Date

November 21, 2020

စနေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ညနေခင်းသတင်းများ

ထိပ်သီးအသင်းတွေနဲ့ အသင်းငယ်တွေကြား အားပြိုင်နေတဲ့ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်ဟာ အမြင့်ဆုံး အခြေအနေမှာ ငြင်းခုံနေကြပြီး ရှက်ဖီး မန်နေဂျာ ဝိုက်ဒါကတော့ အပြတ်အသတ် ကန့်ကွက်လိုက်ပါတယ်။ မန်နေဂျာကလော့ပ်က လက်စတာတိုက်စစ်သမား ဗာဒီဟာ သတိထားရမယ့် ပြိုင်ဘက်ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အင်္ဂလန်သားကြီးကို ထိန်းချုပ်ဖို့ ကြိုးစားသွားရမယ်လို့ ဝန်ခံပါတယ်။ ဒီကနေ့ လိဒ်ယူနိုက်တက် ယူ-၁၈ ဖြင့် ယှဉ်ပြိုင်တဲ့ပွဲမှာ လီဗာပူး လူငယ်လေး ပီတာလူဂါဟာ ယူ-၁၈ အသင်းနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးက ၅-၀ နဲ့ အနိုင်ရခဲ့ပါတယ်။… Continue Reading →

ဒဏ်ရာရ အသင်းဖော်တွေ ပြုံးပျော်နေနိုင်ဖို့ အသင်းက ကြိုးစားပေးရပါမယ်ဆိုတဲ့ ရော်ဘတ်ဆန်

လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားစာရင်းဟာ နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ ပိုပြီး တိုးပွားလာခဲ့ပါတယ်။ ဒါက ပရီးမီးယားလိဂ် ချန်ပီယံတွေ ကျော်ဖြတ်ရမယ့် နောက်ထပ် အခက်အခဲတစ်ခုအဖြစ် ရော်ဘတ်ဆန်က မြင်ထားတယ်။ ဘယ်သူတွေ မရှိပါစေ လူစာရင်းနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်ကြစေဖို့ဆိုတဲ့ ကိစ္စဟာ ကလပ်မှာ သံမှိုစွဲသလို မြဲနေတဲ့ ဆင်ခြေပေးလို့မရတဲ့ အကြောင်းပြချက်ဖြစ်ကြောင်းကို ဘယ်အစွန်လူက ပြောပြခဲ့ပါတယ်။ ရော်ဘတ်ဆန်က “ဘာမှ မပြောင်းလဲသွားပါဘူး၊ ဒဏ်ရာရ စာရင်း အရှည်ကြီးအပေါ်မှာ လူတွေက ဘယ်လိုပဲ ပြောနေပါစေ၊ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကျွန်တော်တို့က… Continue Reading →

လီဗာပူးက ခွင့်မပြုရင် အိုလံပစ်အတွက် ဆာလက်ကို မခေါ်တော့ပါဘူးလို့ အီဂျစ်ဘက်က သတင်းပေး

အီဂျစ်ဘက်ကတော့ လာမယ့် နွေအိုလံပစ်မှာ လီဗာပူးဘက်က ခွင့်မပြုရင် ဆာလက်ကို မခေါ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။ ကိုရိုနာ ကပ်ဘေးကြားမှာ ဘောလုံးအသင်းတွေဟာ ပွဲစဉ် ကြပ်တည်းမှုတွေကို ယှဉ်ပြိုင်နေရတာပါ။ ဒါပေမယ့် နိုင်ငံအဆင့်မှာလည်း အိုလံပစ်ပွဲတွေ၊ အာဖရိကပွဲတွေကလည်း မကြာခင် ကာလတွေမှာ ယှဉ်ပြိင်ကစားမှာဖြစ်သလို ယူရို ပြိုင်ပွဲကလည်း ဒီရာသီအကုန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အီဂျစ် ယူ-၂၃ အသင်းဘက်ကတော့ ဆာလက်ကို အိုလံပစ်အတွက် ခေါ်လိုပေမယ့် လီဗာပူးဘက်က ခွင့်မပြုရင် မခေါ်မယ့်သဘော ထုတ်ပြောလာတယ်။ လီဗာပူးဟာ ဆာလက်ကို အာဖရိကပြိုင်ပွဲထံတော့ လက်လွတ်ပေးသွားရဖို့ ရှိနေပါတယ်။… Continue Reading →

တော်ယုံလူသား မဟုတ်ဘူးလို့ အံ့သြသင့်ခံနေရတဲ့ ဗန်ဒိုက်ရဲ့ Healing စွမ်းရည်

ဒီရက်တွေထဲမှာ မေးစပေါ့ကနေပြီး ACL ဒဏ်ရာ ရထားတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက် အပေါ့စား လေ့ကျင့်ရေး ပြန်ဆင်းနေကြောင်း သတင်းကို ဖော်ပြလာခဲ့ပြီးပါပြီ။ ဒါကြောင့် ဗန်ဒိုက်ဟာ ရာသီမကုန်ခင်မှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ မျှော်လင့်လာရကာ ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်တော့ ဘယ်သူမှ မသိရသေးပါဘူး။ လီဗာပူးအသင်းဘက်ကလည်း ကာလရှည် နားရမယ်ဆိုတာကလွဲရင် ဗန်ဒိုက် ပြန်လာနိုင်တဲ့ ရက်စွဲတစ်ခုကိုတောင် သတင်းထုတ်ပြန်ပေးထားခြင်း မရှိဘူး။ ပစ်ဖိုဒ့်နဲ့ ထိတွေ့မှုမှာ ဗန်ဒိုက်ရတဲ့ ဒဏ်ရာဟာ ကြီးမားခဲ့ပြီး မျှော်လင့်ထားတာထက် ပိုဆိုးတဲ့ အခြေအနေအဖြစ် ယူရို ပြိုင်ပွဲကိုတောင် လွဲမယ်ဆိုတဲ့… Continue Reading →

သီယာဂိုကို ထုတ်မသုံးသေးတာအတွက် အကြောင်းပြချက်ကောင်းရှိတဲ့ ယာဂင်ကလော့ပ်

ဘိုင်ယန်ကနေ ပြောင်းလာပြီးနောက်ပိုင်း လီဗာပူးအတွက် ၄၅ မိနစ် တစ်ပွဲ၊ မိနစ် ၉၀ တစ်ပွဲပဲ ကစားပေးထားရတဲ့ သီယာဂိုရဲ့ အခြေအနေကို လီဗာပူးမန်နေဂျာက ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်ပါပြီ။ သီယာဂိုဟာ ဗန်ဒိုက်နဲ့ တစ်ပွဲတည်းမှာ ဒဏ်ရာရခဲ့သူဖြစ်ပြီး အခုချိန်ထိ ဘောလုံး ပြန်မကစားနိုင်သေးပါဘူး။ နိုင်ငံတကာသီတင်းပတ်မှာတော့ အခြေအနေ ကောင်းလာခြင်းကြောင့် သီယာဂိုဟာ အသင်းရဲ့ လေ့ကျင့်မှု အစိတ်အပိုင်း အချို့မှာ ပြန်လည် ပါဝင်လာခဲ့တယ်။ ကလော့ပ်ကတော့ လက်ဖက်ကောင်းစားလိုရင် ပလောင်တောင်တက်နှေးရပါမယ်လို့ လီဗာပူးပရိသတ်တွေကို သတိပေးပါတယ်။ ကလော့ပ်က ” သီယာဂိုက… Continue Reading →

ဇန်နဝါရီဈေးကွက်ထက် ကမ္ဘာကြီးကို သူထုတ်ပြလိုတဲ့ ကစားသမားတွေအကြောင်း ကလော့ပ် ပြော

လီဗာပူးအသင်းဟာ ဇန်နဝါရီ မတိုင်ခင်မှာ ပွဲပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ကာ ဒီကာလတွေအတွင်းမှာ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ အာရုံစိုက်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဇန်နဝါရီမှာ လူသစ်ခေါ်ယူပါမယ်လို့ သေချာပေါက် မပြောနိုင်သလို ဘာလုပ်မယ်ဆိုတာကိုလည်း ကြိုမပြောနိုင်သေးပါဘူးလို့ ကလော့ပ်က ထုတ်ပြောခဲ့တယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာတွေ ထိုးနှက်ခံနေရပေမယ့် သူတို့တွေ ပြန်သက်သာလာခြင်း၊ ထပ်မံ ဒဏ်ရာရခြင်းတွေကြောင့် အပြောင်းအရွှေ့ထက် ကြံ့ခိုင်ရေးပိုင်းကိုပဲ အာရုံပိုစိုက်နေပါတယ်။ ကလော့ပ်ကပဲ ” ဘာလုပ်ရမလဲ ကြည့်ရတာပေါ့ဗျာ။ ဇန်နဝါရီမှာ ဘာလုပ်ရမယ်ဆိုတာကို ကျနော် မသိသေးပါဘူး။ အခြေအနေတွေကို ကြည့်ရမှာပါ။… Continue Reading →

ကစားသမားတွေအတွက် ကိုးကွယ်တဲ့ ဘာသာတရားဖြင့်ပါ တိုင်တည်လိုက်တဲ့ ယာဂင်ကလော့ပ်

ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရဖို့ တောင်းဆိုမှုဟာ ကလပ်တွေ အသာစီးရဖို့ လုံးဝ မဟုတ်ဘဲ ကစားသမားတွေအတွက် ဖြစ်ပါကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။ ကလော့ပ်ဟာ ကြီး ၆ ကြီး မန်နေဂျာတွေနည်းတူ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု ပြန်ရရေးအတွက် ကြိုးစားနေသူပါ။ ဥရောပ ဘောလုံးလောကမှာ ပရီးမီးယားလိဂ် တစ်ခုတည်းက အဆိုပါ စည်းမျဉ်းကို ခွင့်မပြုသေးခြင်းဖြစ်ကာ ချန်ပီယံရှစ်မှာတောင်မှ ခွင့်ပြုထားခဲ့ပြီဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က ” ထူးချွန်တဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပေမယ့်… Continue Reading →

လက်စတာနဲ့ပွဲမှာ ဖာဘင်ညို အပါအဝင် ဘရာဇီးသားတွေ အားလုံး ပါဝင်နိုင်မည်

ဒီမနက်မှာတော့ လီဗာပူးအသင်းသားတွေဟာ နိုင်ငံတကာသီတင်းပတ်အပြီး ပြန်လည် ပေါင်းစည်းမှုအဖြစ် အက်ဆာမှာ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီဖြစ်ပါတယ်။ သတင်းကောင်းကို ဦးစွာ ပြောရမယ်ဆိုရင် ကွင်းလယ်လူ ဖာဘင်ညိုဟာ အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဖာဘင်ညိုဟာ လက်တလောမှာ ဗဟိုခံစစ်နေရာကို ပြောင်းကစားနေသူဖြစ်ပြီး လက်စတာနဲ့ပွဲမှာ မာတစ်နဲ့အတူ တွဲဘက်ကာ ခံစစ်မှူးနေရာက ပွဲထွက်ကစားပေးဖို့ ကြံ့ခိုင်မှု အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။ ဖာမင်နိုနဲ့ အယ်လီဆန်ကလည်း လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာမှုနဲ့အတူ ပရိသတ်တွေ စိုးထိတ်နေရတဲ့ ကိစ္စကို ပြေလျော့စေခဲ့ပါပြီ။ ဘရာဇီးလက်ရွေးစင်အသင်းမှာ သူတို့ရဲ့ အသင်းဖော်က ကိုဗစ်ဖြစ်ခဲ့ခြင်းကြောင့် ဘရာဇီးသား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!