Date

November 20, 2020

လက်စတာပွဲကြို ကလော့ပ်ရဲ့ မီဒီယာတွေ့ဆုံမှုမှ ဖြေကြားချက်တွေ ပါဝင်တဲ့ လီဗာပူး သတင်းများ

အာဆင်နယ်တိုက်စစ်သမား အူဘာမီယန်က မာနေးဟာ မန်နေဂျာတိုင်းရဲ့ စိတ်ကြိုက် ကစားသမားဖြစ်သလို အာဖရိကမှ ဇာတိမြေအတွက် မာနေးရဲ့ လုပ်ဆောင်ပေးမှုတွေကလည်း အာဖရိကသားတွေရဲ့ ဂုဏ်ကို ဆောင်ပါတယ်လို့ ချီးကျူးပြောဆိုပါတယ်။ နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာတဲ့ ကစားသမားတွေ အားလုံးကို လီဗာပူးက အထူး ကြံ့ခိုင်ရေး နည်းပြတွေကနေ သေချာ စစ်ဆေးနေပြီး ဒဏ်ရာတွေ ပါမလာဖို့ စောင့်ကြည့်နေပါတယ်။ လီဗာပူးစီနီယာအသင်းရဲ့ ကိုက် ၁၀၀ အကွာမှာ လေ့ကျင့်ခွင့်နဲ့ စုဝေးခွင့်ရလာတာက ယူ-၂၃ အသင်းအတွက် အရမ်းကို အဓိပ္ပာယ်ရှိတယ်လို့ လီဗာပူး ယူ-၂၃… Continue Reading →

အဓိကအသင်းသားတွေ ဒဏ်ရာရနေလို့ လီဗာပူးက လက်လျော့မယ်ထင်ရင် ဆုတောင်းဆိုတဲ့ ယာဂင်

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အဆိုးရွားဆုံးသော ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပေမယ့် လက်လျော့ပြီဆိုတဲ့ အပြောကို ဘယ်တော့မှ မပြောဘူးလို့ ကလော့ပ်က တုန့်ပြန်လိုက်ပါတယ်။ ဗန်ဒိုက် ဒဏ်ရာရပြီးနောက်ပိုင်း အဓိက ကစားသမားတွေကို ဆက်တိုက် လက်လွတ်ရမှုတွေကို လီဗာပူးအသင်း ရင်ဆိုင်ထားရတယ်။ သတင်းသမားတွေက မီဒီယာ တွေ့ဆုံမှုတိုင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါ့မလား၊ ပွဲတွေကို အနိုင်ရဖို့ ယုံကြည်ချက် ရှိရဲ့လားလို့ မေးခွန်းထုတ်နေကြခြင်းဖြစ်တယ်။ ကလော့ပ်က တုန့်ပြန် ပြောရာမှာ ” ခက်ခဲတဲ့ အခြေအနေကိုလည်း အကောင်းဆုံး ကိုင်တွယ်နိုင်ပါတယ် ဆိုတဲ့အပေါ်… Continue Reading →

ဟန်ဒိုနဲ့ ထရန့် မပါနိုင်မယ့် လက်စတာပွဲ ဒဏ်ရာအခြေအနေတွေကို ကလော့ပ် ထုတ်ပြော

ဒီကနေ့မှာတော့ အက်ဆာလေ့ကျင့်ရေးမှာ မန်နေဂျာကလော့ပ်ဟာ ပွဲကြို ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါပြီ။ ဒဏ်ရာ ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ထရန့်၊ သီယာဂို၊ ဖာဘင်ညို၊ ဂိုးမက်စ်တို့ရဲ့ အခြေအနေနဲ့တကွ ဆာလက်ရဲ့ ကိုဗစ်ကူးစက်မှုတွေကို မန်နေဂျာက ဖြေဆိုပေးခဲ့တယ်။ ဆာလက်ကို အီဂျစ်က အမျိုး မင်္ဂလာဆောင် ပေးတတ်မှုကိစ္စ သူ ဒီနေ့ အင်္ဂလန်ကို ပြန်ရောက်လာပါမယ်။ ပိုးမတွေ့ဘူးဆိုတဲ့ ရလဒ် တွေ့မယ်ဆိုရင်တော့ တိုးတက်တဲ့ လုပ်ငန်းစဉ်တွေ စတင်မှာပေါ့။ လူအများကို သတင်းထုတ်ပြန်ပေးဖို့တော့ မရှိပါဘူး။ ညီကိုရင်းခြာရဲ့ မင်္ဂလာပွဲဆိုတာက သိပ်ကို ထူးခြားတဲ့… Continue Reading →

ရားမိုစ့်ကို ခေါ်မယ်ဆိုတဲ့ အပြောင်းအရွှေ့ ကောလဟာလကို လှောင်ရယ်ကြတဲ့ လီဗာပူးပရိသတ်များ

ကစားသမား အရောင်းအဝယ်တွေ လုပ်ခွင့်ရလာမယ့် ဈေးကွက်နီးချိန်တွေမှာ ထွက်ပေါ်တတ်တဲ့ အပြောင်းအရွှေ့ သတင်းတိုင်းကို မျက်လုံးပိတ် ယုံစားတတ်တဲ့ ပရိသတ်တွေထဲမှာ လီဗာပူးပရိသတ် မပါခဲ့ပါဘူး။ ဒီရက်ပိုင်းမှာ ခံစစ်သမား ပြတ်လှပ်နေတဲ့ လီဗာပူးအသင်းဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် စာချုပ်သက်တမ်းတိုးဖို့ မအောင်မြင်ဖြစ်နေတဲ့ ရားမိုစ့်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်လာနေခဲ့တယ်။ အဆိုပါ သတင်းကို လီဗာပူးပရိသတ်က ဟားတိုက်နေကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူးအပြင် လန်ဒန်ကလပ်တွေက ရားမိုစ့်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။ ရားမိုစ့်ရဲ့ ကိုယ်စားလှယ်က… Continue Reading →

၂၀၂၀ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာထက် ပိုထူးခြားမယ့် ဆုဖလားအကြောင်း ယာဂင် ထုတ်ပြော

နှစ်ပေါင်းအကြာကြီးမှာ ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို ပြန်လည် အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ အသင်းရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်ရမှာပါ။ ကိုဗစ်အခြေအနေကြားမှာ အသင်းပေါင်း ၈ သင်းလောက်က အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ကြိုးစားနေကြတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ရေးနဲ့ ပက်သက်ပြီး မေလ်းစပေါ့နဲ့ အင်တာဗျူးမှာ ယာဂင်ကလော့ပ်က ဂျင်မီ ရက်နပ်ကို အခုလို ပြန်ဖြေပေးခဲ့ပါတယ်။ ယာဂင်ကလော့ပ်က “ ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် အခုချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ ကိစ္စကို နည်းနည်းလေးတောင် ငါဂရုမစိုက်ဘူး ဂျင်မီ။… Continue Reading →

လီဗာပူး V လက်စတာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၉) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် လီဗာပူးနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲက လီဗာပူးအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါမယ်။ လီဗာပူးဟာ ဒဏ်ရာပြဿနာ ကြီးကြီးမားမား ထိန်းနှက်ခံထားရပြီး အဓိကအားဖြင့် ခံစစ်ပိုင်းမှာ အကြီးအကျယ် အထိနာနေတယ်။ ဒီအပိုင်းကို လက်ရှိ အချိန်ထိ ကလော့ပ်က အကောင်းဆုံး ပြင်ဆင်နေပြီး ဆက်လက် လုပ်ဆောင်နိုင်ဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။ လော်ရိုးက ” လီဗာပူးအသင်းမှာ ဗဟိုခံစစ်ပိုင်း ပြတ်လှပ်မှုတွေ ရှိနေသလို သူတို့ဟာ ဗာဒီရဲ့ မြန်နှုန်းကို ထိပ်တိုက်… Continue Reading →

ဒီကနေ့မှာ ကိုဗစ်ပိုးရှိနေဆဲ ဆာလက်ကို အီဂျစ်ကနေ လီဗာပူးထံ သီးသန့်ဂျက်ဖြင့် ပို့ဆောင်ပေးမည်

ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ အီဂျစ်ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ အန်နီနီတို့ကို လီဗာပူးနဲ့ အာဆင်နယ် အသင်းတွေထံ သီးသန့်လေယာဉ်ဖြင့် ပြန်ပို့ပေးမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ ၎င်းတို့ဟာ သောကြာနေ့မှာ ဗြိတိန်ကို ပြန်ဝင်လာကြာမှာဖြစ်ပြီး သက်ဆိုင်ရာကလပ်တွေရဲ့ စောင့်ရှောက်မှုဖြင့် ပိုးကင်းစင်တဲ့ထိ ကုသမှု ခံယူရမှာပါ။ ဆာလက်ဟာ ပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ မကြာခင်မှာ ရလဒ်ကောင်း ထွက်လာတော့မယ်လို့ မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။ အီဂျစ်ဘက်က ” အီဂျစ် ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်ဘောလုံးအသင်းတွေကြားမှာ ညိနှိုင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဆာလက်နဲ့ အန်နီနီတို့ဟာ သောကြာနေ့မှာပဲ… Continue Reading →

လီဗာပူးပရိသတ်တွေ မျှော်လင့်နေတဲ့ လေ့ကျင့်ရေးကွင်းက သတင်းကောင်းတွေ မြင်တွေ့လာရ

ဒီမနက်မှာတော့ လီဗာပူးအသင်းဟာ အက်ဆာလေ့ကျင့်ရေးကို ပြန်ပူးပေါင်းခဲ့ကြတဲ့ စီနီယာကစားသမားတွေရဲ့ ပုံရိပ်ကို ထုတ်ပြန်ခဲ့ရာမှာ စိတ်ဝင်စားစရာ အခြေအနေတွေ ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာသီတင်းပတ်အတွင်း အသေးစား ဒဏ်ရာတွေ ရခဲ့တဲ့ ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန်တို့ဟာ အက်ဆာမှာ ရှိနေပါတယ်။ ဟန်ဒါဆန်ဟာ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို အကောင်းဆုံး လုပ်နေခဲ့သလို ရော်ဘတ်ဆန်ကလည်း အေးအေးဆေးဆေး အခြေအနေဖြစ်တယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်တည်းက ဒဏ်ရာရထားတဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကိုလည်း မြင်ရတယ်။ ဖာဘင်ညိုဟာ ဒဏ်ရာပြဿနာမရှိတဲ့ ဂျုံး၊ မီလ်နာ၊ ဂျိုတာတို့နဲ့အတူ ကြံ့ခိုင်ရေးပိုင်းကို အတူတွဲပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!