Date

November 22, 2020

လက်စတာပွဲကြို နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူး ကစားသမား ဖာဘင်ညိုက လက်စတာနဲ့ပွဲမှာ သူပါဝင်ခွင့်ရမယ်ဆိုတာကို အရိပ်အမြွက် ထုတ်ပြောမှု လုပ်သွားပါတယ်။ အက်ဆာလေ့ကျင့်ရေးကွင်းကို မဲဝုဒ်လို သမိုင်းကြောင်းကောင်းစေဖို့က မိမိတို့မှာ တာဝန်ရှိပြီး အကောင်းဆုံး လုပ်ပြနိုင်ရမယ်လို့ ဂျိမ်းမီလ်နာက ထုတ်ပြောလိုက်ပါတယ်။ စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားကတော့ စကော်တလန်မှာ အတော်လေး အခြေအနေကောင်းနေပြီး ဆဲလ်တစ်ထက် ၂ ပွဲပိုကစား ရမှတ် ၁၁ မှတ်ထိဖြတ်ထားနိုင်ကာ ခံစစ်ကလည်း ပေးဂိုး ၃ ဂိုးသာ ရှိသေးတဲ့အထိ တောက်ပနေပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က လူအများထင်ထားကြသလို ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းက… Continue Reading →

စစ်မှန်တဲ့ ပြိုင်ဘက်နဲ့ အန္တရာယ်ကြီးလာတဲ့ ပြိုင်ဘက် အကြောင်း ယာဂင် ပြော

မန်နေဂျာယာဂင်ကလော့ပ်က လူအများထင်ထားကြသလို ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းက လွှမ်းမိုးသွားမှာ မဟုတ်ဘဲ အဲ့လို ကာလကလည်း ကုန်ဆုံးခဲ့ပြီဆိုတာကို ထုတ်ပြောခဲ့တယ်။ ပြီးခဲ့တဲ့ ရက်ပဲ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ ၂၀၂၃ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ်အပြီးမှာ ကလော့ပ်က ဒီစကားကို ပြောခဲ့တာပါ။ ကလော့ပ်က လီဗာပူးမှာ ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ရှိထားလို့ အင်္ဂလန်လိဂ်မျာ ကမ္ဘာအကောင်းဆုံး မန်နေဂျာနှစ်ဦးရဲ့ အားပြိုင်မှုတွေပဲ ဆက်မြင်ရမယ်လို့ ထင်သူတွေကလည်း မရှားပါဘူး။ ကလော့ပ်က ချယ်ဆီးနဲ့ စပါးလို လန်ဒန်ကလပ်တွေရဲ့… Continue Reading →

ကနဦး အထောက်အပံ့တွေ ရလာခဲ့ပြီဖြစ်တဲ့ ယာဂင်ကလော့ပ်တို့ရဲ့ လိဂ်စည်းမျဉ်း တိုက်ပွဲ

ပရီးမီးယားလိဂ် မန်နေဂျာတွေဟာ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်အတွက် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှာတော့ အကောင်းမြင်စရာ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လူစားလဲမှုအတွက် မဲပေးခွင့်ကတော့ လိဂ်တာဝန်ရှိသူတွေ လုပ်ဆောင်ရမှာဖြစ်ပြီး လိဂ်မန်နေဂျာတွေ ပါဝင်ခွင့်ရှိမှာ မဟုတ်ဘူး။ သို့ပေမယ့် မန်နေဂျာတွေက စည်းမျဉ်းပြောင်းဖို့ အကြမ်းဖျဉ်း သဘောတူညီမှုက လိဂ်အစည်းအဝေးမှာလည်း သက်ရောက်မှုရှိမယ်လို့ မျှော်လင့်ရတာဖြစ်တယ်။ လိဂ်အစည်းအဝေးတွေမှာ လူစားလဲမှု ၃ ခုကနေ ၅ ခု ပြောင်းဖို့ကို ၂ ကြိမ် ဆွေးနွေးထားခဲ့ပြီဖြစ်ကာ မအောင်မြင်ထားပါဘူး။… Continue Reading →

ဂျိုတာက ပေါ်တူဂီကြယ်ပွင့်တွေရဲ့ အစဉ်အလာ လမ်းစဉ်ကနေ ဖောက်ထွက်ပြလာကြောင်း ရှင်းပြမှု

တိုက်စစ်သမား ဂျိုတာဟာ သူ လီဗာပူးကို ပြောင်းလာခဲ့တာကြောင့် လက်ရွေးစင်အသင်းမှာ မျက်နှာသာပေးခံလာရတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ ပေါ်တူဂီပြင်ပ လူတွေကတော့ သူဘာကို ပြောလဲဆိုတာကို သိမှာ မဟုတ်ပါဘူး။ ပေါ်တူဂီမှာက ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ သူတွေဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်လာတတ်သလို လက်ရွေးစင်အသင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာလေ့ရှိကြတယ်။ ဂျိုတာလို မထင်မရှား အသင်းငယ်ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားက ကမ္ဘာချန်ပီယံအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးလို အသင်းမှာ ပွဲထွက်ခွင့်ရလာတာက ပေါ်တူဂီအတွက်တော့… Continue Reading →

ဂျာမနီအသင်းကို ကိုင်တွယ်ဖို့အား ပယ်ချပြီး လီဗာပူးမှာ ရှိနေရတာကို နှစ်သက်တယ်ဆိုတဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီလက်ရွေးစင် အသင်းကို လွဲပြောင်း တာဝန်ယူဖို့ကိစ္စဟာ လက်ရှိမှာ မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျာမနီအသင်းက စပိန်အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့နောက်မှာ လက်ရွေးစင်အသင်းက မန်နေဂျာသစ် ရှာလိုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။ ယာဂင်ကလော့ပ်က တချိန်မှာ ဂျာမနီအသင်းကို ကိုင်တွယ်လိုတယ်လို့ ပြောဆိုထားခဲ့ဖူးပြီး အဲ့အတွက် မေးခွန်းထုတ်ခံရချိန်မှာတော့ လီဗာပူးကနေ မထွက်ပါဘူးလို့ ငြင်းဆန်ပါတယ်။ ကလော့ပ်က ပြောရာမှာ ” အနာဂတ်မှာတော့ ကျနော်ဟာ ဂျာမနီလက်ရွေးစင် အသင်းကို တာဝန်ယူတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မဟုတ်ပါဘူး။… Continue Reading →

လက်စတာနဲ့ပွဲအတွက် ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီကနေ့ည လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးမက်စ်၊ ထရန့်၊ ဟန်ဒါဆန်၊ ဆာလက်တို့ကို ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာသီတင်းပတ် အပြီးမှာ ပြန်ကစားရမယ့်ပွဲဖြစ်တာကြောင့် ဒဏ်ရာရကစားသမားတွေ၊ ကြံ့ခိုင်မှု မပြည့်တဲ့ ကစားသမားတွေ ရှိလာနိုင်တယ်။ လူစာရင်းက မျှော်လင့်ထားသလို လူပြည့်ထုတ်သုံးမလား မထုတ်နိုင်ဘူးလား စတာတွေကို ဆွေးနွေးနိုင်ဖို့ ပွဲထွက်လူစာရင်း အကြမ်း တစ်ခုကို ဖော်ပြမှာဖြစ်ပါတယ်။ ကွင်းလယ်လူ သီယာဂိုကို အရန်လူစာရင်းမှာပဲ ထည့်မယ်လို့ မျှော်လင့်ရပေမယ့် ဗဟိုခံစစ်မှာတော့ မာတစ်နဲ့ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်တဲ့… Continue Reading →

လီဗာပူးရဲ့ ရိုလာကိုစတာ ကစားသမားနဲ့ ပက်သက်ပြီး ထုတ်ပြောလိုက်တဲ့ ယာဂင်

လီဗာပူးအသင်းရဲ့ အဓိက ခံစစ်သမား တစ်ဦးဖြစ်သူ မာတစ်ဟာ အသက် ၂၉ နှစ် အရွယ်ကို ရောက်လာခဲ့ပြီဖြစ်ကာ ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်ကို ရောက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်မှာ ရှော်ကေးကနေ ပြောင်းလာခဲ့တဲ့ မာတစ်ဟာ လီဗာပူးအတွက် ၁၁၄ ပွဲ ကစားပေးထားပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုတွေမှာ ပါဝင်ခဲ့သူပါ။ သူဟာ လီဗာပူး ကစားသမားဘဝမှာတော့ ဒဏ်ရာ ပြဿနာတွေ များခဲ့တာကြောင့် အတက်အကျ အခြေအနေတွေကို အကြိမ်ကြိမ် ရင်ဆိုင်ထားရတယ်။ ဒီတစ်ကြိမ် မာတစ် ကြံ့ခိုင်မှုကောင်းနေခြင်းက… Continue Reading →

ဂျိုတာက နေရာလုရမယ့် ပြိုင်ဘက်မဟုတ်ဘဲ ရဲဘော်ရဲဘက်သာဖြစ်ကြောင်း ဖာမင်နို ပြော

လီဗာပူးအသင်းရဲ့ ဘရာဇီး တိုက်စစ်သမား ဖာမင်နိုဟာ အသင်းမှာ ပွဲထွက်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ်ဆိုရင်လည်း လက်ခံသွားမယ့် သဘောကို ပြောဆိုပါတယ်။ နွေမှာ ခေါ်ယူထားတဲ့ ဂျိုတာ တောက်ပလာမှုနဲ့အတူ ပြီးခဲ့တဲ့ မန်စီးတီးပွဲကြိုမှာ တိုက်စစ် သုံးယောက်တန်းအတွက် ဘယ်လို ပွဲထုတ်မလဲဆိုတာဟာ အတော်လေး စကားပြောရတဲ့ ကိစ္စ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မန်နေဂျာကလော့ပ်က တိုက်စစ်ကို သုံးယောက်တန်း မထုတ်ဘဲ လေးယောက်တန်း ထုတ်ခဲ့တာကာ အခြေအနေကို ဖြေရှင်းပေးခဲ့တယ်။ ဒီရက်ပိုင်းမှာတော့ ကိုဗစ်ကြောင့် ဆာလက် ပွဲကစားနိုင်ဦးမှာ မဟုတ်ခြင်းကလည်း တိုက်စစ်… Continue Reading →

လက်စတာက ဘယ်လို ပြိုင်ဘက် အသင်းမျိုးလဲဆိုတာကို မှတ်ချက်ပေးသွားတဲ့ ရော်ဘတ်ဆန်

ဒီကနေ့မှာ ကြည့်ရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကတော့ လီဗာပူးနဲ့ လက်စတာတို့ရဲ့ ပွဲဖြစ်ပါတယ်။ လက်စတာဟာ ၈ ပွဲကစားပြီးနောက် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးကို ယာယီ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ တွေ့ဖို့ စောင့်နေတဲ့ ဒီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်မယ်ဆိုတာကိုတော့ ရောဘတ်ဆန် ကောင်းကောင်းနားလည်ထားတာပါ။ “လက်စတာက သိပ်ကောင်းတဲ့ ရာသီအစကို ရခဲ့တယ်၊ ဒီရာသီမှာ သူတို့ပွဲတွေကို ကျွန်တောာ် နည်းနည်းကြည့်ဖြစ်ပါတယ်၊ သူတို့တွေ နည်းနည်းပိုပြီးတော့ ရက်စက်တဲ့ပုံ ဖြစ်လာတယ်၊ တချို့ပွဲတွေမှာ ပိုပြီး အင်အားတောင့်တင်းလာတယ်၊ အာဆင်နယ်နဲ့ပွဲမှာ ဂိုးမရှိ သရေဖြစ်နိုင်တဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!