ လွတ်လပ်တဲ့ ပုံစံက… Continue Reading →

မဲဝုဒ်ရဲ့ ရှင်သန်နေတဲ့ စိတ်ဝိဉာဉ်ကို အပါ သယ်ဆောင်လာတဲ့ အက်ဆာ လေ့ကျင့်ရေးကွင်းသစ်

လီဗာပူးဟာ အက်ဆာလေ့ကျင့်ရေးကို ပြောင်းရွှေ့ရာမှာ မဲဝုဒ်ရဲ့ ဂန္တဝင် အငွေ့အသက်ကို အတူ သယ်ဆောင်လာခဲ့ပါကြောင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလိုက်ပါတယ်။ AXA Traing Centre မှာ လီဗာပူးအသင်းကြီးနဲ့ ယူ ၂၃ အသင်းတို့ အဆောက်အအုံတစ်ခုထဲ အတူပေါင်းထားတာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ပစ္စည်းအစုံအလင်နဲ့အတူ လေ့ကျင့်စေမှာပါ။ အက်ဆာဟာ လုံးဝပြီးပြည့်စုံတဲ့နေရာဖြစ်ကြောင်းလည်း ယာဂင်ကလော့ပ်က မှတ်ချက်ပေး ပြောဆိုထားခဲ့တာဖြစ်တယ်။ မဲဝုဒ်ကနေ ၉၂၀၀ မီတာစကွဲ ကျယ်ဝန်းတဲ့ လေ့ကျင်ရေးကွင်းအသစ်ဆီကို ဝန်ထမ်းတွေ ပြောင်းရွှေ့ရတာက လီဗာပူးရဲ့ ခေတ်သစ်တစ်ခုကို အကူးအပြောင်း လုပ်ခြင်းအတွက်… Continue Reading →

လီဗာပူး V လက်စတာနဲ့ပွဲအတွက် မန်နေဂျာကလော့ပ် ခေါင်းကိုက်ရမယ့် သတင်း ထွက်ပေါ်

လက်စတာနဲ့ပွဲမှာ အဓိက တိုက်စစ်သမား ဆာလက်ကို ကိုဗစ်ကြောင့် လက်လွတ်ရမယ့် လီဗာပူးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ပေါ်ထွက်လာပြန်ပါပြီ။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ နိုင်ငံတကာသီတင်းပတ် ဒုတိယမြောက်ပွဲမှာ ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ လီဗာပူးသတင်းထောက် Paul Joyce က ဖော်ပြခဲ့ခြင်းဖြစ်တယ်။ ဟန်ဒါဆန်ဟာ အက်ဆာလေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာနေခဲ့ပြီး ကလပ် ဆေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားခဲ့တယ်။ သူဟာ အက်ဆာမှာ အသင်းဖော်တွေ လေ့ကျင့်နေတာကို ကြည့်ရှုမှုတော့… Continue Reading →

ကမောက်ကမ ရလဒ်တွေကြောင့် လီဗာပူးရဲ့ ပွဲတွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်တဲ့ ဆာလက်

မနေ့တုန်းက အီဂျစ်ဘောလုံးအဖွဲ့ ဆာလက်ရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်မှာ positive ပြန်တွေ့ကြောင်းကို ထုတ်ပြန်ကြေညာပေးခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် သောကြာနေ့က positive နှစ်ကြိမ် တွေ့ထားတဲ့ ဆာလက်ဟာ ဗုဒ္ဓဟူးနေ့ စစ်ဆေးမှုရလဒ် မတိုင်ခင်မှာ negative တစ်ကြိမ် ရလဒ်ထွက်ထားတာပါ။ အကယ်လို့ သူ့ရဲ့ စစ်ဆေးမှုမှာ negative နှစ်ကြိမ်ဆက်တိုက် ဖြစ်မယ်ဆိုရင် အီဂျစ်ကနေ လီဗာပူးကို ပြန်သွားဖို့ကို အီဂျစ်ဘက်က ခွင့်ပြုဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်က မျှော်လင့်ထားတဲ့… Continue Reading →

လီဗာပူး V လက်စတာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၉) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ကြမယ့် အမှတ်ပေးဇယား ထိပ်ဆုံးတွေက အသင်းနှစ်သင်းရဲ့ ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ မိုင်ကယ်အိုဝင်က ပြောပါတယ်။ လီဗာပူးနဲ့ လက်စတာတို့ ထိပ်တိုက်တွေ့ရာမှာ နှစ်သင်းလုံးက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ထားရပေမယ့်လည်း တိုက်စစ်အားပြိုင်ကြမှာဖြစ်ပြီး လီဗာပူးက အသာစီးရသွားနိုင်တယ်လို့ အိုဝင်က သုံးသပ်ခန့်မှန်းခဲ့တယ်။ အိုဝင်က ပြောရာမှာ ‘ လီဗာပူးက ဒီပွဲမှာ အဓိက ကစားသမားတွေ ထုတ်သုံးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနေ်ာတို့ သိကြပါတယ်။ တစ်ခုတည်းသော အကောင်းမြင်စရာက ဂျိုတာ တောက်ပလာနေတာပါပဲ။… Continue Reading →

ဝေဖန်မှုတွေ မြင့်တက်နေတဲ့ လီဗာပူး V လက်စတာပွဲရဲ့ VAR ဒိုင်လူကြီးကို ပြောင်းလဲပေးပြီ

ပရီးမီးယားလိဂ်ကတော့ အမှတ်ပေးချန်ပီယံ လီဗာပူးနဲ့ ဒီရာသီ အမှတ်ပေးဇယားကို ဦးဆောင်ထားသူ လက်စတာတို့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် VAR ဒိုင်လူကြီးကို ပြောင်းလဲပေးခဲ့ပြီဖြစ်ပါတယ်။ မူလတုန်းက ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံး ဒိုင်တစ်ဦးလို့ ဝေဖန်ခံထားရတဲ့ ဒေးဗစ်ကိုတီကို အဆိုပါပွဲအတွက် တာဝန်ပေးထားတာပါ။ သူဟာ မာဆေးဆိုဒ်ဒါဘီမှာ ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်ခဲ့ရတဲ့ ဗန်ဒိုက်ဖြစ်ရပ်ကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့သူဖြစ်ပြီး လိဂ်ရဲ့ ဒိုင်အဖြစ်ကနေပါ သီတင်းပတ်ကြာ အနားပေးခြင်း ခံခဲ့ရဖူးသူဖြစ်တယ်။ သူ့နေရာမှာတော့ အန်ဒရီ မာရီနာကို အစားဝင်ပြီး စီမံစေမှာဖြစ်ပါတယ်။ ကိုတီကတော့ အိုထရတ်ဖိုဒ့်မှာ… Continue Reading →

အိုဝင်ပြောတဲ့ ဒီရာသီ ပြိုင်ဘက်အသင်းတွေ လီဗာပူးကို စိန်ခေါ်လာနိုင်ခြင်း အကြောင်းရင်း

ပရီးမီးယားလိဂ်တိုက်စစ်သမား မိုင်ကယ်အိုဝင်က ဒီရာသီမှာ အမှတ်ပေးလိဂ်အတွင်း ပြိုင်ဘက်တွေက လီဗာပူးကို ဘာလို့ ယှဉ်ပြိုင်လာနိုင်သလဲဆိုတာကို သုံးသပ်ပြောဆိုပါတယ်။ အိုဝင်ကတော့ လီဗာပူးရဲ့ လူစာရင်းက ကောင်းမွန် တောင့်တင်းပေမယ့် ဗန်ဒိုက်လို အဓိက ကစားသမားကို ဆုံးရံှူးထားတာက ချန်ပီယံစိန်ခေါ်မှုကို ထိခိုက်တယ်လို့ မြင်တယ်။ အဓိကအားဖြင့် ပွဲကြီးတွေမှာ သက်ရောက်မှုကြီးနိုင်မယ့် ကစားသမားကြီးတွေကို လက်လွတ်ရတာက လီဗာပူးရဲ့ အားနည်းချက်ဖြစ်လာတယ်လို့ သူက မြင်တာပါ။ အိုဝင်က “ ကစားသမားတွေအားလုံး ကြံ့ခိုင်နေရင် လီဗာပူးက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းဆိုတာကို ကျနော်ကတော့ သံသယမရှိပါဘူး။ သူတို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!